အခန်း ၃၈ : ကံကောင်းခြင်းတို့ ကုန်ဆုံးသွားတဲ့ ချင်းကျောက်
"ဂျူနီယာ ညီမလေး ဒီနေ့ အခြေတည်အဆင့်ကို ချိုးဖျက်ဝင်ရောက်တော့မယ်... အကယ်၍ အောင်မြင်သွားရင် သူမက အသက် (၁၀၀) မတိုင်ခင် အခြေတည်အဆင့် (၁) ကို ရောက်နိုင်တော့မယ်... ကျယ်ပြန့်လှတဲ့ ကျင့်ကြံခြင်း လောက အလယ်ပိုင်းမှာတောင် အသက် (၁၀၀) မတိုင်ခင် အခြေတည်အဆင့် (၁) ရောက်တာက အတော်လေး ရှားပါးတယ်"
ချန်ချန်ရွှယ်ရဲ့ မျက်နှာက အလွန် တည်ငြိမ်နေခဲ့သည်။ ဟိုရင်းယွမ်၏ ကျင့်ကြံမှုအဆင့်မှာ သူမအား ကျော်တက်သွားပြီ ဆိုပေမယ့် သူမ သိပ်မခံစားရပေ။
ဘာလို့လဲဆိုတော့ မနာလိုဝန်တိုစိတ်က သိပ်အသုံးမဝင်ဘူး ဆိုတာ သူမ သိနေလို့ပင်။ ပြောင်းပြန်အနေနဲ့ အဲဒီစိတ်က သူမရဲ့ ကျင့်ကြံခြင်း စိတ်အခြေအနေအား နှောင့်ယှက်ပေလိမ့်မည်။
ဒီ ဂျူနီယာ ညီမလေးထက် သူမက နိမ့်ကျတယ် ဆိုတာကို အေးဆေး လက်ခံလိုက်တာက ပိုကောင်းလေသည်။
ဘာပဲဖြစ်ဖြစ် သူမရဲ့ မသေမျိုးကျင့်ကြံခြင်း ပါရမီက မူလကတည်းက သိပ်မကောင်းလှချေ။
ချန်ချန်ရွှယ်ဟာ သူမရဲ့ သာမန် မွေးရာပါ အရည်အချင်းကို နားလည်သဘောပေါက်နေတာ ကြာပြီး သူမဟာ အဲဒါကို ကျင့်သားရနေပေပြီ။
"နှစ် (၈၀) ကြာသွားပြီပဲ" ချန်ချန်ရွှယ် ရေရွတ်လိုက်၏။ "အကယ်၍ ငါသာ သရုပ်ဖော် စနစ်ထဲမှာ အသက် (၁၀၀) အထိ နေနိုင်ရင်... အဲဒီအချိန်ကျရင် အခြေတည်အဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်မလား မသိဘူး"
သူမ မျှော်လင့်ချက် ထားရပေအုံးမည်။
ချန်ချန်ရွှယ်ဟာ ကိုယ့်ကိုယ်ကိုယ် သိပ်တင်းကျပ်တဲ့ လိုအပ်ချက်တွေ မထားခဲ့ပဲ အသက် (၁၀၀) လောက်မှာ အခြေတည်အဆင့် ရောက်ဖို့ပဲ မျှော်လင့်ပေသည်။
သူမ ဆုံးဖြတ်ချက် ချပြီးသားပင်။
သရုပ်ဖော် စနစ်ထဲက သူမရဲ့ ကျင့်ကြံမှုအဆင့်က လက်တွေ့ကမ္ဘာထက် မြင့်ပြီး သူမရဲ့ ဂျူနီယာ ညီမလေးက သူမ စိတ်ချရတဲ့ အဆင့်အထိ ကြီးထွားလာခဲ့နိုင်ပါက သူမညာ ဒုတိယ သရုပ်ဖော် ဘဝကို စတင်ဖို့ ရွေးချယ်လိုက်တော့ပေမည်။
"အကယ်၍ ရင်းယွမ်သာ အောင်မြင်စွာ ချိုးဖျက်ဝင်ရောက်နိုင်ရင် ငါ စိတ်ချရပြီ.. မသေမျိုးကျင့်ကြံခြင်း လောကမှာ အခြေတည်အဆင့် (၁) ဆိုတာ သန်မာတယ်"
"သူမ တခြားဂိုဏ်းကို ပြောင်းဖို့တောင် မလိုဘူး.. ကျင့်ကြံဖို့ နေရာတစ်ခု ရှာပြီး နှစ်ရာပေါင်းများစွာ နေလိုက်ရင် သူမ အကြီးအကဲ ယွဲ့ကို သေလုမျောပါး နှိပ်စက်နိုင်တော့မယ်"
အကြီးအကဲ ယွဲ့ရဲ့ ခန္ဓာကိုယ် အခြေအနေက တစ်နေ့ထက် တစ်နေ့ ဆိုးရွားလာတယ် ဆိုတာ ချန်ချန်ရွှယ် ရှင်းရှင်းလင်းလင်း သိနေပေသည်။
တစ်ဖက်လူက ရွှေအမြုတေ အဆင့် မသေမျိုးကျင့်ကြံသူ ဖြစ်ပေမဲ့ တစ်ဖက်လူက တန်ပြန်မှုတစ်မျိုးမျိုးရဲ့ ဒဏ်ကို အမြဲ ခံစားနေရပြီး မကြာခင်မှာ ဒီလို တန်ပြန်မှုမျိုးက အသက်အန္တရာယ် ပေးလာမည်ပင်။
ထို့ကြောင့် သူမဟာ အကြီးအကဲ ယွဲ့ကို အနိုင်ယူစရာ မလိုတော့ပေ။
တစ်ဖက်လူထက် ပိုအသက်ရှည်ရှည် နေနိုင်သရွေ့... သူမ နိုင်ပြီပင်။
...
