အခန်း ၁၈၅ : ပိုင်နက်နယ်မြေခွဲပေးခြင်း၊ ချန်ချန်ရွှယ် သေဆုံးခြင်း
မူလကချန်ချန်ရွှယ်နှင့်ရင်းနှီးသော မင်းသားနှင့် မင်းသမီးအချို့ဟာ ချန်ချန်ရွှယ်နှင့် ခပ်ခွာခွာနေရန် ဆင်ခြေအမျိုးမျိုးကို ပေးခဲ့ကြသည်။
အတွင်းထဲတွင် ဘာတွေဖြစ်ပျက်နေသည်ကို သူတို့ မသိကြပေ။
သူတို့ သိသည်မှာ သူတို့၌ အသက်တစ်ချောင်းသာ ရှိသည်ဆိုခြင်းပင်။
အကယ်၍ သူတို့၏ တော်ဝင်ညီမတော်က အမှန်တကယ် ထိုကဲ့သို့သောရက်စက်ကြမ်းကြုတ်သည့် လူစားမျိုး ဖြစ်နေလျှင်ကော။
သူတို့ လောင်းကြေး မထပ်ရဲကြပေ။
လောင်းကြေးရှုံးသွားသည်နှင့်တပြိုင်နက် သူတို့ အသက်ကိုပါ ဆုံးရှုံးရပေလိမ့်မည်။ အိမ်ရှေ့စံ မင်းသား၏ကြင်ယာတော်အလောင်းကို မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်မှာ သိပ်မကြာသေးမီကပင်ဖြစ်သည်။
[အသက် ၅၃ နှစ်၊ သင်သည် ခံစစ်အနေအထားသို့ ကျရောက်သွားခဲ့သည်။ သင်ကြိုးစားပမ်းစား တည်ဆောက်ထားသည့် နန်းတွင်းဆက်ဆံရေးက အတော်လေး ပြိုလဲသွားခဲ့ရသည်။ နန်းတော် အတွင်း၌ သင့်အကြောင်းစွပ်စွဲပြစ်တင်မှုများ အဆက်မပြတ်ထွက်ပေါ်နေခဲ့သည်။ မဟာဝေ အိမ်ရှေ့စံမင်းသားသည် သူနှစ်ပေါင်းများစွာ တည်ဆောက်ထားသည့် အင်အားကိုပေါင်းစည်းလိုက်ပြီး သင့်အား ကြီးမားသော ဖိအားပေးရန် အခြေအနေကို အားကိုးနေခဲ့သည်။]
[တစ်နေ့တွင် သင့်အတွက် သားမက်တစ်ဦး ရွေးချယ်ပေးရန် အရာရှိရာပေါင်းများစွာက မဟာဝေဧကရာဇ်အား ပူးပေါင်းတောင်းဆိုခဲ့ကြသည်။ ဤနည်းအားဖြင့် သင်ဟာ မဟာဝေမင်းဆက်၏ ဗဟိုချက်မမှ ထွက်ခွာသွားနိုင်ပေလိမ့်မည်။]
[ချန်ဖုန်းယင်ညာ သင့်သဘောထားကို မေးမြန်းခဲ့သော်လည်း သင်ငြင်းပယ်ခဲ့သည်။]
[ထို့ကြောင့် ချန်ဖုန်းယင်ဟာ သင့်အတွက် နန်းတော်အတွင်းရှိ ဖိအားများကို ကြံ့ကြံ့ခံပေးခဲ့သည်။ မင်းသမီးအတွက် သားမက် ရွေးချယ်ပေးမည့် ကိစ္စကို ယာယီဆိုင်းငံ့ထားလိုက်သည်။]
[အရာရှိရာပေါင်းများစွာက နောက်တစ်ကြိမ် ပူးပေါင်း လက်မှတ်ရေးထိုးခဲ့ကြသည်။ ဒီတစ်ကြိမ်တွင် သူတို့ဟာ နောက်တစ်လှမ်းဆုတ်ပေးလိုက်ပြီး မင်းသမီးချန်နင်အား နယ်မြေတစ်ခုပေးသနားရန်နှင့် ထိုမြေပေါ်တွင် နေအိမ်တည်ဆောက်ပေးရန် တောင်းဆိုခဲ့ကြသည်။ ထိုမြေပေါ်တွင် မင်းသမီးချန်နင်၏ အာဏာက မဟာဝေဧကရာဇ်ပြီးလျှင် ဒုတိယအကြီးဆုံး ဖြစ်သည်။ သူမက ဘွဲ့ထူးပေးသနားခြင်း ခံရသော မင်းသားတစ်ပါးကဲ့သို့ပင်ဖြစ်သည်။]
[ပြီးခဲ့သည့်တစ်ခေါက်က ချန်ဖုန်းယင်ညာ သင့်အတွက် ဖိအားများကို တားဆီးပေးခဲ့သည်။ ထို့ကြောင့် ဒီတစ်ကြိမ်တွင်ဆက်လက်ပြီး ဘက်လိုက်နေရန် မကောင်းတော့ပေ။ သင်လည်း ဤသဘောတရားကို နားလည်ပေသည်။]
[ဒါကြောင့် သင်သဘောတူခဲ့သည်။]
......
