အခန်း ၁၅၁ : ယန်ချင်းခရိုင်မှာ ကိစ္စကြီး ဖြစ်သွားပြီ
အတွင်းပိုင်းရှိ လူတိုင်းက အသားနှင့် သွေးရှိသည့် သူများ ဖြစ်ကြကာ အားလုံးက လူသား အစစ်အမှန်များ ဖြစ်ကြလေသည်။
ထို့အပြင်။
ရှူကျစ်ဟွာ၏ စကားများကို ကြားပြီးနောက် သူ ပြုပြင်မွမ်းမံခဲ့သည့် မှတ်ဉာဏ်များ အသက်ဝင်ခဲ့ကြောင်း ပိုင်ယီ သိလိုက်၏။
ရှူကျစ်ဟွာ၏ မှတ်ဉာဏ် အသစ်ထဲတွင် သူမ ယခင် ရှိခဲ့ဖူးသည့် ကျင့်ကြံခြင်း ကမ္ဘာက မိစ္ဆာလမ်းစဉ်၏ ကြီးမားသော ရှင်းလင်းသုတ်သင်မှုတစ်ခုကို ခံစားခဲ့ရသည်။ ၎င်းက ဖြောင့်မတ်လမ်းစဉ်ကျင့်ကြံသူများ အတွက် ကြီးမားသည့် ကပ်ဘေး တစ်ခု ဖြစ်ခဲ့လေသည်။
ဝိညာဉ်ဂိုဏ်း ထိခိုက်ခံစားခဲ့ရရုံ သာမက ချီဂိုဏ်းကဲ့သို့သော ဂိုဏ်းများပင် အဲဒီ ကပ်ဘေးကြီးထဲမှာ လုံးဝ သုတ်သင်ရှင်းလင်း ခံခဲ့ရသည်။
ကျင့်ကြံခြင်းဂိုဏ်းပေါင်းရာကျော် ာ အဲဒီ ကပ်ဘေးကြီးထဲမှာ လုံးဝ သုတ်သင်ရှင်းလင်း ခံခဲ့ရပြီး ခြေရာလက်ရာ တစ်ခုလေးတောင် မကျန်ရစ်ခဲ့ပေ။
ပိုင်ယီနှင့် သူမသာ အသက်ရှင်ကျန်ရစ်သူ နှစ်ယောက် ဖြစ်၌သည်။
နောက်ပိုင်းတွင်။
သူတို့ နှစ်ဦးဟာ သီးခြား ကိစ္စရပ်များကြောင့် ယာယီ လမ်းခွဲခဲ့ကြသည်။ ရှူကျစ်ဟွာက ကျယ်ပြောလှသည့်ကျင့်ကြံခြင်း ကမ္ဘာကြီးထဲတွင် တစ်ကိုယ်တည်း လှည့်လည်သွားလာနေခဲ့သည်။
ပိုင်ယီက သူမ၏ မှတ်ဉာဏ်ထဲတွင် အတွေး (၂) ခုကိုလည်း တံဆိပ်ခတ်နှိပ်ထားခဲ့သည်။
၁။ အဲဒီနေရာကို ဘယ်တော့မှ ပြန်မသွားနဲ့။
၂။ အသေးစိတ် အချက်အလက်တွေကို ဘယ်တော့မှ ပြန်မတွေးနဲ့။
ဒီနည်းလမ်းနဲ့ ဆိုရင်..ပြီးပြည့်စုံပေသည်။
လူတစ်ယောက်ရဲ့ မှတ်ဉာဏ်ကို ပြုပြင်မွမ်းမံပြီးတဲ့ နောက် သူမက တူညီတဲ့ လူတစ်ယောက် ဖြစ်နေဦးမည်လော့။
သူ့ရှေ့ရှိ ရှူကျစ်ဟွာကို ကြည့်ပြီး ပိုင်ယီ အပြုံးတစ်ခု ထုတ်ဖော်ပြသလိုက်ကာ ပြောလိုက်သည်။ "အကယ်၍ ဆရာ စိတ်မရှိဘူး ဆိုရင် ချင်းဟယ် ခရိုင်လို နေရာလေးကို ဆရာ စိတ်မကွက်ဘူး ဆိုရင် ဆရာ ကြိုက်သလောက် အချိန်ကြာကြာ ဒီမှာ နေလို့ ရပါတယ်"
"ငါက အိမ်ခြေရာမဲ့တစ်ယောက်ပါ.. ဘယ်လိုလုပ် စိတ်ကွက်နေလို့ ရမှာလဲ" ရှူကျစ်ဟွာ ခေါင်းခါလိုက်ပြီး ရိုးသားစွာ ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ်"
သူတို့ နှစ်ယောက် အချင်းချင်း ဆရာနှင့် တပည့် ဟု ခေါ်ဝေါ်နေကြသော်လည်း ဝိညာဉ်ဂိုဏ်း မရှိတော့ပေ။
ထို့ကြောင့် သူတို့ နှစ်ဦးကြားတွင် အထက်လူကြီးနှင့် လက်အောက်ငယ်သား ဆက်ဆံရေးမရှိတော့ပေ။
သူတို့က ပြန်လည် ဆုံတွေ့ကြတဲ့ သူငယ်ချင်းတွေနဲ့ ပိုတူနေခဲ့သည်။
အရှင်းဆုံးပြောရပါက ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတဲ့ သူငယ်ချင်းတွေပင်.........
