အခန်း ၁၃၆ : ရိုးသားကာ ကြိုးစားကြသည့် မိစ္ဆာသားရဲများ၊ ကာကွယ်ကြေးတောင်းခံခြင်း
သို့သော် ထိုကဲ့သို့ ခံစားချက်များကို သူမ လျင်မြန်စွာ ဖယ်ရှားလိုက်၏။
ဖူရွှမ်နီဟာ အလွန် ဆင်ခြင်တုံတရားနှင့် ပြည့်စုံသူ ဖြစ်ပြီး သူမ၏ ခံစားချက်များကို သူမ၏ လုပ်ရပ်များအပေါ် လွှမ်းမိုးချုပ်ကိုင်ခွင့် ပေးမည် မဟုတ်ပေ။
ရွှေအမြုတေအဆင့် မိစ္ဆာကြီးက အခုလေးတင် သေဆုံးသွားခဲ့ပြီး ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ ကြောက်မက်ဖွယ် ကောင်းသည့် အော်ရာများက အခြား မိစ္ဆာသားရဲများကို ခြောက်လှန့် မောင်းထုတ်လိုက်သည်။ သူတို့ တတ်နိုင်သမျှ ဝေးဝေးသို့ပင် ထွက်ပြေးသွားခဲ့ကြသည်။
ထိုအချိန်၌ ဖူရွှမ်နီ တစ်ယောက်တည်းသာ အနားကပ်ရဲခဲ့ပေသည်။
မကြာမီ သူမဟာ တောင်တန်းတစ်ခုနှင့် တူသည့် ခန္ဓာကိုယ်ကြီးကို မြင်လိုက်ရပြီး စကားတစ်ခွန်း မဆိုဘဲ အောက်သို့ ပျံဆင်းသွားလိုက်သည်။
ထူထဲသည့် သွေးညှီနံ့က နေရထိုင်ရ ခက်ခဲစေသော်လည်း ဖူရွှမ်နီဟာ ဤအသေးစိတ် အချက်အလက်များကို ဂရုမစိုက်ခဲ့ပေ။
သူမဟာ သွေးကန်ထဲသို့ တိုက်ရိုက် ခုန်ဆင်းလိုက်ပြီး ရွှေအမြုတေ မိစ္ဆာသွေးများဖြင့် ရေချိုးလိုက်သည်။
[ရွှေအမြုတေ မိစ္ဆာကြီး၏ သွေးထဲတွင် ပါဝင်သည့် ကြောက်မက်ဖွယ် စွမ်းအင်များကို စုပ်ယူပြီးနောက်... သင်ဟာ အဆင့်ချိုးဖျက် အောင်မြင်သွားခဲ့သည်]
[သင် ချီစုစည်းမှုအဆင့် (၁) သို့ ရောက်ရှိသွားပါပြီ]
[သင် ချီစုစည်းမှု အဆင့် (၂) သို့ ရောက်ရှိသွားပါပြီ]
[သင် ချီစုစည်းမှု အဆင့် (၃) သို့ ရောက်ရှိသွားပါပြီ]
...
"ငါ့ ကန့်သတ်ချက်ကို ရောက်သွားပြီ..."
ဖူရွှမ်နီဟာ သွေးကန်ထဲမှ လမ်းလျှောက် ထွက်လာခဲ့သည်။ ရွှေအမြုတေ မိစ္ဆာကြီး၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများဟာ သွေးများ စီးကျနေဆဲ ဖြစ်လေသည်။
သူမဟာ သွေးများ ပြည့်နှက်နေသည့် တွင်းကြီးကို ကြည့်လိုက်ပြီး နောင်တရစွာ ရေရွတ်လိုက်၏။ "နောက်ဆုံးတော့ ငါ့မှာ သိုလှောင်အိတ်တစ်လုံး လိုအပ်နေတုန်းပဲ"
ဒါက သူမ ဒီစကား ပြောတာ ဒုတိယအကြိမ် ရှိပြီ ဘာမှ မတတ်နိုင်ပေ။
မိစ္ဆာသားရဲ တစ်ကောင် အနေနဲ့ သူမက ဘယ်ကနေ သိုလှောင်အိတ် ရနိုင်မည်နည်း။
'ဒါမှမဟုတ် သူမ လူသားကျင့်ကြံသူတွေဆီက ခိုးယူလို့ ရမလား....'
