အခန်း ၁၄၈ : ဂိုဏ်းပြိုင်ပွဲ စတင်ခြင်း၊ ထိပ်တန်းအဆင့် (၁၀)သို့ ရောက်ရှိခြင်း
"ဆုလာဘ်က အဖိုးတန်တဲ့ ဆေးလုံးတစ်လုံး ဖြစ်နိုင်သလို ကောင်းမွန်တဲ့ ဝိညာဉ်လက်နက် တစ်ခု ဖြစ်နိုင်တယ်"
ပိုင်ယီ ခေါင်းငြိမ့်လိုက်၏။ "ဟုတ်ကဲ့ ဆရာ"
[သင့်ဆရာ ရှူကျစ်ဟွာက ယခင်ကထက် များစွာ ပိုမို စေ့စပ်သေချာစွာနှင့် နက်ရှိုင်းစွာ သင့်ကို သင်ကြားပေးခဲ့ရာ သင်ဟာ များစွာ အကျိုးရှိခဲ့သည်။ သို့သော် ဤဆရာ သင့်ကို ကြည့်သောအခါ သူမ မျက်လုံးထဲရှိ အမူအရာက ဖော်ပြ၍ မရနိုင်သည့် အဓိပ္ပာယ်တစ်ခု ရှိနေသည်ဟု သင်ခံစားလိုက်ရသည်။]
[ရှူကျစ်ဟွာ သင့်ကို နေ့ရောညပါ သင်ကြားပေးပြီးနောက် သင့်ကျင့်ကြံမှုက လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ကျင့်ကြံခြင်း အတွေ့အကြုံကလည်း စတင် တိုးပွားလာခဲ့သည်။]
[ရှူကျစ်ဟွာဟာ သင့်ကို ဂိုဏ်း၏ လျှို့ဝှက်နည်းစနစ်တစ်ခု သင်ကြားပေးခဲ့သည်။ ၎င်းက ဓားကျင့်ကြံခြင်းနည်းစနစ်ထက် အများကြီး နိမ့်ကျသော်လည်း သင် ၎င်းကို သင်ယူခဲ့သည်။]
[အသက် ၂၇ နှစ် - ယနေ့ဟာ ဝိညာဉ်ဂိုဏ်း၏ ယခင် ဂိုဏ်းသခင် သေဆုံးခြင်း နှစ်ပတ်လည်နေ့ ဖြစ်သည်။ ထုံးစံအတိုင်း သင်ဟာ ဂိုဏ်းသခင်၏ အဓိက ခန်းမဆောင်သို့ ရောက်လာသော်လည်း ရှူကျစ်ဟွာက သူမကို နောက်ဘက် ခန်းမဆောင်တွင် ခဏစောင့်ဆိုင်းရန် သင့်ကို ပြောခဲ့သည်။ သင် နေ့ဝက်လောက် စောင့်ဆိုင်းခဲ့သည်။]
[ရှူကျစ်ဟွာ သင့်ကို နောက်ထပ် လျှို့ဝှက် နည်းစနစ်တစ်ခု ထပ်မံ သင်ကြားပေးခဲ့သည်။ သင်က အလွန် ဖြောင့်မတ်သူဖြစ်သည်ဟု ထင်မြင်မိသဖြင့် ဤ လျှို့ဝှက် နည်းစနစ်ကို သင် မသင်ယူလိုပေ..... သို့သော် သင့်ခန္ဓာကိုယ်က သင့်စကား နားထောင်ပုံ မရပေ။]
[သင် အရွယ်ရောက်လာခဲ့ပေပြီ။]
[အသက် ၂၈ နှစ် - တိုတောင်းသော နှစ်နှစ် အတွင်း အဆင့်ချိုးဖျက်ရန် အခွင့်အရေးကို သင် နောက်တစ်ကြိမ် ခံစားလိုက်ရသည်။ ရှူကျစ်ဟွာကိုယ်တိုင် ဤအဆင့်ချိုးဖျက်မှုတွင် သင့်ကို ကူညီပေးခဲ့ပြီး သင့်ကို ကာကွယ်ပေးခဲ့သည်။]
[အဆင့်ချိုးဖျက်မှု အောင်မြင်ပါသည်]
[သင် အခြေတည်အဆင့် (၃) သို့ ရောက်ရှိသွားပါပြီ]
[နှစ်ဝက် အကြာတွင် သင်ညာ ဝိညာဉ်ဂိုဏ်းမှ ထွက်ခွာပြီး သင့်ဓားကို စီးကာ တစ်ကိုယ်တည်း ခရီးထွက်ခဲ့သည်။ သင်ဟာ ချီဂိုဏ်းဟု ခေါ်သည့် ကျင့်ကြံခြင်း ဂိုဏ်းတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ချီဂိုဏ်းက စွမ်းအားကြီးသည့် ကျင့်ကြံခြင်း ဂိုဏ်းတစ်ခု ဖြစ်ပြီး ဂိုဏ်းထဲတွင် မူလဝိညာဉ်အဆင့် ကျင့်ကြံသူ (၃) ဦး ရှိသည်ဟု ဆိုကြသည်။]
[ဂိုဏ်းပြိုင်ပွဲကို အစပြုသူနှင့် ကျင်းပရာ နေရာက ချီ ဂိုဏ်းတွင် ဖြစ်သည်]
[...]
