အခန်း ၁၅၉ : မိစ္ဆာနှင့်တိုက်ခိုက်ခြင်း၊ ဒေါသအိုးပေါက်ကွဲနေသည့် ရွှေအမြုတေအဆင့် မိစ္ဆာ
ဝိညာဉ် အများအပြား အရပ်မျက်နှာ အသီးသီးဆီ ပြန့်ကျဲသွားသည်ကို သူဟာ မျှော်လင့်ချက်မဲ့စွာ ကြည့်နေခဲ့ရလေသည်။
ဘယ်ကမှန်းမသိသည့် ရွှေအမြုတေအဆင့်ကျင့်ကြံသူ နှစ်ယောက်၏ တိုက်ခိုက်မှုအောက်၌ အက်ကြောင်းများပေါ်နေပြီ ဖြစ်သည့် ကြီးမားသော သွေးရောင် ခေါင်းလောင်းကြီးကို ကြည့်ပြီး စစ်တုချဲ ဒေါသထွက်သွားခဲ့ရသည်။ လူတစ်ယောက်ကို ဝါးမျိုးတော့မည့် အလား ရက်စက်ကြမ်းကြုတ်သည့် မျက်နှာအမူရာဖြင့် သူ ရုတ်တရက် ခေါင်းမော့လိုက်၏။
သူ့ဟာ သူ့ရှေ့ရှိ ကောင်းကင်ယံတွင် ရင်းနှီးခြင်း မရှိသည့် ပုံရိပ်နှစ်ခု လေထဲတွင် ရပ်နေကြောင်း တွေ့လိုက်ရသည်။
အဲဒီ ရင်းနှီးခြင်း မရှိတဲ့ ကျင့်ကြံသူ နှစ်ယောက်စလုံးဟာ ရွှေအမြုတေ အဆင့်မှာ ရှိနေကြောင်း သူ တစ်ချက်တည်းနဲ့ ပြောနိုင်လေသည်။
ဒါ့အပြင် တစ်ဖက်လူတွေက မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူတွေ မဟုတ်ပေ။
သူတို့က သောက်ကျိုးနည်း လမ်းမှန်ကျင့်ကြံသူတွေပင်။
အရေးကြီးတဲ့ အချိန်မှာ လူနှစ်ယောက် တကယ် ပေါ်လာလိမ့်မယ်လို့ စစ်တုချဲ မျှော်လင့်မထားခဲ့ချေ။
ထို့အပြင် ဒါက သူ့မျှော်လင့်ချက်ကို ကျော်လွန်နေခဲ့သည်။
ဒီနေရာက ဝိညာဉ်ဓားဂိုဏ်းနဲ့ သိပ်မဝေးဘူး ဆိုတာသိပေမယ့် သူ ကောင်းကောင်း တွက်ချက်ထားပြီး ဝိညာဉ်ဓားဂိုဏ်းက ကျွမ်းကျင်သူတွေ ရောက်လာတဲ့ အချိန်မှာသူ ထွက်ပြေးသွားတာ ကြာလောက်ပေပြီ။
ဒ'ါပေမဲ့ အခု သူတို့ ဘာလို့ ဒီလောက် မြန်မြန် ရောက်လာကြတာလဲ....'
ဒါက သူ စိတ်ကူးထားတာနဲ့ မတူပေ။
'မဟုတ်ဘူး...'
ကောင်းကင်ပေါ်က ရွှေအမြုတေကျင့်ကြံသူ နှစ်ယောက်က သူ စိတ်ကူးထားတဲ့ ဝိညာဉ်ဓားဂိုဏ်းက ကျွမ်းကျင်သူတွေ မဟုတ်ကြောင်း စစ်တုချဲ သတိထားမိလိုက်သည်။ သူတို့ရဲ့ အဝတ်အစားတွေက ဘယ်ဂိုဏ်းနဲ့မှ မသက်ဆိုင်သလိုပင်။
'လေလွှင့်ကျင့်ကြံသူတွေလား..'
ရွှေအမြုတေအဆင့် လေလွှင့်ကျင့်ကြံသူ နှစ်ယောက်....
