အခန်း ၁၇၂ : ဝိညာဉ်ဖွဲ့စည်းမှုအဆင့် မိစ္ဆာသန္ဓေသား
[စက်ရုပ်သားရဲအမြောက်အမြားကို ဖျက်စီးနိုင်ခဲ့သော်လည်း မဟာဝေလျှို့ဝှက်အစောင့်များလည်း ကြီးမားသော ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ကြရသည်။]
[လျှို့ဝှက်အစောင့်ခေါင်းဆောင်ဟာလည်း ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည်။]
[သို့သော် သူ ထိုကြေးပြားစကို လုယူနိုင်ခဲ့သည်]
[...]
"အံ့သြစရာ ကောင်းလိုက်တဲ့ သွေးအော်ရာပဲ။ ဒါက မိစ္ဆာသားရဲသောင်းပေါင်းများစွာရဲ့ သွေးယဇ်ပူဇော်မှုကနေ စုစည်းထားတဲ့ မိစ္ဆာလက်နက်တစ်ခုပဲ"
အဘွားအို၏ အံ့သြနေသည့်အသံက ထွက်ပေါ်လာခဲ့သည်။
"ဒီအရာက ပုံမှန်မဟုတ်ဘဲ ရက်စက်လွန်းတယ်။ အကယ်၍ ကံကြမ္မာအားနည်းတဲ့ သူတစ်ယောက်သာ ဒီအရာနဲ့ ထိတွေ့မိရင်..."
"နောက်နေ့ကျရင် သူတို့ သေသွားလောက်တယ်လို့ ငါ ထင်တယ်"
အဘွားအို လေးနက်စွာ ပြောလိုက်၏။
"ဒီမိစ္ဆာလက်နက်က ကံကောင်းခြင်းနဲ့ ကံဆိုးခြင်းကို ဟောကိန်းထုတ်နိုင်တဲ့ လုပ်ဆောင်ချက် ရှိပုံရတယ်။ ဒါ့အပြင် သူ့ရဲ့တိကျမှုကလည်း မြင့်မားနိုင်တယ်"
သူမလက်ထဲရှိ သွေးလိုနီရဲနေသော ကြေးပြားစကို ကြည့်ကာ အဘွားအို၏သတိပေးချက်ကို နားထောင်ရင်း ချင်းကျောက်၏ စိတ်အခြေအနေက အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။
မသေမျိုးကျင့်ကြံခြင်း လောကတစ်ခုလုံးတွင် ဝိုက်တီသာ တစ်ကောင်တည်းသော မိစ္ဆာသားရဲအဖြစ် ကျန်ရှိနေရသည့် အကြောင်းရင်းကို သူမသိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ မိစ္ဆာသားရဲအမျိုးအနွယ်အားလုံးက လက်နက်ကိုသန့်စင်ရန် ယဇ်ပူဇော်ခံလိုက်ရသောကြောင့် ဖြစ်လေသည်။
မိစ္ဆာသားရဲသောင်းပေါင်းများစွာက ကြေးပြားစ တစ်ပြား အဖြစ် ပြောင်းလဲသွားခဲ့ခြင်းဖြစ်ရာ ဤအရာက ထူးကဲကြောင်း ချင်းကျောက် သဘာဝကျစွာ သိရှိပေသည်။
ဟောကိန်းထုတ်ခြင်းနှင့်မြင့်မားသော တိကျမှု...
......