"သခင်မလေးချန် မင်းရှုံးသွားပြီ။" အဘွားအို၏ အသံက စိတ်ခံစားမှုများပြည့်နှက်နေပြီး ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ "မဟာဝေ အိမ်ရှေ့စံမင်းသားက သူ့ရဲ့ ကိုယ်ပိုင်လက်မောင်းကိုချိုး သူ့ဇနီးသည်ကို သတ် ပြီးတော့ မင်းကိုအကွက်ဆင် (Framed) ကတည်းက မင်းခံစစ်အနေအထားကို ရောက်သွားခဲ့ပြီ။"
"အဲဒီနောက် တစ်ဖက်လူရဲ့ဆက်တိုက် ပေါင်းစပ် ထိုးနှက်ချက်တွေက မင်းကိုမနည်းခုခံကာကွယ်နေရအောင်လုပ်ခဲ့တယ်။ မဟာဝေဧကရာဇ်က မင်းကို ဘယ်လောက်ပဲ မျက်နှာသာပေးချင်နေပါစေ ဒီအချိန်မှာတော့ သူက ဘက်မလိုက်ပဲ မျှမျှတတဆက်ဆံရုံကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး။"
"အဲ့လ်ုမဟုတ်ပဲ သူက လူတစ်ယောက်တည်းကို မျက်စိမှိတ်ပြီး မျက်နှာသာပေးနေရင် မင်းဆက်တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားလိမ့်မယ်။" အဘွားအိုက ဆက်ပြောလိုက်သည်။ "မင်းက သိပ်ငယ်ရွယ်လွန်းသေးတာကိုး။"
ချန်ချန်ရွှယ် ဤအရာကြောင့် ထိခိုက်ခံစားရပုံမရပေ။
သူမ ပြုံးလိုက်၏။ "အမှန်ပဲ ကျွန်မခြေတစ်လှမ်း နောက်ကျသွားခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့ အစ်ကိုကြီးက နှစ်ရာပေါင်းများစွာ အသက်ရှင်ခဲ့တဲ့ လူတစ်ယောက်လေ။ အကယ်၍ သူသာကျွန်မ လက်ချက်နဲ့ ဒီလောက် လွယ်လွယ် ရှုံးနိမ့်သွားရင် ထောင်ချောက်တစ်ခုခု ရှိနေမလားလို့တောင် ကျွန်မ သံသယ ဝင်မိမှာ။"
"ဒီတစ်ကြိမ် သူက ကျွန်မကို သင်ခန်းစာတစ်ခု ပေးလိုက်တာပဲ။ ဒါပေမဲ့ သူ ဒီနည်းဗျူဟာကို ကျွန်မအပေါ်တစ်ကြိမ်ပဲ သုံးလို့ရမှာပါ။ နောက်တစ်ကြိမ်ကျရင် သူက ဒီနည်းဗျူဟာကိုသုံးဖို့ အခွင့်အရေးရမှာ မဟုတ်တော့ဘူး။"
