အခန်း ၁၆၂ : ကြောင်အနေကြသည့် လူများ၊ မေပယ်မြို့
အချိန် ကုန်ဆုံးသွားခဲ့သည်။
ယွမ်ယင်းခရိုင်ရှိ လူအများစု၏ ဝိညာဉ်များဟာ သူတို့၏ ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်ပြီးနောက် တဖြည်းဖြည်း နိုးထလာခဲ့ကြသည်။
သူတို့ဟာ နိုးလာပြီး ပတ်ဝန်းကျင် အခြေအနေကို မြင်လိုက်ရသောအခါ မျက်နှာများတွင် ဇဝေဇဝါ ဖြစ်မှုများ ပြည့်နှက်နေကြလေသည်။
"ဘာတွေ ဖြစ်ကုန်တာလဲ"
"ငါ ဘယ်သူလဲ"
"ငါ ဘယ်ရောက်နေတာလဲ"
သူတို့ တစ်ယောက်ကို တစ်ယောက် မကြည့်ဘဲ မနေနိုင်တော့ပေ။ တစ်ယောက်၏ မျက်လုံးထဲရှိ ဇဝေဇဝါ ဖြစ်မှုများကို အခြားတစ်ယောက်က မြင်တွေ့နေရသည်။
သူတို့ ဘာကြောင့် သတိမေ့သွားသည်ကိုပင် သူတို့ မသိကြပေ။
လူတချို့သည် သူတို့ သတိမလစ်ခင်တုန်းက ထူးဆန်းသော အသံတစ်ခု ကြားလိုက်ရသကဲ့သို့ ဝါးတားတား မှတ်မိနေခဲ့ကြသည်။
ထိုအသံသည် ဘုရားကျောင်းက ခေါင်းလောင်း ထိုးသည့် အသံကဲ့သို့ပင်။
ထို့နောက်... သူတို့ သတိလစ်သွားကြခြင်းပင်။
"ရှူး.... ငါ့ခန္ဓာကိုယ်က ဘာလို့ ထူးထူးဆန်းဆန်း နာကျင်နေရတာလဲဟ"
ယွမ်ယင်းခရိုင်မှ ဟင်းသီးဟင်းရွက် ရောင်းသူ တစ်ဦး ခေါင်းကို ကိုင်ပြီး တွေဝေစွာ နိုးထလာခဲ့သည်။ ထို့နောက် သူ ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား ကြည့်လိုက်၏။
"ငါ ခုနက အိပ်ပျော်သွားတာလား"
ယွမ်ယင်းခရိုင်မှ ရုံးတော်အမှုထမ်းတစ်ဦးဟာ မြေပြင်မှ ထရပ်လိုက်သည်။ သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ သူ၏ ခါးကြားမှ ဓားကို အလျင်အမြန် စမ်းသပ်ကြည့်လိုက်ခြင်း ဖြစ်လေသည်။ ဓားက သူ၏ နောက်ကျောတွင် ရှိနေဆဲ ဖြစ်သည်ကို တွေ့လိုက်ရမှ သက်ပြင်းချနိုင်သွားခဲ့သည်။
"ကိစ္စမရှိပါဘူး။ အကယ်၍ သူခိုးက အခွင့်ကောင်းယူပြီး ခိုးသွားရင် ငါ တပ်မှုးရဲ့ ဆူပူတာ ခံရမှာ မဟုတ်လား။ ဒါပေမဲ့ ငါ ဘယ်လိုလုပ် အိပ်ပျော်သွားတာလဲ... ဒါ တကယ် ထူးဆန်းတာပဲ..."
လူတိုင်း တွေဝေစွာ မတ်တတ်ရပ်လိုက်ကြပြီး ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကြောင့် သူတို့ အားလုံး ကြောင်အနေခဲ့ကြသည်။
သူတို့ လုံးဝ နားမလည်နိုင်ကြပေ။
"သောက်ကျိုးနည်း.... ငါ ထောင်ချောက်ထဲ ကျသွားတာပဲ"
နိုးလာပြီးနောက် ချက်ချင်း တုံ့ပြန်လိုက်သော လေလွှင့်ကျင့်ကြံသူတစ်ဦး ရှိကာ သူ၏ မျက်နှာအမူရာက အနည်းငယ် ကြည့်ရဆိုးနေခဲ့သည်။
"တစ်ယောက်ယောက်က ငါ့ကို ပစ်မှတ်ထားတာပဲ... ဟင်..."
