အခန်း ၁၆၀ : သောက်ကျိုးနည်းစုံတွဲကျင့်ကြံသူတွေ၊ မိစ္ဆာ ထွက်ပြေးခြင်း
ပြင်းထန်တဲ့ လေပြင်းဒဏ်တို့ကြောင့် ချန်ချန်ရွှယ်၏ အဝတ်အစားများ၇ လေထဲတွင် တဖျပ်ဖျပ် လွင့်နေခဲ့သည်။
ရွှေအမြုတေအဆင့်ရဲ့ ကြောက်မက်ဖွယ် ကောင်းပုံကို သူမ မအံ့သြပဲ မနေနိုင်တော့ပေ။ အကယ်၍ သူမသာ တိုက်ပွဲရဲ့ အစွန်းတစ်နေရာမှာ ရှိနေခဲ့ရင်...
အဲဒီအလွန် ကြောက်မက်ဖွယ် ကောင်းတဲ့ နောက်ဆက်တွဲ တုန်ခါမှုက သူမကို အဲဒီနေရာမှာတင် ပြင်းထန်စွာ ဒဏ်ရာရစေဖို့ လုံလောက်ကောင်း လုံလောက်နေပေလိမ့်မည်။
...
"စီနီယာရှူနဲ့ စီနီယာလီ..... သူတို့ မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာနဲ့ တိုက်ခိုက်နေကြတာပဲ..."
အခြားတစ်ဖက်တွင် သူတို့၏ ဓားများကို စီးပြီး ပျံသန်းလာကြသည့် ဖူရွှမ်နီနှင့် အခြားသူများဟာနောက်ဆုံးတွင် ယွမ်ယင်းခရိုင်၏ အကွာအဝေးထဲသို့ ရောက်ရှိလာကြသည်။
သူတို့ ခရိုင်၏ အစွန်းပိုင်းသို့ ရောက်သည်နှင့် တပြိုင်နက် အဝေးတွင် တိုက်ပွဲ ဖြစ်ပွားနေသည်အား မြင်လိုက်ကြရသည်။
ထို့ကြောင့်ဘဖူရွှမ်နီ၏ စိတ်အခြေအနေက အလွန် လေးလံသွားခဲ့သည်။
သူမ ပေါ့ဆလွန်းနေခဲ့လေသည်။
ဒီအဆင့် တိုက်ပွဲမျိုးမှာ အကယ်၍ သူမတို့က ထိုနေရာသို့ တက်သွားရင် သူမတို့က အောက်ဆွဲချသလို ဖြစ်သွားပေလိမ့်မည်။
တကယ်တော့ဘသူမ ကြာမြင့်စွာကတည်းက သိထားသင့်တာပင်။
ဘာပဲဖြစ်ဖြစ် သူမက မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲမှာ ရှိတုန်းက ရွှေအမြုတေအဆင့် နေမင်းဂိုဏ်းမှ အကြီးအကဲ တစ်ယောက်ရဲ့ လက်ချက်နဲ့ တစ်ကြိမ် အသတ်ခံခဲ့ရဖူးလေသည်။
ဒါပေမဲ့ သူမ အရင်က စိုးရိမ်ပူပန်လွန်းနေခဲ့တာကြောင့် သူမနဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်ယောက်ကြားက ကွာဟချက်ကို မေ့လျော့သွားခဲ့သည်။
"မင်းသမီး အမ်... ကျွန်တော်တို့ ဘာလုပ်သင့်သလဲ"
စီရင်စု အစိုးရရုံးမှ ကျင့်ကြံသူတွေဟာ ဆုံးဖြတ်ချက် မချနိုင်ဘဲ ဖြစ်နေခဲ့ကြသည်။ သူတို့ တစ်ယောက်ကို တစ်ယောက် ခဏလောက် ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် မေးခွန်းကို ဖူရွှမ်နီထံ ပစ်ပေးလိုက်ကြသည်။
ဖူရွှမ်နီ မျက်မှောင်ကြုတ်ပြီး ခဏလောက် စဉ်းစားလိုက်၏။
ထို့နောက် သူမအံ့ကြိတ်ကာ ပြောလိုက်သည်။ "ယွမ်ယင်းခရိုင်ထဲမှာ အဲဒီ ရွှေအမြုတေအဆင့် မိစ္ဆာတစ်ကောင်တည်း ရှိနေတာ သေချာပေါက် မဟုတ်ဘူး...တစ်ဖက်လူက ခရိုင်နှစ်ခုလုံးက လူတိုင်းရဲ့ ဝိညာဉ်တွေကို စုပ်ယူနိုင်မှတော့ သူ့ကို ကူညီပံ့ပိုးပေးနေတဲ့ မြင့်မြတ်သောနှလုံးသား နန်းတော် မိစ္ဆာကျင့်ကြံသူတွေ အများကြီး ရှိရမယ်"
