အခန်း ၁၄၁ : မိစ္ဆာသားရဲ မဟာမိတ်အဖွဲ့
[သင် တည်ထောင်ခဲ့သည့် မိစ္ဆာသားရဲ အဖွဲ့အစည်းကို ယန်ဟု အမည်ပေခဲ့သည်]
[အသက် ၁၇ နှစ် - တစ်နှစ်တာ ဖွံ့ဖြိုးတိုးတက်ပြီးနောက် သင့်ဂန်းစတားအဖွဲ့အစည်းဟာ အနည်းငယ် ပိုမို တိုးတက်လာခဲ့သည်။]
[နေမင်းဂိုဏ်းမှ အခြား တပည့်တစ်ဦးဟာ မိစ္ဆာသားရဲတွေကို အမဲလိုက်ရန် သင့်ပိုင်နက်ထဲသို့ အတင်းဝင်ရောက်လာခဲ့သည်။]
[မျှော်လင့်ထားသည့် အတိုင်းပင် သူတိိုဟာ မြေဩဇာအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။]
[အပြင်စည်း ဂိုဏ်းသားအများအပြား တစ်ယောက်ပြီး တစ်ယောက် ပျောက်ဆုံးသွားခဲ့သဖြင့် နေမင်းဂိုဏ်း၏ အပြင်စည်းဂိုဏ်း အကြီးအကဲ တစ်ဦး၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်သည်။ ပျောက်ဆုံးနေသည့် ဂိုဏ်းသားများ၏ နေရာဒေသကို ရှာဖွေရန် သူဟာ အပြင်စည်း ဂိုဏ်းသင်းထောက် (၂) ဦးနှင့် အပြင်စည်း ဂိုဏ်းသား (၁၀) ဦးကျော်ကို တောင်တန်းထဲသို့ အတူတကွ ဝင်ရောက်ရန် အမိန့်ပေးခဲ့သည်။]
[အသက် ၁၈ နှစ် - မိစ္ဆာ အမြုတေထဲရှိ ရွှေအမြုတေမိစ္ဆာသားရဲ၏ လက်ကျန် ဝိညာဉ်ကို လုံးဝ ဖိနှိပ်ရန် သင်ဟာ နည်းလမ်းပေါင်းစုံ အသုံးပြုခဲ့သည်။ နောက်ဆုံးတွင် ကျင့်ကြံခြင်းကို အထောက်အကူ ပြုရန် ၎င်းကို ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပြီ ဖြစ်သည်။]
[သင့်လက်အောက်ခံများဟာ နေမင်းဂိုဏ်း၏ ကျင့်ကြံသူများ၏ ခြေရာများကို ပိုမို တွေ့ရှိခဲ့ရသည်။ သူတို့ တစ်စုံတစ်ရာကို ရှာဖွေနေပုံ ရလေသည်။]
[...]
"ကြည့်ရတာ တစ်ခုခု မှားယွင်းနေမှန်း သူတို့ နောက်ဆုံးတော့ သိသွားကြပြီ ထင်တယ်"
ဒီသတင်းကို သိရှိပြီးနောက် ဖူရွှမ်နီ အနည်းငယ်မျှ ထိတ်လန့်ခြင်း မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူမ သိထားသောကြောင့် ဖြစ်ပေသည်...
