အခန်း ၁၈၀ : အောင်မြင်မှု သုံးခု အသက်သွင်းနိုင်ခဲ့ခြင်း၊ ဆုလာဘ်များ
ချင်းကျောက်ဆွံ့အသွားသည်။
သူမ လက်တွေ့ကမ္ဘာသို့ ပြန်ရောက်လာခဲ့လေသည်။ ဒီတစ်ကြိမ် သူမ၏ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် ဘဝကို အလွန်ကျေနပ်အားရသော်လည်း ယခုကဲ့သို့ သေဆုံးသွားရသည်ကိုတော့ မကျေနပ်ပေ။
'သောက်ကျိုးနည်းပဲ..'
နောက်ဆုံးအချိန်တွင် သူမဟာ အမှန်တကယ် လုပ်ကြံခံလိုက်ရပြီး ဤမျှခံပြင်းစွာ သေဆုံးရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သူမတွင် ပြန်လည်ခုခံနိုင်စွမ်း အနည်းငယ်မျှပင် မရှိခဲ့ပေ။
'ဒေါသထွက်စရာပဲ...'
ချန်ချန်ရွှယ် သူမအတွက် စီစဉ်ပေးခဲ့သည့် ရွှေအမြုတေအဆင့်သက်တော်စောင့်ဟာလည်း ရုတ်တရက်ပေါ်လာသည့် ရွှေအမြုတေအဆင့်မိစ္ဆာ သုံးကောင်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။
ရွှေအမြုတေအဆင့်ကျင့်ကြံသူသုံးဦးကို စိတ်ကြိုက် စုစည်းအသုံးပြုနိုင်ပြီး သူမ၏ လှုပ်ရှားမှုများကို သိရှိနေသူ ဆိုလျှင်…
ချင်ကျောက် သူမ၏ သံသယရှိသူ နယ်ပယ်ကို အလွန် သေးငယ်သော ဧရိယာသို့ လျှော့ချလိုက်နိုင်သည်။
သူမတွင် သံသယရှိသူ သုံးဦးသာ ကျန်ရှိတော့ပေသည်။
၎င်းတို့က နေမင်းဂိုဏ်း ၊ အရင်မင်းဆက်၏ အကြွင်းအကျန်များ၊ဟအိမ်ရှေ့စံမင်းသား
ပထမတစ်ခုကတော့ မဖြစ်နိုင်ဘူးလို့ သူမခံစားရသည်။ အဘယ်ကြောင့်ဆိုသော် ဒီတစ်ကြိမ်တွင် မေပယ်လ်မြို့တော်၏ ချင် မျိုးနွယ်စုသည် မဟာဝေမင်းဆက်၏ အကာအကွယ်အောက်တွင် ရှိနေသောကြောင့် ဖြစ်သည်။ ရလဒ်အနေဖြင့် နေမင်းဂိုဏ်းမှ လူများသည် ချင်းမျိုးနွယ်စုကို ပေါ့ပေါ့ဆဆ တိုက်ခိုက်ရဲခြင်းမရှိပေ။ ချင်းမျိုးနွယ်စုနှင့် ရန်ဘက်ဖြစ်ဖို့ ဆိုသည်မှာဝေးစွ။
......
နေမင်းဂိုဏ်းက သူမကိုတိုက်ခိုက်ရန် မဖြစ်နိုင်ဘူးလို့ မဟုတ်သော်လည်း ဖြစ်နိုင်ချေက အလွန် နည်းပါးပေသည်။
ဒုတိယနှင့် တတိယသံသယရှိသူများက ချင်းကျောက် အဓိက သံသယ အဖြစ်ဆုံး သူများ ဖြစ်ပေသည်။
အထူးသဖြင့် တတိယမြောက်လူဖြစ်သည့် မဟာဝေ အိမ်ရှေ့စံမင်းသားပင်။
သူမက မဟာဝေအိမ်ရှေ့စံမင်းသားကို ငြင်းပယ်ခဲ့သည်မှာ သိပ်မကြာသေးမီကပင် ဖြစ်ပြီး ထို့နောက် ဤဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဒါက သူမကို ဘယ်လိုလုပ် အလေးအနက် သံသယ မဝင်စေဘဲ နေမည်နည်း။
နှိုင်းယှဉ်ကြည့်လိုက်လျှင် ယခင်မင်းဆက်၏ အကြွင်းအကျန်များ ဖြစ်နိုင်ချေက အနည်းငယ် နိမ့်ပါးနေသည်။ ဘာပဲဖြစ်ဖြစ် ရွှေအမြုတေအဆင့်ကျင့်ကြံသူသုံးဦးနေနေသာသာ ယခင်မင်းဆက်၏ အကြွင်းအကျန် (၁၀ဝ) လောက်ကို ရှာတွေ့ဖို့တောင် ခက်ခဲပေလိမ့်မည်။
"ဟူး.." ချင်းကျောက် လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး သွားကို စေ့ထားလိုက်သည်။ "ငါ နင့်ကို မှတ်ထားမယ်..."