သူ၏ ဘေးနားရှိ လူများလည်း သူနှင့် အလားတူ အခြေအနေ ဖြစ်နေကြောင်း ထိုလေလွှင့်ကျင့်ကြံသူ တွေ့ရှိသွားပြီး တုန်လှုပ်သွားရသည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူနှင့် တူညီသည့် တုံ့ပြန်မှုရှိသော လူပေါင်း ရာနှင့်ချီ ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။
ဤအရာက သူ၏ ဦးရေပြားကို ထုံကျဉ်သွားစေခဲ့သည်။
"ဒါက တစ်စုံတစ်ယောက်က ငါ့ကို ခြုံခိုတိုက်ခိုက်တာ မဟုတ်ပဲ ယွမ်ယင်း ခရိုင် တစ်ခုလုံးကို ပစ်မှတ်ထားတာများလား"
"ပြီးတော့ ငါက ဒီအတိုင်း ရောပါသွားတာလား"
'ရှူး....'
ဤသည်မှာ မည်သို့သော စွမ်းအားမျိုးနည်း။
မည်သူ လုပ်ဆောင်သနည်း။
သူ၏ ဆံပင်များ ထောင်ထသွားခဲ့သည်။
ယွမ်ယင်းခရိုင်မှ လူများ နိုးထလာသည်သာမက ရက်ပေါင်း မည်မျှကြာမှန်း မသိ ကိုမာဝင်နေခဲ့သည့် ယန်ချင်းခရိုင်မှ အခြား လူများဟာလည်း ဖြည်းညှင်းစွာ နိုးထလာကြသည်။
ယန်ချင်းခရိုင်မှ လူများ၏ အခြေအနေမှာ သိသိသာသာ မကောင်းမွန်ကြပေ။
သူတို့ထဲမှ အများစုသည် အလွန်အမင်း ရေငတ်နေကြသလို ဗိုက်လည်း အလွန်ဆာနေခဲ့ကြလေသည်။၎င်းက ရက်အနည်းငယ်ခန့် မည်သည့်အရာမျှ မစားမသောက်ရဘဲ နေခဲ့ရသကဲ့သို့ပင်။
သူတို့ ထလာကြသောအခါ သူတို့၏ ခြေထောက်များ အားနည်းနေသကဲ့သို့ ခံစားလိုက်ရပြီး မူးဝေမှုကို ခံနေခဲ့ကြရသည်။
"ငါ သိပ်ဗိုက်ဆာတာပဲ... ငါ ဘာလို့ ဒီမှာ သတိမေ့သွားတာလဲ။ အော့.... ငါ့ခန္ဓာကိုယ်က ဘာလို့ ဒီလောက် နံစော်နေရတာလဲ။ ငါ ရေမချိုးတာ ရက်ဘယ်လောက် ရှိပြီလဲ။ မဟုတ်သေးပါဘူးဟ... ငါ ရေချိုးပြီးမှ အပြင်ထွက်ခဲ့တာ ငါ မှတ်မိပါတယ်..... ငါ သတိမေ့နေတာ ရက်ဘယ်လောက် ရှိပြီလဲ။ နှစ်ရက်လား..... သုံးရက်လား။"
"ဘာတွေ ဖြစ်ကုန်တာလဲ..... ငါ ပူးကပ်ခံလိုက်ရတာများလား......လူတစ်စုလုံး ပူးကပ်ခံရတယ် ဆိုတာ ရှိလို့လား"
"အမယ်လေး.... ငါ့ခြေထောက်တွေ ထုံကျဉ်လွန်းလို့ လှုပ်တောင် မလှုပ်နိုင်တော့ဘူး..."