အဘွားအို ကြောင်အသွားရသည်။ ချန်ချန်ရွှယ်၏ ဂရုမစိုက်သော သဘောထားကြောင့် သူမအလွန် ဇဝေဇဝါဖြစ်နေရသည်။
ချင်းကျောက်နှင့် ချန်ချန်ရွှယ်တို့တွင် မတူညီသော စရိုက်လက္ခဏာများရှိပြီး သူတို့၏လုပ်ဆောင်ပုံ ပုံစံများကလည်း လုံးဝကွဲပြားခြားနားသည်ဟု သူမခံစားရသည်။
သို့သော် သူတို့နှစ်ဦးတွင် တူညီသောအချက်တစ်ချက် ရှိပေသည်။
အဲဒါကတော့...အကောင်းမြင်စိတ်ပင်။
သူတို့နှစ်ဦးစလုံးက ကျရှုံးမှုကို လုံးဝကြောက်ရွံ့ပုံမရပေ။ သူတို့ မည်သို့သောအကျပ်အတည်းမျိုးနှင့်ကြုံတွေ့ရပါစေ တည်ငြိမ်စွ ရင်ဆိုင်နိုင်ကြသည်။
အမှန်တကယ်တော့...
သူတို့နှစ်ဦးစလုံးက သေခြင်းတရားကို လုံးဝမကြောက်သကဲ့သို့ သူတို့၏ ကိုယ်ပိုင်အသက်ကိုလည်း ကိစ္စကြီးတစ်ခုအနေဖြင့် သဘောမထားကြပေ။
သူတို့က လူ့လောကထဲမှာ ကစားနေကြသလိုပင်။
၎င်းကအလွန်ထူးဆန်းပေသည်။
ဤအရာက အဘွားအိုကို အလွန်ဇဝေဇဝါဖြစ်စေလေသည်။
အဘွားအို မမေးဘဲမနေနိုင်တော့ပေ။ "မဟာဝေ ဧကရာဇ်က မင်းအတွက် မြေတစ်နေရာခွဲပေးလိုက်တယ် ပြီးတော့ ဒီမြေက နန်းတော်နဲ့ အဝေးကြီးပဲ။ မင်းပျံသန်းနိုင်တဲ့သင်္ဘောစီးရင်တောင် နယ်မြေနဲ့ နန်းတော်ကြား သွားလာဖို့ လနည်းနည်းကြာလိမ့်မယ်။"
"ဆိုလိုတာက မင်းမဟာဝေရဲ့ ဗဟိုချက်မအာဏာကိုရယူဖို့ အခွင့်အရေး သိပ်မရှိတော့ဘူး။ မင်း အိမ်ရှေ့စံ မင်းသားနဲ့ ဆက်ပြီး တိုက်ခိုက်ဖို့လည်း အခွင့်အရေး သိပ်မရှိတော့ဘူး။"
"မင်းရဲ့နယ်မြေမှာတော့ မင်းက ဒေသခံဧကရာဇ်တစ်ပါး ဖြစ်နေတာ အမှန်ပဲ။ ဒါပေမဲ့ အဲဒါက ဘာအသုံးဝင်လို့လဲ။ မင်းမှာ နောက်ထပ်အခွင့်အရေးတစ်ခု ရှိသေးတယ်ဆိုတာသေချာလို့လား?!"
