အခန်း ၁၆၄ : လျှို့ဝှက်အစောင့်တပ်ဖွဲ့၊ မေပယ်မြို့သို့ ရောက်ရှိခြင်း
ချန်ဖုန်းယင်သည် ကြောင်အသွားသော မျက်နှာအမူရာတစ်ခု ထုတ်ဖော်ပြသလိုက်သည်။ ချန်ချန်ရွှယ်၏ စကားတို့က ယုံကြည်နိုင်စရာမရှိဟု သူ ခံစားလိုက်ရကြောင်း သိသာထင်ရှားလှပေသည်။
"သမီးက အနာဂတ်ကို အိမ်မက်မက်လို့ ရတယ်.. ဟုတ်လား"
ဒါက အနည်းငယ် ရယ်စရာကောင်းနေသည်ဟု သူ ခံစားလိုက်ရ၏။
သို့သော် ၎င်းက ချန်ချန်ရွှယ် ဆက်ပြောလိုက်သည့် အချိန်အထိပင်။
"အကယ်၍ ခမည်းတော် သမီးကို မယုံဘူး ဆိုရင် နန်းတော်ထဲက ဝန်ကြီးတွေကို စုံစမ်းစစ်ဆေးခိုင်းကြည့်လို့ ရပါတယ်... သမီးရဲ့ အိမ်မက်ထဲမှာ သူတို့က နန်းတွင်းအာဏာကို ပုန်ကန်ဖို့ ကြံစည်နေကြတာ... ခမည်းတော် အကယ်၍ သူတို့ကို တိတ်တဆိတ် စုံစမ်းစစ်ဆေးဖို့နဲ့ သူတို့ရဲ့ နေအိမ်တွေကို ရှာဖွေဖို့ လူလွှတ်လိုက်မယ်ဆိုရင် မျှော်လင့်မထားတဲ့ အရာတွေ သေချာပေါက် တွေ့ရှိရပါလိမ့်မယ်"
ချန်ဖုန်းယင်သည်လည်း ချန်ချန်ရွှယ်၏ ယုံကြည်နိုင်စရာ မရှိသော စကားများကို သံသယ ဖြစ်မိလေသည်။
သို့သော် သူ ခဏတာမျှ တွန့်ဆုတ်နေပြီး နောက်ဆုံးတွင် ချန်ချန်ရွှယ် ပေးထားသော စာရင်းအတိုင်း စုံစမ်းစစ်ဆေးရန် လူလွှတ်လိုက်သည်။
နန်းတော်အတွင်းရှိ သူလျှိုများအလွန် လျင်မြန်စွာ ထွက်ခွာသွားခဲ့ကြသည်။ သူတို့ ပြန်ရောက်လာသော အခါ (၃)ရက် ကြာမြင့်သွားပြီ ဖြစ်လေသည်။
(၃) ရက် ကြာပြီးနောက် မဟာဝေမင်းဆက်၏ နန်းတော် အတွင်းရှိ လေထုက ထူးခြားစွာ လေးလံနေခဲ့ပေသည်။
ချန်ဖုန်းယင်ဟာ အလွန်အမင်း ဒေါသထွက်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် နန်းတော်မှ သူ စေလွှတ်လိုက်သော သူလျှိုများဟာ ထိုဝန်ကြီးများ၏ နေအိမ်များမှ အရာအချို့ကို အမှန်တကယ် ရှာတွေ့ခဲ့သောကြောင့် ဖြစ်၏။
ဤအရာများ အားလုံးကို ချန်ဖုန်းယင်၏ စားပွဲပေါ်တွင် တင်ထားခဲ့ပြီး စားပွဲပေါ်ရှိ အရာများကို သူ တစ်ချက် ကြည့်လိုက်ပြီးနောက်... သူ၏ မျက်နှာအမူရာက ပြောင်းလဲသွားခဲ့ရသည်။
"သူတို့ အကုန်လုံးကို သတ်ပစ်..."
