အခန်း ၁၉၈ : မွေးရာပါ ပါရမီအသစ် ငန်းဘီးမျက်လုံး
သူမဟာ လူသားမဟုတ်ခြင်းဆိုသည့် ပါရမီကို ပြောင်းလဲ၍ မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူမ ပြောင်းလဲရန်မဖြစ်နိုင်သောကြောင့်ဖြစ်သည်။
မိစ္ဆာသားရဲတစ်ကောင်၏ ခန္ဓာကိုယ်ကို အားကိုးပြီး မိစ္ဆာသားရဲအုပ်စုတစ်စုကို ဖန်တီးရန် သူမအတွက် မလွယ်ကူခဲ့ပေ။ ထို့အပြင် ဤအုပ်စု၏အနာဂတ်က အလွန်တောက်ပနေသည်ဟု ပြော၍ရပေသည်။
အကယ်၍ သူမဟာ ရုတ်တရက် လူသားတစ်ဦး အဖြစ်ပြောင်းလဲသွားပါက ဤမိစ္ဆာသားရဲများက သူမကို ဆက်လက် နာခံကြမည်မဟုတ်တော့ချေ။
ထို့အပြင် သူမကြိုးစားပမ်းစား လုပ်ဆောင်ခဲ့သမျှ အရာအားလုံးကို အခြားသူအတွက် အကျိုးရှိသွားမှာ မလိုလားပေ။
မိစ္ဆာအမြုတေပါရမီ အတွက်မူ...
ရွှေအမြုတေမိစ္ဆာတစ်ကောင်၏ မိစ္ဆာအမြုတေက သူမအတွက် အလွန်အသုံးဝင်သော်လည်း ရိုးရိုးသားသားပြောရလျှင် ၎င်းကို သူမစွန့်လွှတ်၍ မရနိုင်သည်တော့ မဟုတ်ချေ။
ဘာပဲဖြစ်ဖြစ် ကျင့်ကြံရန် လိုအပ်သည့် ဝိညာဉ် ကျောက်တုံးများနှင့် ဆေးလုံးများကို မတူညီသည့် လမ်းကြောင်းအသီးသီးမှတစ်ဆင့် သူမ ယခု
ရရှိနိုင်ပြီဖြစ်သည်။
ဤကဲ့သို့သောအခြေအနေမျိုးတွင် သူမဟာ မိစ္ဆာ အမြုတေကို စွန့်လွှတ်လိုက်လျှင်ပင် သူမအပေါ် သက်ရောက်မှုက သိပ်မကြီးမားလှပေ။
နောက်ဆုံး တန်ပြန်သက်ရောက်ခြင်းကိုမူ ဖူရွှမ်နီ မပြောင်းလဲရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ဤသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသည့် ပါရမီတစ်ခု ဖြစ်သည်။ အရေးကြီးသည့်အချိန်တွင် ၎င်းက မည်သည့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုကိုမဆို ပိတ်ဆို့ထားရန် အခွင့်အရေးရှိပေသည်။
ယခု သူမ၏ ပါရမီသုံးခုကို အရေးကြီးသည့် အဆင့်သတ်မှတ်ချက်တစ်ခုပေးရမည်ဆိုလျှင် ပထမ အနေဖြင့် ၎င်းက သေချာပေါက် တန်ပြန်သက်ရောက်ခြင်းဖြစ်ပေလိမ့်မည်။
ဒုတိယအနေဖြင့် ၎င်းက လူသားမဟုတ်ခြင်း ဖြစ်ပေလိမ့်မည်။
......
တတိယအနေဖြင့် မိစ္ဆာအမြုတေဖြစ်သည်။
ထို့နောက် ဖူရွှမ်နီဟာ ပါရမီအသစ် (၁၀)ခုကို ကြည့်လိုက်သည်။ ပါရမီ (၁)က အသုံးမကျပေ။ အကယ်၍ သူမ တစ်စုံတစ်ရာပြောလိုက်ပါက ၎င်းက အကြောင်းပြချက်မရှိဘဲ အခြားသူများကို ဒေါသထွက်စေလိမ့်မည်။
ထိုအခါ အနာဂတ်တွင် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် သူမ၌ အခွင့်အရေးရှိတော့မည် မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် သူမက တစ်စုံတစ်ရာကို ပေါ့ပေါ့ပါးပါးပြောလိုက်လျှင် ၎င်းက ချီးကျူးစကားတစ်ခွန်း ဖြစ်နေလျှင်တောင် တစ်ဖက်လူကို ဒေါသထွက်စေမည့် ဖြစ်နိုင်ချေက အလွန်မြင့်မားနေလေသည်။
ပါရမီ (၂)က ဖူရွှမ်နီကို ကြောင်အမ်းအမ်း ဖြစ်သွားစေခဲ့သည်။ ငန်းမျက်လုံးဆိုသည်မှာ ဘာကို
ဆိုလိုမှန်း သူမ နားမလည်သော်လည်း ကွင်းစကွင်းပိတ်ထဲမှ ရှင်းပြချက်က သူမကို နားလည်သွားစေသည်။
"ဘယ်လောက် ကောင်းတဲ့ ပါရမီလဲ..."