"သောက်ကျိုးနည်းကွာ"
ကြီးမားတဲ့ သွေးရောင် ခေါင်းလောင်းကြီးပေါ်က အက်ကြောင်းက ပိုပို ကြီးမားလာတာ ကြည့်ပြီး မူလက ခေါင်းလောင်းကြီးထဲ အကျဉ်းချခံထားရတဲ့ ဝိညာဉ်တွေ ထိန်းချုပ်မရဘဲ အက်ကြောင်းထဲကနေ တစ်ခုပြီး တစ်ခု ပျံထွက်သွားတာကို သူ မျှော်လင့်ချက်မဲ့စွာ ကြည့်နေခဲ့ရသည်။
သူဟာ ဒေါသထွက်ပြီး စိုးရိမ်ပူပန်နေကာ ပျံထွက်သွားတဲ့ ဝိညာဉ်တွေကို ခေါင်းလောင်းကြီးထဲ ပြန်ထိုးထည့်ချင်စိတ် ပေါက်နေသလို ဖြစ်နိုင်ပါက အက်ကြောင်းကို ဖာထေးဖို့ တံတွေးတစ်လုပ်ပင် ထွေးထုတ်ချင်စိတ် ပေါက်နေခဲ့လေသည်။
ဒါပေမဲ့ သူက လက်နက်သန့်စင်တာကို မကျွမ်းကျင်ရာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မတတ်နိုင်တော့ပေ။
သူဟာ ကူကယ်ရာမဲ့စွာဖြင့်သာ ကြည့်နေနိုင်ပေသည်။
သူဟာ နန်းတော်လက်ကနေ ထွက်ပြေးတုန်းက မြင့်မြတ်သောနှလုံးသား နန်းတော်ထဲကနေ ဒီထူးဆန်းတဲ့ ဝိညာဉ်လက်နက်ကို တိတ်တဆိတ် ယူဆောင်လာခဲ့တာဖြစ်ပြီး ဒီခေါင်းလောင်းကြီးက လူတွေရဲ့ ဝိညာဉ်တွေကို စုပ်ယူပြီး အကျဉ်းချထားနိုင်တယ် ဆိုတာပဲ သူ သိလေသည်။
ဒါ့အပြင် ဒီဝိညာဉ်တွေကို တုန်လှုပ်စရာ ကောင်းတဲ့ စွမ်းအား တစ်ခု အဖြစ် သန့်စင်နိုင်ပြီး ဒီစွမ်းအားကနေတဆင့် သူ့ဒဏ်ရာတွေကို ကုသနိုင်ပြီး မူလဝိညာဉ် အဆင့်ကို သေချာပေါက် အဆင့်ချိုးဖျက်နိုင်စေပေမည်။
ဒါပေမဲ့ ကိစ္စရပ်တွေက သူ ဖြစ်စေချင်သလို ဖြစ်မလာခဲ့ပေ။
သူ ကောင်းကောင်း တွေးတောခဲ့ပြီး ကောင်းကောင်း စီစဉ်ခဲ့သလို ကောင်းကောင်းလည်း စီမံကိန်းချခဲ့ပေမဲ့ ကံဆိုးစွာဖြင့် စစ်တုချဲမှာ အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်စွမ်း မရှိပေ။ ဒါကြောင့် သူ အရာအားလုံးကို မတွက်ချက်နိုင်ခဲ့ပေ။ ဘယ်ကနေမှန်း မသိ ပေါ်လာတဲ့ ပြင်ပ အကြောင်းအရာအားလုံးကို သူ ထည့်သွင်းမစဉ်းစားနိုင်ခဲ့ပေ။
၎င်းက ချီစုစည်းမှုအဆင့် မိစ္ဆာကျင့်ကြံသူအသေးစားလေးတစ်ယောက်ဆီမှ ပေါက်ကြားသွားလိမ့်မယ်လို့လည်း သူမသိခဲ့ရှာချေ။
အဲဒါက သူ့ရဲ့ မှားယွင်းတဲ့ စိတ်ကူးယဉ်မှုတွေကို လွင့်ပါးသွားစေတဲ့ လိပ်ပြာ သက်ရောက်မှုအများအပြားကို ဆွဲဆောင်လိုက်လေသည်။
"မင်းတို့ နှစ်ကောင်..."