သို့ပေမဲ့ ဒီလောက် အချိန်အကြာကြီး နေပြီးနောက်မှာတောင် ဖူရွှမ်နီဟာ လူသား တစ်ယောက်မှ မမြင်တွေ့ခဲ့ရပေ။ ထို့ကြောင့် ဒီကမ္ဘာမှာ လူသားတွေ ရှိမရှိ သူမကို လေးလေးနက်နက် သံသယ ဝင်မိစေခဲ့၏။
'သူတို့ အားလုံး မိစ္ဆာသားရဲတွေပဲ ဖြစ်နေတာတော့ မဟုတ်ပါဘူးနော်...ဟုတ်တယ်မလား...'
သူမ ခေါင်းခါလိုက်သည်။
သူမစိတ်ထဲမှ အသုံးမဝင်သည့် အတွေးများကို ဖယ်ရှားလိုက်ပြီး ဖူရွှမ်နီဟာ သူမ၏ ကျင့်ကြံမှု အဆင့် မတည်ငြိမ်ကြောင်း ခံစားမိလိုက်ရာသက်ပြင်းချလိုက်သည်။"ပြီးခဲ့တဲ့ သရုပ်ဖော် ဘဝနဲ့ ယှဉ်လိုက်ရင် ငါ နောက်ထပ် အဆင့်တစ်ဆင့် ပိုပြီး ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တယ်..."
"ငါ့ရဲ့ စိတ်အခြေအနေကို မြှင့်တင်ဖို့နဲ့ ဝိညာဉ်ကို သန်မာလာစေဖို့ အန္တရာယ်ရှိတဲ့ အခြေအနေတွေကို မကြာခဏ ဖြတ်သန်းခဲ့ရလို့ ဖြစ်နိုင်တယ်"
"ပြီးတော့ အဲဒီ ဝိညာဉ် ဆေးဖက်ဝင် အပင်ကို စားခဲ့လို့လည်း ဖြစ်နိုင်တယ်"
ဘာပဲဖြစ်ဖြစ် ဒါက တိုးတက်မှု တစ်ခု အဖြစ် သတ်မှတ်လို့ ရပေသည်။
ကိုယ့်ရဲ့ ခွန်အား ပိုသန်မာပြီး စိတ်အခြေအနေ ပိုမြင့်မားသရွေ့ ကျင့်ကြံဖို့ အဲဒီ မိစ္ဆာ အမြုတေကို အသုံးပြုတဲ့ အခါ အာမခံချက် ပိုရှိလာမည်ပင်။
အခု လောလောဆယ်တော့ ဖူရွှမ်နီဟာ ရွှေအမြုတေ မိစ္ဆာသားရဲရဲ့ အလောင်းကောင်ကို ကြည့်ပြီး အနည်းငယ် မျှော်လင့်ချက်မဲ့သလို ခံစားလိုက်ရသည်။
သူမ နောက်တစ်ကြိမ် လုပ်ရပေအုံးမည်......
[အသက် ၄ နှစ် - ရွှေအမြုတေ မိစ္ဆာသားရဲ၏ အသားကို စားသုံးခြင်းဖြင့် သင် ချီစုစည်းမှု အဆင့် အဆင့် (၄) သို့ အောင်မြင်စွာ အဆင့်ချိုးဖျက် ဝင်ရောက်နိုင်ခဲ့သည်။ သို့သော် သင့်ကျင့်ကြံမှု တိုးတက်လာခြင်းကြောင့်လား သို့မဟုတ် ရွှေအမြုတေ မိစ္ဆာသားရဲ သေဆုံးသွားသည်မှာ ကြာမြင့်နေပြီ ဖြစ်သောကြောင့်လားမသိပဲပေ။ သင်ဟာ ရွှေအမြုတေ မိစ္ဆာသားရဲ၏ အသားနှင့် သွေးကို စားသုံးပါက ကျင့်ကြံမှု တိုးတက်လာခြင်းက ပြောပလောက်အောင် မရှိတော့ပေ။]
.