"ချန်ချန်ရွှယ်က အသက်ရှင်နေတုန်းပဲ... နေကောင်းနေတုန်းပဲ"
ထို့နောက် ပိုင်ယီဟာ သူ့အကြည့်ကို ချင်းကျောက်ဆီ ရွှေ့လိုက်၏။ "ဒါပေမဲ့ ဒီရွေးချယ်ခံ အမှတ်၂က ဘယ်လို ရုတ်တရက် ပျောက်သွားတာလဲ"
ပိုင်ယီ သဘောပေါက်လိုက်၏။
သူ ချန်ချန်ရွှယ်ကို အာရုံစိုက်နေတုန်းမှာ ချင်းကျောက်ရဲ့ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် ဘဝက ပြီးဆုံးသွားခဲ့ပေပြီ။
'ဘာ...မြန်လိုက်တာ..'
ချင်းကျောက်ရဲ့ သရုပ်ဖော် မှတ်တမ်းကို စစ်ဆေးကြည့်လိုက်တော့ ဒီတစ်ခါ သူမ တော်တော် ကံဆိုးခဲ့မှန်း ပိုင်ယီ တွေ့ရှိလိုက်ရ၏။ ပထမ တစ်ကြိမ်လောက်တောင် အသက်မရှည်ခဲ့ပဲ သူမ ဆယ်ကျော်သက် အရွယ်လောက် အထိပဲ နေခဲ့ရပြီး သေဆုံးသွားခဲ့လေသည်။
[အသက် ၀ နှစ် - ချင်းကျောက်သည် မသေမျိုးကျင့်ကြံသော မိသားစုတွင် မွေးဖွားခဲ့သည်။ မွေးကင်းစ အရွယ်မှာပင် သူမသည် ဝိညာဉ်စွမ်းအင်ကို ရှူရှိုက် လေ့ကျင့်ခဲ့သဖြင့် ချင်းမျိုးနွယ်စု တစ်ခုလုံး တုန်လှုပ်သွားခဲ့ရသည်။ မွေးကတည်းက ဝိညာဉ်စွမ်းအင် ရှူရှိုက် လေ့ကျင့်နိုင်တဲ့ စွမ်းရည် ပါလာတယ် ဆိုတာ ဘယ်လို သဘောတရားမျိုးဖြစ်မည်နည်း။ ချင်းမျိုးနွယ်စုမှာ စူပါပါရမီရှင် တစ်ယောက် ပိုင်ဆိုင်လိုက်ပြီလို့ သူတို့ ခံစားလိုက်ရပြီး ဒီသတင်းက မိုင်သောင်းချီ ပျံ့နှံ့သွားခဲ့သည်။]
[ဂူမျိုးနွယ်စုက လက်ထပ်ထိမ်းမြားခြင်း မဟာမိတ်ပြုဖို့ ရောက်လာပေမယ့် ရက်ရက်စက်စက် ငြင်းပယ်ခံလိုက်ရသည်။ ဒီလို စူပါပါရမီရှင်မျိုးက ဘယ်လိုလုပ် မဟာမိတ်ပြုဖို့ လက်ထပနိုင်မည်နည်း။]
[အသက် ၆ နှစ် - ချင်းကျောက်သည် ရှေးဟောင်း ဆွဲပြားတစ်ခု ရရှိခဲ့သည်။ သူမ ကိုယ်မှာ ဆွဲမထားဘဲ၊ အချိန်တိုင်း ဝိညာဉ်စွမ်းအင်တွေ ထည့်ပေးနေခဲ့သည်။ သူမ၏ ကျင့်ကြံမှုအဆင့် မကျဆင်းစေမည့် နည်းလမ်းကို သုံးပြီး ရှေးဟောင်း ဆွဲပြားထဲမှ ဝိညာဉ်အကြွင်းအကျန်ကို နှိုးထစေချင်ပုံ ရသည်။]