"ငါတို့ ပစ်မှတ်က အဲဒီလူတွေပဲ... အကယ်၍ ငါတို့ သူတို့ကို အရှင် ဖမ်းမိနိုင်ရင် အရှင် ဖမ်းမယ်.... အကယ်၍ အရှင် မဖမ်းနိုင်ရင် သူတို့ကို အဲဒီနေရာမှာတင် သတ်ပစ်"
"ဟုတ်ကဲ့"
သူတို့ဟာ ချက်ချင်း လေးလေးနက်နက် ခေါင်းငြိမ့်လိုက်ကြသည်။
အမှန်စင်စစ် သူတို့မှာ အဲဒီ ရွှေအမြုတေ အဆင့် မိစ္ဆာကို ကိုင်တွယ်ဖြေရှင်းဖို့ ခွန်အား မရှိကြပေ။
ဒါပေမဲ့ သူတို့မှာ မြင့်မြတ်သောနှလုံးသား နန်းတော်က အဲဒီ ချီစုစည်းမှုအဆင့်သို့မဟုတ် အခြေတည်အဆင့် မိစ္ဆာကျင့်ကြံသူတွေကို ကိုင်တွယ်ဖြေရှင်းဖို့တော့ ယုံကြည်ချက်ရှိကြလေသည်။
...
"ဒါက ဘာသောက်ကျိုးနည်း ပစ္စည်းလဲ" မြင့်မြတ်သောနှလုံးသားနန်းတော်၏ အကြီးအကဲ တစ်ဦး အနေဖြင့် စစ်တုချဲဟာ ရွှေကွင်း၏ တိုက်ခိုက်မှုကို သီသီလေး ရှောင်တိမ်းလိုက်နိုင်ရုံသာ ရှိပေသည်။ သူဟာ ရှူကျစ်ဟွာ နှင့် ရွှေအမြုတေ ရုပ်သေးရုပ်တို့နှင့် တိုက်ခိုက်နေခဲ့ရသည်။
ထို့အပြင် အကယ်၍ သူဟာ ဒီရွှေကွင်းနဲ့ ရိုက်မိရင် သေချာပေါက် ဒဏ်ရာရလိမ့်မယ်လို့ သူ့ရဲ့ အလိုလိုသိစိတ်က ပြောနေခဲ့သည်။
'ဒါက ဘယ်လို ထူးဆန်းတဲ့ ဝိညာဉ်လက်နက်မျိုးလဲ...ဒါက သူ့ကို ခြိမ်းခြောက်မှုတစ်မျိုး ခံစားရအောင် တကယ် လုပ်နိုင်တယ်လား...'
ဒါ့အပြင် သူ့ရှေ့က ဒီသောက်ကျိုးနည်း အမျိုးသားနဲ့ အမျိုးသမီးကို အချိန်တိုလေး အတွင်း သူအနိုင်မယူနိုင်တာတွေ့ရှိလိုက်ရသည်။
'ယီးပဲကွာ..'
အကယ်၍ သူ ဒဏ်ရာ မရထားဘူး ဆိုရင် တိုက်ကွက် (၂၀)အတွင်း ဒီလူနှစ်ယောက်ကို သူ သေချာပေါက် အနိုင်ယူနိုင်ပေမည်။
ဒါပေမဲ့...
စစ်တုချဲ၏ မျက်နှာက ရုတ်တရက် ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။ ထို့နောက် ရှူကျစ်ဟွာနှင့် ရွှေအမြုတေလူသား ရုပ်သေးရုပ်ကို လက်ဝါးတစ်ချက်ဖြင့် အလျင်အမြန် တွန်းထုတ်လိုက်လေသည်။
ထို့နောက် သူဟာ မီတာ ရာပေါင်းများစွာအကွာသို့ အလျင်အမြန် ဆုတ်ခွာလိုက်၏။ သူ့ညာလက်ကို လှုပ်ခါလိုက်ရာ ဆေးလုံး တစ်လုံး လေထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။
သူ ဆေးလုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်ရာ သူ့ရဲ့ အနည်းငယ် ဖြူဖပ်ဖြူရော် ဖြစ်နေသည့် မျက်နှာက ပြန်ကောင်းလာခဲ့သည်။
ဒါပေမဲ့ အမြင်ရှိသည့်ရှိတဲ့ ဘယ်သူမဆို သူ့အော်ရာက မတည်ငြိမ်ကြောင်း မြင်တွေ့နိုင်လေသည်။
မဟုတ်ပါက ရွှေအမြုတေအဆင့် (၁၀) ကျင့်ကြံသူ တစ်ယောက်ရဲ့ ခွန်အားနဲ့ ဆိုရင် ရွှေအမြုတေ ရုပ်သေးရုပ်နဲ့ ရှူကျစ်ဟွာကို ချက်ချင်း အနိုင်ယူနိုင်ပေမည်။
"နန်းတော်ရဲ့ ခွေးမသားတွေ သေလိုက်ကြတော့.."