ဤစကားများကိုကြားပြီးနောက် ချန်ချန်ရွှယ် လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်၏။ "ကျွန်မမှာ နောက်ထပ် အခွင့်အရေးတစ်ခုရှိလာမှာပါ။"
သို့သော် ပဟေဠိဆန်သော သူတစ်ဦးကဲ့သို့ သူမညာ များများစားစား မရှင်းပြခဲ့ပေ။
[အသက် ၅၄ နှစ်၊ ပိုင်နက်နယ်မြေသို့ ရောက်ရှိနေပြီ ဖြစ်သည့် သင်ဟာ မဟာဝေမင်းဆက်၏ ပထမဆုံးသော အမျိုးသမီးဘုရင်ဖြစ်လာခဲ့သည်။ သင့်အား သတ်မှတ်ပေးထားသော ပိုင်နက်နယ်မြေက ရာသီဥတုကောင်းမွန်ပြီး ပြည်သူများငြိမ်းချမ်းစွာနေထိုင်လုပ်ကိုင်ကြသည်ကို သင်တွေ့ရှိရသည်။ ချန်ဖုန်းယင် သင့်ကို မျက်နှာသာပေးနေဆဲ ဖြစ်ပုံရပေသည်။]
[အသက် ၅၅ နှစ်၊ နောက်ဆုံးတွင် တည်ငြိမ်သွားပြီး ကျင့်ကြံခြင်းကို အာရုံစိုက်နိုင်ပြီဖြစ်သည့် သင်ဟာ အခြေတည်အဆင့်(၉) သို့ တစ်ရှိန်ထိုးအဆင့်ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။]
[အသက် ၅၆ နှစ်၊ သင့်နယ်မြေနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံခြားတိုင်းပြည်တစ်ခုက သင့်နယ်မြေကို ကျူးကျော်ရန် စစ်တပ်များ စေလွှတ်ခဲ့သည်။ ရက်အနည်းငယ်အတွင်းမှာပဲ သူတို့ဟာ မြို့အများအပြားကို လုယက်ဖျက်ဆီးခဲ့ကြသည်။ ထို့ကြောင့် သင်ဟာ သူတို့ကို မဟာဝေမှမောင်းထုတ်ရန် စစ်တပ်များ စေလွှတ်ခဲ့သော်လည်း နယ်မြေများက အပျက်အစီးများဖြစ်နေပြီဖြစ်သည်။]
[ပိုင်နက်နယ်မြေနှင့် အိမ်နီးချင်း နိုင်ငံများကြား ပဋိပက္ခက ပိုမိုပြင်းထန်လာခဲ့သည်။ ဤအိမ်နီးချင်း နိုင်ငံ၏ဘုရင်က ရည်မှန်းချက်ကြီးသည့် သူတစ်ဦး ဖြစ်ကြောင်း သင်သဘောပေါက်လိုက်သည်။]
[ရန်သူက တောင်ဘက်သို့ ချီတက်ရန်နှင့် ပိုင်နက်နယ်မြေကို နောက်တစ်ကြိမ်ကျူးကျော်ရန် စစ်တပ်များကို စုစည်းခဲ့သည်။]
[နှစ်ဖက်စလုံး စစ်ပွဲ စတင်ခဲ့ကြသည်]
ချန်ချန်ရွှယ် ပိုင်နက်နယ်မြေသို့ ရောက်ရှိသည်မှာ နှစ်အနည်းငယ်သာရှိသေးပြီး ဤကဲ့သို့သော အခြေအနေမျိုး ကြုံတွေ့ခဲ့ရလေသည်။ ထို့ကြောင့် အမှောင်ထဲတွင် မည်သူမျှလှုပ်ရှားနေခြင်းမရှိဟု သူမမယုံကြည်ပေ။
အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများ၏ ရန်သူစစ်တပ်များက မဟာဝေနှင့်အတူတူပင်ဖြစ်သည့် လက်နက်များကိုအသုံးပြုနေကြောင်း သူမတွေ့ရှိလိုက်ရသော အခါတွင်ဖြစ်သည်။