ပိုင်ယီ သူမကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်၏။ ထို့နောက် ဝိညာဉ်လက်ဖက်ရည်တစ်အိုး နှပ်ရန် ပြင်ဆင်နေစဉ် ရှူကျစ်ဟွာက သူ့ကို တားဆီးလိုက်သည်။
ရှူကျစ်ဟွာ ဘယ်ကနေမှန်း မသိ ဘူးသီးခြောက်နှစ်လုံး ထုတ်ယူလိုက်ပြီး အဆို့များကို တပြိုင်နက်တည်း ဖွင့်လိုက်ရာ ဝိုင်ရနံ့ တစ်ခု လေထုထဲ ပြည့်နှက်သွားခဲ့သည်။
ဒီအချိန်မှာ ရှူကျစ်ဟွာရဲ့ ခါးမှာ ချိတ်ဆွဲထားတဲ့ သိုလှောင်အိတ်တစ်လုံး ရှိနေတာကို ပိုင်ယီ သတိပြုမိလိုက်ပြီး ဒါက သူ့ကို လန့်ဖျပ်သွားစေလေသည်။
အကယ်၍ သူ့ခန့်မှန်းချက် မှန်ကန်ရင် ဝိညာဉ်ဂိုဏ်းရဲ့ နောက်ဆုံး လက်ကျန် ပိုင်ဆိုင်မှုတွေ က ဒီသိုလှောင်အိတ်ထဲမှာ ရှိနေမည်ပင်။
"ဒါကို သောက်လိုက်" ရှူကျစ်ဟွာ တခြား ဘာမှ မပြောဘဲ ဝိုင်ဘူးသီးခြောက် တစ်လုံးကို ပိုင်ယီရဲ့ ရင်ခွင်ထဲ ထိုးထည့်ပေးလိုက်သည်။
ထို့နောက် တခြား ဘာမှ မပြောဘဲ သူမ တစ်ငုံမော့သောက်လိုက်သည်။
တောက်ပနေသည့် ဝိုင်တစ်စက် တွဲခိုနေသည့် သူမ၏ ချယ်ရီရောင် နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှားသွားပြီး သူမ၏ နှလုံးသား အောက်ခြေမှ ပြုံးလိုက်သည်။ "မင်း ဆရာနဲ့ အတူ မသောက်ရတာ နှစ်ပေါင်းများစွာ ကြာပြီ.... ဒီည မင်း စိတ်ကြိုက် သောက်လိုက်"
"အတိတ်အကြောင်း ပြောတာတွေ တခြား အဓိပ္ပာယ်မရှိတဲ့ စကားတွေအတွက် ဆိုရင်တော့....ဒီည မပြောကြစို့နဲ့.... ငါတို့ အနာဂတ်မှာ ပြောကြတာပေါ့"
ပိုင်ယီ သူ့လက်ထဲက ဘူးသီးခြောက်ကို ကြည့်လိုက်ရာ သူ မှတ်မိလိုက်လေသည်။
သူဟာ ရှူကျစ်ဟွာနဲ့ အတူ ဝိညာဉ်ဝိုင် ပထမဆုံး အကြိမ် သောက်တုန်းက နောက်တစ်နေ့မှာ အကြောင်းပြချက် အမျိုးမျိုးကြောင့် သူတို့ နှစ်ယောက်လုံး မတ်တတ် မရပ်နိုင်ခဲ့ကျပေ။
သူလည်း တစ်ငုံ သောက်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "ကောင်းပါပြီ ကျွန်တော်တို့ အနာဂတ်မှာ ပြောကြတာပေါ့"
"..."