အသက် (၂၈) နှစ်အရွယ် ပိုင်ယီဟာ အစပိုင်းနှင့် မည်သို့မျှ ကွာခြားပုံ မရပေ။ တစ်ချက် ကြည့်လိုက်ရုံဖြင့် ငယ်ရွယ်နေတုန်းပင်။
ဒါပေမဲ့ သူထုတ်လွှတ်လိုက်တဲ့ မှိန်ဖျဖျ အရှိန်ဝါကတော့ မရေရာ မသေချာ ဖြစ်နေခဲ့သည်။
၎င်းက လမ်းတစ်လျှောက်ရှိ အခြား ကျင့်ကြံသူများကို သူ့အား ကြည့်ရှုစေခဲ့သည်။
"ဒီလူရဲ့ ကျင့်ကြံမှုက နက်ရှိုင်းတာပဲ... တစ်ချက် ကြည့်လိုက်ရုံနဲ့ ကျယ်ပြောတဲ့ သမုဒ္ဒရာကြီးကို ကြည့်နေရသလိုပဲ.... ငါက ချီစုစည်းမှုအဆင့် (၁၀) မှာ ရှိနေတာတောင် သူ့ကျင့်ကြံမှုကို မမြင်နိုင်ဘူး... သူက အခြေတည်အဆင့်မှာ ရှိနေရမယ်"
"ဒီလောက် ငယ်ရွယ်တဲ့ အခြေတည်အဆင့်လား... ဖြစ်နိုင်တာက သူက ဒီဂိုဏ်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် သူတွေထဲက တစ်ယောက်လား... ဒါပေမဲ့ ဘာလို့ သူ တစ်ယောက်တည်း ဖြစ်နေတာလဲ"
"လူအချင်းချင်း နှိုင်းယှဉ်တာက သိပ်ဒေါသထွက်စရာ ကောင်းတာပဲကွာ... ငါကြိုးစားကျင့်ကြံတာတောင်မှ ချီစုစည်းမှုအဆင့် (၃) မှာပဲ ရှိသေးတာ"
"သူက ဘယ်ကျင့်ကြံခြင်း ဂိုဏ်းကလဲ"
"ဒီအဝတ်အစားက... ရင်းနှီးနေသလိုပဲ... သူက ဝိညာဉ်ဂိုဏ်းက ကျင့်ကြံသူ တစ်ယောက် ဖြစ်ပုံရတယ်"
"ဝိညာဉ်ဂိုဏ်း... အင်း... အဲဒါ အရင်တုန်းက ဝိညာဉ် ဂိုဏ်းလား.... ကျဆင်းသွားတဲ့ဂိုဏ်းလေ..."
"ဟုတ်တယ်မလား"
.
"..."