"မဟာဝေမင်းဆက်ရဲ့ အိမ်ရှေ့စံမင်းသား... ဟုတ်တယ်မလား"
"နင် စောင့်နေလိုက်"
ကလဲ့စားချေလိုစိတ် ပြင်းထန်သည့် ချင်းကျောက်ဟာ သူမကို သတ်ခဲ့သော လူတစ်ယောက်ကို မည်သို့ ခွင့်လွှတ်နိုင်မည်နည်း။
တစ်ဖက်လူ၏ အထောက်အထားက ဘယ်သူပဲ ဖြစ်နေပါစေ သူမသေသည်အထိ ဤရန်ငြိုးကို မှတ်ထားမည် ဖြစ်ပေသည်။
နောက်တစ်ကြိမ် သူမမသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်သည့်အခါ အဲဒီကောင်ကို သတ်ဖို့ နည်းလမ်း တစ်ခု သူမ စဉ်းစားရပေမည်။
"ကံကောင်းတာက..." ချင်းကျောက် ရေရွတ်လိုက်၏။ "ဒီမသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်မှုက ကျရှုံးတယ်လို့ သတ်မှတ်လို့မရဘူး။ ဘာပဲဖြစ်ဖြစ် ငါ ကြီးကျယ်တဲ့ ကိစ္စတွေ အများကြီး လုပ်ခဲ့တာပဲ။ ဒါကြောင့် ဆုလာဘ်တွက်ချက်တဲ့အခါ ကောင်းမွန်နေသင့်တယ်.. ဟုတ်တယ်မလား။ အောင်မြင်မှု အနည်းငယ်ကို အသက်သွင်းနိုင်တာတောင် ဖြစ်နိုင်သေးတယ်"
…
ချင်းဟဲခရိုင်။
ရွေးချယ်ခံနံပါတ် (၂)၏ သေဆုံးမှုနှင့်ရင်ဆိုင်ရသောအခါ အံ့သြစရာ ဘာမှမရှိကြောင်း ပိုင်ယီ နွေးလိုက်သည်။ ထို့အပြင် သူအသားကျနေပြီ ဖြစ်ပေသည်။
ဘယ်ရွေးချယ်ခံပဲဖြစ်ဖြစ် ရုတ်တရက် သေဆုံးသွားပါက သူကတော့ ပုံမှန်ပဲလို့ ခံစားရပေသည်။
ဒါပေါ့ ပုံမှန်ဆိုသည်မှာ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်စနစ်ကို ရည်ညွှန်းခြင်း ဖြစ်ပေသည်။
[သင် ဖိတ်ခေါ်ထားသော ချင်းကျောက်သည် ဤမသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်မှုတွင် (၄၇) နှစ်၊ (၀၃) လ နှင့် (၂၂) ရက် ရှင်သန်ခဲ့သည်။ သူမသည် တိုင်းပြည်တစ်ခုနှင့် ယှဉ်နိုင်လောက်အောင် ကြွယ်ဝချမ်းသာခြင်း၊ မိစ္ဆာ၏ ရန်သူ နှင့် တိုင်းပြည် တည်ငြိမ်စေခြင်းဆိုသည့် အောင်မြင်မှု သုံးခုကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။ သင်သည် ထပ်ဆောင်းဆုလာဘ် သုံးခုကို ရရှိခဲ့သည်။ သင်သည် အောက်ပါ ဆုလာဘ်များကို ရရှိပါသည်]
[ဆုလာဘ် ၁ - သွေးကြာပန်းလက်နက်သန့်စင်ခြင်း နည်းစနစ်(သွေးကြာပန်းတာအိုဆရာ ကိုယ်တိုင် ဖန်တီးခဲ့သော လက်နက်သန့်စင်ခြင်း နည်းစနစ် ဖြစ်သည်။ ၎င်းသည် သက်ရှိများကို ကြောက်မက်ဖွယ် မိစ္ဆာလက်နက်များအဖြစ် ပြောင်းလဲပေးနိုင်သည်)]