...
နောက်တစ်နေ့တွင်။
ပိုင်ယီ နိုးလာသောအခါ မူးဝေခြင်းကြောင့် နေမကောင်း ဖြစ်ခြင်းတစ်စုံတစ်ရာ မခံစားရပေ။ ထိုအစား သူဟာ စိတ်လက်ပေါ့ပါးပြီး ပျော်ရွှင်နေသည်ဟု ခံစားလိုက်ရသည်။ မနေ့ညက သူ့ဆရာ၏ ဝိညာဉ် ဝိုင်ကို သောက်ပြီးနောက် ဒီမနက် သူ့ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအား အများကြီး တိုးပွားလာကြောင်း သူ တွေ့ရှိလိုက်ရ၏။
ပိုင်ယီဟာ ကုတင်ပေါ်တွင် တစ်ယောက်တည်း ဖြစ်နေခဲ့သည်။ အကယ်၍ သူ့ဘေးနားရှိ အနည်းငယ် တွန့်ကြေနေသည့် စောင်ကြောင့်သာ မဟုတ်လျှင်... မနေ့ညက သူ ရရှိခဲ့သည့် တွက်ချက်ခြင်း ဆုလာဘ်က အိမ်မက်တစ်ခုသာ ဖြစ်သည်ဟု သူ ထင်မှတ်မိပေလိမ့်မည်။
ပိုင်ယီ သူ့ဝိညာဉ် အာရုံခံစားမှုကို အသုံးပြုပြီး အာရုံခံကြည့်ရာ ရှူကျစ်ဟွာ အိမ်မှ ထွက်ခွာမသွားသေးကြောင်း တွေ့ရှိလိုက်ရ၏။ ထိုအစား သူမဟာ အိမ်ထဲတွင် တစ်စုံတစ်ရာကို ကလိနေခဲ့သည်။
သူ ကြည့်ရှုရန် အပြင်ထွက်လာခဲ့လေသည်။ ရှူကျစ်ဟွာက အိမ်ထဲတွင် အစီအရင်တစ်ခု တပ်ဆင်နေကြောင်း သူ တွေ့ရှိလိုက်ရသည်။
သူ့ဘက်သို့ ကျောပေးထားသည့် ရှူကျစ်ဟွာက သူ နိုးလာကြောင်း သိပုံရလေသည်။ သို့ပေမဲ့ သူမ အလုပ်ရှုပ်နေတာကြောင့် ခေါင်းမလှည့်ဘဲ ပြောလိုက်သည်။ "မင်း ဒီနှစ်တွေ အားလုံး အစီအရင် လမ်းစဉ်ကို တကယ် လေ့ကျင့်ခဲ့တာလား"
"အစီအရင်နဲ့ ပတ်သက်တဲ့ မင်းရဲ့ အခြေခံအုတ်မြစ်က အတော်လေး ကောင်းမွန်ပါတယ်... ဒါပေမဲ့ အစီအရင်နဲ့ ပတ်သက်ပြီး မင်းရဲ့ နားလည်မှုက လုံလောက်အောင် မနက်ရှိုင်းသေးဘူး... မင်းရဲ့ ဆရာက ဒီဝိညာဉ် စုစည်းခြင်းအစီအရင်ကို အနည်းငယ် အဆင့်မြှင့်တင်ပေးလိုက်မယ်"
"... ပြီးပြီ"
ရှူကျစ်ဟွာ လှည့်ကြည့်ပြီး ပိုင်ယီကို ကြည့်လိုက်၏။ သူမ ဘာဖြစ်နေမှန်း မသိသော်လည်း သူမ တကယ်ပဲ မျက်တောင်ခတ်ပြပြီး ဖုံးကွယ်ခြင်း မရှိဘဲ ပရောပရည် လုပ်သော အကြည့်တစ်ခု ပြုလုပ်လိုက်သည်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ပိုင်ယီက တည်ငြိမ်နေပြီး သူဟာ အရက်နံ့ ရနေတဲ့ သူ့ဆရာရဲ့ ရဲတင်းတဲ့ လုပ်ရပ်တွေကို လုံးဝ လစ်လျူရှုလိုက်သည်။
ဒီအချိန်မှာ သူ အဆိုးမြင် သက်ရောက်မှုအားလုံးကို ခုခံနိုင်စွမ်း ရှိပေသည်။
ထို့အပြင် သူဟာ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲမှာ ရှိတုန်းက ရှူကျစ်ဟွာရဲ့ ရဲတင်းမှုတွေကို ကြာမြင့်စွာကတည်းက နေသားကျနေပေပြီ။