သူ ယုံကြည်ခဲ့သော ဝန်ကြီး အနည်းငယ်ဟာ သူ့ကွယ်ရာတွင် ဤအရာများကို လုပ်ဆောင်လိမ့်မည်ဟု ချန်ဖုန်းယင် မျှော်လင့်မထားခဲ့ပေ။ ဤအရာကို လက်ခံရန် သူ့အတွက် ခက်ခဲလှသည်။
တစ်ချိန်တည်းမှာပင် သူဟာ ချန်ချန်ရွှယ်၏ စကားများကို နောက်ဆုံးတွင် ယုံကြည်သွားပြီး ဖြည်းညှင်းစွာ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
ကမ္ဘာလောကတွင် ဤကဲ့သို့သော ရှားပါးသည့် အရာမျိုး ရှိလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
သူ့သမီးငယ်လေးတွင် ထူးခြားသော ပါရမီတစ်ခု ရှိနေခဲ့သည်။
အနာဂတ်ကို ကြိုတင်ခန့်မှန်းခြင်း.....
ချန်ဖုန်းယင် ချန်ချန်ရွှယ်ကို ကိုယ်တိုင် ဆင့်ခေါ်လိုက်သည်။ (၃) ရက် ကြာပြီးနောက် ချန်ချန်ရွှယ်ကို ပြန်လည် တွေ့မြင်ရသောအခါ သူ၏ ရင်ထဲမှ စိတ်ပျက်အားလျော့မှုများကို ဖိနှိပ်လိုက်ပြီး အပြုံးတစ်ခုကို အတင်းညှစ်ထုတ်ကာ သက်ပြင်းချလိုက်၏။
"အစတုန်းက ခမည်းတော်က သမီးကို သိပ်မယုံခဲ့ဘူး... ဒါပေမဲ့ သမီးက ခမည်းတော်ကို လိမ်ပြောလိမ့်မယ်လို့ ဘယ်တုန်းကမှလည်း မတွေးခဲ့ဖူးဘူး"
"ချန်နင် မေပယ်မြို့မှာ ဘာတွေ ထူးခြားနေလဲ ဆိုတာ သမီး ပြောပြလို့ ရမလား"
ချန်ချန်ရွှယ်သည် ချန်ဖုန်းယင်၏ တုံ့ပြန်မှုကြောင့် အံ့သြခြင်း မရှိခဲ့ဘဲ သူမ ပြောစရာ စကားများကို ပြင်ဆင်ထားပြီး ဖြစ်လေသည်။
သူမဟာ ဧရာမကြေးဝါတံခါးကြီးကို မေပယ်မြို့မှ ချင်မိသားစုနှင့် ချိတ်ဆက်လိုက်သည်။
တစ်ချိန်တည်းမှာပင် နေမင်းဂိုဏ်း အပေါ် အပုပ်ချရန်လည်း သူမ မမေ့လျော့ခဲ့ပေ။
ပထမ တစ်ခုကို ချန်ချန်ရွှယ် တမင်တကာ လုပ်ဆောင်ခြင်း ဖြစ်လေသည်။ ချင်းကျောက်သည် မေပယ်မြို့၏ ချင်မိသားစုမှ မွေးဖွားလာသူ ဖြစ်သောကြောင့် သူမဟာ ချင်မိသားစုကို မြှင့်တင်ပေးပြီး မဟာဝေ မင်းဆက်၏ တော်ဝင် မိသားစု အာဏာဖြင့် ကာကွယ်ပေးမည် ဖြစ်သည်။
ဒုတိယ တစ်ခုမှာ ချင်းကျောက်၏ စာထဲမှ တောင်းဆိုချက် ဖြစ်သည်။ ချင်းကျောက်ဟာ နေမင်းဂိုဏ်းကို အလွန် မုန်းတီးလွန်းသဖြင့် အံကြိတ်နေသည်ကို မြင်တွေ့နိုင်ပေသည်။ ထို့ကြောင့် သူမဟာ မဟာဝေ မင်းဆက်၏အာဏာကို အသုံးပြုပြီး နေမင်းဂိုဏ်းကို ကိုင်တွယ်ဖြေရှင်းချင်နေသည်မှာ သေချာပေသည်။
ချန်ဖုန်းယင် အခြား ယုံကြည်နိုင်စရာ မရှိသော သတင်းစကား တစ်ခုကို ကြားလိုက်ရပြန်သည်။
သို့သော် ဒီတစ်ကြိမ် သူ ယုံကြည်လိုက်သည်။
"မေပယ်မြို့.... ဧရာမ ကြေးဝါ တံခါးကြီး... ရှေးဟောင်း လျှို့ဝှက် နယ်မြေ.... ချင်မိသားစုနဲ့ ချင်မိသားစု ခေါင်းဆောင်ရဲ့ သမီး..."
