အခန်း ၁၉၇ : မွေးရာပါ ပါရမီဆယ်ခု ပြန်လည်ရွေးချယ်ခြင်း
"သခင်... သခင်က ကျွန်တော့်ကို လေလွှင့်လူသားကျင့်ကြံသူ အုပ်စုတစ်စုကို ငှားရမ်းစေချင်တာလား"
ယန်အဖွဲ့အစည်း၏ ပထမဆုံးသော သစ္စာဖောက်ဖြစ်သည့် ဝူယန်ကို ဖူရွှမ်နီ ဆင့်ခေါ်လိုက်သည်။
ဖူရွှမ်နီပေးအပ်လိုက်သည့် တာဝန်ကို သူကြားလိုက်ရသည့်အခါ သူမအံ့အားသင့်ဘဲ မနေနိုင်တော့ပေ။
ဖူရွှမ်နီ ပြောလိုက်သည်။ "ဟုတ်တယ် ငါတို့မှာ လူအင်အား ရှိသင့်တယ်... ပြီးတော့ အနည်းဆုံး ချီသန့်စင်ခြင်း အဆင့်(၁၀)မှာရှိတဲ့ ဂိုဏ်းသားကျင့်ကြံသူတစ်ယောက်ကိုတော့ ငါတို့ သတ်နိုင်ရမယ်။"
'ဂိုဏ်းသားကျင့်ကြံသူတစ်ယောက်ကို သတ်မယ်....'
ကျီဟိုင်မြို့တော်အနီးတွင် နေမင်းဂိုဏ်းဟုခေါ်သည့် ဂိုဏ်းတစ်ဂိုဏ်းတည်းသာရှိလေသည်။
'ရှူး...'
'သခင်က နေမင်းဂိုဏ်းရဲ့ ဂိုဏ်းသားကျင့်ကြံသူ တစ်ယောက်ကို အမှန်တကယ် လှုပ်ရှားတော့မလို့လား...'
ဝူယန် အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့ပါ... ကျွန်တော် သေချာစီစဉ်လိုက်ပါ့မယ်.."
"မှတ်ထား... သူတို့ကိုငှားရမ်းတဲ့အခါ မင်းရဲ့ အထောက်အထားကို မဖော်ပြမိစေနဲ့။ ဘာသဲလွန်စမှ မချန်ထားခဲ့နဲ့"ဟု ဖူရွှမ်နီ တည်ငြိမ်စွာပြောလိုက်သည်။
"ဟုတ်ကဲ့ပါ" ဝူယန် လေးလံစွာ ခေါင်းညိတ်လိုက်သည်။
[ဆယ်ရက်ကြာပြီးနောက် နေမင်းဂိုဏ်း၏ အပြင်စည်းဂိုဏ်း အကြီးအကဲတစ်ယောက်နှင့် အပြင်စည်းဂိုဏ်းသားတပည့်ခုနစ်ဦးတို့ဟာ လေလွှင့်ကျင့်ကြံသူများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ သို့သော် ထိုအပြင်စည်း ဂိုဏ်းအကြီးအကဲတွင် ဆက်သွယ်ရေးအဆောင်တစ်ခု ရှိနေလိမ့်မည်ဟု ထိုလေလွှင့်ကျင့်ကြံသူများမျှော်လင့်မထားခဲ့ကြပေ။ ဆက်သွယ်ရေးအဆောင်မှ နေမင်းဂိုဏ်းသို့ သတင်းပေးပို့လိုက်သည့်အခါ နေမင်းဂိုဏ်း၏ အထက်ပိုင်းခေါင်းဆောင်များဟာ ဒေါသတကြီး ဖြစ်သွားကြသည်]
[ထိုလေလွှင့်ကျင့်ကြံသူအုပ်စုတစ်စုကို နေမင်းဂိုဏ်းက မြင့်မားသည့် ဆုငွေဖြင့် ဖမ်းဝရမ်း ထုတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကျီဟိုင်မြို့တော် အနီးရှိ ကျင့်ကြံခြင်း လောကဟာ ကမောက်ကမ ဖြစ်သွားခဲ့ရသည်။]
......