[သင်ဟာ ရွှေအမြုတေ မိစ္ဆာသားရဲ၏ မိစ္ဆာ အမြုတေကို တစ်နှစ် စောပြီး ထုတ်ယူနိုင်ခဲ့သည်။ မိစ္ဆာ အမြုတေထဲရှိ လက်ကျန် ဝိညာဉ်၏ လွှမ်းမိုးခြင်း မခံရစေရန် သင်ဟာ မိစ္ဆာ အမြုတေကို ထုတ်ယူပြီး နေ့စဉ် နံနက်မှ ညနေအထိ နေပူလှန်းရန်ဆုံးဖြတ်လိုက်သည်]
[မိစ္ဆာ အမြုတေထဲရှိ ရွှေအမြုတေ အဆင့် မိစ္ဆာသားရဲ၏ လက်ကျန် ဝိညာဉ်ကို ဖျော်ချရန် ပူပြင်းသည့် နေရောင်ခြည်ထဲတွင် ပါဝင်သည့် စွမ်းအင်ကို သင် အသုံးပြုခဲ့သည်။]
[မိစ္ဆာကြီး တစ်ကောင် သင့်ကို ကျိန်ဆဲနေကြောင်း အိမ်မက်မက်ခဲ့သည်။ ဤသည်မှာ ၎င်းက တကယ် အသုံးဝင်ကြောင်း ဆိုလိုပေသည်။]
[အသက် ၇ နှစ် - သင့်ခန္ဓာကိုယ် အရွယ်အစားက ကြီးမားနေခဲ့ပြီး ဤမြေကွက်လပ် သေးသေးလေးထဲတွင် အာဏာရှင်အဆင့် မိစ္ဆာသားရဲ တစ်ကောင် ဖြစ်လာခဲ့သည်။ ဤနေရာကို ဖြတ်သန်းသွားသည့် အားနည်းသော မိစ္ဆာသားရဲ အချို့ဟာ သင့်အစာ ဖြစ်လာခဲ့သည်။]
[အသက် ၁၂ နှစ် - ကျင့်ကြံရန် မိစ္ဆာ အမြုတေကို အသုံးပြုခြင်းဖြင့် သင်ဟာ ချီစုစည်းမှု အဆင့် (၅) သို့ ရောက်ရှိသွားခဲ့သည်။ ရွှေအမြုတေ မိစ္ဆာသားရဲ၏ လက်ကျန် ဝိညာဉ်ကို သင် မကြာခဏ အိမ်မက်မက်ကြောင်း သတိပြုမိသော်လည်း တစ်ဖက်လူက လက်လျှော့ရန်ဆန္ဒ မရှိသေးဘဲ သင့်ခန္ဓာကိုယ်ကို ဝင်ရောက်စီးနင်းချင်နေဆဲ ဖြစ်သည်။]
[တောင်တန်းထဲရှိ သင့်ပိုင်နက်က ပိုကြီးလာခဲ့သည်။ သင့်ပိုင်နက်ထဲရှိ မိစ္ဆာသားရဲများကို သင် မသတ်ဖြတ်ခဲ့ပေ။ ထိုအစား သင်ဟာ သူတို့ကို ရိုက်နှက်ပြီး လတိုင်း သင့်အတွက် ဝိညာဉ် ဆေးဖက်ဝင် အပင် တစ်ပင် ယူလာခိုင်းခဲ့သည်။]
[အားနည်းသည့် မိစ္ဆာသားရဲများဟာ ဝေးဝေးသို့ ထွက်သွားခြင်း သို့မဟုတ် လိမ္မာစွာဖြင့် သင့် ကျေးကျွန်များဖြစ်လာခဲ့သည်။]
[သင် ဤဧရိယာရှိ တောင်တန်းများ၏ ဘုရင် ဖြစ်လာခဲ့သည်]
[…]
တောင်တန်းများ၏ နက်ရှိုင်းသည့် နေရာတစ်ခုရှိ ဂူအတွင်း....
ကြီးမားသော ခန္ဓာကိုယ်နှင့် ရုပ်ဆိုးသော မိစ္ဆာသားရဲ တစ်ကောင်ဟာ ခြေလက်လေးဖက်ဖြင့် ဖြည်းညှင်းစွာ တွားသွားနေခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ် မျက်နှာပြင်က စေးကပ်သည့် အချွဲများဖြင့် ဖုံးလွှမ်းနေခဲ့ပြီး ၎င်းက မိကျောင်းတစ်ကောင်ထက် ပိုကြီးသည့် ငါးပေါက်စတစ်ကောင်နှင့် တူနေခဲ့သည်။
မိစ္ဆာသားရဲဟာ ၎င်း၏ ပါးစပ်ကြီးကို ဟလိုက်ပြီး ဂွပ်လု ဂွပ်လု အသံ ပြုလုပ်လိုက်သည်။ တကယ်တော့ ၎င်း၏ ကျောပေါ်တွင် ဝိညာဉ် ဆေးဖက်ဝင် အပင် တစ်ပင် ရှိနေခဲ့သည်။
၎င်း ဂူ၏ အတွင်းပိုင်းသို့ ရောက်လာပြီး ဝိညာဉ် ဆေးဖက်ဝင် အပင်ကို လျှင်မြန်စွာ ချထားလိုက်၏။