[အသက် ၁၀ နှစ် - ချင်းကျောက်၏ ကြောက်မက်ဖွယ် ပါရမီက မသေမျိုးကျင့်ကြံခြင်း ဂိုဏ်း အများအပြား၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ ကြည်လင်သော နေမင်း ဂိုဏ်းမှ လူများသည် တောင်အောက်ဆင်းလာပြီး ချင်းကျောက်ကို တပည့်အဖြစ် ခေါ်ယူလိုကြောင်း ချင်းမျိုးနွယ်စု ခေါင်းဆောင်နှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့သည်။]
[သို့သော် အကြောင်းရင်း တစ်ခုခုကြောင့် ကြည်လင်သော နေမင်း ဂိုဏ်းမှ လူများသည် မည်းမှောင်သော မျက်နှာများဖြင့် ပြန်လည် ထွက်ခွာသွားကြသည်။ ချင်းမျိုးနွယ်စု ခေါင်းဆောင်နှင့် အထက်ပိုင်း လူကြီးများလည်း စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ကြသည်။]
[အသက် ၁၅ နှစ် - ချင်းမျိုးနွယ်စုသည် ကြည်လင်သော နေမင်း ဂိုဏ်း၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်]
[ချင်းကျောက် အသတ်ခံလိုက်ရသည်!]
[အသက် - ၁၅ နှစ်၊ ၁ လ၊ ၉ ရက်]
ကြည့်ရတာ... ရွေးချယ်ခံအမှတ် (၂) ရဲ့ ကံကောင်းခြင်းတွေက သူမကို ကာကွယ်မပေးနိုင်တော့ပုံ ရလေသည်။
ချင်းကျောက် တွေးထားသည်က... သူမရဲ့ ကောင်းကင်ဘုံကို အံတုနိုင်တဲ့ ပါရမီကို ကြိုတင် ထုတ်ဖော်ပြသလိုက်မယ်... ပြီးတော့ အဘွားအိုကို သူမရဲ့ ကျင့်ကြံမှုကို ဆွဲချခွင့် မပေးဘူး ဆိုရင် ပါရမီရှင် ဆိုတဲ့ ဂုဏ်ပုဒ် ကို သုံးပြီး အင်အားကြီးတဲ့ ဂိုဏ်းတစ်ခုထဲ ဝင်လို့ ရမယ်လို့ တွေးထားပုံ ရလေသည်။
အဲဒီဂိုဏ်းကို အသုံးချပြီး ကြည်လင်သော နေမင်း ဂိုဏ်းကို ပြန်လည် ထိန်းညှိဖို့ ရည်ရွယ်ထားပေသည်။
ဒါမှ တစ်ဖက်လူက ချင်းမျိုးနွယ်စုကို တိုက်ခိုက်ရဲမည် မဟုတ်တော့ပေ။
ဝမ်းနည်းစရာ ကောင်းတာက... သူမရဲ့ အတွေးတွေက ရိုးစင်းလွန်းနေခဲ့လေသည်။
ကြည်လင်သော နေမင်း ဂိုဏ်းက ချင်းမျိုးနွယ်စုနဲ့ အနီးဆုံး မသေမျိုးကျင့်ကြံခြင်း ဂိုဏ်း ဆိုတာ သူမ မသိခဲ့ချေ။
သူမရဲ့ မွေးရာပါ ပါရမီက ဘယ်လောက်ပဲ ကြောက်စရာ ကောင်းနေပါစေ၊ သူမရဲ့ ပါရမီက ဘယ်လောက်ပဲ ချဲ့ကားထားသလို ကောင်းနေပါစေ၊ သူမရဲ့ ပါရမီက ဘယ်လောက်ပဲ စွမ်းအားကြီးနေပါစေ...