တစ်စုံတစ်ယောက်က သူမကို နောက်ကျော်ဓားဖြင့်ထိုးရန် ကြိုးစားနေကြောင်း သူမသိလိုက်သည်။
ကြည့်ရတာ…
သူတို့ သူမကို မဟာဝေ၏အာဏာစက်ဝန်းထဲမှ မောင်းထုတ်လိုက်လျှင်ပင် အိမ်ရှေ့စံမင်းသားက သူမကို စိုးရိမ်နေဆဲဖြစ်သည်။
ဒီလှုပ်ရှားမှုက…
တိုင်းပြည်တစ်ခုနှင့် ပိုင်နက်နယ်မြေတစ်ခုကြား သွေးကွဲအောင်လုပ်ပြီး ရုတ်တရက်စစ်ပွဲဖြစ်ပွားစေပြီး သူမ၏အသက်ကို ယူရန်ပင်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဧကရီတစ်ပါးအနေဖြင့် ချန်ချန်ရွှယ်ဟာ သူမ၏ပိုင်နက်နယ်မြေကို သေသည်အထိ ကာကွယ်ရန် တာဝန်နှင့်ဝတ္တရား ရှိပေသည်။
နန်းတော်မှစစ်ကူများကို သူမစောင့်ဆိုင်းနိုင်သော်လည်း သူမ၏ပိုင်နက်နယ်မြေက နန်းတော်နှင့် အဝေးကြီးဖြစ်လေသည်။
ထို့ကြောင့် စစ်ကူများကို စောင့်ဆိုင်းမယ်ဆိုပါက နောက်ကျလွန်းနေပေလိမ့်မည်။
ထို့အပြင် ပိုင်နက်နယ်မြေအနီးရှိ အခြားနေရာများမှ စစ်ကူများအတွက်မူ ၎င်းက ပို၍ပင်မျှော်လင့်ချက် မရှိဟု ချန်ချန်ရွှယ်ခံစားလိုက်ရသည်။ အကယ်၍ သူတို့သာ ကူညီချင်သည်ဆိုပါက ကူညီခဲ့သည်မှာ ကြာပြီ ဖြစ်ပေသည်။ အခုချိန်ထိ သူတို့ ဒီလောက် နှေးကွေးနေတာက သူတို့ဟာလည်း မဟာဝေအိမ်ရှေ့စံ မင်းသား၏လူများ ဖြစ်ကြပေမည်။
ဖြစ်နိုင်တာက သူတို့ကနှစ်နိုင်ငံကြားစစ်ပွဲကို အစပြုရန် ချန်ချန်ရွှယ်ကို ကျောဘက်မှဓားဖြင့် ထိုးဖို့ အိမ်ရှေ့စံမင်းသား အသုံးပြုသည့်ဓားအနည်းငယ် ဖြစ်လောက်ပေသည်။
ဤကဲ့သို့သောအခြေအနေမျိုးတွင် သူတို့က ချန်ချန်ရွှယ်ကို ကျောဘက်မှ နောက်ထပ်အကြိမ်အနည်းငယ် ဓားဖြင့် မထိုးကြခြင်းကပင် အလွန် ရှားပါးလှပေသည်။
[ပိုင်နက်နယ်မြေတစ်ခု၏ အင်အားဖြင့် နိုင်ငံတစ်နိုင်ငံ၏အင်အားကို ခုခံရန်မှာ လက်တွေ့ မကျလှပေ။ သင်၏ပိုင်နက်နယ်မြေစစ်တပ်ဟာ တစ်ဆင့်ပြီး တစ်ဆင့် ဆုတ်ခွာနေရသည်။ ထို့ကြောင့် ရန်သူကို သတ်ဖြတ်ရန် စစ်တပ်ကို ကိုယ်တိုင်ဦးဆောင်ရုံမှလွဲ၍ သင့်တွင် ရွေးချယ်စရာမရှိတော့ပေ။]
[သို့သော် ရန်သူက မူလဝိညာဉ်အဆင့် စစ်ဗိုလ်ချုပ်နှစ်ဦး စေလွှတ်လိမ့်မည်ဟု သင်မျှော်လင့်မထားခဲ့ပေ။ ဝေ့ရီက မူလဝိညာဉ်အဆင့်တွင်ရှိသော်လည်း သူဟာ သူတို့ထဲမှ တစ်ယောက်ကိုသာ တားဆီးနိုင်လေသည်။]
[ထို့ကြောင့် အခြားမူလဝိညာဉ်စစ်ဗိုလ်ချုပ်အား ထိန်းချုပ်နိုင်မည်သူ မရှိခဲ့ချေ။]
[သင် သေဆုံးခဲ့သည်]
[အသက်: ၅၆ နှစ်၊ ၀၇ လ၊ ၂၈ ရက်]