ထို့နောက် နောက်တစ်ခဏ၌ သေဆုံးသွားမှာကို ကြောက်ရွံ့နေသကဲ့သို့ အလျင်အမြန် လှည့်ထွက်သွားခဲ့သည်။
အကယ်၍ တစ်စုံတစ်ယောက် ဤနေရာတွင် ရှိနေလျှင် သူတို့ မြင်တွေ့ရမှာက ဂူ၏ အတွင်းပိုင်း မြေပြင်ပေါ်တွင် ဝိညာဉ် ဆေးဖက်ဝင် အပင် တစ်ပင်တည်း ချထားခြင်းမဟုတ်တာကို အံသြစွာ တွေ့ရပေမည်။
ဝိညာဉ် ဆေးဖက်ဝင်အပင်တွေဟာ တစ်ပင်ပြီး တစ်ပင် ပုံထားသဖြင့် တစ်စုံတစ်ယောက်၏ မျက်စိကျိန်းလောက်အောင် ဖြစ်နေခဲ့သည်။
အနည်းဆုံး ဝိညာဉ် ဆေးဖက်ဝင်အပင် တစ်ဒါဇင်လောက် ရှိနေပေသည်။
သူတို့၏ အဆင့်က မမြင့်မားသော်လည်း အရေအတွက် များပြားနေခဲ့၏။
မကြာမီ အနက်ရောင် အရိပ်တစ်ခုဟာ ဂူ၏ ပိုနက်ရှိုင်းသည့် အပိုင်းများဆီမှ ထွက်လာခဲ့သည်။ ၎င်း၏ ထက်မြက်သည့် ငှက်ခြေသည်းများက မာကျောသည့် မြေပြင်ပေါ် နင်းလိုက်ရာ မြေပြင်ပေါ်ရှိ ကျောက်တုံးများပေါ်တွင် နက်ရှိုင်းသော ခြစ်ရာများ အလွယ်တကူ ချန်ထားခဲ့ကာ တစ်စုံတစ်ယောက်ကို ကြက်သီးထသွားစေနိုင်လေသည်။
ဤအနက်ရောင် အရိပ်က ဖူရွှမ်နီ သို့မဟုတ် လမင်းကျီးကန်ပင်။
"ဒီကောင်တွေ တော်တော် အလိုက်သိသားပဲ... အကြိမ်အနည်းငယ် ရိုက်နှက်ပြီးတော့ သူတို့ အားလုံး လိမ္မာသွားကြတယ် ငါ့ကို လုံးဝ ရန်မစရဲကြတော့ဘူး.."
ဖူရွှမ်နီဟာ အားကြီးသူက အားနည်းသူကို ဝါးမျိုးခြင်း အပေါ် စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်ပြီး သူတို့၏ ရိုးရှင်းသည့် တွေးခေါ်ပုံကြောင့် ရယ်ချင်မိသွားခဲ့သည်။
သို့သော် သူမ ဝန်ခံရပေမည်... မိစ္ဆာသားရဲများက လူသားများထက် များစွာ ပို၍ ရိုးသားကြသည်။ သူတို့ဟာ တကယ်ပဲ သူမကို ပေးဖို့ ကာကွယ်ရေးကြေးအဖြစ် လတိုင်း ဝိညာဉ် ဆေးဖက်ဝင် အပင် တစ်ပင် ယူလာပေးကြသည်။
သူတို့ဟာ လှည့်ကွက် တစ်စုံတစ်ရာ အသုံးပြုရဲခြင်း မရှိကြပေ။
ဒီအချက်ကို ဖူရွှမ်နီ တကယ် လေးစားမိသည်။
"မဆိုးဘူး"
မြေပြင်ပေါ်ရှိ ဝိညာဉ် ဆေးဖက်ဝင် အပင် တစ်ဒါဇင်ခန့်ကို ကြည့်ပြီး ဖူရွှမ်နီ အလွန် ကျေနပ်နေကာ ကိုယ့်ကိုယ်ကိုယ် ရေရွတ်လိုက်၏။ "ငါ အားနည်းတဲ့ မိစ္ဆာသားရဲ တစ်ဒါဇင်လောက်ပဲ ယဉ်ပါးအောင် လုပ်ထားတာတောင် လတိုင်း ဝိညာဉ် ဆေးဖက်ဝင် အပင် တစ်ဒါဇင်လောက် ရရှိနိုင်တယ်... တကယ်လို့ ငါသာ နောက်ထပ် မိစ္ဆာသားရဲ တစ်ဒါဇင်လောက် ယဉ်ပါးအောင် လုပ်ရင်ကော"
သူမ ဂနာမငြိမ် ဖြစ်လာခဲ့သည်။ ဝိညာဉ် ဆေးဖက်ဝင် အပင်များက သူမအတွက် အလွန် အရေးကြီးပေသည်။
မိစ္ဆာသားရဲ တစ်ကောင် အဖြစ် ပြောင်းလဲသွားသည့် ဖူရွှမ်နီဟာ ဆေးလုံးများ သန့်စင်နိုင်ခြင်း မရှိပေ။