အခန်း ၂၀၀ : လူသားဒုက္ခသည် ၁၆၂၁၈ ကို လက်ခံခြင်း
ကျင့်ကြံသူအချို့ကို အတင်းအဓမ္မအမိန့်ပေးရန် ကောင်းကင်တာအို သစ္စာဆိုမှုတစ်ခုခု အပေါ် မှီခိုနေမည့်အစား.....
…
အခြား တစ်ဖက်တွင်။
ဇီးကွက်မိစ္ဆာသားရဲတစ်ကောင်ဟာ မီတာဒါဇင်နှင့်ချီပြီး မြင့်မားသည့်သစ်ပင်ကြီးတစ်ပင်၏ ထိပ်တွင် ရပ်နေပြီး အိပ်ချင်မူးတူးဖြင့် သမ်းဝေနေခဲ့သည်။
ကြီးမားပြီး ဝိုင်းစက်သည့် မျက်လုံးတစ်စုံကလည်း လမ်းကြောင်း တစ်ခုတည်းသို့ စိုက်ကြည့်နေခဲ့သည်။
ငှက်၏ နှုတ်သီးက ပွင့်ဟလာပြီး ၎င်းဟာ လူသားစကားဖြင့် အမှန်တကယ် စကားပြောနေခဲ့ပြီး သူ့ဘာသာသူ ရေရွတ်နေခဲ့လေသည်။ "တစ်၊ နှစ်... ဆယ်၊ ဆယ့်တစ်... တစ်ရာ့နှစ်ဆယ့်ငါး..."
၎င်း ရေတွက်နေစဉ် ဇဝေဇဝါဖြစ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းက (၂၀၀)အတွင်းသာ ရေတွက်နိုင်သောကြောင့်ဖြစ်သည်။
၎င်း အံ့သြစွာ ရေရွတ်လိုက်၏။ "လူတွေ ဒီလောက် အများကြီးပဲ"
လူသားများကို ယခင်ကမမြင်ဖူးခြင်းတော့ မဟုတ်ပေ။ သူဟာ လူသားကျင့်ကြံသူအများအပြားကို မြင်တွေ့ဖူးသလို သူတို့နှင့်ပင် ဆက်သွယ် စကားပြောဖူးခဲ့သည်။
သို့သော် ၎င်းက နှစ်ပေါင်းဒါဇင်နှင့်ချီ အသက်ရှင်နေထိုင်ခဲ့ပြီးနောက် ဤမျှများပြားသည့် လူသားများကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်။
"မျက်စိတစ်ဆုံး လူတွေနဲ့ချည်း ပြည့်နှက်နေတာပဲ.."
လူသားတွေ ရာပေါင်းများစွာရှိနေပြီး အားလုံးကို မရေတွက်နိုင်သော်လည်း သူတို့က အလွန်များပြားကြောင်း သိအေသည်။
"ဒီလောက်လူအများကြီးဆိုတော့ အကယ်လို့ သူတို့ကိုသာ အစားအစာအဖြစ် ပြုလုပ်လိုက်မယ်ဆိုရင် အဖွဲ့အစည်း တစ်လစာစားဖို့ လုံလောက်တယ် မဟုတ်လား..."
......
"ကံဆိုးတာက သူဌေးရဲ့ သူဌေးရဲ့ သူဌေးက ငါတို့ လူသားတွေကို စားလို့မရဘူးလို့ ပြောထားတယ်။ ငါတို့ တစ်ဘဝလုံးမှာ လူသားတွေကို တစ်ခါမှ မစားဖူးဘူး..."
၎င်းက သူ့ဘာသာသူ ရေရွတ်နေစဉ်မှာပင်...