ပထမဆုံး သိသွားမယ့်သူက ကြည်လင်သော နေမင်း ဂိုဏ်းပဲ ဖြစ်နေဦးမည်ပင်။
[သင်သည် အောက်ပါ ဆုလာဘ်များကို ရရှိလိုက်သည် - ]
[ဆုလာဘ် ၁ - ချင်းမျိုးနွယ်စု၏ ချီလမ်းညွှန် နည်းစနစ် (ချင်းမျိုးနွယ်စုဝင်များ ကောင်းကင် မြေကြီး ဝိညာဉ်စွမ်းအင်များကို ရှူရှိုက်ရာတွင် အသုံးပြုသော အထူးနည်းစနစ်)]
[ဆုလာဘ် ၂ - (၁၅) နှစ်တာ မသေမျိုးကျင့်ကြံခြင်း အတွေ့အကြုံ (ချင်းကျောက်၏ ပြင်းထန်သော ကျင့်ကြံမှု အတွေ့အကြုံ)]
[ဆုလာဘ် ၃ - ချီစုစည်းမှု အဆင့် (၂) ဝိညာဉ်စွမ်းအင် အားလုံး (သန့်စင်သော ဝိညာဉ်စွမ်းအင်)]
ဒီတစ်ခါ ချင်းကျောက်ရဲ့ ဆုလာဘ်တွေက သိပ်မကောင်းလှပါပေ။ ဒါကြောင့် ပိုင်ယီ အနေနဲ့ ဆုလာဘ် ၁ နဲ့ ၂ ကို လျစ်လျူရှုလိုက်ပြီး ဆုလာဘ် ၃ ကို တိုက်ရိုက် ရွေးချယ်လိုက်သည်။
ချီစုစည်းမှု အဆင့် (၂) ဝိညာဉ်စွမ်းအင် အားလုံး ခန္ဓာကိုယ်ထဲ စီးဝင်လာတဲ့အခါ ပိုင်ယီဟာ အရင်က မကြုံဖူးတဲ့ ပြည့်ဝမှု ခံစားချက်ကို ခံစားလိုက်ရပေသည်။
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ချီစုစည်းမှု အဆင့် (၂) ဝိညာဉ်စွမ်းအင် ဆိုတာ သိပ်နည်းလွန်းလေသည်။ အဆင့်တက်ဖို့ အခွင့်အရေး ရနိုင်လောက်အောင် မလုံလောက်ချေ။
သို့သော် ဘာမှမရှိတာထက်တော့ ပိုကောင်းပေသည်....
...
ချင်းဟယ် ခရိုင် တည်းခိုခန်း တစ်ခုအတွင်း၌...
ချင်းကျောက်ဟာ သံသယ ဖြစ်နေခဲ့ပြီး စက္ကန့်အနည်းငယ်လောက် ကြောင်အနေခဲ့လေသည်။ သတိပြန်ဝင်လာတဲ့အခါ သူမဟာ ဒေါသထွက်လွန်းလို့ အံကြိတ်လိုက်မိ၏။
"သောက်ကျိုးနည်း... ငါ ဒီလိုလုပ်လို့ မရဘူးလား.. ကြည်လင်သော နေမင်း ဂိုဏ်းက ချင်းမျိုးနွယ်စုဆီက ဘာလိုချင်နေတာလဲ.. ဘာလို့ ချင်းမျိုးနွယ်စုက အဲဒါကို သူတို့ဆီ မပေးလိုက်တာလဲ။ ဒုတိယအကြိမ် သရုပ်ဖော်ပြီးတာတောင် ဒီမေးခွန်း (၂) ခုရဲ့ အဖြေကို ငါ ရှာမတွေ့သေးဘူးလား"
သူမ ကျင်းရှင်း နန်းတော်ကို ပြန်ပြီး အဲဒီ ကြည်လင်သော နေမင်း ဂိုဏ်း ဆိုတာကို ဖျက်ဆီးပစ်ဖို့ စစ်ကူတွေ သွားခေါ်ချင်လိုက်ပေသည်။
အဲဒီကောင်တွေ သူမကို နှစ်ခါတောင် သတ်ခဲ့လေသည်။
ဒါပေမဲ့ သူမမှာ ကျင်းရှင်း နန်းတော်က လူအများကြီးကို မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲ ခေါ်သွင်းနိုင်စွမ်း မရှိချေ။
သူမဟာ လူတစ်ယောက်တည်းကိုတောင် ခေါ်လို့ မရပေ။
ဆိုလိုတာက... ဒီလမ်းဆုံးကို ချိုးဖျက်ဖို့ သူမ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရပေမည်။
"ဒီလိုလုပ်ရင်ရော..."