စစ်တုချဲ ကျယ်လောင်စွာ ဆဲရေးလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက အပြည့်အဝ ပြန်လည် မသက်သာသေးပေ။ ဘာလို့လဲဆိုတော့ ဒါက နန်းတော်က မူလဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက်ကြောင့် ရရှိခဲ့တဲ့ ဒဏ်ရာတွေ ဖြး်တာကြောင့်ပင်။
ဒီလိုဒဏ်ရာမျိုးက သူ့ဝိညာဉ်ကိုတောင် ထိခိုက်စေခဲ့ပြီး အချိန်အတော်ကြာ ပြန်လည် မသက်သာအောင် ဖြစ်စေခဲ့သည်။
ဒီအချိန်မှာ အခြေအနေ မမှန်ကန်ကြောင်း ရှူကျစ်ဟွာ သတိပြုမိလိုက်က။ သူမဟာ နောက်ထပ် တုန်လှုပ်စရာ ကောင်းတဲ့ သတ်ဖြတ်ခြင်း လှုပ်ရှားမှုတစ်ခုနဲ့ ချက်ချင်း တိုက်ခိုက်လိုက်သည်။
စစ်တုချဲ အလျင်အမြန် ကာကွယ်လိုက်သည်။ သို့သော် နောက်တစ်ခဏတွင် ရွှေကွင်းက ရုတ်တရက် တိုက်ခိုက်လာခဲ့လေသည်။
၎င်းနောက်တွင် သိပ်သည်းသော သွေးချီများ ထုတ်လွှတ်နေသည့် သွေးရောင်ပုတီးစေ့တစ်လုံး ပါလာခဲ့သည်။
အဲဒီ သွေးပုတီးစေ့ကို မြင်လိုက်ရတဲ့ အခါ သူတွေးမိလိုက်သည်က.. ဘယ်ဘက်က မိစ္ဆာကျင့်ကြံသူလဲဆိုတာပင်........
ဘာလို့ ဒီသွေးပုတီးစေ့က မိစ္ဆာလမ်းစဉ်ရဲ့ ဝိညာဉ်လက်နက်တစ်ခုနဲ့ တူနေရသည်နည်း။
စစ်တုချဲ နောက်တစ်ကြိမ် ကာကွယ်လိုက်ရသည်။
အချိန်တိုင်း သူ တိုက်ခိုက်မှုတွေကို ခုခံကာကွယ်နိုင်ပေမယ့် သူဟာ အမြဲတမ်း ခံစစ်အနေအထား မှာ ရှိနေကြောင်း မြင်တွေ့နိုင်လေသည်။
သူ့ခန္ဓာကိုယ်ထဲက ဒဏ်ရာတွေက သူ့ခွန်အားကို အချိန်တိုင်း ထိခိုက်စေပြီး အကြီးအကျယ် ကန့်သတ်ခံထားခဲ့ရသည်။
အချိန်တိုလေး အတွင်း နှစ်ဖက်စလုံး အချီဒါဇင်ပေါင်းများစွာ တိုက်ခိုက်နေခဲ့ကြသည်။
ကြောက်မက်ဖွယ် နောက်ဆက်တွဲ အကျိုးဆက်က အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့သွားပြီး ယွမ်ယင်း ခရိုင်တစ်ခုလုံးကို ဖြတ်ကျော်တိုက်ခတ်သွားသည့် ဟာရီကိန်း မုန်တိုင်း တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဒီလို အခြေအနေမျိုးမှာ... မြေပြင်ပေါ် သတိမေ့လဲကျနေတဲ့ လူတချို့ သို့မဟုတ် အားနည်းတဲ့ ကျင့်ကြံသူတွေ ရှောင်လွှဲလို့ မရနိုင်ဘဲ ထိခိုက်သွားကြရသည်။
သို့သော် သူတို့ မတတ်နိုင်ပေ။ သူတို့ ကိုယ့်ကိုယ်ကိုယ် ကံဆိုးတယ်လို့ပဲ သတ်မှတ်ရပေမည်။
"သေစမ်း..."
