အခန်း ၁၂၁ : ရှင့်ကို ကျွန်မ ကာကွယ်ပေးပါ့မယ်
နေပြည်တော်သို့ လာရသည့် ရည်ရွယ်ချက်မှာ မဟာဝေ ဧကရာဇ်မင်းမြတ် စိတ်ဖောက်ပြန်ခြင်းကို တားဆီးရန်နှင့် မဟာဝေ မင်းဆက်ကို နောက်ထပ် နှစ်ရာပေါင်းများစွာ ကြာအောင် ထိန်းသိမ်းထားနိုင်စေရန် ဖြစ်၏။
ထိုသို့ လုပ်ဆောင်ရန် ပထမအဆင့်မှာ မဟာဝေ တော်ဝင်မိသားစု၏ မျိုးဆက်များ သဘာဝမဟုတ်သော သေဆုံးခြင်းမျိုးဖြင့် သေဆုံးခြင်းကို တားဆီးရန် ဖြစ်လေသည်။
ဘာပဲဖြစ်ဖြစ် မဟာဝေ ဧကရာဇ်မင်းမြတ် စိတ်ဖောက်ပြန်ပြီး ရုတ်တရက် သေဆုံးသွားခြင်း ဖြစ်ကြောင်း ချင်းကျောက်ကောင်းစွာ သိရှိထားသည် မဟုတ်ပါလော။
၎င်း၏ မီးပွားမှာ တော်ဝင်မိသားစုများ သဘာဝမဟုတ်သော သေဆုံးခြင်းမျိုးဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်ပေသည်။
ထို့အပြင်...သေဆုံးသွားသူက တစ်ဦးတည်း မက ရှိခဲ့သည်။
ချင်းကျောက်ဟာ အခြေအနေကို ထိုးဖောက်နိုင်မည့် အချက်တစ်ခု မရှာတွေ့နိုင်သဖြင့် စိတ်ညစ်နေခဲ့ရသည်။ ယခု ထိုးဖောက်နိုင်မည့် အချက် ဒီနေရာသို့ ရောက်ရှိလာပေပြီ။
ထို့အပြင် တစ်ဖက်လူ သူမအိမ်တံခါးဝသို့ ရောက်ရှိလာရသည့် ရည်ရွယ်ချက်ကို ဂရုမစိုက်တော့ပဲ သူမ အားလုံးကို ဖွင့်ချပြသချင်နေပေပြီ။
'တစ်ဖက်လူရဲ့ ယုံကြည်မှုကို ရယူရမယ်..'
အတွေးပေါင်း မြောက်မြားစွာ သူမ၏ စိတ်ထဲတွင် တစ်ခဏချင်း ဖြတ်သန်းသွားခဲ့သည်။
သူမရှေ့က ဤမရင်းနှီးသည့် တော်ဝင်မိသားစုမှလူကကို ရင်ဆိုင်ရသောအခါ ချင်းကျောက် တစ်ခါမှ မဖြစ်ဖူးလောက်အောင် လေးနက်ပြီး တည်ကြည်သော မျက်နှာထားကို ထုတ်ဖော်ပြသလိုက်၏။
ထို့နောက် လေးနက်စွာ ပြောလိုက်လေသည်။ "မဟာဝေ မင်းဆက်ကို ကယ်တင်ဖို့"
ချန်ချန်ရွှယ်ဟာ ထိုစကားကြောင့် ကြောင်အသွားခဲ့ရသည်။
......
ချင်းကျောက် လေးနက်စွာ ဆက်ပြောလိုက်သည်။ "တစ်နည်းအားဖြင့် ရှင့်ရဲ့ အသက်ကို ကယ်တင်ဖို့"
ချန်ချန်ရွှယ်၏ မျက်နှာက ပို၍ပင် ထူးဆန်းသွားခဲ့သည်။
သူမ မေးလိုက်၏"ငါ့ကို ကယ်တင်ဖို့..."
ချင်းကျောက် ယုံကြည်မှုရှိရှိ ပြောလိုက်သည်။ "နောက်ထပ် နှစ်အနည်းငယ် အတွင်း ရှင် သေဆုံးရတော့မယ် ဆိုတာ ရှင် ယုံလား"
"မင်း ဘယ်လိုတောင် ရဲရတာလဲ..."