[ဆုလာဘ် ၂ - အခြေတည်အဆင့်(၆)၏ ဝိညာဉ် စွမ်းအင်အားလုံး (နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း ကျင့်ကြံခဲ့ရသော သန့်စင်သည့် ဝိညာဉ် စွမ်းအင်များသည် သင့်အား အဆင့် (၇)သို့ ရောက်ရှိရန် ခြေတစ်လှမ်းအလိုအထိ ရောက်ရှိစေနိုင်သည်)]
[ဆုလာဘ် ၃ - သွေးလိုနီရဲနေသော ကြေးပြားစ(ဤအရာသည် အလွန်မြင့်မားသော တိကျမှုဖြင့် ကံကောင်းခြင်းနှင့် ကံဆိုးခြင်းကို ကြိုတင်ခန့်မှန်းပေးနိုင်သည့် အထူး ကြေးပြားစတစ်ခု ဖြစ်သည်)]
[ထပ်ဆောင်းဆုလာဘ် ၁ - အဆင့်မြင့် ဝိညာဉ် ကျောက်တုံး (၁၀,၀၀၀) (တစ်ဦးတည်း၏ အင်အားဖြင့် ၎င်းသည် အလယ်အလတ်စားဂိုဏ်းတစ်ခု၏ ကြွယ်ဝချမ်းသာမှု တစ်ခုလုံးနှင့် နှိုင်းယှဉ်နိုင်သည်။)]
[ထပ်ဆောင်းဆုလာဘ် ၂ - ဝိညာဉ်ဝါးမျိုအဆောင် (ရွှေအမြုတေအဆင့် (၁) ကို သေစေနိုင်သော တိုက်ခိုက်မှု ပေးစွမ်းနိုင်သည့် ရှေးဟောင်းအဆောင်တစ်ခု)]
[ထပ်ဆောင်းဆုလာဘ် ၃ - ယန်ပြန်လည်ရရှိခြင်း အသီး (အသက်ရှူနေသေးသရွေ့ သွေးအပြည့်ဖြင့် ပြန်လည် ကုသပေးနိုင်သည်ဟု ဆိုကြသည်)]
ဤသည်မှာ ချင်းကျောက် အောင်မြင်မှုအများအပြားကို ပထမဆုံးအကြိမ် ဖွင့်လှစ်နိုင်ခြင်းဖြစ်ပြီး စုစုပေါင်း အောင်မြင်မှု (၃) ခု နှင့် ထပ်ဆောင်း ဆုလာဘ် (၃)ခု ရရှိခဲ့သည်။ ပထမဆုံး တစ်ချက် ကြည့်လိုက်သည်နှင့် တကယ်ကို မျက်စိကျိန်းလောက်စရာ ကောင်းလှပေသည်။
ထို့အပြင် စာရင်းပြုစုထားသော ဆုလာဘ်များကလည် အတိတ်တုန်းကဆိုလျှင် မဖြစ်မနေရွေးချယ်ရမည့် အရာများ ဖြစ်သည်။
သို့သော်ဒီတစ်ကြိမ် သေချာပေါက်ရရှိမည့် ထပ်ဆောင်းဆုလာဘ် (၃)ခုမှလွဲ၍ ကျန်ရှိသော ဆုလာဘ်များထဲမှ တစ်ခုကိုသာ ရွေးချယ်နိုင်လေသည်။
ဤအရာက သူ့အတွက် ရွေးချယ်ရ အတော်လေး ခက်ခဲစေခဲ့သည်။
ဆုလာဘ်(၁) ဖြစ်သည့် လက်နက်သန့်စင်ခြင်း နည်းစနစ်က အတော်လေးကောင်းမွန်သည်ဟု ပိုင်ယီခံစားရသည်။
အထူးသဖြင့် ၎င်းက သွေးကြာပန်းတာအိုဆရာ ကိုယ်တိုင် ဖန်တီးခဲ့သည့် လက်နက်သန့်စင်ခြင်း နည်းစနစ် ဖြစ်သောကြောင့် ဖြစ်သည်။ ဝိညာဉ်ဖွဲ့စည်းမှုအဆင့်မိစ္ဆာတစ်ကောင် ဖန်တီးခဲ့သော လက်နက် သန့်စင်ခြင်း နည်းစနစ်က မည်မျှစွမ်းအားကြီးကြောင်း အထူးတလည် ရှင်းပြနေစရာ မလိုပေ။
ချင်းကျောက်နှင့် ချန်ချန်ရွှယ်တို့ကို ပိုင်ယီ မှတ်မိနေသေးသည်။ ပြီးခဲ့သည့် တစ်ခေါက် သူတို့ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်ခဲ့စဉ်က သွေးကြာပန်းတာအိုဆရာသည် မိစ္ဆာချုပ်နှောင်မျှော်စင်၏ တံဆိပ်ခတ်နှိပ်ကို ချိုးဖျက်ထွက်လာခဲ့ပြီး မိစ္ဆာလက်နက်တစ်ခု သန့်စင်ရန် လူသန်းပေါင်းများစွာ၏ သွေးကို အသုံးပြုခဲ့သည်။