ဒီလို ခံစစ်သက်သက် အခြေအနေမျိုးမှာ စစ်တုချဲ နောက်ဆုံးတော့ အခွင့်အရေး တစ်ခု ရှာတွေ့လိုက်သည်။ ဘာမှ မပြောဘဲ သူလက်ဝါးဖြင့် ရိုက်ထုတ်လိုက်ရာ ရှူကျစ်ဟွာနှင့် ရွှေအမြုတေလူသား ရုပ်သေးရုပ်တို့ဟာ အလျင်အမြန် ရှောင်တိမ်းလိုက်ကြရသည်။
ထို့ကြောင့် စစ်တုချဲ ဆိုးရွားတဲ့ ခံစားချက် တစ်ခုခံစားလိုက်ရသည်။
ဒီနေရာက ဝိညာဉ်ဓားဂိုဏ်းနဲ့ နီးကပ်လွန်းတာကြောင့် သူဟာ အရင်က သိပ်အသံတိတ်နေခဲ့လေသည်။
အကယ်၍ သူဟာ ထင်ပေါ်လွန်းနေရင် ဝိညာဉ်ဓားဂိုဏ်းက ကျွမ်းကျင်သူတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်မိမှာ သူဟာ စိုးရိမ်ခဲ့ရသည်။
သို့သော် အခု ဒီလောက် ကြီးမားတဲ့ တိုက်ပွဲကြောင့် ဝိညာဉ်ဓားဂိုဏ်းရဲ့ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်မိပေလိမ့်မည်။
အကယ်၍ ဝိညာဉ်ဓားဂိုဏ်းရဲ့ မူလဝိညာဉ် အဆင့် ကျွမ်းကျင်သူ တိုက်ခိုက်လာရင်... သူ သေချာပေါက် ဇာတ်သိမ်းရပေမည်။
စစ်တုချဲ ဒီသောက်ကျိုးနည်း ရွှေအမြုတေ ကျင့်ကြံသူ စုံတွဲကို သတ်ချင်နေပေမယ့် သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက ဒီဖြစ်နိုင်ချေကို သုညနီးပါး ဖြစ်သွားစေတယ်ဆိုတာ သူ သိပေသည်။
သူ အံ့ကြိတ်လိုက်ပြီး သူ့မျက်နှာတွင် အမုန်းတရားနှင့် မလိုလားအပ်မှုများ ပြည့်နှက်နေခဲ့သည်။
စူးရှသည့် မျက်လုံးတစ်စုံဖြင့် ရှူကျစ်ဟွာနှင့် ရွှေအမြုတေ ရုပ်သေးရုပ်ကို စိုက်ကြည့်နေခဲ့သည်။ သူတို့၏ မျက်နှာတွေကို သူ့စိတ်ထဲ ထွင်းထုထားပြီး သူတို့ မျက်နှာတွေကို ထာဝရ မှတ်မိနေချင်သလိုပင်။
ထို့နောက် တုန်လှုပ်စရာ ကောင်းသည့် အော်ရာ တစ်ခု သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး ချက်ချင်းပင် သူရဲ့ အမြင့်ဆုံး တိုက်ခိုက်မှုတစ်ခုကို ပြင်ဆင်လိုက်သည်။
ကြောက်မက်ဖွယ် မိစ္ဆာချီလှိုင်းထွက်ပေါ်လာပြီး ယွမ်ယင်းခရိုင် တစ်ဝက်လောက်ကို လွှမ်းခြုံသွားသလိုပင်။
စစ်တုချဲဟာ ရှူကျစ်ဟွာနှင့် ရွှေအမြုတေ ရုပ်သေးရုပ်ထံ တိုက်ခိုက်မှု ထုတ်လွှတ်ပြီးနောက် ချက်ချင်း အနက်ရောင် မီးခိုးတစ်မျှင် အဖြစ် ပြောင်းလဲသွားပြီး အလင်းတန်းတစ်ခုကဲ့သို့ ပျံသန်းထွက်ခွာသွားခဲ့သည်။
သူ သွားကို စေ့ထားပြီး ကြီးမားတဲ့ သွေးရောင် ခေါင်းလောင်းကြီးကိုတောင် ပစ်ချထားခဲ့လေသည်။
သူဟာဒီခေါင်းလောင်းကြီးအပေါ်စွမ်းအင်တွေနဲ့ကြိုးစားအားထုတ်မှုတွေအများကြီးအသုံးပြုခဲ့ရရာသဘာဝကျစွာနဲ့ဒီအတိုင်းစွန့်ပစ်လိုက်ရတာကအလွန်နာကျင်စရာကောင်းပေမဲ့မတက်နိုင်တော့ပေ။