ဒါကို ကြားတော့ ဝှိုက်တီကို ခွဲစိတ်လေ့လာချင်နေသည့် ရောဂါသည်ဆန်သော အကြည့်ကို အဘွားအို ပြန်လည် ရုပ်သိမ်းလိုက်၏။ ထို့နောက် သူမ၏ မျက်လုံးများက ချင်းကျောက်အပေါ် စူးစိုက်သွားခဲ့သည်။ "မင်းရှေ့မှာ ထိုင်နေတာ ဘယ်သူလဲ ဆိုတာ မင်း သိလား... မင်း ဘယ်လိုတောင် ရိုင်းစိုင်းစွာ ပြောရဲရတာလဲ"
ချင်းကျောက် ပခုံးတွန့်လိုက်သည်။ "ကျွန်မ သိပါတယ် ဒါပေမဲ့ သူမရဲ့ ကိုယ်ပိုင်အမှတ်အသားကို လူသိရှင်ကြား ပြောပြတာက အဓိပ္ပာယ်မရှိဘူး.... သူမရဲ့ မျိုးရိုးနာမည်က ချန်ပါလို့တော့ ကျွန်မ ပြောနိုင်ပါတယ်"
'တကယ်တော့ ဒီလူက ဘယ်မိသားစုဝင်လဲ ဆိုတာ ဘယ်သူမှ သိမှာ မဟုတ်ပါဘူး..'
'ဒါပေမဲ့ ချင်းကျောက်က မျိုးရိုးနာမည်က ချန် ပါလို့ တိုက်ရိုက် ပြောလိုက်ခြင်းက သူမ တကယ် ဉာဏ်ကောင်းတာပဲ...'
"စီနီယာ" ချန်ချန်ရွှယ် ခေါင်းခါလိုက်ပြီး ချင်းကျောက်ကို ပစ်မှတ်မထားဖို့ အဘွားအိုကို အချက်ပြလိုက်သည်။
သူမ အပြုံးတစ်ခု ထုတ်ဖော်လိုက်ပြီး မေးလိုက်၏။ "နောက်ထပ် နှစ်အနည်းငယ် အတွင်း ငါ သေဆုံးရမယ်လို့ မင်း ပြောတယ်မလား ဒါဆိုရင် နောက်ထပ် နှစ်အနည်းငယ် အတွင်း ငါ ဘယ်လို သေဆုံးရမလဲ ဆိုတာ မင်း ငါ့ကို ပြောပြနိုင်မလား"
ဘာအကြောင်းရင်းကြောင့်လဲ ချင်းကျောက် မသိပေမယ့် ဒီအမျိုးသမီးရဲ့ အပြုံးကို မြင်လိုက်ရတဲ့ အခါ သူမ စိတ်မသက်မသာခံစားလိုက်ရသည်။
လက်ရှိ အခြေအနေမှာ သူမက ဦးဆောင်သူဖြစ်ပြီး တစ်ဖက်လူရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ကိုင်ဆောင်ထားတာ ထင်ရှားနေပေသည်။
'ဒါပေမဲ့ တစ်ဖက်လူရဲ့ မျက်လုံးတွေထဲမှာ လှောင်ပြောင်မှုအရိပ်အယောင် ရှိနေတယ်လို့ သူမ ဘာလို့ ခံစားနေရတာလဲ..'
'တောက်... သူမက ချန်ချန်ရွှယ်လိုပဲ မုန်းစရာကောင်းတဲ့ အမျိုးသမီးပဲ...'
မျက်နှာမပျက်စေဖို့ ချင်းကျောက်ဟာလည်း အပြုံးအရိပ်အယောင် တစ်ခု ထုတ်ဖော်လိုက်၏။
၎င်းက တော်တော်လေး လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်ပုံပေါက်သွားစေခဲ့သည်။"နောက်ထပ် နှစ်အနည်းငယ် အတွင်း မဟာဝေ မင်းဆက်ကို ဖြိုဖျက်ပြီး မဟာဝေရဲ့ ဧကရာဇ် အာဏာကို လုယူချင်တဲ့ လူတစ်စုရဲ့ လက်ချက်နဲ့ ရှင် သေဆုံးရလိမ့်မယ်"
အဘွားအို သူမကို စိုက်ကြည့်လိုက်၏။ အကယ်၍ သူမကို မဆင်မခြင် မလုပ်ဖို့ မင်းသမီးက သတိပေးမထားရင် သူမ ဒီကောင်မလေးကို ဇောက်ထိုးဆွဲထားပြီး ကောင်းကောင်း ရိုက်နှက်ဆုံးမလိုက်ပေပြီ။
'မင်းသမီး သေဆုံးတော့မယ်လို့ သူမ တကယ် ပြောလိုက်တာလား...'