[တစ်လကြာပြီးနောက် ကျီဟိုင်မြို့တော်ရှိ ဝူမျိုးနွယ်စုမှ တပည့်တစ်ယောက်ဖြစ်သည့် ဝူယန်ဟာ နေမင်း ဂိုဏ်း၏ ဆုငွေထုတ်ခံထားရသည့် လေလွှင့်ကျင့်ကြံသူများအားလုံးကို သတ်ဖြတ်လိုက်သည်။ ထို့နောက် သူဟာ သူတို့၏ခေါင်းများကို ဖြတ်တောက်ပြီး ဆုငွေနှင့်လဲလှယ်ရန် နေမင်းဂိုဏ်းသို့ သွားရောက်ခဲ့သည်။]
[သို့သော် နေမင်းဂိုဏ်းမှ လူများက ထိုအပြင်စည်း ဂိုဏ်းအကြီးအကဲ၏ သိုလှောင်အိတ်အကြောင်း မေးမြန်းသည့်အခါ ဝူယန်ဟာ သူ ဘာမှမသိကြောင်း ဖော်ပြခဲ့သည်။]
[သင်က သိုလှောင်အိတ်ကို ရရှိထားပြီးဖြစ်ကာ ဆုငွေကလည်း သင်၏လက်ထဲတွင် ရှိနေပြီဖြစ်သည်။]
[ဝူယန်ဟာ ယခုအခါ ဝူမျိုးနွယ်စုအကြီးအကဲများ၏ အလွန်တန်ဖိုးထားမှုကို ခံနေရပြီဖြစ်သည်။]
[နေမင်းဂိုဏ်းနှင့် အဖွဲ့အစည်းမရှိသည့် ကျင့်ကြံသူ အချို့သာလျှင် ကံဆိုးမိုးမှောင်ကျသည့် ကမ္ဘာထဲသို့ မွေးဖွားလာသကဲ့သို့ဖြစ်သွားကြသည်။]
[သင် အလွန်များပြားစွာ ရရှိခဲ့သည်]
"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅,၀၀၀၊ အလယ်လတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀၊ အမျိုးမျိုးသော ဆေးပုလင်းဒါဇင်ကျော်၊ ဝိညာဉ်ဆေးပင် ရာကျော် ပြီတော့ နေမင်းဂိုဏ်းရဲ့ ကျင့်ကြံခြင်း နည်းစနစ်အချို့နဲ့ သန့်စင်ခြင်းပစ္စည်းတစ်စိတ်တစ်ပိုင်းလည်း ပါသေးတယ်..."
ဖူရွှမ်နီဟာ ထိုကံဆိုးသည့် နေမင်းဂိုဏ်းရဲ့ အပြင်စည် ဂိုဏ်းအကြီးအကဲ၏ သိုလှောင်အိတ်ထဲရှိ ပစ္စည်းများကို ရေတွက်ပြီးစီးသွားပြီဖြစ်သည်။
ထိုအကြီးအကဲဟာ ဝိညာဉ်ကျောက်တုံး အမြောက်အမြား၊ ဝိညာဉ်ဆေးပင်များစွာ၊ ဆေးလုံးများနှင့် သန့်စင်ခြင်း ပစ္စည်းများကို သယ်ဆောင်လာခဲ့သည်။
"ဒါ့အပြင် နေမင်းဂိုဏ်းရဲ့ ဆုငွေဖြစ်တဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂,၀၀၀ လည်း ရှိသေးတယ်။"
သူမဟာ မီတာအနည်းငယ် အမြင့်ရှိသည့် ဝိညာဉ် ကျောက်တုံးအပုံကြီးကို ကြည့်လိုက်၏။
အနီးအနားရှိ ပေါကြွယ်ဝသည့် ဝိညာဉ်စွမ်းအင် အတက်အကျကိုလည် သူမခံစားလိုက်ရသည်။
သူမဟာ သက်ပြင်းမချဘဲ မနေနိုင်တော့ဘဲ ပြောလိုက်သည်။ "ဒီအရာတွေ အားလုံးအတွက် ပေးဆပ်ရတဲ့ တန်ဖိုးက နေမင်းဂိုဏ်းက ကျင့်ကြံသူအနည်းငယ်ရဲ့ အသက်တွေနဲ့ ကံဆိုးတဲ့ လေလွှင့်ကျင့်ကြံသူ အနည်းငယ်ရဲ့ အသက်တွေပဲ။"