၎င်း၏ ထက်မြက်သည့် အာရုံခံစားမှုများက အော်ရာ တစ်ခုကို ဖမ်းဆီးရမိလိုက်သည်။ ၎င်းက အလျင်အမြန် လှည့်ကြည့်လိုက်ပြီး ရိုသေလေးစားစွာ ပြောလိုက်သည်။ "အကာအကွယ်ပေးသူ"
ရောက်လာသူမှာ ကြိုးကြာမိစ္ဆာတစ်ကောင် ဖြစ်သည်။
တုံးအပြီး ချစ်စရာကောင်းသည့် ဇီးကွက်နှင့် နှိုင်းယှဉ်လျှင် ဤကြိုးကြာမိစ္ဆာက အလွန်ကျက်သရေရှိလေသည်။ ၎င်းက ရုပ်ရည်အလွန် ကောင်းမွန်သည့် မိစ္ဆာသားရဲများအနက်မှ တစ်ကောင်ဖြစ်သည်။
၎င်းက နှုတ်သီးကို ဖွင့်ပြီး အမျိုးသမီးအသံဖြင့် ပြောလိုက်သည်။ "သခင်က ငါတို့ကို ဒီလူတွေကို မထိဖို့ အမိန့်ပေးထားတယ်။ သူတို့ကိုစားဖို့တောင် မစဉ်းစားနဲ့။ မင်းနဲ့ငါ အဲဒီကိုသွားပြီး သူတို့ရဲ့ ခေါင်းဆောင်နဲ့ စကားပြောမယ်။"
စကားပြောပြီးသည်နှင့်တပြိုင်နက် အတောင်ပံများကို ဖြန့်ကာ ပျံသန်းသွားလိုက်သည်။
ကြိုးကြာမိစ္ဆာနှင့် ဇီးကွက်မိစ္ဆာတို့ဟာ သူတို့၏ အတောင်ပံများကိုဖြန့်ကာ လေထဲတွင် ပျံသန်းသွားကြပြီး အောက်ဘက်ရှိ အံ့မခန်းဖွယ်များပြားသည့် ဒုက္ခသည်များကို ငုံ့ကြည့်လိုက်ကြသည်။
သူတို့၏ တည့်တည့်အောက်ဘက်တွင် များပြားလှသည့် လူအုပ်ကြီးကို မြင်တွေ့လိုက်ရပြီး သူတို့အထဲတွင် အမျိုးသားများနှင့်အမျိုးသမီးများ ပါဝင်နေသလို အသက်ကြီးသူများနှင့် လူငယ်များရှိကြလေသည်။
ဤလူများကြားတွင် ဆင်တူညီမှုတစ်ခု ရှိနေခဲ့သည်။ ၎င်းက သူတို့တစ်ဦးစီ၏ မျက်နှာများက ဖြူဖျော့နေကြခြင်းပင်။ သူတို့ဟာ အားနည်းနေပြီး လမ်းလျှောက်သည့်အခါ မည်သည့်စိတ်ဓာတ်ခွန်အားမျှ မရှိကြပေ။ သူတို့ဟာ ဆာလောင်မွတ်သိပ်မှုကြောင့် အရေခွံနှင့် အရိုးသာ ကျန်တော့သည့်ပုံစံမျိုး ပေါက်နေခဲ့ကြသည်။
အကယ်၍ သူတို့ဟာ လမ်းပေါ်တွင် ဖြတ်သွားသည့် အင်းဆက်တစ်ကောင်နှင့်တွေ့လျှင် ဆာလောင်မှုကို ဖြေဖျောက်ရန် ၎င်းကိုဖမ်းဆုပ်ပြီး ပါးစပ်ထဲသို့ ထိုးထည့်လိုက်ကြပေလိမ့်မည်။
လူအချို့ဟာ လမ်းတစ်ဝက်တွင် လမ်းမလျှောက်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
သူတို့ ဘေးရှိလူများဟာလည် သူတို့ကို ထူမပေးရန်ခွန်အားမရှိကြပေ။
ရက်စက်စွာပြောရလျှင် ဤအချိန်တွင် သူတို့ဟာ လဲကျသွားသောလူများနှင့် အစားအစာကို မျှဝေစားသောက်ခြင်းမရှိကြပေ။ ဤဒုက္ခသည်အုပ်စုဟာ ဆင်ခြင်တုံတရားအနည်းငယ်ကို ထိန်းသိမ်းထားနိုင်သေးပေသည်။