တောင်တန်းထဲရှိ အရင်းအမြစ်များမှာ အကန့်အသတ် ရှိရာ ဒီလောက်များတဲ့ မိစ္ဆာသားရဲတွေ အတူတကွ ဝိညာဉ် ဆေးဖက်ဝင် အပင်တွေ စုဆောင်းနေကြတာကြောင့် မကြာခင် ကုန်ဆုံးသွားမည်ပင်။
ထို့ကြောင့် ဗလာကျင်းနေတဲ့ တောင်တန်းထဲမှာ သူမ ဒီအတိုင်း ထိုင်နေလို့ မရဘူးပဲ ငွေရှာလမ်းကြောင်းအသစ် အချို့ကို ချဲ့ထွင်ရန် နည်းလမ်းများ စဉ်းစားနေခဲ့သည်။
ထို့နောက်… ဂိုဏ်းများမှ ကျင့်ကြံသူ အားလုံးဟာ အတော်လေး ချမ်းသာကြကြောင်း သူမ တွေ့ရှိခဲ့လေသည်။
အပြင်စည်း ဂိုဏ်းသား တစ်ယောက်မှာတောင် သူ့လက်ထဲမှာ ကောင်းမွန်တဲ့ အရာ အများအပြား ရှိနေပြီး ဒီအရာတွေက လက်တွေ့ကမ္ဘာမှာ သူမအတွက် ပြောပလောက်တဲ့ အရာတွေ မဟုတ်ပေမဲ့ သူမရဲ့ လက်ရှိ အခြေအနေမှာ ၎င်းတို့ကို လစ်လျူရှုထားလို့ မရနိုင်ပေ။
ထို့ကြောင့် သူမဟာ ဂိုဏ်းများမှ ကျင့်ကြံသူများကို စတင် တိုက်ခိုက်ခဲ့သည်။
ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုများ။
ဝိုင်းရံ တိုက်ခိုက်မှုများ။
အဆိပ်။
ခြိမ်းခြောက် ငွေညှစ်ခြင်း။
ရိုးရှင်းသည့် စိတ်ထား ရှိပြီး သိပ်မထက်မြက်သည့် မိစ္ဆာသားရဲ တစ်အုပ်ကို ဒီအရာတွေ သင်ယူဖို့တွန်းအားပေးခဲ့သည်။ထို့ကြောင့် ဒီမိစ္ဆာသားရဲတွေက မိစ္ဆာသားရဲတွေ အထဲမှာ ယုံကြည်စိတ်ချရမှု အနည်းဆုံးနဲ့ အရှက်မရှိဆုံးကောင်တွေ ဖြစ်လာခဲ့သည်။
ဒါပေမဲ့ ဒီလိုလုပ်တာက သိပ်အန္တရာယ် များပေသည်။ ဘာပဲဖြစ်ဖြစ် အဲဒီ ကျင့်ကြံသူ အားလုံးက ကျင့်ကြံခြင်း ဂိုဏ်းတွေက လာကြရာသူတို့ အားလုံးမှာ ကျောထောက်နောက်ခံတွေ ရှိကြလေသည်။
အခု... အန္တရာယ်က တကယ် ရောက်လာခဲ့ပေပြီ။
"အရှင်မ... အဲဒီ လူသား ကျင့်ကြံသူတွေက ရည်ရွယ်ချက်ကောင်းနဲ့ ရောက်လာကြတာ မဟုတ်ဘူး... သူတို့ ကျွန်တော်တို့ အတွက် ရောက်လာတာ ဖြစ်နိုင်တယ်... ဒါ့အပြင်... သူတို့ရဲ့ လူအင်အားကလည်း များပြီး သူတို့ရဲ့ ခွန်အားကလည်း သန်မာကြတယ်"
မိကျောင်းလိပ်က ဖူရွှမ်နီရဲ့ လက်ထောက် ဖြစ်နေတုန်းပင်။ အဘယ်ကြောင့်ဆိုသော် မိစ္ဆာသားရဲ အုပ်စုထဲမှာ သူက ဉာဏ်အကောင်းဆုံးဖြစ်နေတာကြောင့်ပင်။
၎င်း စကားပြောသောအခါ အသုံးပြုသည့် စကားအသုံးနှုန်းမှတဆင့် မြင်တွေ့နိုင်လေသည်။