၎င်းက တန်ပြန်သက်ရောက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
ပါရမီ ၃၊ ၄၊ ၅၊ ၆... ဖူရွှမ်နီ သူတို့ကို နားမလည်နိုင်သော်လည်း အချို့မှာ အသုံးမကျသည့် ပါရမီ ဖြစ်သည်ဟု သူမထင်မြင်မိရာ အားလုံးကို လစ်လျူရှုလိုက်သည်။
ပါရမီ (၇) က သူမကို အနည်းငယ်ဇဝေဇဝါ ဖြစ်စေသည်။ 'နာပမ်းဗုံးဆိုတာ ဘာလဲ.....
နာပမ်းဗုံးတွေအပြည့်ရှိတဲ့ ဂိုဒေါင်တစ်ခုက ဘာအသုံးဝင်မှာလဲ...'
သူမ နားမလည်ချေ။
ပါရမီ (၈)ကိုလည်း ဖူရွှမ်နီ နားမလည်ပေ။ ဤကဲ့သို့ နားမလည်နိုင်သည့် ပါရမီမျိုးကို မထိတွေ့ခြင်းက အကောင်းဆုံးဖြစ်ကြောင်း သူမ၏ မသိစိတ်က ပြောပြနေခဲ့သည်။
သူမ အလိမ်မခံချင်ပေ။
ပါရမီ (၉)က ပြောနေစရာမလိုအောင်ပင်။ ဤပါရမီကို ရွေးချယ်ခြင်းက သူမကိုယ်သူမ လိမ်လည်လှည့်ဖြားခြင်းနှင့် တူပေလိမ့်မည်။
သူမ ၎င်းကို ရွေးချယ်လိုက်သည်နှင့် တပြိုင်နက် နောက်တစ်နေ့ ဖြစ်လာမည်ဟု ဖူရွှမ်နီ ခံစားရသည်။
သူမ၏ မိစ္ဆာသားရဲ လက်အောက်ငယ်သားများအားလုံး ပုန်ကန်ကြပေလိမ့်မည်။
ပါရမီ (၁၀)၊ ၎င်းက ကောင်းမွန်သည့် ပါရမီတစ်ခု ဖြစ်ကြောင်း ထင်ရှားလေသည်။ ပြဿနာမှာ သူမက ယခု မိစ္ဆာသားရဲတစ်ကောင် ဖြစ်နေရာ ဓားသိုင်းပါရမီ ရှိနေလို့ဘာအသုံးဝင်မည်နည်း။
ထို့ကြောင့် သူမ ရွေးချယ်နိုင်သည့် တစ်ခုတည်းသော ပါရမီမှာ ပါရမီ (၂)ဖြစ်သည့် ငန်း ဘီး မျက်လုံးပင်။
"မိစ္ဆာအမြုတေကို ငန်းဘီးမျက်လုံး နဲ့ အစားထိုးမယ်..."
သူမနှလုံးသားထဲတွင် အကောင်းနှင့် အဆိုးကို ချိန်ဆပြီးနောက် ဖူရွှမ်နီ သူမ၏ ဆုံးဖြတ်ချက်ကို ချလိုက်သည်။
[အစားထိုးခြင်း ပြီးဆုံးပါပြီ]
သူမ၏ သိုလှောင်အိတ်ထဲမှ ရွှေအမြုတေမိစ္ဆာ အမြုတေဟာ လေထုထဲသို့ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေကြောင်း ဖူရွှမ်နီ ရုတ်တရက်သတိပြုမိလိုက်သည်။
၎င်းက သဲလွန်စတစ်ခုမျှ မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။
သိပ်မကြာမီ သူမ၏မျက်လုံးများတွင် စူးရှသည့် နာကျင်မှုကို ရုတ်တရက်ခံစားလိုက်ရသည်။ သူမ၏ မျက်လုံးနှစ်လုံးစလုံးက မျက်ကန်းဖြစ်သွားသကဲ့သို့ပင်။
ဖူရွှမ်နီ သူမ၏မျက်လုံးများ မနာကျင်တော့ကြောင်း မသိရှိမီ ဤခံစားချက်က အသက်ရှူချိန်အနည်းငယ်ခန့်သာ ကြာမြင့်ခဲ့သည်။
သူမ မျက်လုံးများကို ဖွင့်လိုက်ပြီး သူမ၏အမြင်အာရုံတွင် မည်သည့်အပြောင်းအလဲမျှမရှိကြောင်း တွေ့ရှိလိုက်ရသည်။
ဤအရာက သူမကို ကြောင်အမ်းအမ်း ဖြစ်သွားစေခဲ့ပေသည်။
"အပြောင်းအလဲ မရှိဘူးလား..."