သို့မဟုတ် သူတို့ကြားထဲတွင် စည်းကမ်းထိန်းသိမ်းရန်ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေသည့် ကျင့်ကြံသူ တစ်ဦးရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။
၎င်းက ဤလူများလူအချင်းချင်း ပြန်စားခြင်းမှတားဆီးရန်ဖြစ်သည်။
"သခင်... သခင်ကျင့်ကြံသူ အပေါ်မှာ... ထူးဆန်းတဲ့ ငှက် နှစ်ကောင်ရှိနေတယ်" ဒုက္ခသည်လူအုပ်ထဲမှ ဒုက္ခသည်တစ်ဦးဟာ သူ့ဘေးရှိ လူလတ်ပိုင်း အမျိုးသားတစ်ဦးကို ကြောက်ရွံ့စွာ ကြည့်လိုက်ပြီး အော်ဟစ်လိုက်သည်။ "သခင် ကျင့်ကြံသူ ကျွန်တော်တို့... မိစ္ဆာသားရဲ တစ်ကောင်နဲ့ တွေ့တာမဟုတ်ဘူးမလား"
ဒုက္ခသည်များကြားရှိ ကျင့်ကြံသူမှာတစ်ဦးတည်းသော တက်ကြွနေပုံရသူဖြစ်သည်။
သူဟာ တည်ငြိမ်အောင် အစွမ်းကုန်ကြိုးစားရင်း လေးနက်သည့် မျက်နှာအမူရာဖြင့် ကောင်းကင်ကို ကြည့်လိုက်၏။
"ကိစ္စ မရှိပါဘူး... သူတို့က... ဒီနေရာကို တိုက်ဆိုင်စွာ ဖြတ်သွားတာ ဖြစ်ဖို့များပါတယ်။ သူတို့ ငါတို့ကို တိုက်ခိုက်မှာ မဟုတ်ဘူး"ဟု ကျင့်ကြံသူဟာ တောင့်တင်းသည့်လေသံဖြင့် ပြောလိုက်သည်။
သာမန်လူတစ်စုကို လူသူကင်းမဲ့သည့် တောင်တန်းထဲသို့ ခေါ်ဆောင်လာခြင်းက အလွန်အန္တရာယ်များကြောင်း သူသိပေသည်။
အကယ်၍ သူတို့ဟာ စွမ်းအားကြီးမားသည့် မိစ္ဆာသားရဲများနှင့်တွေ့ဆုံပါက ဤလူအုပ်စုဟာ မိစ္ဆာသားရဲများ၏ အစာဖြစ်သွားနိုင်ကြောင်းကိုလည်း သူ သိလေသည်။
ပြဿနာမှာ အကယ်၍ သူဤသို့ မလုပ်ဆောင်ပါက ဤလူအုပ်စုက ငတ်မွတ်ပြီး သေဆုံးရလိမ့်မည်သာ ဖြစ်သည်။
ထို့ကြောင့် သူဟာ လောင်းကြေးထပ်ကာ အသက်ရှင်ဖို့ အခွင့်အရေးတစ်ခု ရှာဖွေကြည့်ခြင်းဖြစ်လေသည်။
သာမန်လူတစ်စုအတွက် ဤသို့လုပ်ဆောင်ခြင်း.... သူ့ကိုယ်သူပင် အန္တရာယ်ထဲသို့ ဆွဲသွင်းခြင်းက ကျင့်ကြံသူများကြားတွင် သူ့ကို ထူးဆန်းသည့် လူတစ်ဦးအဖြစ် သတ်မှတ်နိုင်ပေသည်။
သို့ပေမဲ့ ဤဒုက္ခသည်များ၏မျက်လုံးထဲတွင် ဤကျင့်ကြံသူက ကြီးမြတ်သည့်ကျေးဇူးရှင်တစ်ဦး ဖြစ်လေသည်။
သို့သော် ဒုက္ခသည်များ၏ နှလုံးသားထဲရှိ ကြီးမြတ်သည့် ကျေးဇူးရှင်ဟာ အပေါ်ယံတွင်သာ တည်ငြိမ်နေခြင်းဖြစ်သည်။
အမှန်တကယ်တော့ သူဟာ အခြားမည်သူ့ထက်မဆို ပိုမို စိုးရိမ်ထိတ်လန့် နေခဲ့လေသည်။
သူက ကျင့်ကြံသူတစ်ဦးဖြစ်သောကြောင့် သူ့အထက်ရှိ မိစ္ဆာသားရဲနှစ်ကောင်က မည်မျှကြောက်မက်ဖွယ် ကောင်းကြောင်း သိပေသည်။
တစ်ကောင်က ချီသန့်စင်ခြင်းအဆင့် (၂)တွင် ရှိပြီး အခြားတစ်ကောင်ကိုမူ အာရုံခံ၍မရနိုင်ပေ။
'အို ဘုရားသခင်...'