'ဟမ်..နေပါဦး..'
အဘွားအို မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့ပြီး သူမဟာ သံသယ မျက်လုံးများဖြင့် ချင်းကျောက်ကို ကြည့်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူမညာ ချန်ချန်ရွှယ်ကို ထပ်ကြပ်မကွာ ကာကွယ်ပေးနေရသောကြောင့် ဖြစ်၏။ ကိစ္စရပ်အချို့ကို စုံစမ်းစစ်ဆေးရန် မဟာဝေ ဧကရာဇ်မင်းမြတ် စေလွှတ်လိုက်သော လူများ အပေါ်တွင် ချန်ချန်ရွှယ်၌ အတိုင်းအတာ တစ်ခုအထိ အမိန့်ပေးပိုင်ခွင့် ရှိလေသည်။
ရလဒ်အနေဖြင့် အကြောင်းတရားနှင့် အကျိုးတရား အခြေအနေများအောက်တွင် အဘွားအိုက အရာအချို့ကို သိရှိနေသေးလေသည်။
အရှင်မင်းမြတ်နှင့် မင်းသမီးတို့ဟာ ပုန်ကန်သူအချို့ကို စုံစမ်းစစ်ဆေးနေကြောင်း သူမ သိခဲ့ရသည်။ အဲဒီ ပုန်ကန်သူတွေက ယုတ်မာတဲ့ ကိစ္စတချို့ လုပ်ဖို့ ကြိုးစားကောင်း ကြိုးစားနေပေလိမ့်မည်။
ဒီလိုကိစ္စမျိုးကို... ယုတ္တိကျကျ ပြောရရင် လူအများကြီး မသိကြချေ။
သို့ပေမဲ့ သူမရှေ့က ကျင့်ကြံခြင်းပါရမီ ရှိပုံရပြီး လှပတဲ့ မိန်းကလေးက ဘယ်လိုသိနေသည်နည်း။
ဒီအချိန်မှာ ချန်ချန်ရွှယ်ရဲ့ မျက်နှာပေါ်၌ အပြုံးတစ်ခု ရှိနေတုန်းပင်။ ဒါပေမဲ့ ဒီတစ်ခါ သူမရဲ့ အပြုံးမှာ တွေးတောစရာ အဓိပ္ပာယ်တစ်ခု ပါဝင်နေခဲ့သည်။ "သာမန်လူတွေ မသိတဲ့ အရာတချို့ကို မင်း သိကောင်း သိလိမ့်မယ်လို့ ငါ ထင်တယ်... ပုန်ကန်ဖို့ ကြံစည်နေတဲ့ လူတွေရဲ့ လက်ချက်နဲ့ ငါ သေဆုံးရမယ်လို့ မင်း ပြောခဲ့တယ်.... မေးခွန်းက ဒါကို သက်သေပြဖို့ မင်းမှာ ဘာသက်သေအထောက်အထား ရှိလဲ"
'သက်သေအထောက်အထား...'
ချင်းကျောက် မျက်မှောင်ကြုတ်ပြီး ခဏလောက် စဉ်းစားလိုက်ကာ ရုတ်တရက် သူမစိတ်ထဲ အကြံဉာဏ် တစ်ခု ဖြတ်သန်းသွားခဲ့သည်။
သူမ ချက်ချင်း ပြောလိုက်၏ "မဟာဝေ မင်းဆက်ရဲ့ တော်ဝင်မိသားစုထဲမှာ ချန်နင်း လို့ ခေါ်တဲ့ မင်းသမီး တစ်ပါး ရှိတယ် ဆိုတာ ကျွန်မ သိတယ်... သူမရဲ့ နာမည်ရင်းက ချန်ချန်ရွှယ်...ကျွန်မ ဒီနာမည်ကို မုန်းပေမယ့် သူမနဲ့ ပတ်သက်ပြီး အရာတစ်ခု ရှင့်ကို ပြောပြနိုင်ပါတယ်"
"ချန်ချန်ရွှယ် လို့ ခေါ်တဲ့ အဲဒီ မင်းသမီး ချန်နင်း အသက် (၂၇) နှစ် ရောက်တဲ့အခါ သူမ သေဆုံးရလိမ့်မယ်...ပြီးတော့ သေဆုံးတဲ့ တော်ဝင် မျိုးဆက်တွေထဲမှာ သူမက ပထမဆုံး ဖြစ်လိမ့်မယ်"
"အဲဒါပြီးရင် မဟာဝေ မင်းဆက်ရဲ့ တော်ဝင်မိသားစုဝင်တွေ တစ်ယောက်ပြီး တစ်ယောက် ဖယ်ရှားခံရလိမ့်မယ်"