"ငါ ခရီးသွားလာခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီ.... ငါ့ခန္ဓာကိုယ်မှာ သွေးနဲ့ ချီတွေ ပြည့်နှက်နေတာ..... သာမန် ကျင့်ကြံသူတွေတောင် ငါ့နား မကပ်ရဲကြဘူး.... ငါ ဘယ်လိုလုပ် အကြောင်းပြချက် မရှိဘဲ သတိမေ့သွားနိုင်မှာလဲ"
"ခရိုင် ရုံးတော်ကို မြန်မြန် သွားသတင်းပို့ကြ.... သရဲခြောက်တာ ဆိုရင် ဘယ်လိုလုပ်မလဲ.... ကျင့်ကြံသူတွေကို ခေါ်ပြီး မိစ္ဆာနှင်ခိုင်းဖို့ သူတို့ကို မြန်မြန် ပြောကြ"
"..."
...
ယွမ်ယင်းခရိုင်။
ချန်ချန်ရွှယ်သည် အပြင်ဘက်၌ နိုးထလာသည့် လူများကို ကြည့်လိုက်၏။ သူမ၏ အကြည့်ကို ပြန်မရုတ်သိမ်းမီ အသက်ရှူချိန် အနည်းငယ်ခန့် ရပ်တန့်နေခဲ့ကာထိုနောက် သူမ ရေရွတ်လိုက်၏။
"ဒီနေ့ ဖြစ်ရပ်က ပြီးဆုံးသွားပြီလို့ သတ်မှတ်လို့ ရတယ် မဟုတ်လား.... ဂိုဏ်းက မူလဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက်ရဲ့ အကူအညီနဲ့ ဆိုရင် မြင့်မြတ်သောနှလုံးသားနန်းတော်က မိစ္ဆာက ထွက်ပြေးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး"
အမှန်စင်စစ် ဤကဲ့သို့သော အခြေအနေမျိုး ကြုံတွေ့ရလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။ ကံကောင်းစွာဖြင့် သူမဟာ ယွမ်ယင်းခရိုင်၏ အလယ်ဗဟို ဧရိယာနှင့် အတော်လေး ဝေးကွာသော နေရာတွင် ရှိနေခဲ့ခြင်းပင်။
အကယ်၍ သူမသာ ယွမ်ယင်းခရိုင်၏ အလယ်ဗဟို ဧရိယာတွင်သာ ရှိနေခဲ့ပါက ဤကဲ့သို့သော အခြေအနေမျိုးကို ပထမဆုံး ကြုံတွေ့ရမည့်သူမှာ သူမ ဖြစ်နေပေလိမ့်မည်။
သူမ ခေါင်းခါလိုက်၏။
ထို့နောက် ချန်ချန်ရွှယ်ဟာ အချိန်ကို တိတ်တဆိတ် တွက်ချက်နေခဲ့သည်။ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်စနစ်၏ ပြန်လည်အသုံးပြုနိုင်မည့် အချိန်ပြည့်ရန် သူမ စောင့်ဆိုင်းနေခြင်း ဖြစ်ပေသည်။
ဤအချိန်၌ သရုပ်ဖော်စနစ်၏ အသုံးပြုချိန်ပြည့်ရန် အမွှေးတိုင် တစ်ဝက်စာခန့်သာ အချိန်လိုတော့ရာ ချင်းဟယ်ခရိုင်သို့ အပြေးသွားရန်မှာ လက်တွေ့မကျပေ။
အထူးသဖြင့် ယွမ်ယင်း ခရိုင်ထဲတွင် ဖြစ်ပြီး အခြား မိစ္ဆာကျင့်ကြံသူများ ရှိမရှိ သူမ မသိပေ။
"အကယ်၍ ငါ လမ်းတစ်ဝက်မှာ တခြား မိစ္ဆာကျင့်ကြံသူတွေနဲ့ ထိပ်တိုက်တွေ့မိရင် အဲဒါက မလိုအပ်တဲ့ ပြဿနာတွေ ဖြစ်စေမှာပဲ"
ချန်ချန်ရွှယ် တိတ်တဆိတ် စောင့်ဆိုင်းနေစဉ် အမွှေးတိုင်တစ်တိုင်စာအချိန်က လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။