ထိုအချိန်က တစ်ဖက်လူအသုံးပြုခဲ့သော လက်နက် သန့်စင်ခြင်းနည်းစနစ်က ဤသွေးကြာပန်း လက်နက်သန့်စင်ခြင်း နည်းစနစ် ဖြစ်လောက်ပေသည်။
ဆုလာဘ် (၂)ကလည်း မဆိုးလှပေ။ ၎င်းက သူ့ကို အခြေတည်အဆင့်(၇) သို့ ရောက်ရှိရန် ခြေတစ်လှမ်းအလို အထိ ရောက်ရှိစေနိုင်လေသည်။
သူ၏ ကျင့်ကြံမှုအဆင့်ကို ချိုးဖျက်နိုင်သရွေ့ သူ၏ ကိုယ်ပိုင်ခွန်အားကို များစွာ တိုးမြှင့်နိုင်ပေသည်။
ဆုလာဘ် (၃) ဖြစ်သည့် သွေးလိုနီရဲနေသည့် ကြေးပြားစက ပိုင်ယီ၏ မျက်လုံးများကို အရောင်တောက်သွားစေလေသည်။
ဟောကိန်းထုတ်ခြင်း....
ကံတရားနှင့် ပတ်သက်သည့် ဤကဲ့သို့သော ဝိညာဉ် ပစ္စည်းမျိုးက အလွန်ရှားပါးပေသည်။ အထူးသဖြင့် ဤအရာ၏တိကျမှုက အလွန်မြင့်မားခြင်းက အဓိက အချက် ဖြစ်သည်။
ပြောရလျှင်… ဤအရာက အသက်ကယ်နတ်ဘုရားအဆင့်လက်နက်တစ်ခု ဖြစ်သည်။
အန္တရာယ်များသည်ဟု သူထင်သော ကိစ္စတစ်ခုခု လုပ်ဆောင်သည့်အခါ သူညာ ဟောကိန်းထုတ်ရန် ဤအရာကို အသုံးပြုနိုင်ပေသည်။
"ဆုလာဘ်၃"
နောက်ဆုံးတွင် ပိုင်ယီ သွေးလိုနီရဲနေသော ကြေးပြားစကိုသာ ရွေးချယ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သွေးကြာပန်း လက်နက်သန့်စင်ခြင်းနည်းစနစ်က ပြီးပြည့်စုံသော နည်းစနစ်တစ်ခု မဟုတ်ကြောင်းနှင့် သွေးကြာပန်းတာအိုဆရာဟာ ၎င်းကို လုံးဝပြည့်စုံအောင် မပြုလုပ်ရသေးကြောင်း သူ သတိရလိုက်သောကြောင့် ဖြစ်သည်။
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်စနစ်က သူ့ကို ပေးအပ်မည့် သွေးကြာပန်း လက်နက်သန့်စင်ခြင်း နည်းစနစ်က ပြီးပြည့်စုံသောမူကွဲဟုတ်မဟုတ် ဆုလာဘ်တွင် ဖော်ပြမထားပေ။
အကယ်၍ ၎င်းသာ ပြီးပြည့်စုံသော မူကွဲ မဟုတ်ခဲ့ပါက ၎င်းကို ရွေးချယ်လိုက်ခြင်းသည် သေချာပေါက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေလိမ့်မည်။
ထို့အပြင် အကယ်၍ သူ ဤအရာကို ရွေးချယ်ခဲ့ရင်တောင် ပိုင်ယီသည် လက်နက်သန့်စင်ရန် ၎င်းကို အသုံးပြုနိုင်မည် မဟုတ်ပေ။
ဤကဲ့သို့သော ယုတ်မာသည့် လက်နက်သန့်စင်ခြင်း နည်းစနစ်မျိုးက သက်ရှိများ၏ သွေးယဇ်ပူဇော်မှုကို လိုအပ်လေသည်။
ပြီးတော့ ၎င်းက အသက်အများကြီး လိုအပ်ပေသည်။
လူသန်းပေါင်းများစွာ၏ အသက်များ သို့မဟုတ် ရှားပါးသောမိစ္ဆာသားရဲသောင်းပေါင်းများစွာ၏ အသက်များ ဖြစ်ပေသည်။