"ဒါ မမှန်ဘူး..."
ဖူရွှမ်နီ ရုတ်တရက် သိုလှောင်အိတ်တစ်ခုထဲမှ ကြေးမုံပြင်တစ်ခုကို ထုတ်ယူလိုက်သည်။
ဤအရာကို ယူဆောင်လာရန် သူမ ဝူယန်ကို တောင်းဆိုခဲ့သည်။ ဖူရွှမ်နီ၏နယ်မြေတွင် လူသားများ ပြုလုပ်ထားသည့် ပစ္စည်းများစွာရှိနေခဲ့သည်။
ဘဝကို ပိုမိုအဆင်ပြေချောမွေ့စေနိုင်သည့် ပစ္စည်းများပင်။
သူမ ၎င်းတို့ကို ငြင်းပယ်မည်မဟုတ်ပေ။
"ဒါ... အပြောင်းအလဲမရှိသေးဘူး" မှန်ထဲတွင် သူမကိုယ်သူမ မြင်တွေ့လိုက်ရသည့်အခါ ကြောင်အသွားရသည်။ "ဒီပါရမီကို အသက်သွင်းဖို့ လိုအပ်လို့လား။"
ဤအကြောင်းကိုတွေးရင်း ဖူရွှမ်နီဟာ သူမ၏ အာရုံစူးစိုက်မှုကို မျက်လုံးများပေါ်သို့ ပို့ဆောင်ရန် ကြိုးစားလိုက်သည်။
ရုတ်တရက် သူမ၏ ပုံမှန်မိစ္ဆာသားရဲမျက်လုံးများက စတင် ပြောင်းလဲလာခဲ့သည်။
အသက်တစ်ရှူစာအချိန်အတွင်းမှာပဲ ဤအပြောင်းအလဲက ပြီးဆုံးသွားခဲ့သည်။
သူမ၏ မျက်လုံးများက ပြောင်းလဲသွားပြီဖြစ်သည်။
"ငါ့မျက်လုံးတွေ ဒီလို ပြောင်းလဲသွားတာလား။ ဒါက အဲဒီပါရမီကို အသုံးပြုလိုက်လို့ ဖြစ်လာတဲ့ အပြောင်းအလဲလား..."
သူမ၏ သူငယ်အိမ်တစ်ဝိုက်တွင် မတူညီသည့် အရောင်သုံးရောင်ရှိနေကြောင်း သူမ တွေ့ရှိလိုက်ရသည်။ ၎င်းတို့က သေးသွယ်သည့် ဖားလောင်း ပုံစံများနှင့် တူညီကြလေသည်။
ဤသေးသွယ်သော ဖားလောင်း ပုံစံသုံးခုက အဝါရောင်၊ အစိမ်းရောင်နှင့်အနီရောင်တို့ ဖြစ်ကြသည်။
သူတို့၏ ခေါင်းနှင့်အမြီးများက ဆက်သွယ်နေပြီး စက်ဝိုင်းတစ်ခုကို ဖွဲ့စည်းထားကြလေသည်။
သူမ၏ သူငယ်အိမ်များကလည်း အပြာရောင်
ပြောင်းသွားပြီး ၎င်းတို့က ထူးဆန်းသည့်ပုံသဏ္ဍာန်တစ်ခုကို ဖွဲ့စည်းထားကြသည်။
သို့သော် ဤပုံသဏ္ဍာန်က ဘာလဲဆိုတာကို သူမ မခွဲခြားနိုင်ပေ။
အကယ်၍ ဤအပြောင်းအလဲများကို ခွဲခြားထားမည် ဆိုလျှင် ၎င်းတို့သည် ထူးဆန်းနေမည်ဖြစ်သည်။
သို့သော် ၎င်းတို့ပေါင်းစပ်သွားသည့်အခါ ရှင်းပြ၍ မရနိုင်သည့် သဟဇာတဖြစ်မှုတစ်ခု ရှိနေခဲ့သည်။
သူမ၏အာရုံစူးစိုက်မှုကို မျက်လုံးများပေါ်မှ ရုပ်သိမ်းလိုက်သည့်အခါ မျက်လုံးများက ပုံမှန်အသွင်အပြင်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
