အခန်း ၁၂၈ : မာန်တက်နေသည့် ချင်းကျောက်
"တစ်နည်းအားဖြင့်... ဒီမိစ္ဆာ နည်းစနစ်ကို ဖန်တီးခဲ့တဲ့သူက ကြေးဝါရောင် တံခါးကြီး ရဲ့ ပိုင်ရှင် ဖြစ်ရမယ်"
"ထပ်ဆောင်း ဆုလာဘ် တစ်ခု အနေနဲ့ မဆိုးပါဘူး"
ဖြောင့်မတ်လမ်းစဥ် ကျင့်ကြံခြင်း ဂိုဏ်းတွေရဲ့ ကျင့်ကြံခြင်း နည်းစနစ်တွေပဲ ဖြစ်ဖြစ်၊ မိစ္ဆာ ကျင့်ကြံခြင်း နည်းစနစ်တွေပဲ ဖြစ်ဖြစ် ပိုင်ယီက ငြင်းပယ်မှာ မဟုတ်ဘဲ အားလုံးကို လက်ခံမည်ပင်။
…
အခြားတစ်ဖက်တွင်။
ချင်းကျောက်ဟာ သူမ၏ သွားများကို ကြိတ်ချေလုနီးပါး ဖြစ်နေစဉ် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်၏ ရမှတ် တွက်ချက်ခြင်း ဆုလာဘ်က သူမ၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်သည်။
[သင် အောင်မြင်မှုတစ်ခုကို အသက်သွင်းနိုင်ခဲ့ပါသည်။ သင်သည် အောက်ပါ ဆုလာဘ်ကို ရရှိခဲ့သည်]
[ဆုလာဘ် - အခြေတည်အဆင့် (၂) ၏ ဝိညာဉ်စွမ်းအား အားလုံး (ဖြစ်နိုင်သည်မှာ ၎င်းက သင့်ကို အခြေတည်အဆင့် အဆင့် (၂) သို့ ချိုးဖျက်ဝင်ရောက်ခွင့် ပေးလိမ့်မည်)]
[ထပ်ဆောင်း ဆုလာဘ် - မပြည့်စုံသော သတ်ဖြတ်ခြင်း စာအုပ်(မပြည့်စုံသော ရှေးဟောင်း မိစ္ဆာ နည်းစနစ် တစ်ခု)]
"ရှူး..."
ချင်းကျောက် သူမရှေ့က ဆုလာဘ် (၂) ခုကို မယုံကြည်နိုင်စွာ ကြည့်လိုက်၏။ ဒီနေ့ နေက အနောက်ဖက်ကနေ ပြန်ထွက်လာပြီလို့ သူမ ခံစားလိုက်ရသည်။
...
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်က ပေးတဲ့ ဆုလာဘ်တွေက သူမအတွက် ရက်ရောနေခဲ့ကာ အနည်းဆုံး အတိတ်နဲ့ ယှဉ်လိုက်ရင်… ဒါက သေချာပေါက် ရက်ရောနေခြင်းပင်။
အခြေတည်အဆင့် အဆင့် (၂) ရဲ့ ဝိညာဉ်စွမ်းအား အားလုံး သူမခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည့် အခါ ဝိညာဉ် ခန္ဓာ တစ်ဝက် ပိုင်ဆိုင်ထားတဲ့ ချင်းကျောက်ဟာ သူမ မတုံ့ပြန်နိုင်ခင်မှာပဲ အဆင့်ချိုးဖျက်တော့မယ် ဆိုတာ သဘောပေါက်လိုက်သည်။
သူမရဲ့ မျက်နှာက ပြောင်းလဲသွားပြီး ချန်ချန်ရွှယ် အကြောင်း ဆက်မတွေးတော့ဘဲ အာရုံပျံ့လွင့်စေတဲ့ အတွေးတွေအားလုံးကို ဖယ်ရှားလိုက်သည်။
ဝိညာဉ် ခန္ဓာ တစ်ဝက်နဲ့ ဆိုရင် ရွှေအမြုတေ အဆင့်အောက်မှာ အတားအဆီး မရှိဘူး ဆိုတာ သူမ သိပြီး အဆင့်ချိုးဖျက်ရာမှာလည်း ကျရှုံးတယ် ဆိုတာမျိုး မရှိတော့ပေ။
ဒါပေမဲ့ ချင်းကျောက် နည်းနည်း စိုးရိမ်နေတုန်းပင်။
သူမ ပိုဘေးကင်းအောင် လုပ်ရပေမည်။
အဆင့်ချိုးဖျက်ဖို့ ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်တဲ့ ပိုင်ယီနဲ့ ယှဉ်လိုက်ရင် ချင်းကျောက်က အတွေ့အကြုံ နည်းပါးလေသည်။
သူမရဲ့ အဆင့်ချိုးဖျက်မှုက ဆူညံသံ အများကြီး ဖြစ်ပေါ်စေခဲ့ပြီး ကျင်းရှင်း နန်းတော်ရဲ့ ထက်ဝက်ကျော်လောက်ရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်လေသည်။
"အဲဒါက..."