"ငါ အစကနေ ပြန်စ လိုက်ရင်ရော"
ချင်းကျောက် ရုတ်တရက် ဒီအတွေး ဝင်လာခဲ့သည်။ ဒီလမ်းဆုံးကို ချိုးဖျက်ဖို့ ခက်ခဲနေမှတော့ သူမ ဘဝကို ပြောင်းလဲလိုက်ရင် ပြဿနာ မရှိတော့ဘူး မဟုတ်ပါလား....
ဒါပေမဲ့... မသေမျိုးကျင့်ကြံခြင်း ဘဝသစ် တစ်ခုကို ပြန်စလိုက်ရင် သူမမှာ အခုလို ပါရမီကောင်းမျိုး ရပါ့အုံးမည်လား...
အကယ်၍ ခေါင်းကိုက်စရာ ပိုကောင်းတဲ့ သေခြင်း အခြေအနေမျိုးနဲ့ ကြုံရရင်ရော....
"ရှူး"
ဒါကို တွေးမိတော့ ချင်းကျောက် ပြတ်ပြတ်သားသား ဒီအတွေးတို့ကို ဖျက်ပြစ်လိုက်၏။
ဒီအချိန်မှာပဲ သူမရဲ့ ဆုလာဘ် တွက်ချက်မှု ရောက်လာတာကို သတိပြုမိလိုက်သည်။
[ဆုလာဘ် - ချီစုစည်းမှု အဆင့် (၁) ဝိညာဉ်စွမ်းအင် အားလုံး (သန့်စင်သော ဝိညာဉ်စွမ်းအင်)]
"အာ... ဒါက..."
ချင်းကျောက် မရေရွတ်ဘဲ မနေနိုင်တော့ပေ။ "ဘာလို့ ဒီတစ်ခါ ဆုလာဘ်က ဒီလောက် ဆိုးရွားနေရတာလဲ"
"ငါက နှစ်အနည်းငယ်လောက်ပဲ စောပြီး သေဆုံးသွားတာကို..."
သူမ နည်းနည်း စိတ်ပျက်သွားခဲ့ပေသည်။
အရင်တစ်ခေါက် ဆုလာဘ်က သူမကို အချိုမြည်းစမ်းခွင့် ပေးခဲ့ပေမယ့် ဒီတစ်ခါ ဆုလာဘ်ကတော့ ချက်ချင်း ပြင်းထန်တဲ့ ရိုက်ချက်တစ်ချက် ပေးလိုက်သလိုပင်။
ဒါက သူမကို နားလည်သွားစေပြီး အကယ်၍ ပိုကောင်းတဲ့ ဆုလာဘ် လိုချင်ရင် သူမဟာ အသက်ရှည်ရှည် နေနိုင်ဖို့ ကြိုးစားရမည်ပင်။
တစ်နည်းအားဖြင့် ပြောရရင် သေလမ်း အခြေအနေကို ဖြေရှင်းမယ့် နည်းလမ်း ရှာရမည်။
ဒီနည်းနဲ့မှ ပိုကောင်းတဲ့ ဆုလာဘ် ရဖို့ အခွင့်အရေး ရှိမှာဖြစ်သလို ချီစုစည်းမှု အဆင့် (၁) ဝိညာဉ်စွမ်းအင် လောက် မဟုတ်ပဲ ကောင်းတဲ့ ဆုလာဘ်ရပေမည်။
ဒီ ဝိညာဉ်စွမ်းအင် နည်းနည်းလေးက ဘာလုပ်လို့ ရမည်နည်း။
သူမ အခြေတည်အဆင့်ကို ချိုးဖျက်ဝင်ရောက်ဖို့တောင် မလုံလောက်ပေ။
ချင်းကျောက် သက်ပြင်းချလိုက်၏။ "ငါ နောက်တစ်ကြိမ် သရုပ်ဖော်ချင်ရင် (၁၂) နာရီတိတိ စောင့်ရဦးမယ်"
ချင်းကျောက်ဟာ ချက်ချင်း စချင်ပေမဲ့ ဝမ်းနည်းစရာ က ဒါဟာ သူမ ဆုံးဖြတ်လို့ ရတဲ့ ကိစ္စ မဟုတ်တာပင်။
သူမ မသိတာကတော့ သူမ သရုပ်ဖော်မှု ပြီးဆုံးပြီး မကြာခင်မှာပဲ ဝိညာဉ်ဓားဂိုဏ်းက နောက်ထပ် သူတော်စင်မဟာလည်း မသေမျိုးကျင့်ကြံခြင်း သာ
ရုပ်ဖော်မှုအား အဆုံးသတ်လိုက်တယ် ဆိုတာပင်။
...