ဖူရွှမ်နီ နားလည်သွားခဲ့သည်။
သူမဟာ ဤစွမ်းရည်ကို အသုံးပြုသည့်အချိန်မှသာ သူမ၏ မျက်လုံးများက ပြောင်းလဲသွားမည် ဖြစ်ပြီး ဤစွမ်းရည်ကို အသုံးမပြုသည့်အချိန်တွင် ပုံမှန်သာ ဖြစ်နေပေမည်။
[မွေးရာပါ ပါရမီ အသစ်တစ်ခုကို အစားထိုးပြီးနောက် သင်ဟာ မိစ္ဆာသားရဲတစ်ကောင်ကို ရှာဖွေပြီး မွေးရာပါစွမ်းရည်ကို စမ်းသပ်ခဲ့သည်။ အခြားလူများ၏ လှုပ်ရှားမှုများကို သင် အမှန်တကယ် အတုခိုးနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ အတုခိုးမှုက အနည်းငယ် တောင့်တင်းနေသော်လည်း ၎င်းက အံ့သြဖွယ်ကောင်းသည့် ပါရမီတစ်ခုဖြစ်တာကို ငြင်းဆို၍မရပေ။]
[အသက် ၂၁ နှစ်၊ ကျီဟိုင်မြို့တော်တွင် ထည့်သွင်းထားသည့် သူလျှိုများနှင့် နေမင်းဂိုဏ်းတွင် ထည့်သွင်းထားသည့် သူလျှိုများက ပေးပို့သည့် သတင်းအချက်အလက်များမှတစ်ဆင့် သင်ဟာ ကုန်သည်ယာဉ်တန်းများ၏ လမ်းကြောင်းများကို သိရှိခဲ့ပြီး ယခင်နည်းလမ်းအတိုင်းပင် လုယက်မှုများလုပ်ဆောင်ခဲ့သည်။]
[သင်ကိုယ်တိုင် အလွန်ကောင်းမွန်စွာ ပုန်းအောင်းနေသောကြောင့် မိသားစုကုန်သည်ယာဉ်တန်းများ၊ ဂိုဏ်း ကုန်သည်ယာဉ်တန်းများနှင့် နန်းတွင်းကုန်သည် ယာဉ်တန်းများအားလုံးဟာ သူတို့၏ကုန်ပစ္စည်းများကို လူဆိုးကျင့်ကြံသူများ လုယက်သွားသည်ဟု ထင်ခဲ့ကြသည်။]
[အသက် ၂၂ နှစ်၊ သင်သည် ချီသန့်စင်ခြင်း အဆင့် အဆင့် (၈)သို့ ရောက်ရှိရန် ခြေတစ်လှမ်းဝက်သာလိုတော့သည်]
[အသက် ၂၄ နှစ်၊ သင်သည် ချီသန့်စင်ခြင်း အဆင့် အဆင့် (၈)သို့ အဆင့်ချိုးဖျက် ဝင်ရောက်နိုင်ခဲ့သည်။]
[အသက် ၂၅ နှစ်၊ သင်၏လက်အောက်ငယ်သားများဟာ မေပယ်လ်မြို့တော်မှ ကျီဟိုင်မြို့တော်သို့ သွားသော မိသားစုယာဉ်တန်းတစ်ခုကို လုယက်ခဲ့သည်။ ယာဉ်တန်း၏ ခေါင်းဆောင်က အတော်လေး လည်ဝယ်ကြောင်း သင်တွေ့ရှိခဲ့သည်။ ထို့ကြောင့် သင်ဟာ သစ္စာဖောက်အနည်းငယ်ကို ပျိုးထောင်ခဲ့ပြီး မေပယ်လ် မြို့တော်တွင် သူတို့ကို ထည့်သွင်းရန် ပြင်ဆင်ခဲ့သည်။]
[ဤသစ္စာဖောက်များက မေပယ်လ်မြို့တော်၏ ချင်း မျိုးနွယ်စုမှ ဖြစ်ကြသည်]