ကျင်းရှင်း နန်းတော်က အကြီးအကဲ တစ်ယောက် ဝိညာဉ် ချီရွေ့လျားနေတဲ့ ဘက်ကို ကြည့်ပြီး အနည်းငယ် အံ့သြသွားပုံရလေသညါ။ "နန်းတော်ထဲက တပည့်တစ်ယောက် အခြေတည်အဆင့် အဆင့် (၂) ကို ချိုးဖျက်ဝင်ရောက်သွားတာလား... ဒါပေမဲ့... အဲဒီနေရာက ဟိုကလေးစုတ်ချင်းကျောက် ကျင့်ကြံတဲ့ နေရာ မဟုတ်ဘူးလား"
ကျင်းရှင်း နန်းတော်က ပါရမီရှင် တပည့်တစ်ယောက်လည်း အဲဒီဘက်ကို ကြည့်လိုက်သည်။ "ဂျူနီယာ ညီမလေးလား... သူမ အခြေတည်အဆင့် အဆင့် (၂) ကို ရောက်သွားပြီလား.... သူမ အဖမ်းခံရပြီး ကျင်းရှင်း နန်းတော်ကို ပြန်ရောက်လာတုန်းက အခြေတည်အဆင့် အဆင့် (၁) ပဲ ရှိသေးတာ မဟုတ်ဘူးလား"
ကျင်းရှင်း နန်းတော်ရဲ့ ထက်ဝက်ကျော်လောက် တုန်လှုပ်သွားခဲ့ကြသည်။
မသေမျိုးကျင့်ကြံခြင်း ဂိုဏ်းတစ်ခု ဖြစ်တဲ့ ကျင်းရှင်း နန်းတော်မှာ တပည့် အများအပြား မရှိရာ အကယ်၍ အတွင်းထဲမှာ တစ်ခုခု ဖြစ်ပွားရင် ဂိုဏ်းတစ်ခုလုံးကို လျင်မြန်စွာ ပျံ့နှံ့သွားလေ့ရှိသည်။
အရင်တုန်းက ချင်းကျောက် ကျင်းရှင်း နန်းတော်ကနေ ခိုးထွက်သွားပြီး ပြန်ရောက်လာတဲ့ အခါ အခြေတည်အဆင့် အဆင့် (၁)ပဲ ရှိပါကြောင်း ကျင်းရှင်း နန်းတော်ထဲက လူတိုင်း သိကြပေသည်။
အဲဒါကြောင့်လည်း သူတို့ ဒီလောက် တုန်လှုပ်သွားကြခြင်းပင်။
မကြာသေးခင်ကမှ သူမဟာ အခြေတည်အဆင့် အဆင့် (၁) ကို ရောက်ရှိခဲ့တာဖြစ်ပြီး မျက်တောင် တစ်ခတ်အတွင်းမှာ သူမက အခြေတည်အဆင့် အဆင့် (၂) ကို ရောက်သွားလေသည်။
အကယ်၍ သူမဟာ ဆေးလုံးတွေ ရူးသွပ်စွာ စားသုံးရင်တောင် ဒီလောက် ချဲ့ကားလွန်းတဲ့ အဆင့်ချိုးဖျက်မှု အရှိန်အဟုန်မျိုး မဖြစ်နိုင်ချေ။
"ရှူး.."