"တစ်နည်းအားဖြင့် သူတို့က အသုတ်လိုက်ဖယ်ရှားခံရလိမ့်မယ်"
ချင်းကျောက် ခဏ ရပ်တန့်လိုက်ပြီး ဆက်ပြောလိုက်သည်။ "အကယ်၍ ကျွန်မ ပြောတာ အမှန် ဟုတ်မဟုတ် ရှင် အတည်ပြုချင်ရင် (၅) နှစ်လောက်ပဲ စောင့်ဖို့ လိုတယ်...ကျွန်မတို့လို အခြေတည်အဆင့် ကျင့်ကြံသူတွေ အတွက် (၅) နှစ် ဆိုတာ အမွှေးတိုင် တစ်တိုင် ထွန်းညှိထားတဲ့ အချိန်နဲ့ မခြားဘူး"
သူမဟာ ခိုင်လုံတဲ့ သက်သေအထောက်အထားကို တကယ် ထုတ်မပြနိုင်ပေမဲ့ သူမဆီမှာ အနာဂတ်ကို ကြိုမြင်နိုင်တဲ့ စွမ်းရည် ရှိပေသည်။
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ရဲ့ အဆက်မပြတ် သရုပ်ဖော် ဘဝတွေကနေ တဆင့် အနာဂတ်မှာ ဘာဖြစ်လာမလဲ ဆိုတာ သူမ သိလေသည်။
ထိုအပြင် အနာဂတ်မှာ ဖြစ်လာမယ့် အရာတွေက အစွမ်းအထက်ဆုံး သက်သေအထောက်အထားတွေပင်။
"မင်းသမီး ချန်နင်း... ချန်ချန်ရွှယ်..."
ချန်ချန်ရွှယ် ရယ်မောလိုက်၏။ ချင်းကျောက်၏ မကျေနပ်သော အကြည့်အောက်တွင် သူမ ပြုံးပြီး ပြောလိုက်သည်။ "ချန်နင်းက ဒီနှစ် အသက် (၂၂) နှစ် ရှိပြီ။ သူမ အသက် (၂၇) နှစ်မှာ သဘာဝမဟုတ်တဲ့ သေဆုံးခြင်းမျိုးနဲ့ သေဆုံးရမယ်လို့ မင်း ဆိုလိုတာလား"
"ဒါပေါ့" ချင်းကျောက် သူမ ရင်ကို ကော့လိုက်ချင်သော်လည်း သူမရှေ့က ဒီအမျိုးသမီးရဲ့ ရင်ဘတ်က ကြီးမားတဲ့ အရာဝတ္ထုကို တစ်ချက် အကဲခတ်မိလိုက်တဲ့ အခါ...
ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး အရှက်ခွဲရာရောက်မယ့် ဒီလုပ်ရပ်ကို သူမ ချက်ချင်း ဖျက်သိမ်းလိုက်၏။
"ငါ မင်းကို ယုံတယ်"
"မင်း သေချာပေါက် ယုံမှာ မဟုတ်ဘူးလို့ ငါ သိ... ဟမ်..." ချင်းကျောက် သူမရဲ့ ပြူးကျယ်ပြီး အရည်လဲ့နေတဲ့ မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ "ရှင် ကျွန်မကို ယုံတယ်..."
ချန်ချန်ရွှယ် ပြောလိုက်သည်။ "လူတစ်ယောက်ရဲ့ ပါးစပ်က လိမ်ကောင်း လိမ်လိမ့်မယ်... ဒါပေမဲ့ လူတစ်ယောက်ရဲ့ မျက်လုံးတွေက မလိမ်ညာနိုင်ဘူး"
သူမ ဆက်ပြောလိုက်သည် "မင်း လိမ်မနေဘူးလို့ ငါ ထင်တယ်"
"ဟီး..." ချင်းကျောက်ယုံကြည်မှုရှိရှိပြုံးလိုက်သည်။ "ငါချင်းကျောက်ကစကားကြီးစကားကျယ်ပြောတဲ့ လူစားမျိုးမဟုတ်ဘူး.... ရှင်ကျွန်မကိုယုံကြည်မှတော့စိတ်ချလက်ချနေလို့ရပါပြီ.... ရှင့်ကိုဘေးကင်းအောင်ကျွန်မသေချာပေါက်ကာကွယ်ပေးပါ့မယ်...."