"သောက်ကျိုးနည်းကွာ" စစ်တုချဲ မိုးခြိမ်းသံလို ဟိန်းဟောက်လိုက်ပြီး မိုးကောင်းကင်ထက်က ကတ္တရာစေးလို မည်းနက်နေတဲ့ မိစ္ဆာချီတွေ ပေါက်ကွဲထွက်လာတယ်။
ထို့နောက် ရှေးဦး မိစ္ဆာတစ်ကောင်လို သူဟာ လေထဲ ပျံတက်သွားခဲ့သည်။
သူ့မျက်လုံးတွေက သွေးလို နီရဲနေခဲ့ပြီး မလိုလားအပ်မှုတွေနဲ့ အကြမ်းဖက်မှုတွေနဲ့ ပြည့်နှက်နေခဲ့လေသည်။
"ငါ ဒီနေ့ လုပ်တဲ့ ကိစ္စကို လုပ်ဖို့ အချိန်တွေ စွမ်းအင်တွေ အများကြီး အသုံးပြုခဲ့ရတာကွ... ကြွက်တစ်ကောင်လို အမှောင်ထဲမှာ ပုန်းအောင်းပြီး ဒီမင်းဆက်တွေရဲ့ ခရိုင်ရုံးတော်တွေကို ဖြည်းညှင်းစွာ ထိန်းချုပ်ဖို့ လူတွေကိုတောင် အမိန့်ပေးခဲ့ရတာ"
"ရက်အနည်းငယ် အတွင်း အရာအားလုံးကို တိတ်တဆိတ် လုပ်ဆောင်နိုင်အောင် ငါ လုပ်ခဲ့တာ... အဲဒီအချိန်ကျရင် အဲဒီ သူတော်ကောင်း ယောင်ဆောင်တဲ့ကောင်တွေသတိပြန်ဝင်လာရင်တောင် အရမ်း နောက်ကျသွားလောက်ပြီ"
"ပြီးတော့ အဲဒီအချိန်ကျရင် ငါက မူလဝိညာဉ်အဆင့် တန်ခိုးရှင်တစ်ယောက် ဖြစ်နေလောက်ပြီ"
"ငါ့ကိုယ်ပိုင် ခွန်အားနဲ့ မြင့်မြတ်သောနှလုံးသား နန်းတော်ရဲ့ အလံသစ်တစ်ခုကို ငါ ထောင်ထားနိုင်တော့မှာကွ။ ဒါပေမဲ့...ဒါပေမဲ့"
သူ့မျက်နှာက ရူးသွပ်နေတဲ့ မိစ္ဆာတစ်ကောင်လို ရက်စက်ကြမ်းကြုတ်နေခဲ့သည်။ သူ့မျက်နှာအမူရာကို ကြည့်ခြင်းအားဖြင့် သူဆီ၌ ဆင်ခြင်တုံတရား ရှိနေသေးလား ဆိုတာ ပြောဖို့ မဖြစ်နိုင်တော့ပေ။
သာမန် အခြေအနေမျိုးမှာ ဒီမိစ္ဆာကျင့်ကြံသူတွေက သူတို့ ကျင့်ကြံနေစဉ်အတွင်း ရူးသွပ်သွားတတ်ကြပြီး သူတို့ရဲ့ စိတ်အခြေအနေကို အကြီးအကျယ် ပြောင်းလဲသွားစေခဲ့သည်။ ဒါကြောင့်လည်း သူတို့က သစ္စာဖောက်ပြီး မိစ္ဆာလမ်းစဉ်ကို လျှောက်လှမ်းခဲ့ကြခြင်းပင်။
ဒီမိစ္ဆာကျင့်ကြံသူတွေရဲ့ စိတ်မှာ တစ်ခုခု မှားယွင်းနေပြီး
သာမန်စိတ်ရှိတဲ့ မိစ္ဆာကျင့်ကြံသူက အလွန်နည်းပါးပေသည်။ သူတို့က ကံကြမ္မာသားတော်၊သမီးတော်များထက်တောင် ပိုရှားပါးလေသည်။
သူ့လေသံက ပြောင်းလဲသွားပြီး သတ်ဖြတ်လိုစိတ်တွေ ပြည့်နှက်နေခဲ့သည်။
"ဒါပေမဲ့... မင်းတို့ နှစ်ကောင်က ဘာလို့ ဒီလို အရေးကြီးတဲ့ အချိန်မှာ ပေါ်လာရတာလဲ.... မင်းတို့က ခွေးတွေ.... မင်းတို့ သေသင့်တယ်....သေသင့်တယ်.... သေသင့်တယ်.... သေသင့်တယ်ကွ..."