'သူမ မသေမျိုး ဆေးလုံး စားလိုက်တာလား...'
"ဂျူနီယာ ညီမလေး ချင်းကျောက်က ဒီအတိုင်း အဆင့်ချိုးဖျက်သွားတာလား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ....လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျင်းရှင်း နန်းတော်မှာ သူမကို တွေ့တုန်းက သူမက ကျွန်မထက် အဆင့်ငယ်တစ်ဆင့် နိမ့်နေတာ သိသာပါတယ်... အခု ရက်အနည်းငယ် အတွင်းမှာ... သူမက ကျွန်မနဲ့ အဆင့်တူ ဖြစ်သွားပြီလား...ဘာတွေ ဖြစ်နေတာလဲ"
"စီနီယာ အစ်မ ကျွန်မ အိမ်မက်မက်နေတာလား... ကျွန်မတို့ရဲ့ ဂျူနီယာ ညီမလေး ချင်းကျောက်က လူ့ပြည်ကို ဆင်းသက်လာတဲ့ မသေမျိုးတစ်ပါးတော့ မဟုတ်ပါဘူးနော်.... အား.... စီနီယာ အစ်မ ဘာလို့ ကျွန်မကို ရိုက်တာလဲ"
"အိမ်မက်လို့ ထင်တယ်ဆို.... နာကျင်တာ ခံစားရရင် အဲဒါ အိမ်မက် မဟုတ်ဘူးပေါ့"
"ဖြစ်နိုင်တာက နန်းတော်သခင်က ဂျူနီယာ ညီမလေး ချင်းကျောက်ကို အံ့ဖွယ် ဆေးလုံးတစ်မျိုးမျိုး ပေးလိုက်တာများလား"
"အခြေတည်အဆင့်မှာ လူတစ်ယောက်ကို စိတ်ကြိုက်အဆင့်ချိုးဖျက်ခွင့် ပေးနိုင်တဲ့ ဆေးလုံးမျိုးရှိလို့လားဟ"
"ဒါဆိုရင် တခြား ဖြစ်နိုင်ချေတွေ ရှိသေးတယ်လို့ ရှင် ထင်လား"
"ရှူး"
"..."
ကျင်းရှင်း နန်းတော်က တပည့်တွေ လေအေးတစ်ချက် ရှူသွင်းလိုက်ကြ၏။
သူတို့ အားလုံး ထင်ကြတာက နန်းတော် သခင်က သူမကို ဝိညာဉ် ဆေးလုံးတစ်မျိုးမျိုး ပေးလိုက်လို့ ချင်းကျောက် ဒီလောက် မြန်မြန်ဆန်ဆန် အဆင့်ချိုးဖျက်နိုင်တာ လို့ပင်။
ဒီလို ချဲ့ကားလွန်းတဲ့ ဝိညာဉ် ဆေးလုံးမျိုး သူတို့ တစ်ခါမှ မကြားဖူးပေမယ့် ပိုပြီး ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်လည်း မတွေးတက်ကျတော့ပေ။
ချင်းကျောက်ရဲ့ အမေဖြစ်သည့် ကျင်းရှင်း နန်းတော်ရဲ့ နန်းတော် သခင်တောင် ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာ မသိချေ။
"ဒီကောင်မလေး..."