သူက ချီသန့်စင်ခြင်းအဆင့် (၂) တွင်သာ ရှိပါလျက် ဤမျှ ကြမ်းကြုတ်သည့် မိစ္ဆာသားရဲနှစ်ကောင်နှင့် သူ ဘယ်လိုလုပ် သွားတွေ့ရသည်နည်း။
ထို့ကြောင့် ဤမိစ္ဆာသားရဲနှစ်ကောင်က အမှန်တကယ် ဖြတ်သွားရုံသာ ဖြစ်ပါစေဟု သူဆုတောင်းရုံကလွဲ၍ မတတ်နိုင်တော့ပေ။
သို့သော် ဤအချိန်တွင် သူ့အထက်တွင် ပျံဝဲနေသည့် ငှက်အမျိုးအစားမိစ္ဆာသားရဲနှစ်ကောင်ဟာ လူအုပ်ထဲသို့ ထိုးဆင်းလာပြီး သူ့ဆီသို့ တည့်တည့်ပြေးဝင်လာသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရသည်။
'ရှူး...'
ကြီးမားသော ရန်သူတစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ ချက်ချင်း ခံစားလိုက်ရပြီး သူ၏နှလုံးသားထဲရှိ သတိပေးခေါင်းလောင်းသံများ ပြင်းထန်စွာ မြည်ဟည်းလာခဲ့သည်။
ထို့အပြင် သူ၏နှလုံးသားဟာ နက်ရှိုင်းသည့် ချောက်နက်ကြီး၏ အောက်ခြေသို့ လျင်မြန်စွာ ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ၏ ကိုယ်ပိုင်ခွန်အားဖြင့် အတော်လေးအားနည်းသည့် ထိုဇီးကွက်အမျိုးအစားမိစ္ဆာသားရဲကိုတောင် ကိုင်တွယ်ဖြေရှင်းရန်ပင် အလွန်ခက်ခဲနေပြီ ဖြစ်သည်။
ကျင့်ကြံမှုကို မမြင်တွေ့နိုင်သည့် အခြားကြိုးကြာ အမျိုးအစားမိစ္ဆာသားရဲအတွက်မူ သူဟာ ၎င်း၏ ပြိုင်ဘက်ပင် ဖြစ်နိုင်မည်မဟုတ်ပေ။
အကယ်၍ ကျင့်ကြံသူတစ်ဦးဖြစ်သည့် သူသာ သေဆုံးသွားပါက သာမန်ပြည်သူများ ဘာလုပ်ကြမည်နည်း။
'သူတို့ မိစ္ဆာသားရဲတွေရဲ့အစာ ဖြစ်သွားကြတော့မှာလား....'