ပိုင်ယီရဲ့ အဝတ်အစားတွေက သဘာဝကျစွာဝိညာဉ်ဂိုဏ်း တပည့်ရဲ့ အဝတ်အစားတွေပင်။ ဝိညာဉ်ဂိုဏ်း အကြောင်း နားလည်မှု အနည်းငယ်ရှိတဲ့ ဘယ်ကျင့်ကြံသူမဆို တစ်ချက်တည်းနဲ့ သူ့ကို မှတ်မိနိုင်လေသာ်။
သို့ပေမဲ့ သူတို့ သူ့ကို မှတ်မိလိုက်ကြလို့ပဲ သူတို့ မျက်နှာပေါ်မှာ တုန်လှုပ်တဲ့ မျက်နှာထားတွေ ရှိနေကြတာပင်။
သူတို့ရဲ့ အမြင်မှာ ဝိညာဉ်ဂိုဏ်းမှာ သန်မာတဲ့ ကျင့်ကြံသူ အနည်းငယ်ပဲ ရှိတော့ပြီး သူတို့က သေးငယ်တဲ့ ကျင့်ကြံခြင်း ဂိုဏ်းတချို့ထက်တောင် နိမ့်ကျနေပေပြီ။
ဒီလို အခြေအနေမျိုးမှာ... ဝိညာဉ်ဂိုဏ်းက ဂိုဏ်းပြိုင်ပွဲမှာ ပါဝင်ဖို့ တပည့်တစ်ယောက် တကယ် စေလွှတ်နိုင်ခဲ့လေသည်။
ထို့အပြင် ဝိညာဉ်ဂိုဏ်းမှာ ဒီလိုအဆင့်အတန်း ရှိတဲ့ ပါရမီရှင်တစ်ယောက် တကယ် ရှိနေခြင်းပင်။
[သင်ဟာ ချီဂိုဏ်းထဲ ဝင်ရောက်ခဲ့ပြီး ဂိုဏ်းပြိုင်ပွဲမှာ ပါဝင်ဖို့ ဝိညာဉ်ဂိုဏ်းကို တစ်ကိုယ်တည်း ကိုယ်စားပြုခဲ့သည်။ သင် လူအများအပြားရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။]
[ဂိုဏ်းပြိုင်ပွဲ အစတွင် သင်ဟာ ပထမဆုံး ပြိုင်ဘက်ကို အလွယ်တကူ အနိုင်ယူရန် သင့်တင့်လျောက်ပတ်သော ခွန်အားကို အသုံးပြုခဲ့သည်။]
[သင် လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်]
"ဝိညာဉ် ဂိုဏ်းရဲ့ အကြီးဆုံးတပည့်....ပိုင်ယီ" ချီဂိုဏ်းမှ အကြီးအကဲ တစ်ဦးက သူ့မုတ်ဆိတ်ကို သပ်ပြီး မအာမေဋိတ်ဘဲမနေနိုင်တော့ပေ။ "ဒီလို ပါရမီရှင်မျိုးနဲ့ ဆိုရင် ဝိညာဉ်ဂိုဏ်းက နောက်ထပ် နှစ် (၂၀၀) ကနေ (၃၀၀) အတွင်း သူတို့ရဲ့ ယခင်အောင်မြင်မှုဆီ ပြန်လည် ရောက်ရှိနိုင်လိမ့်မယ်"
သူ့ဘေးနားရှိ အခြားဂိုဏ်းတစ်ခုမှ အကြီးအကဲ တစ်ဦး၏ မျက်နှာအမူရာက သိပ်မကောင်းလှပေ။အဘယ်ကြောင့်ဆိုသော် ပိုင်ယီ အနိုင်ယူလိုက်သည့် ပြိုင်ဘက်က သူတို့ဂိုဏ်းမှ တပည့်တစ်ဦး ဖြစ်နေသောကြောင့် ဖြစ်၏။
သူ ခပ်ဖွဖွ နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ "အဲဒါက သူ လမ်းခုလတ်မှာသေဆုံးမလား၊ မသေဆုံးဘူးလား ဆိုတဲ့ အပေါ်လည်း မူတည်သေးတာပေါ့.... ကျင့်ကြံသူတွေ အကြားမှာ ပါရမီရှင်တွေ အများကြီး ရှိပေမဲ့ ပါရမီရှင်တိုင်း လမ်းကြောင်းပေါ် ချောချောမွေ့မွေ့ လျှောက်လှမ်းနိုင်ကြတာ မဟုတ်ဘူး"