ကျင်းရှင်း နန်းတော်ရဲ့ နန်းတော် သခင်က ချင်းကျောက် ကျင့်ကြံရာ နေရာ ဖြစ်တဲ့ ဝေးလံတဲ့ တောင်ထွတ်ကို လှမ်းကြည့်လိုက်၏။
သူမ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ "သူမ ဘယ်လိုလုပ် ဒီလောက် မြန်မြန်ဆန်ဆန် အဆင့်ချိုးဖျက်နိုင်တာလဲ... သူမ ဘာလုပ်လိုက်တာလဲ"
ကျင်းရှင်း နန်းတော် သခင်ရဲ့ ပထမဆုံး တုံ့ပြန်မှုကတော့ တစ်ခုခု မှားယွင်းနေတယ် ဆိုတာပင်။
အထူးသဖြင့် မကြာသေးခင်က မဟာယန် မင်းဆက် အဲဒီနေရာက သိပ်အေးချမ်းမှု မရှိချေ။
ထို့အပြင် ချင်းကျောက်ရဲ့ အဆင့်ချိုးဖျက်မှု အရှိန်အဟုန်က ရယ်စရာကောင်းတယ်လို့ သူမ ခံစားခဲ့ရတယ်။
ဂိုဏ်းကနေ အချိန်ကာလ တစ်ခုကြာ ထွက်ခွာသွားပြီးနောက် သူမဟာ အခြေတည်အဆင့် အဆင့် (၁) နဲ့ ပြန်ရောက်လာခဲ့တာကိုက မယုံနိုင်စရာ ကောင်းနေပေသည်။
အခု ချင်းကျောက်က နောက်ထပ် အဆင့်ချိုးဖျက်မှု တစ်ခု လုပ်လိုက်တာ တွေ့လိုက်ရတော့ ကျင်းရှင်း နန်းတော် သခင် ငြိမ်ငြိမ် မနေနိုင်တော့ချေ။
သူမရဲ့ သမီးငယ်လေးက ထူးဆန်းတဲ့ အရာတစ်ခုခု ကြုံတွေ့ခဲ့ရမှာကို သူမ စိုးရိမ်နေပြီး အကယ်၍ အဲဒါ တကယ် ဖြစ်ခဲ့ရင်...
ဒါကို တွေးမိတော့ အေးစက်တဲ့ အရောင်တစ်ချက်သူမ မျက်လုံးထဲ ဖြတ်သန်းသွားခဲ့သည်။ "တစ်စုံတစ်ယောက်က ကျင်းရှင်း နန်းတော်ကို ရန်စ ရဲတယ်ပေါ့..."
...
အဆင့်ချိုးဖျက်မှုမှာ ပါဝင်ပတ်သက်နေသူ တစ်ယောက် အနေနဲ့ သူမရဲ့ အဆင့်ချိုးဖျက်မှုက အာရုံစိုက်မှု ဘယ်လောက် ဆွဲဆောင်လိုက်လဲ ဆိုတာ ချင်းကျောက် မသိရှာပေ။
အခြေတည်အဆင့် အဆင့် (၂) ကို အောင်မြင်စွာ ချိုးဖျက်ဝင်ရောက်ပြီးနောက် သူမရဲ့ အရင်က စိတ်ညစ်ညူးမှုတွေဟာ ပျော်ရွှင်မှုနဲ့ အစားထိုး ဆေးကြောခံလိုက်ရလေသည်။
သူမ တစ်ကိုယ်လုံး တက်ကြွလန်းဆန်းမှုတွေ နဲ့ နောက်တစ်ကြိမ် ပြည့်နှက်နေခဲ့ပြီး စွမ်းအင်တွေ ပြည့်ဝနေခဲ့သည်။