ဖူရွှမ်နီ ပြောလိုက်သည် - "မပူပါနဲ့...ဒီနေ့ ရောက်လာမယ်ဆိုတာ ငါ မျှော်လင့်ထားပြီးသားပါ"
သူမ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ "အချိန်ကိုက်ပဲ ကြီးကြီးမားမား တစ်ခုခု လုပ်ကြတာပေါ့"
[သင့်လက်အောက်ရှိ မိစ္ဆာသားရဲ အားလုံးကို ထွက်ခွာသွားရန်နှင့် ထောင်ချောက်တစ်ခုပြီး တစ်ခု တပ်ဆင်ရန် သင် အမိန့်ပေးလိုက်သည်။ နေမင်းဂိုဏ်း၏ ကံဆိုးသော တပည့်တစ်ဦးထံမှ သင် ရရှိခဲ့သည့် အစီအရင် စာအုပ်ထဲမှအတိုင်း ရောက်လာမည့် အကျပ်အတည်းကို ဖြေရှင်းရန် သင်ဟာ အစီအရင် အချို့ကိုလည်း စတင် တပ်ဆင်လိုက်သည်။]
[အနီးအနားရှိ သန်မာသည့် မိစ္ဆာသားရဲများကို စည်းရုံးရန်နှင့် ငါတို့ စည်းလုံးလျှင် တည်တံ့မည်ဟူသော မူဝါဒကို ဖြန့်ဝေရန် သင့်လက်အောက်ခံများကို စေလွှတ်လိုက်သည်။ ယေဘုယျ အဓိပ္ပာယ်မှာ မိစ္ဆာသားရဲများ ပေါင်းစည်းပြီး မိစ္ဆာသားရဲ မဟာမိတ်အဖွဲ့တစ်ခု ယာယီ ဖွဲ့စည်းရန် ဖြစ်သည်။]
[တုံးအသည့် မိစ္ဆာသားရဲများဟာ ၎င်းက အဓိပ္ပာယ်ရှိသည်ဟု ခံစားရပြီး သူတို့ အားလုံး သင် ဖန်တီးလိုက်သည့် မိစ္ဆာသားရဲ မဟာမိတ်အဖွဲ့သို့ ဝင်ရောက်လာကြသည်။]
[သင်သည် မိစ္ဆာသားရဲ ရာပေါင်းများစွာကို အမှန်တကယ် ဆင့်ခေါ်နိုင်ခဲ့ကြောင်း တွေ့ရှိလိုက်ရသည်။]
ဖူရွှမ်နီ အနည်းငယ် တုန်လှုပ်သွားခဲ့ရသည်။ သူမ၏ မဟာမိတ်အဖွဲ့ ဆိုသည့် အရာသို့ ဝင်ရောက်ရန် ဤမျှ များပြားသည့် မိစ္ဆာသားရဲများကို ဆင့်ခေါ်နိုင်သည့် စွမ်းရည်မျိုး သူမတွင် ရှိသည်ဟု မထင်ထားခဲ့ပေ။
ဖြစ်နိုင်သည်မှာ ဤကဲ့သို့သော လုပ်ဆောင်မှုက မိစ္ဆာသားရဲ အုပ်စုများ အကြားတွင် အလွန် ရှားပါးသောကြောင့် ဖြစ်နိုင်လေသည်။
ထို့အပြင် ချီစုစည်းမှု အဆင့်တွင် ရှိသည့် မိစ္ဆာသားရဲ အုပ်စု တစ်စုက သိပ်မထက်မြက်ကြပေ။
သူမ၏ ဦးနှောက်ဆေးခြင်း ပြီးနောက် သူတို့ တစ်ကောင်ချင်းစီတိုင်းဟာ နေမင်းဂိုဏ်း၏ ကျင့်ကြံသူများက သူတို့ကို လာရောက် အန္တရာယ်ပေးနေသကဲ့သို့ ဒေါသများဖြင့် ပြည့်နှက်နေကြသည်။
ဒါက ဖူရွှမ်နီကို နက်ရှိုင်းစွာ စဉ်းစားခန်း ဝင်သွားစေပေသည်..