ဒါက ဝိုက်တီရဲ့ မွေးရာပါ စွမ်းရည်နဲ့ဆင်တူပုံ ရပြီး သွေးကြာပန်းတာအိုဆရာက သူ့အသက်ကို ကယ်တင်ဖို့ ဒီလိုမိစ္ဆာလက်နက်မျိုးကို သန့်စင်ခဲ့တာ ဖြစ်လောက်ပေသည်။
ဒါမှမဟုတ် ဖြစ်နိုင်တာက... လောလောဆယ် သူမ မသိသေးတဲ့ တခြား အသုံးဝင်မှုတွေလည်း ရှိနေနိုင်လေသည်။
"အကယ်၍ ဒီအရာက ကံကောင်းခြင်းနဲ့ ကံဆိုးခြင်းကို တကယ် ဟောကိန်းထုတ်နိုင်ရင် ဒါက နင်နဲ့ ငါ့အတွက် မယုံကြည်နိုင်လောက်အောင် ကောင်းမွန်တဲ့ ဝိညာဉ်လက်နက်တစ်ခုပဲ"
ချန်ချန်ရွှယ် ရုတ်တရက် ပြောလိုက်၏။ "ဒါက ငါတို့ အန္တရာယ်တချို့ကို ရှောင်ရှားနိုင်မယ်ဆိုတဲ့ သဘောပဲ"
ချင်းကျောက်လည်း ဤအချက်ကို သိလေသည်။ သူမ သွေးလိုနီရဲနေသောကြေးပြားစကို လက်ထဲတွင် ကိုင်ထားပြီး မနီးမဝေးရှိ ဝိုက်တီကို ကြည့်လိုက်ကာ သူမ၏ အတွေးများ ရှုပ်ထွေးနေခဲ့သည်။
[အသက် ၂၅ နှစ် ဧရာမကြေးဝါတံခါးကြီး၏ ဗဟိုချက်မဧရိယာကို ချန်ချန်ရွှယ်၊ ချင်းကျောက်နှင့် အခြားသူများ စူးစမ်းရှာဖွေပြီး ဖြစ်သည်။ ဤနေ့တွင်ပင် ချန်ချန်ရွှယ်ဟာ အခြေတည်အဆင့် (၃) သို့ အဆင့်ချိုးဖျက် ဝင်ရောက်နိုင်ခဲ့ပြီး ချင်းကျောက်ဟာလည်း သူမနောက်မှ ကပ်လျက် လိုက်ပါလာကာ အခြေတည်အဆင့် (၃)သို့ အဆင့်ချိုးဖျက် ဝင်ရောက်နိုင်ခဲ့သည်။]
[အသက် ၂၆ နှစ် အိမ်မွေးသားရဲ ဝိုက်တီက သတိပေးချက်တစ်ခု ပေးပို့ခဲ့သည်။ ချန်ချန်ရွှယ်နှင့် ချင်းကျောက်တို့ဟာ ထူးဆန်းသောနေရာတစ်ခုသို့ ရောက်ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။ ဤနေရာတွင် သိပ်သည်းသော မိစ္ဆာအော်ရာတစ်ခု ပြည့်နှက်နေပြီး သူတို့နှလုံးသားထဲတွင် အချက်ပေးခေါင်းလောင်းသံများ မြည်ဟည်းသွားစေခဲ့သည်။]
[ဝိုက်တီမှလွဲ၍ ဧရာမကြေးဝါတံခါးကြီးအတွင်း အသက်ရှင်နေသော အခြား မိစ္ဆာသားရဲများ ရှိနေသလားဟုပင် သူတို့ သံသယ ဝင်ခဲ့ကြသည်။]
[သို့မဟုတ် အတွင်းထဲမှာ အသက်ရှင်နေတဲ့ လူတစ်ယောက်များ ရှိနေလားဟု ထင်မိခဲ့ကြသည်]
[ချန်ချန်ရွှယ်နှင့်ချင်းကျောက်ဟာ ပိုမိုနက်ရှိုင်းစွာ ရှာဖွေလိုက်သောအခါ အသက်ရှင်နေသော ရှေးဟောင်းမိစ္ဆာသားရဲများမရှိသလို အသက်ရှင်နေသော ရှေးဟောင်းလူများလည်း မရှိကြောင်း တွေ့ရှိလိုက်ရသည်။ သို့သော်... သူတို့ ရှာတွေ့ခဲ့သည့် အရာက သူတို့နှစ်ဦးကို တုန်လှုပ်သွားစေခဲ့ပြီး ၎င်းက ယုံကြည်နိုင်စရာ မရှိပေ]
[သူတို့ဟာ မိစ္ဆာသန္ဓေသားတစ်ခုကို ရှာတွေ့ခဲ့သည်]
[...]
အချိန်၏ တိုက်စားမှုများဖြင့် ပြည့်နှက်နေသော ခန်းမကြီးတစ်ခုအတွင်းမှာ နံရံများက ထူးဆန်းသော နံရံဆေးရေးပန်းချီများဖြင့် ပြည့်နှက်နေခဲ့သည်။ နံရံဆေးရေး ပန်းချီများပေါ်ရှိ ပုံရိပ်များကလည်း လူတစ်ယောက်၏ဘဝကို မှတ်တမ်းတင်ထားသကဲ့သို့ ဖြစ်နေလေသည်။
မွေးဖွားလာချိန်မှ၊ ကြီးပြင်းလာချိန်၊ ကျင့်ကြံခြင်း၊ တက်လှမ်းခြင်း၊ မိစ္ဆာလမ်းစဉ်သို့ ကျဆင်းသွားခြင်း၊ သာမန်ပြည်သူများကိုသတ်ဖြတ်ခြင်း၊ မိစ္ဆာကြီး တစ်ကောင် ဖြစ်လာခြင်း အထိ...