ချင်းကျောက်ဟာ မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး အခြေတည် အဆင့် (၂) နဲ့ အခြေတည်အဆင့် (၁) ကြားက ကွာခြားချက်ကို ခံစားလိုက်သည်။ ထို့နောက် သူမရဲ့ ပါးစပ်ထောင့်တွေက ထိန်းချုပ်လို့ မရတဲ့ အပြုံးတစ်ခု အဖြစ် ကွေးညွတ်တက်သွားခဲ့သည်။ "ရှင် မျှော်လင့်မထားခဲ့ဘူး မဟုတ်လား ချန်ချန်ရွှယ်... လက်ရှိ ကျွန်မက ရှင်နဲ့ ကျင့်ကြံမှု အဆင့် တူညီသွားပြီ"
"ရှင် သရုပ်ဖော် စနစ်ထဲမှာ နည်းနည်း ပိုကြာကြာ အသက်ရှင်တော့ကော ဘာဖြစ်လဲ...အကယ်၍ လက်တွေ့ကမ္ဘာမှာ ရှင့်ရဲ့ အဆင့်ချိုးဖျက်မှု အရှိန်အဟုန်က ငါ့လောက် မမြန်ဆန်ရင် ရှင် ရှုံးပြီပဲ"
"ပြီးတော့ အခု ငါ့မှာ အပို ကျင့်ကြံခြင်း နည်းစနစ် တစ်ခု ရှိနေပြီ"
ချင်းကျောက် ရရှိခဲ့တဲ့ မပြည့်စုံတဲ့ မူကွဲ သတ်ဖြတ်ခြင်း စာအုပ်က စာအုပ် တစ်အုပ် အနေနဲ့ ပေါ်လာတာ မဟုတ်ပဲ ၎င်းက သူမရဲ့ စိတ်ထဲမှာ မှတ်ဉာဏ် တစ်ခု အနေနဲ့ ပေါ်လာခြင်းပင်။
"ဒါက ရှေးဟောင်း ကျင့်ကြံခြင်း နည်းစနစ်ပဲ..." ချင်းကျောက် နှာခေါင်းရှုံ့လိုက်ပြီး ဂုဏ်ယူစွာ ပြုံးလိုက်သည်။
ဒီကျင့်ကြံခြင်း နည်းစနစ်က မပြည့်စုံတဲ့ မူကွဲ ဖြစ်ပေမယ့် သူမ မကျေမနပ် မဖြစ်မိချေ။ ဒီရှေးဟောင်း မိစ္ဆာ နည်းစနစ်က မပြည့်စုံတဲ့ မူကွဲ ဖြစ်နေရင်တောင် ကျင်းရှင်း နန်းတော်ရဲ့ နန်းတော် စောင့်ရှောက်ရေး နည်းစနစ်နဲ့ ယှဉ်နိုင်လေသည်။
အကယ်၍ ပြည့်စုံတဲ့ မူကွဲသာ ဆိုရင် နန်းတော် စောင့်ရှောက်ရေး နည်းစနစ်ကို သေချာပေါက် ကျော်လွန်နေပေမည်။
ဒါပေမဲ့ ချင်းကျောက် ကြာကြာ မာန်တက်မနေနိုင်ခင်မှာပဲ အနီးအနားမှာ လှုပ်ရှားမှု တချို့ ရှိနေပုံရတာကို သူမ သတိထားမိလိုက်၏။
ထို့နောက် ချင်းကျောက်ဟာ ရင်းနှီးတဲ့ အသံတစ်ခု ကြားလိုက်ရသည်။
အသံက အနည်းငယ် ရင့်ကျက်ပြီး အေးစက်မှု အရိပ်အယောင်တစ်ချို့ ပါဝင်နေခဲ့သည်။
"ချင်းကျောက် ထွက်ခဲ့ပြီး ငါ့ကို လာတွေ့စမ်း"
'ရှူး..'
ချင်းကျောက် တစ်ကိုယ်လုံး တုန်ခါသွားပြီး သူမရဲ့ အတွေးတွေကို အလျင်အမြန် စီစဉ်လိုက်၏။
သူမ မျက်နှာက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
"မယ်တော်"
"မယ်တော် ဘာလို့ ဒီနေရာ ရောက်နေတာလဲ"
...