ထို့ကြောင့် သူမ သရုပ်ဖော်စနစ်နှင့် ချိတ်ဆက်ရန် ကြိုးစားလိုက်ရာ ချက်ချင်းပင် ရင်းနှီးသော စာသား အချက်ပြမှုတစ်ခု ပေါ်လာခဲ့သည်။
[မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်မှ ကြိုဆိုပါသည်။ သင်သည် မသေမျိုးကျင့်ကြံသူ တစ်ဦး၏ ဘဝကို သရုပ်ဖော်ရန် ရွေးချယ်လိုက်သည်]
[အသက် ၁၂ နှစ် သင်သည် မဟာဝေမင်းဆက်တွင် ဝင်စားခဲ့ပြီး မဟာဝေမင်းဆက်၏ မင်းသမီး ချန်နင် ဖြစ်လာခဲ့သည်။ မင်းသမီး တစ်ပါးဟူသော သင့်အမှတ်အသားကို အသုံးပြုပြီး သင်သည် သင့်ခမည်းတော် ချန်ဖုန်းယင်ကို မဟာဝေမင်းဆက် အတွင်းရှိ မေပယ်မြို့ဟု ခေါ်သော မြို့တစ်မြို့ အကြောင်း မေးမြန်းခဲ့သည်။]
[သင့်ခမည်းတော် အလွန် ဇဝေဇဝါ ဖြစ်ခဲ့ရသော်လည်း သူက သင့်ကို အလွန် အလိုလိုက် ချစ်ခင်သောကြောင့် သင့်တောင်းဆိုမှုကို သဘောတူခဲ့သည်။]
[မဟာဝေ မင်းဆက်သည် မေပယ်မြို့တွင် သူလျှိုဆယ်ယောက်ကျော် ထည့်သွင်းထားခဲ့သည်။ မေပယ်မြို့အတွင်းရှိ သတင်းအချက်အလက် အားလုံး နန်းတော်သို့ လျင်မြန်စွာ ပေးပို့လာမည် ဖြစ်ပြီး မကြာမီ သင့်လက်ထဲသို့ ရောက်ရှိလာပေလိမ့်မည်။]
[မေပယ်မြို့တွင် ချင်မိသားစုဟု ခေါ်သော မိသားစု တစ်စု ရှိကြောင်း သင် သိရှိလိုက်ရသည်။ ချင် မိသားစုခေါင်းဆောင်တွင် သမီးငယ်လေး တစ်ယောက် ရှိပြီး သူမသည် ချင်းကျောက်ဟု အမည်ရသော ပါရမီရှင်တစ်ဦး ဖြစ်သည်]
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်။
မဟာဝေ မင်းဆက်။
နန်းတော် အတွင်း၌။
သူမလက်ထဲရှိ ကျောက်စိမ်းပြားပေါ်တွင် ပေါ်လာသော စာကြောင်းရေ အနည်းငယ်ကို ကြည့်ပြီး ချန်ချန်ရွှယ်၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
"ထင်ထားသည့် အတိုင်းပဲ... အဲဒီ ကောင်မလေး ချင်းကျောင့်က ငါ့ထက် စောပြီး သရုပ်ဖော် စနစ်ထဲ ဝင်ရောက်ခဲ့တာပဲ"
"သူမက သရုပ်ဖော် စနစ်ထဲမှာ လအနည်းငယ်ပဲ ရှိသေးပေမယ့် ငါကတော့ အဲဒီမှာ (၁၂) နှစ်တောင် ရှိနှင့်နေပြီ"
ချင်ကျောင့် သူမကို သိပ်မကြိုက်ကြောင်း ချန်ချန်ရွှယ် သိလေသည်။
အဓိက အကြောင်းရင်းမှာ... အဲဒီ ကောင်မလေးက အနည်းငယ် ကလဲ့စားချေတတ်၍ ဖြစ်သည်။
ချန်ချန်ရွှယ် လစ်လျူရှုခဲ့သည့် အသေးအဖွဲ့ ကိစ္စရပ် တချို့သည် ချင်းကျောက် အတွက်မူ သူမဘဝ တစ်လျှောက်လုံး ဘယ်တော့မှ မေ့ပျောက်နိုင်မည် မဟုတ်သော အရှက်ရစေမှုတစ်ခု ဖြစ်ခဲ့သည်။
သို့သော်...
ဤတစ်ကြိမ်တွင်လည်းချန်ချန်ရွှယ်ဟာကြိုးစားကြည့်ပြီးချင်းကျောက်နှင့်ပူးပေါင်းဆောင်ရွက်ရပေဦးမည်။