အလွန် သိသာထင်ရှားနေခဲ့သည်။
ဤသည်မှာ ရှေးဟောင်းမိစ္ဆာတစ်ကောင်၏ ဘဝ လမ်းကြောင်းဖြစ်ကာ သွေးကြာပန်းတာအိုဆရာက သူ၏ ဘဝတစ်ခုလုံးကို မှတ်တမ်းတင်ထားခဲ့ခြင်း ဖြစ်ပေသည်။
ဖြစ်နိုင်တာ ၎င်းက သွေးကြာပန်းတာအိုဆရာရဲ့ ထူးခြားတဲ့ ဝါသနာတစ်ခု ဖြစ်လောက်ပေမည်။
သူကြုံတွေ့ခဲ့ရသမျှကို မှတ်တမ်းတင်ရတာကို နှစ်သက်ပြီး အဲဒါကလက်ခံနိုင်စရာမရှိတဲ့ အရာဖြစ်နေရင်တောင် အဲဒါကို အသေးစိတ် မှတ်တမ်းတင်ထားခဲ့သည်။
ထို့အပြင် အထင်ရှားဆုံးအရာမှာ ခန်းမကြီး၏ အလယ်ဗဟိုပင်ဖြစ်ပြီး ထိုနေရာတွင် အလွန် ရှေးကျသော ယဇ်ပလ္လင်တစ်ခုရှိနေခဲ့သည်။
ယဇ်ပလ္လင်ကို သွေးရောင်အဆင်တန်ဆာများဖြင့်ဖုံးလွှမ်းထားပြီး ၎င်းတို့က ရှေးဟောင်းသင်္ကေတများအဖြစ် စုစည်းသွားကြသည်။
သွေးရောင်သင်္ကေတများက မှိန်ဖျော့သော အနီရောင် အလင်းတန်းများဖြင့် လင်းလက်နေခဲ့ပြီး နှစ်သန်းပေါင်းများစွာကြာတာတောင် ယဇ်ပလ္လင်က ပကတိ အတိုင်းရှိနေဆဲပင် ဖြစ်လေသည်။
ယဇ်ပလ္လင်ပတ်လည်ရှိ သွေးရောင်မိစ္ဆာအော်ရာများက အလွန်သိပ်သည်းလှပြီး ၎င်းအနား ချဉ်းကပ်လာသည့် မည်သူ့ကိုမဆို ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေနိုင်ပြီး သူတို့ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြက်သီးများ ထိန်းမရအောင် ထလာစေခဲ့သည်။
ထို့အပြင် ယဇ်ပလ္လင်ပေါ်တွင် ထူးခြားသောဝိညာဉ်လက်နက်အများအပြားချထားပြီး ထိုဝိညာဉ်လက်နက်များသည်လည်း နှစ်သန်းပေါင်းများစွာ လေနှင့် နှင်းဒဏ်ကို ဖြတ်သန်းခဲ့ရလေသည်။ ၎င်းတို့က ယခင်ကကဲ့သို့ မဟုတ်တော့သော်လည်း အသုံးပြု၍ ရနိုင်သေးပုံရလေသည်။
ယဇ်ပလ္လင်၏ အလယ်ဗဟိုတွင်လည်း မွေးကင်းစ ကလေးငယ်တစ်ဦးနှင့်တူသော မိစ္ဆာသန္ဓေသားတစ်ခု တိတ်ဆိတ်စွာ လွင့်မျောနေခဲ့ပြီး ၎င်းဆီမှ ကြောက်မက်ဖွယ်အော်ရာတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။ ၎င်းက လူများ၏ နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။
"ဝိညာဉ်ဖွဲ့စည်းမှုအဆင့်မိစ္ဆာ သန္ဓေသား"
ထိုနေရာတွင် ရှိနေသည့် အင်အားအကောင်းဆုံး မဟာဝေ လျှို့ဝှက်အစောင့်ခေါင်းဆောင်က ပြောလိုက်သည်။