"သူတို့က အသက်ဆုံးရှုံးခဲ့ရပေမယ့် သူရဲကောင်းတစ်ယောက်ဖြစ်လာဖို့အတွက် စွန့်လွှတ်အနစ်နာခံမှုတွေ အများကြီးရှိရမယ်ဆိုတဲ့ ရှေးစကားပုံတစ်ခု ရှိတယ်လေ။"
"အကယ်၍ သူတို့သာ သူတို့ရဲ့ အသက်တွေကို မစွန့်လွှတ်ခဲ့ရင် ငါဘယ်လိုလုပ် ဒီလိုရိတ်သိမ်းမှုမျိုး ရနိုင်မှာလဲ။"
ဖူရွှမ်နီ နှစ်များတစ်လျှောက် စုဆောင်းထားသည့် ကြွယ်ဝချမ်းသာမှုက ကျင့်ကြံခြင်းဂိုဏ်းငယ်လေး တစ်ခု စတင်တည်ထောင်ရန် လုံလောက်နေပြီ ဖြစ်သည်။
ကံဆိုးစွာဖြင့် သူမ၏လက်အောက်ရှိ လူသား အနည်းငယ်မှလွဲ၍ ကျန်သူများအားလုံးက မိစ္ဆာသားရဲများဖြစ်နေသောကြောင့် သူမ ထိုသို့မလုပ်ဆောင်နိုင်ခဲ့ပေ။
မိစ္ဆာသားရဲအုပ်စုတစ်စုဖြင့် ဖွဲ့စည်းထားသည့် ကျင့်ကြံခြင်းဂိုဏ်းတစ်ခုက ဘယ်လိုပဲကြည့်ကြည့် အလွန် ထူးခြားကွဲပြားနေပေလိမ့်မည်။
ထို့အပြင် မိစ္ဆာသားရဲများနှင့်လူသားများ ကြားတွင် ကြီးမားသော အမုန်းတရားများ ရှိနှင့်ပြီးဖြစ်သည်။
ထို့ကြောင့် ဖူရွှမ်နီအနေဖြင့် သူမသာ မျက်နှာပြင်ပေါ်ထွက်ရပ်လိုက်လျှင် မိစ္ဆာတစ်ကောင်အဖြစ် သေချာပေါက် သတ်မှတ်ခံရမည်ဟု ခံစားရသည်။
ထိုအချိန် ရောက်လာသည့်အခါ ဖြောင့်မတ်လမ်းစဥ်ဂိုဏ်းဒါဇင်နှင့်ချီပြီး မိစ္ဆာကို ရှင်းလင်းရန်နှင့် ဖြောင့်မတ်လမ်းစဉ်ကို ကာကွယ်ရန်ဆိုသည့် ကြွေးကြော်သံများ အော်ဟစ်ကာ သူမကို ဖျက်ဆီးပစ်ကြပေလိမ့်မည်။
ထို့ကြောင့် သူမသိုသိုသိပ်သိပ် နေရန်လိုအပ်နေဆဲ ဖြစ်သည်။
အနည်းဆုံးတော့ သူမ ဖန်တီးထားသည့် အဖွဲ့အစည်းတွင် အဆင့်မြင့်တိုက်ခိုက်ရေး စွမ်းအားမရှိသေးမီ သူမ ရှေ့ထွက်မရပ်သင့်ပေ။
သူမ အသက်ရှင်နေရန် လိုအပ်ပေသည်။
[အသက် ၁၉ နှစ်၊ နှစ်များစွာကြာ သင်၏ဂရုတစိုက် သင်ကြားပြသမှုများအပြီးတွင် မိစ္ဆာသားရဲ အတော်များများဟာ ဉာဏ်ရည်ဉာဏ်သွေး အတော်လေး ရရှိနေပြီဖြစ်သည်။ သူတို့ဟာ စားရန်၊ တိုက်ခိုက်ရန်နှင့် ကျင့်ကြံရန်သာ သိသည့် တုံးအသည့် ကောင်ကြီးများတစ်စု မဟုတ်ကြတော့ပေ။ အနည်းဆုံးတော့ သူတို့ဟာ ပြဿနာများကိုစဉ်းစားရန် သူတို့၏ ဦးနှောက်ကို အသုံးပြုနိုင်ကြပြီဖြစ်သည်။]
[ဘာကြောင့်မှန်း သင်မသိသော်လည်း သင်ဟာ သူတို့၏ မိဘတစ်ပါးကဲ့သို့ ဖြစ်နေသည်ဟူသော ခံစားချက်ကို ရုတ်တရက်ရရှိလာခဲ့သည်။]
[အသက် ၂၀ နှစ်၊ သင်သည် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်စနစ်ထဲတွင် နှစ် (၂၀)ကြာ အောင်မြင်စွာ ရှင်သန်နိုင်ခဲ့သည်...]
[မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်စနစ်သည် မွေးရာပါ ပါရမီအသစ် (၁၀)ခုကို ပေါ်ထွက်လာစေလိမ့်မည်။]
[သင်၏ မူလ မွေးရာပါ ပါရမီများကို အစားထိုးနိုင်သည်]
[မွေးရာပါ ပါရမီအသစ်များ အသစ်ပြန်လည် ရရှိလာပါပြီ–]
[၁။ ယင်ယန် မိသားစု (သင်ပြောလိုက်သည့် စကားလုံးတိုင်းက အခြားသူများကို ဒေါသထွက်စေနိုင်သည်)]
[၂။ ငန်း ဘီး မျက်လုံး (တစ်ဖက်လူ၏ လှုပ်ရှားမှုများကို ကူးယူနိုင်သည့် အခွင့်အရေး 50% သင့်တွင် ရှိသည်)]
[၃။ အကြီးကြီးလာနေပြီ (အီးပေါက်တာတိုင်းကို မယုံနဲ့)]
[၄။ ရှင်းထျန် (မွေးကတည်းက ခေါင်းမပါဘူး)]
[၅။ သံကြက်ဖ (ခန္ဓာကိုယ်ပေါ်မှာ အမွေးတစ်ပင်မှ မရှိလောက်အောင် ကပ်စေးနဲတယ်)]
[၆။ မြေထဲပင်လယ် (ဆံပင်စိုက်ဖို့ အကြံပြုထားပါတယ်)]
[၇။ တိုကျို ၁၀၀၀°C (မင်း နာပမ်းဗုံး ဂိုဒေါင်တစ်ခု ရလိမ့်မယ်)]
[၈။ မာလော့ဂိုဏ်း (တစ်ခါတစ်ရံ မင်းရဲ့ စိတ်ကို ရှင်းလင်းဖို့ အတွက် ကားတစ်ခါမောင်းဖို့ပဲ လိုတယ်)]
[၉။ နဂါးခေါင်းတောင်ဝှေး (မင်းရဲ့ လက်အောက်ငယ်သားအားလုံးက ဆယ်ဆပိုပြီး ရည်မှန်းချက် ကြီးမားလာကြလိမ့်မယ်)]
[၁၀။ ဓား (မင်းရဲ့ ဓားသိုင်းက သူ့ကိုယ်ပိုင် ထူးခြားတဲ့ အောင်မြင်မှုတွေရှိတယ်)]
[မလိုအပ်သောပါရမီကို အစားထိုးရန်
အတွက် မှန်ကန်သော မွေးရာပါ ပါရမီကို ရွေးချယ်ပါ။]
[အကယ်၍ သင်အစားမထိုးချင်ပါက ကျေးဇူးပြု၍ ကျော်သွားပါ]
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်စနစ်မှ ဤစာကြောင်းများ ရုတ်တရက် ပေါ်ထွက်လာသည့်အခါ ဖူရွှမ်နီ တစ်ခဏမျှကြောင်အသွားရသည်။
ထို့နောက် သူမ ရုတ်တရက် နားလည်သွားပြီး မှတ်မိသွားရသည်။
သူမ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်စနစ်ထဲသို့ ပထမဆုံး ဖိတ်ခေါ်ခံရစဉ်က သူမဟာ သရုပ်ဖော်
ဘဝတွင် အသက် (၂၀)နှစ်အထိ ရှင်သန်နိုင်သရွေ့ ပါရမီ အသစ်(၁၀)ခုကို အသစ်ပြန်လည် ပေးအပ်မည်ဖြစ်ကြောင်း စနစ်က ပြောပြခဲ့ဖူးသည်။
"ဒါက..."
"ဒါက သူမ အသစ်ပြန်လည်ရရှိလာတဲ့ လုံးဝ အသစ်စက်စက် မွေးရာပါ ပါရမီ (၁၀)ခုလား..."
ဖူရွှမ်နီ သူမ၏ မွေးရာပါ ပါရမီများအနက်မှ မည်သည့်အရာက မလိုအပ်ဘဲ ပြောင်းလဲနိုင်သည်ကို လေးနက်စွာ စဉ်းစားလိုက်၏။
သူမ၏ လက်ရှိမွေးရာပါ ပါရမီများမှာ — လူသားမဟုတ်ခြင်း ၊ မိစ္ဆာ အမြုတေ၊ တန်ပြန်သက်ရောက်ခြင်းတို့ ဖြစ်ကြသည်။