ဤအတွေး သူတို့၏ စိတ်ထဲတွင် ဖြတ်သန်းသွားစဉ်မှာပင် မိစ္ဆာသားရဲနှစ်ကောင်ဟာ လူအုပ်၏ ထိတ်လန့်တကြားအော်ဟစ်သံများကြားတွင် မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး တည်ငြိမ်စွာရပ်လိုက်ကြသည်။
သူတို့၏ ကြီးမားသည့် အရွယ်အစားက ဤပိန်လှီပြီး အားနည်းသော ဒုက္ခသည်အုပ်စုနှင့် သိသိသာသာ ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။
မိစ္ဆာသားရဲများ၏ မွေးရာပါအော်ရာက ဒုက္ခသည်များကို ပို၍ပင်ထိတ်လန့်သွားစေလေသည်။
"မင်းက သူတို့ရဲ့ ခေါင်းဆောင်လား" ကျင့်ကြံသူ တစ်စုံတစ်ရာ မလုပ်ဆောင်နိုင်မီ ကြိုးကြာမိစ္ဆာက အေးစက်သည့် လေသံဖြင့်ပြောလိုက်သည်။ "မင်းတို့ ငါတို့ရဲ့ ဌာနခွဲအဖွဲ့အစည်းရဲ့ နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာပြီ။ ကျင့်ကြံသူတစ်ယောက် အနေနဲ့ မိစ္ဆာသားရဲတစ်ကောင်ရဲ့ နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာတဲ့အတွက် မင်း ပေးဆပ်ရမယ့် တန်ဖိုးကို သိရဲ့လား"
ကျင့်ကြံသူ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ သူ လက်ခံရရှိတော့မည့်အရာက သူကိုင်တွယ်ဖြေရှင်း၍ မရနိုင်သည့် တိုက်ခိုက်မှုတစ်ခုဖြစ်မည်ဟု သူ ထင်မှတ်ထားခဲ့ပေသည်။
သို့ပေမဲ့ သူ၏ရှေ့မှ မိစ္ဆာသားရဲဟာ သူ့ကို စကားပြောရန် ကျွမ်းကျင်သည့် ဘာသာစကားကို အမှန်တကယ် အသုံးပြုလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
'စကားပြောနိုင်တဲ့...မိစ္ဆာသားရဲ တစ်ကောင်....'
သူ တံတွေးတစ်လုပ်ကို တိတ်တဆိတ် မြိုချလိုက်ပြီး ကြီးမားသည့် ဖိအားကြောင့် အလိုအလျောက် ပြန်ဖြေလိုက်သည်။ "ကျွန်တော်... ကျွန်တော် သိပါတယ်။"
ကြိုးကြာမိစ္ဆာ တည်ငြိမ်စွာ ဆက်ပြောလိုက်သည်။ "သာမန်အရဆိုရင် မင်းတို့က အစားအစာဖြစ်သွားပြီ။"
"ဒါပေမဲ့..." ၎င်း၏ လေသံက ပြောင်းလဲသွားခဲ့သည်။ "ငါတို့ သခင်က ကြီးမားတဲ့ကရုဏာပြသပြီး မင်းတို့ကို ငါတို့ရဲ့နယ်မြေထဲ ဝင်ခွင့်ပြုခဲ့တယ်... ဒါပေမဲ့ မင်းတို့ ငါတို့ရဲ့ အမိန့်တွေကို နားထောင်ရမယ်။ အကယ်၍ မင်းတို့ဆန္ဒရှိရင် ဒီနေရာမှာ အိမ်တစ်လုံး တည်ဆောက်လို့ ရတယ်။ အကယ်၍ မင်းတို့ဆန္ဒမရှိရင်တော့ ဒီနေရာမှာ မင်းတို့ ဘာဖြစ်သွားမလဲ ဆိုတာကို ငါ အာမခံမပေးနိုင်ဘူး။"
'ဒါ... ဒီမိစ္ဆာသားရဲက မိစ္ဆာသားရဲတွေ ဒီလူတွေကို လက်ခံနိုင်တယ်ဆိုတာကို ကိုယ်တိုင် ပြောနေတာလား...'
"ဒါ၊ ဒါ၊ ဒါ..."