အဓိက စကားလုံးများကို တစ်လုံးချင်းစီ ရေရွတ်ရင်း ချန်ဖုန်းယင် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
ဒီလောက် တုန်လှုပ်စရာ ကောင်းတဲ့ သတင်း...
စူးရှသော အရိပ်အယောင်တစ်ခု ချန်ဖုန်းယင်၏ မျက်လုံးများထဲတွင် လက်ခနဲ ဖြစ်သွားခဲ့သည်။ အကယ်၍ ဒီသတင်းသာ မှန်ကန်ခဲ့ရင် ဒါက မဟာဝေ မင်းဆက် အတွက် သေချာပေါက် ကောင်းတဲ့ ကိစ္စပင်။
"ချန်နင်"
ချန်ဖုန်းယင် ပြောလိုက်၏။
"နောက်ထပ် ရက်အနည်းငယ် ကြာရင် သမီးအတွက် လူတချို့ ခမည်းတော် စီစဉ်ပေးမယ်.... ဒီလူတွေကို သမီး ယုံကြည်လို့ ရတယ်.... သူတို့ အားလုံးက ခမည်းတော် နှစ်ပေါင်းများစွာ ပျိုးထောင်လာခဲ့တဲ့ ယုံကြည်စိတ်ချရတဲ့ လူတွေပဲ... အားအနည်းဆုံး လူတွေက အခြေတည်အဆင့်မှာ ရှိတယ်... အားအကောင်းဆုံး လူတွေက မူလဝိညာဉ်အဆင့် (၁) မှာ ရှိတယ်"
ချန်ချန်ရွှယ် ကြောင်အသွားခဲ့ပြီး သူမ ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိလိုက်သည်။
"ဖြစ်နိုင်တာက ခမည်းတော်ရဲ့ လျှို့ဝှက် အစောင့်တပ်ဖွဲ့များလား"
ချန်ဖုန်းယင် ပြုံးလိုက်ကာ "ကြည့်ရတာ သမီး ကြားဖူးပုံ ရတယ်"
ချန်ချန်ရွှယ် ခေါင်းငြိမ့်လိုက်၏။ "သမီး ကြားဖူးပါတယ်"
ချန်ဖုန်းယင် ပြောလိုက်သည်။
"မှန်တယ် အဲဒါ လျှို့ဝှက် အစောင့်တပ်ဖွဲ့ပဲ... ခမည်းတော် လျှို့ဝှက်အစောင့်တပ်ဖွဲ့ကို သမီးဆီ လွှဲပေးလိုက်မယ်... မေပယ်မြို့က ချင်မိသားစု နဲ့ ဧရာမ ကြေးဝါ တံခါးကြီး ကိစ္စကို သမီး ကိုင်တွယ်ရမယ်... သမီး ဘယ်လို သဘောရလဲ"
ချန်ဖုန်းယင် သူမကို ဒီလောက် အရေးကြီးတဲ့ တာဝန်တစ်ခု ပေးအပ်လိမ့်မည်ဟု ချန်ချန်ရွှယ် မျှော်လင့်မထားခဲ့ပေ။
"ကောင်းပါပြီ"
သို့သော် ချန်ချန်ရွှယ် ငြင်းပယ်ခြင်း မရှိခဲ့ပေ။ အကယ်၍ ဒီလောက် အစွမ်းထက်တဲ့ အင်အားစု တစ်ခု သူမလက်ထဲ ရှိနေရင် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲမှာ သူမ ပိုကြာကြာ အသက်ရှင်နိုင်ပေမည်။
...