'သူမ လွန်ကဲနေပြီလား....'တောင်တန်းတွေထဲမှာ ကြီးပြင်းလာပြီး သူတို့ ဘဝတစ်လျှောက်လုံး စာတစ်လုံးမှ မသင်ဖူးတဲ့ ဒီမိစ္ဆာသားရဲတွေကို လှည့်စားတာ... တကယ်ပဲ သူမကို အနည်းငယ် အပြစ်ရှိသလို ခံစားရစေခဲ့သည်။
သို့သော် ဒီအပြစ်ရှိသလို ခံစားချက်က ဒယ်အိုးထဲက မီးတောက် တစ်ချက်သာ ဖြစ်ပြီး ချက်ချင်း ခြေရာလက်ရာ မကျန် ပျောက်ကွယ်သွားခဲ့သည်။
မိစ္ဆာသားရဲ ရာပေါင်းများစွာက စည်းလုံးမှုမရှိရင်တောင် သူတို့ရဲ့ အရေတွက်ဖြင့်ပင် သားရဲ ဒီရေလှိုင်းတစ်ခု ဖန်တီးဖို့ လုံလောက်နေပေပြီ။
လူသား ခရိုင် အနည်းငယ်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ ဆိုတာ လုံးဝ ပြဿနာ မဟုတ်ချေ။
"ဒါပေမဲ့... သူတို့က သိပ်စည်းကမ်းမရှိဘူး... ဒီမိစ္ဆာသားရဲ အသစ်တွေ အားလုံးက ရိုင်းစိုင်းကြတယ်... စုဝေးပြီး တစ်ရက် အတွင်းမှာတင် မိစ္ဆာသားရဲ အနည်းငယ်က အတွင်းပိုင်း ပဋိပက္ခကြောင့် သေဆုံးသွားခဲ့ပြီ.... နေမင်းဂိုဏ်းက ကျင့်ကြံသူတွေ မရောက်လာခင်မှာတင် မိစ္ဆာသားရဲ အနည်းငယ် သေဆုံးသွားခဲ့ပြီ"
ဖူရွှမ်နီ ခေါင်းကိုက်သလို ခံစားလိုက်ရ၏။ အကယ်၍ သူမရဲ့ မိစ္ဆာသားရဲ (၅၀) ကနေ (၆၀) သာ မရှိရင် သူမဟာ ဒီကောင်တွေကို အနိုင်ယူ သိမ်းသွင်းနိုင်မှာ မဟုတ်ချေ။
.
သူမ၏ လက်အောက်ခံများကို သူမ အကျိုးသင့်အကြောင်းသင့် ပြောပြနိုင်ပြီး မူဝါဒ အချို့ကိုပင် သင်ပေးနိုင်လေသည်။ သူမ အနိုင်ယူ သိမ်းသွင်းထားသည့် မိစ္ဆာသားရဲ လက်အောက်ခံ အားလုံးက သူမ ဂရုတစိုက် လေ့ကျင့်ပေးထားခြင်း ဖြစ်၏။
သူတို့က မိစ္ဆာသားရဲများ အကြားတွင် ပညာတတ်များအဖြစ် သတ်မှတ်နိုင်သည်။
သို့သော်...
သူမ၏ လှည့်စားခြင်း ခံရသည့် ထိုမိစ္ဆာသားရဲများက ဖူရွှမ်နီ၏ အကျိုးသင့်အကြောင်းသင့် ပြောပြချက်များကို လုံးဝ နားမထောင်ကြပေ။ အကယ်၍ ဖူရွှမ်နီ၏ ကျင့်ကြံမှုက သူတို့ထက် ပိုမြင့်မားနေခြင်းကြောင့်သာ မဟုတ်ပါက သူတို့က ဖူရွှမ်နီနှင့် ထိပ်တိုက်တွေ့ရန်ပင် ဝံ့ရဲကြပေလိမ့်မည်။
ဒါပေါ့ ဖူရွှမ်နီကလည်း အနိုင်ကျင့်ခံမည့်သူ မဟုတ်ပေ။
သူမ ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်ပြီး ပြဿနာ အရှာဆုံး ကောင် အနည်းငယ်ကို သတ်ပစ်လိုက်ကာ မိစ္ဆာသားရဲ အားလုံးကို အောင်မြင်စွာ ခြိမ်းခြောက်လိုက်သည်။
သူမ သူတို့ကို ယာယီ မဆင်မခြင် မလုပ်ရဲအောင် ပြုလုပ်လိုက်လေသည်။
...
မျက်တောင် တစ်ခတ်အတွင်း ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့သည်။
"သခင်သင်းထောက်ဟိုဘက်ကိုကြည့်လိုက်အဲဒါကျွန်တော်တို့နေမင်းဂိုဏ်းအပြင်စည်းဂိုဏ်းသားရဲ့ကိုယ်ပိုင်အမှတ်အသားကျောက်စိမ်းတိုကင်ပဲ..." နေမင်းဂိုဏ်းမှကျင့်ကြံသူတစ်ဦးအော်ဟစ်လိုက်ပြီးအလျင်အမြန်ပြေးသွားကာကိုယ်ပိုင်အမှတ်အသားကျောက်စိမ်းတိုကင်ကိုကောက်ယူလိုက်၏။