ကျင့်ကြံသူ၏ဦးနှောက်က အလုပ်မလုပ်နိုင်တော့သလောက်ဖြစ်သွားရသည်။ သူ၏မျက်စိရှေ့တွင် ဖြစ်ပျက်နေသည့်အရာများက သူ၏ဦးနှောက်ခံနိုင်ရည်ကို ရှင်းလင်းစွာကျော်လွန်သွားခဲ့ပြီဖြစ်သည်။
ထို့နောက် တွေဝေသည့်အခြေအနေတစ်ခုတွင် သူ ကြောင်အမ်းအမ်းဖြင့် ခေါင်းညိတ်လိုက်သည်။
[အိုးမဲ့အိမ်မဲ့ ဒုက္ခသည် အမြောက်အမြား သင်၏ နယ်မြေထဲသို့ ဝင်ရောက်လာကြသည်။ သူတို့၏ အိမ်များကို ပြန်လည်တည်ဆောက်ရန် ကူညီပေးရန် သင်၏မိစ္ဆာသားရဲများကို ညွှန်ကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဤဒုက္ခသည် အရေအတွက်မှာ ၁၆,၂၁၈ယောက်ဆိုသည်ကိုလည်း သင်သိရှိလိုက်ရသည်။ မိစ္ဆာသားရဲများနှင့် ရင်ဆိုင်ရသည့်အခါ ဒုက္ခသည်များ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။]
[သင်ဟာ လူအနည်းငယ်ကို စီစဉ်ပြီး သူတို့ကို နေ့တစ်ဝက်ခန့် ရှင်းပြစေပြီးမှသာ ဤဒုက္ခသည်များက ဤအချက်ကို လက်ခံခဲ့ကြသည်။ သူတို့၏ ကျေးဇူးရှင်က မင်းဆက်၏အရာရှိကြီး တစ်ဦး သို့မဟုတ် ဂိုဏ်း၏အကြီးအကဲတစ်ဦး မဟုတ်ဘဲ... စွမ်းအားကြီးမားသည့် မိစ္ဆာသားရဲ တစ်ကောင် ဖြစ်ကြောင်း သိရှိပြီးနောက်။]
[အသက် ၃၂ နှစ်၊ နှစ်နှစ်ကြာတည်ဆောက်ပြီးနောက် ထောင်ပေါင်းများစွာသော ဒုက္ခသည်များဟာ နောက်ဆုံးတွင် အခြေတကျဖြစ်သွားကြသည်။ သူတို့ဟာ စိုက်ပျိုးမြေများကို တက်ကြွစွာ စိုက်ပျိုးကြပြီး ဘုရားကျောင်းတစ်ကျောင်းကိုပင် တည်ဆောက်ခဲ့ကြသည်။]
[သင် အံ့အားသင့်သွားသည်မှာ ဘိုးဘွားဘုရားကျောင်းတွင် ကိုးကွယ်ထားသည့်အရာက မသေမျိုး နတ်ဘုရားတစ်ပါးမဟုတ်ဘဲ သင်ဖြစ်နေခြင်းပင်]
[သူတို့က သင့်ကိုကြီးမြတ်သည့် မသေမျိုးလမင်းကျီးကန်းအဖြစ် ရိုသေလေးစားစွာခေါ်ဝေါ်ခဲ့ကြသည်။]
[အသက် ၃၃ နှစ်၊ လူသားကလေးငယ် အချို့၏ ကျင့်ကြံခြင်းအမြစ်များကို စမ်းသပ်ရန် သင်မိစ္ဆာသားရဲများကို အမိန့်ပေးခဲ့သည်။ သင်အံ့အားသင့်သွားသည်မှာ မသေမျိုးကျင့်ကြံရန် ပါရမီရှိသည့် ကလေး ဆယ်ယောက်ကျော် အမှန်တကယ်ရှိနေကြောင်း သင် တွေ့ရှိလိုက်ရခြင်းပင်။]
[ထို့ကြောင့် ကျင့်ကြံခြင်းကို မည်သို့ကျင့်ကြံရမည်ကို သင် ကိုယ်တိုင်သင်ကြားပေးခဲ့သည်]
[…]