[အသက် ၁၄ နှစ် ချန်ချန်ရွှယ်သည် မဟာဝေ မင်းဆက်၏ လျှို့ဝှက်အင်အားစု တစ်ခုကို ထိန်းချုပ်ခွင့်ရခဲ့သည်။ မဟာဝေမင်းဆက်၏ ဧကရာဇ်သည် သူမကို အရေးကြီးသော တာဝန် တစ်ခု ပေးအပ်ခဲ့ပြီး ချန်ဖုန်းယင်၊ ချန်ချန်ရွှယ်နှင့် လျှို့ဝှက် အစောင့်တပ်ဖွဲ့မှလွဲ၍ အခြား မည်သူမျှ ဤကိစ္စကို မသိကြပေ။ နန်းတော်ထဲရှိ လူများဟာ မင်းသမီးချန်နင် မကြာသေးမီက ပေါ်မလာတော့သည်ကိုသာ တွေ့ရှိခဲ့ကြသည်။]
[လျှို့ဝှက် အစောင့် (၁၀၀) ကျော်ကို ခေါ်ဆောင်လာသော ချန်ချန်ရွှယ်သည် မေပယ်မြို့သို့ သွားသော လမ်းတွင် ကောင်းကင်ဂိုဏ်းဟု ခေါ်သောဂိုဏ်းတစ်ခုကို ဖြတ်သန်းသွားခဲ့သည်။ မဟာဝေမင်းဆက်၏ မင်းသမီး အနေဖြင့် သူမဟာ ကောင်းကင်ဂိုဏ်း၏ ဂိုဏ်းသခင်နှင့် တွေ့ဆုံခဲ့သည်။]
[ကောင်းကင်ဂိုဏ်းအတွင်းရှိ မိစ္ဆာချုပ်နှောင် မျှော်စင်ပေါ်မှ တံဆိပ်ခတ်နှိပ်မျုသည် လျော့ရဲနေကြောင်းနှင့် ၎င်းကို ခိုင်ခံ့အောင် လုပ်ဖို့ နည်းလမ်း ရှာတာ အကောင်းဆုံး ဖြစ်ကြောင်း ချန်ချန်ရွှယ် ပြောကြားခဲ့သည်။]
[တစ်လ ကြာပြီးနောက် ချန်ချန်ရွှယ်ဟာ ထိုမသေမျိုးကျင့်ကြံခြင်း ဂိုဏ်းမှထွက်ခွာလာပြီး သူမဟာ ဟိုယင်းယွမ်ကို အဝေးမှ လှမ်းကြည့်ခဲ့သော်လည်း နောက်ဆုံးတွင် သူမဟာ ဂျူနီယာ ညီမလေး ဟိုနှင့် မတွေ့ဆုံခဲ့ပေ။ အခွင့်အလမ်း အတုအယောင်တစ်ခု ဖန်တီးခဲ့ပြီး ဟိုယင်းယွမ် အခွင့်အလမ်း အချို့ ရရှိစေရန် ပြုလုပ်ပေးခဲ့သည်။]
[အသက် ၁၅ နှစ် ချန်ချန်ရွှယ် မေပယ်မြို့သို့ ရောက်ရှိခဲ့သည်]
"..."