"ကျင့်ကြံသူတစ်ဦးက မူလဝိညာဉ်အဆင့်ကို ရောက်သွားတာနဲ့တပြိုင်နက် သူတို့ခန္ဓာကိုယ်ထဲက ရွှေအမြုတေက ဝိညာဉ်သန္ဓေသားတစ်ခုအဖြစ် ပြောင်းလဲသွားတယ်။ ပြီးတော့ ကျင့်ကြံသူတစ်ဦးက ဝိညာဉ်ဖွဲ့စည်းမှုအဆင့်ကို ရောက်သွားတာနဲ့ တပြိုင်နက် သူတို့ခန္ဓာကိုယ်ထဲက ဝိညာဉ်သန္ဓေသားက သူတို့ခန္ဓာကိုယ်ကနေ ထွက်ခွာနိုင်ပြီ"
"ဝိညာဉ်ဖွဲ့စည်းမှုအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်သန္ဓေသားကို တစ်ချိန်တည်းမှာ ဖျက်ဆီးနိုင်မှပဲ သတ်လိုရမှာ.... အဲ့လိုမဟုတ်ရင် ခန္ဓာကိုယ်ကနေ ထွက်ခွာနိုင်တဲ့ ဝိညာဉ်သန္ဓေသားကြောင့် ဝိညာဉ်ဖွဲ့စည်းမှုအဆင့်ကျင့်ကြံသူတစ်ယောက်မှာ ဒုတိယအသက်တစ်ခု ရှိနေဦးမှာပဲ"
သူ လေးနက်သော လေသံဖြင့် ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ ဝိညာဉ်သန္ဓေသားကို ချန်ထားခဲ့တဲ့ ဝိညာဉ်ဖွဲ့စည်းမှုအဆင့် ကျင့်ကြံသူတစ်ယောက်က အများကြီး အားနည်းသွားလိမ့်မယ်..."
"ဒါက ဒုတိယ အသက် တစ်ခု ရဖို့ ပေးဆပ်ရတဲ့ တန်ဖိုးပဲ"
ဤအချိန်တွင် အဘွားအိုချင်၏ အသံကို ကြားလိုက်ရသည်။
"သူ ပြောတာ မှန်တယ်။ ဒါက ဝိညာဉ် ဖွဲ့စည်းမှု အဆင့်မိစ္ဆာတစ်ကောင်ရဲ့ ဝိညာဉ်သန္ဓေသားပဲ။ ဒါ့အပြင် ဒီဝိညာဉ်သန္ဓေသားမှာ အသိစိတ်ရှိပုံ မရဘူး။ ဆိုလိုတာက သွေးကြာပန်းတာအိုဆရာ အသက်ရှင်နေသေးတယ်ဆိုတဲ့သဘောပဲ"
"ဘာဖြစ်လို့လဲဆိုတော့ ဝိညာဉ်သန္ဓေသားမှာ အသိစိတ် ရှိသွားပြီ ဆိုတာနဲ့တပြိုင်နက် အဲဒါက သွေးကြာပန်းတာအိုဆရာ... သူ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ် ဖျက်ဆီးခံလိုက်ရပြီး နောက်ထပ်ဘဝတစ်ခု အသက်ရှင်ဖို့ ဝိညာဉ်သန္ဓေသားကို အသုံးပြုရုံကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ဘူး ဆိုတဲ့ သဘောပဲ"
"..."
မူလဝိညာဉ်အဆင့်ကျင့်ကြံသူနှစ်ဦး၏ စကားများက ဤအချိန်တွင် သဘာဝကျစွာ သြဇာလွှမ်းမိုးမှုရှိပေသည်။
ချင်းကျောက် ဤစကားများကို ကြားပြီးနောက် အံ့သြစွာ ရေရွတ်လိုက်၏။
"ဆိုလိုတာက... အကယ်၍ ငါတို့ မိစ္ဆာချုပ်နှောင် မျှော်စင်ထဲက သွေးကြာပန်းတာအိုဆရာကို သတ်လိုက်ရင်တောင် သူက ပြန်လည်ရှင်သန်ဖို့ ဒီဝိညာဉ် သန္ဓေသားကို အားကိုးနိုင်တယ်ပေါ့"
အဘွားအို ပြောလိုက်၏။
"သူကပြန်လည်ရှင်သန်နိုင်ရုံသာမကပဲအချိန်တိုအတွင်းမှာသူ့ရဲ့ခွန်အားကိုအနည်းဆုံး (၇၀) ရာခိုင်နှုန်းကိုလည်းပြန်လည်ရယူနိုင်တယ်"