ဝိညာဉ်ဂိုဏ်းဟာ အဲဒီ ပြင်းထန်တဲ့ ထိုးနှက်ချက်ခံရပြီးနောက်ပိုင်း နဲ့ ရှူကျစ်ဟွာ တစ်ယောက်တည်း ဖြစ်သွားကတည်းက သူမ ကိစ္စရပ် အများအပြားကို ဂရုစိုက်ပုံ မရတော့ပေ။
သူမက ကြည့်ရတာ အားကိုးမရတဲ့ပုံ ဖြစ်နေပြီး နှစ်ရာပေါင်းများစွာ အသက်ရှင်ခဲ့တဲ့ လူတစ်ယောက်နဲ့ မတူသလို ဂိုဏ်းသခင် တစ်ယောက်နဲ့လည်း မတူပေ။
သူမက ဝိညာဉ်ဂိုဏ်းကို တာဝန်ယူ အုပ်ချုပ်တုန်းကတောင် ဂိုဏ်းကို တမင်တကာ ဖွံ့ဖြိုးတိုးတက်အောင် မလုပ်ခဲ့ချေ။
ဘာနဲ့ ပိုတူလဲ ဆိုတော့… ဘာကိုမှ ဂရုမစိုက်တဲ့ လူဆိုးမလေးတစ်ယောက်နဲ့ ပိုတူနေခဲ့သည်။
...
တစ်ချိန်တည်းမှာပင်။
ချင်းဟယ် ခရိုင် ရုံးတော်တွင် ဖူရွှမ်နီဟာ သူမလက်ထဲမှ မိစ္ဆာကျင့်ကြံသူများနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ကြည့်နေပြီး သူမ၏ မျက်ခုံးများကို မပွတ်သပ်ဘဲ မနေနိုင်တော့ပေ။"သဲလွန်စထပ်မရှိတော့ဘူးလား.... မနီးမဝေးက ခရိုင်တစ်ခုမှာ နန်းတော် ဧည့်သည်တော်နှစ်ယောက်က မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူ တစ်ယောက်ကို သတ်ခဲ့တယ် ဆိုတာပဲ ရှိတာ..."
"ဖြစ်နိုင်တာက မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူတွေ ဘာမှ ပိုကြီးမားတဲ့ ပူးပေါင်းကြံစည်မှုတွေနဲ့ အစီအစဉ်တွေ မဖွဲ့စည်းထားတာများလား.... ဖြစ်နိုင်တာက... ငါပဲ အတွေးလွန်နေတာများလား"
"ဒါ မမှန်ဘူး..."
ဖူရွှမ်နီ ခေါင်းခါလိုက်ပြီး သူမ၏ ရေရွတ်သံ တဖြည်းဖြည်း ခိုင်မာလာခဲ့သည်။ "ငါ့ရဲ့ ကောက်ချက်ချမှုက မှားယွင်းဖို့ ဆိုတာ မဖြစ်နိုင်ဘူး... ဒီမိစ္ဆာတွေ ကြီးမားတဲ့ ပူးပေါင်းကြံစည်မှု တစ်ခုခု ကြံနေတာဖြစ်ရမယ်"
ရုတ်တရက် ဆူညံသံတစ်ခု အပြင်ဘက်မှ ထွက်ပေါ်လာပြီး ဖူရွှမ်နီ၏ အတွေးများကို အနှောင့်အယှက် ဖြစ်သွားစေသည်။
သူမ မျက်မှောင်ကြုတ်လိုက်ရုံ ရှိသေး အပြင်ဘက်မှ ဆူညံသံ၏ အကြောင်းအရာများက သူမ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်လေသည်။
"သခင်... သခင် ခရိုင်အုပ်ချုပ်ရေးမှူးဧည့်သည်တော် ဝန်ကြီးပိ တစ်ခုခု... တစ်ခုခု ဖြစ်သွားပြီ.... ကိစ္စကြီး တစ်ခု ဖြစ်သွားပြီ.... ဘေးနားက ယန်ချင်းခရိုင်မှာ လူတွေ သေကုန်ပြီ.... လူအများကြီး.... လူအများကြီး......သူတို့ အားလုံး သေကုန်ပြီ..."