ချန်ချန်ရွှယ်နှင့် ချင်းကျောက် ထပ်မံ ပူးပေါင်းဆောင်ရွက်တော့မည် မဟုတ်ဟု ပိုင်ယီထင်မှတ်ခဲ့သော်လည်း နောက်ဆုံးတွင် သူတို့ နှစ်ဦးဟာ ပူးပေါင်းဆောင်ရွက်ခဲ့ကြလေသည်။ ထို့အပြင် သူမ၏ ရင်ထဲမှ မာနကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့သူမှာ ချင်းကျောက် ဖြစ်နေခဲ့သည်။
ဤသည်မှာလည်း ကောင်းသည့်ကိစ္စဖြစ်ပြီး ရွေးချယ်ခံနှစ်ဦးဟာ အတိတ်ကို မေ့ထားပြီး သရုပ်ဖော် စနစ်ထဲတွင် ပူးပေါင်းဆောင်ရွက်ကာ သူတို့ အချင်းချင်း သတင်းအချက်အလက် မျှဝေနိုင်ကြသလို အရင်းအမြစ်များလည်း မျှဝေနိုင်ကြလေသည်။
၎င်းက အပြန်အလှန် ကူညီခြင်းနှင့် အပြန်အလှန် အကျိုးပြုခြင်းဖြစ်ကာ နှစ်ဦးနှစ်ဖက် အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုပင်။
လက်တွေ့ကမ္ဘာတွင် ရွေးချယ်ခံများကြား ပဋိပက္ခ အသေးစားလေးများရှိနေသော်လည်း ပိုင်ယီက ၎င်းကို ကြီးမားသော ပြဿနာဟု မထင်မှတ်ပေ။ ထို့အပြင် သေရေးရှင်ရေး ပဋိပက္ခ မဟုတ်သရွေ့ သူ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။
သူတို့ သရုပ်ဖော် စနစ်ထဲတွင် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိနေသရွေ့ လက်တွေ့ကမ္ဘာမှ ပဋိပက္ခ အသေးစားလေးက ဘာအရေးကြီးမည်နည်း။
ပိုင်ယီ ရွေးချယ်ခံနှစ်ဦးအပေါ် ပြန်၍ အာရုံစိုက်ထားလိုက်သည်။
[မေပယ်မြို့သို့ ရောက်ရှိလာသော ချန်ချန်ရွှယ်သည် နောက်ဆုံးတွင် ချင်းကျောက်နှင့် တွေ့ဆုံခဲ့သည်။ ချန်ချန်ရွှယ်ဟာ နန်းတော်မှ ဤမျှ များပြားသော ကျင့်ကြံသူများကို ခေါ်ဆောင်လာလိမ့်မည်ဟု ချင်းကျောက်မျှော်လင့်မထားခဲ့ပေ။ ဤအရာက ချင်းကျောက်၏ အတွေးများကို တက်ကြွလာစေခဲ့သည်။]
[သို့သော် နန်းတော်မှ အားအကောင်းဆုံး လျှို့ဝှက် အစောင့်က မူလဝိညာဉ်အဆင့် (၁) သာ ရှိသေးကြောင်း သိလိုက်ရပြီးနောက် ချင်းကျောက် ချက်ချင်း စိတ်ပျက်သွားရသည်။]
[ချန်ချန်ရွှယ် ရယ်ရမလား ငိုရမလား မသိ ဖြစ်ခဲ့ရသည်။ ချင်းကျောက်က လမ်းကြုံ နေမင်းဂိုဏ်းကို မြေလှန်ပစ်ဖိို့ တွေးနေပေသည်။]
[ချန်ချန်ရွှယ်ဟာ ချင်မိသားစုခေါင်းဆောင်နှင့် ချင်မိသားစုဘိုးဘေးတို့နှင့် တွေ့ဆုံခဲ့သည်။]
[မဟာဝေမင်းဆက်၏ တော်ဝင်မိသားစုဟာ မေပယ်မြို့သို့ ရောက်လာပြီး ချင်မိသားစုထံ လာရောက်လိမ့်မည်ဟု ချင်မိသားစုခေါင်းဆောင်နှင့် ဘိုးဘေးတို့ မျှော်လင့်မထားခဲ့ပေ။ သူတို့ အလျင်အမြန် ကြိုဆိုခဲ့ကြသော်လည်း နောက်ဆုံးတွင် သူတို့၏ မိသားစုမှ ချင်းကျောက်သည် မဟာဝေမင်းဆက်၏ မင်းသမီးနှင့် အထူး ဆက်ဆံရေး ရှိနေကြောင်း သူတို့ ချက်ချင်း တွေ့ရှိလိုက်ရသည်။]
[ချင်မိသားစုဝင် အားလုံး ကြောင်အသွားကြပြီး ချင်းကျောက်ဟာ မဟာဝေမင်းသမီးနှင့် ဤကဲ့သို့သော ဆက်ဆံရေး ရှိလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ပေ။]
[ချင်းကျောက်ဟာ မဟာဝေမင်းသမီးကို မလေးမစား ပြောဆိုသည့်တိုင် ထိုမင်းသမီးက ရယ်မောပြီး လစ်လျူရှုလိုက်သည်။]
[ဤအရာက သူတို့ကို ပို၍ပင် ကြောင်အသွားစေလေသည်။]
...