ဒီအချိန်မှာ သူဟာ လှုပ်ရှားလိုက်ပြီး လျှပ်စီးလက်သလို မြန်ဆန်တဲ့ အရှိန်အဟုန်နဲ့ မိစ္ဆာမြူခိုးတစ်ခု အဖြစ် ပြောင်းလဲသွားပြီး သူတို့ဆီ တည့်တည့် ဝင်တိုက်လိုက်၏။ ကတ္တရာစေးလို မည်းနက်နေတဲ့ မိစ္ဆာချီတွေက ကောင်းကင်ကို ဖုံးလွှမ်းသွားနိုင်သည့် ကြီးမားသည့် ဧရာမလက်သည်းကြီးတစ်ခု အဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းက ရွှေအမြုတေရုပ်သေးရုပ်နဲ့ ရှူကျစ်ဟွာဆီသို့ တည့်တည့် ရိုက်ချလိုက်လေသည်။
မိစ္ဆာရဲ့ ကြောက်မက်ဖွယ် အရှိန်အဝါကက လူတွေကို ကြက်သီးထသွားစေနိုင်ပေသည်။ ကံကောင်းစွာနဲ့ ရှူကျစ်ဟွာက ရွှေအမြုတေအဆင့် (၆) ကျင့်ကြံသူ တစ်ယောက်ဖြစ်ပြီး ရွှေအမြုတေရုပ်သေးရုပ်က ရွှေအမြုတေအဆင့် (၁) မှာပဲ ရှိသေးပေမယ့် အထူး ဝိညာဉ်လက်နက်နှစ်ခုရဲ့ အကူအညီနဲ့ဖြစ်တာကြောင့် မိစ္ဆာနဲ့ အချိန်တိုလေး ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခဲ့ကြသည်။
အထူးသဖြင့် ရွှေကွင်းက တစ်ခါသုံး ဝိညာဉ်လက်နက်တစ်ခုဖြစ်လေသည်။ ၎င်းက တစ်ခါသုံး ဝိညာဉ်လက်နက် ဖြစ်ရတဲ့ အကြောင်းရင်းက အချိန်တိုလေး အတွင်း တုန်လှုပ်စရာ ကောင်းတဲ့ စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာနိုင်လို့ပင်။
ဒီစွမ်းအားက ရွှေအမြုတေအဆင့် ဘယ်ကျင့်ကြံသူ နဲ့ မဆို ယှဉ်ပြိုင်ဖို့ လုံလောက်ပေသည်။
ထို့ကြောင့် ရွှေအမြုတေအဆင့် မိစ္ဆာကလည်း ခြွင်းချက် မဟုတ်ပေ။
ရှူကျစ်ဟွာနဲ့ ရွှေအမြုတေလူသားရုပ်သေးရုပ်ဟာ မိစ္ဆာရဲ့ ကောင်းကင်ဖုံးလွှမ်း မိစ္ဆာလက်သည်းနဲ့ ရင်ဆိုင်ရတဲ့ အခါ သူတို့ နှစ်ယောက်စလုံး ဒီတိုက်ခိုက်မှုကို တပြိုင်နက်တည်း ခုခံကာကွယ်ဖို့ရွေးချယ်လိုက်ကြပြီး စွမ်းအား သုံးခု အမှတ်တစ်ခုတည်းမှာ တိုက်မိသွားခဲ့ကြသည်။
ထိုပေါက်ကွဲမှုရဲ့ ကြီးမားတဲ့ နောက်ဆက်တွဲ အကျိုးဆက်က ကျန်တဲ့ လူတွေကို တုန်လှုပ်သွားစေခဲ့လေသည်
...
"ရင်းနှီးခြင်း မရှိတဲ့ ရွှေအမြုတေအဆင့်ကျင့်ကြံသူ နှစ်ယောက် သေချာတယ်... သူတို့က ငါ့ရဲ့ ဝိညာဉ်ဓားဂိုဏ်းက လူတွေ လုံးဝ မဟုတ်ဘူး"
အကွာအဝေးက တကယ် ဝေးလွန်းတာကြောင့် ချန်ချန်ရွှယ်ဟာ ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သူမဟာ ဝါးတားတား ပုံရိပ်တချို့ကိုပဲ မြင်ရလေသည်။
ဒါက အခြေတည်အဆင့် အဆင့် (၃) ကျင့်ကြံသူ တစ်ယောက် အနေနဲ့ သူမရဲ့ ထူးကဲတဲ့ အမြင်အာရုံကြောင့်ပင်။
အကယ်၍ သူမ သာမန်လူ တစ်ယောက်သာ ဆိုရင် ဝေးလံတဲ့ ကောင်းကင်ယံမှာ ထူးဆန်းတဲ့ အလင်းတန်း တစ်ခု လက်ခနဲ ဖြစ်သွားတာလောက်ပဲ မြင်ရမှာဖြစ်သလို နားကွဲလုမတတ် ဟိန်းဟောက်သံတစ်ခုကိုသာ ကြားရပေမည်။
"နောက်ဆက်တွဲ တုန်ခါမှုက ဒီနေရာကိုတောင် သက်ရောက်နေတယ်..."