အမျိုးသမီး အကြီးအကဲတစ်ဦး၏ အကြည့်က ပိုင်ယီ အပေါ် စူးစိုက်နေခဲ့သည်။ ထို့နောက် စဉ်းစားတွေးတောဟန်တစ်ခုက သူမ၏ လှပသော မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။
[ဂိုဏ်းပြိုင်ပွဲက တစ်ပတ် ကြာမြင့်ခဲ့ပြီး သင် ပြိုင်ဘက် တစ်ယောက်ကို နောက်တစ်ကြိမ် အနိုင်ယူခဲ့သည်။ မသိရှိရသည့် အကြောင်းရင်း တစ်စုံတစ်ရာကြောင့် လှပသော အမျိုးသမီး ကျင့်ကြံသူ အများအပြားဟာ သင့်အပေါ် သူတို့၏ စ်ိတ်စေသနာကို ထုတ်ဖော်ပြသခဲ့ကြသည်။]
[ဂိုဏ်းပြိုင်ပွဲဟာ တစ်လ ကြာမြင့်ခဲ့သည်။ ဤအချိန်ကာလ အတွင်း သင် ပြိုင်ဘက် အများအပြားကို ဆက်တိုက် အနိုင်ယူခဲ့ပြီး ထိပ်တန်း (၅၀)အတွင်း အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။ ထို့ကြောင့် သင်ဟာ အာရုံစိုက်မှုတို့ကို ပိုမို ရရှိခဲ့သည်။]
[သင့်ဆရာ ရှူကျစ်ဟွာက ဂိုဏ်းအတွက် ကိစ္စရပ် အချို့ကို စီစဉ်ပြီးပြီ ဖြစ်ကြောင်းနှင့် ချီဂိုဏ်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သင် တွေ့ရှိလိုက်ရသည်။]
[၁၀ ရက် အကြာတွင် သင် ပြိုင်ဘက် တစ်ယောက်ကို အနိုင်ယူခဲ့သည်။]
[၅ ရက် အကြာတွင် သင် ဂိုဏ်းတစ်ခုခုမှ ထိပ်တန်း တပည့်တစ်ဦးကို နောက်တစ်ကြိမ် အနိုင်ယူခဲ့သည်။]
[သင် ထိပ်တန်း (၁၀)အတွင်း ဝင်ရောက်နိုင်ခဲ့သည်]
ပိုင်ယီ သူ့လက်ထဲရှိ ဆေးပုလင်းကို ကြည့်လိုက်ပြီး ကောင်းကင်ဝါးမျိုးခြင်း မိစ္ဆာ နည်းစနစ်ကို တိတ်တဆိတ် အသက်သွင်းလိုက်၏။
ဆေးလုံး ရနံ့က လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ပိုင်ယီ၏ မျက်နှာ အရောင်အသွေးတို့က အများကြီး ပိုကောင်းလာခဲ့သည်။
ပြောရမယ် ဆိုရင် ဒီဂိုဏ်းပြိုင်ပွဲကြီးက ခက်ခဲလှပြီး ဒီဂိုဏ်းပြိုင်ပွဲကြီးမှာ ပါဝင်တဲ့ ပါရမီရှင်တွေထဲက ဘယ်သူမှ ကိုင်တွယ်ဖြေရှင်းရ လွယ်ကူတဲ့သူ မဟုတ်ကြပေ။။
ပိုင်ယီ ဒဏ်ရာ တစ်စုံတစ်ရာ မရရှိခဲ့ပေမယ့် သူ့ဝိညာဉ်စွမ်းအားကတော့ ပြင်းထန်စွာ ကုန်ခန်းသွားခဲ့ရပြီး ကံကောင်းစွာနဲ့ သူ နိုင်ခဲ့လေသည်။
[သင် ပြိုင်ဘက် တစ်ယောက်ကို နောက်တစ်ကြိမ် အနိုင်ယူခဲ့သည်။ သင့်ဂုဏ်သတင်းက ကွင်းပြင်တစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။ မူလဝိညာဉ် အဆင့် ကျွမ်းကျင်သူ အချို့ပင် သင့်နာမည်ကို ကြားဖူးနေကြပေပြီ။]