အခန်း ၁၁၆ : ချန်ဖုန်းယင်ကို တုန်လှုပ်သွားစေသည့် မျက်နှာဖုံး၊ ရင်းနှီးနေသည့် နာမည်
"ဒါပေမဲ့..." ချန်ဖုန်းယင် လေးနက်စွာ ပြောလိုက်သည်။ "ချန်နင်း ဒီလျှို့ဝှက်ချက်ကို တခြား ဘယ်သူ့ကိုမှ မပြောခဲ့ဘူး မဟုတ်လား"
ချန်ချန်ရွှယ် ခေါင်းခါလိုက်သည်။
"သိပ်ကောင်းတယ်" ချန်ဖုန်းယင် ပြောလိုက်၏။ "မင်း ဒီလျှို့ဝှက်ချက်ကို တခြား ဘယ်သူ့ကိုမှ မပြောရဘူး မဟုတ်ရင် ပြဿနာ အများကြီး ဆွဲဆောင်လာလိမ့်မယ်... အနာဂတ်ကို ကြိုဟောနိုင်တဲ့ မင်းရဲ့ အိမ်မက်လို အရာမျိုးက သိပ်ထူးခြားလွန်းတယ်"
"ဒါဆိုရင် မင်း အနာဂတ် ဖြစ်ရပ်တစ်ခုခုကို အိမ်မက်မက်ခဲ့ပြီး အနာဂတ်မှာ တော်ဝင်မိသားစုဝင်တွေကို တစ်စုံတစ်ယောက်က တိုက်ခိုက်လိမ့်မယ် ဆိုတာ သိလိုက်တာပေါ့... ဒါကြောင့် မင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ စွမ်းရည် မြှင့်တင်ဖို့ တွေးခဲ့တာပေါ့...ငါပြောတာ မှန်လား"
မမျှော်လင့်ဘဲ ချန်ချန်ရွှယ် ခေါင်းခါလိုက်ပြီး ပြန်ဖြေလိုက်သည် ။"ခမည်းတော် တစ်ဖက်လူ ကိုင်တွယ်ဖြေရှင်းချင်တဲ့ လူက... ခမည်းတော် လို့ ကျွန်မ ထင်ပါတယ်"
သူမ ပြောလို့ ပြီးတာနဲ့ နန်းတော်ထဲက ခန်းမဆောင်က တိတ်ဆိတ်သွားခဲ့သည်။ ဘယ်သူမှ ဆက်မပြောကြတော့ပေ။
ချန်ဖုန်းယင် စကားမပြောသော်လည်း သူ့မျက်နှာက အကြိမ်အနည်းငယ် ပြောင်းလဲသွားသည်ကို မြင်တွေ့နိုင်သေးလေသည်။
အသက်ရှူချိန် အနည်းငယ် ကုန်ဆုံးသွားခဲ့သည်။
ချန်ဖုန်းယင် ပါးစပ်ဖွင့်လိုက်ပြီး "ချန်နင်း မင်း ဘယ်လိုလုပ် ဒီကောက်ချက် ချလိုက်တာလဲ"
ချန်ချန်ရွှယ် ပြန်ဖြေလိုက်၏။"အမှောင်ထဲက လူတစ်ယောက်က ကျွန်မ၊ မောင်တော်၊ နဲ့ ညီမတော်တို့ကို တိုက်ခိုက်ခဲ့တယ်... ယုတ္တိကျကျ ပြောရရင် ဒီလို မဖြစ်သင့်ပါဘူး.... ကျွန်မတို့ထဲက အများစုက တော်ဝင်မိသားစုဝင် တစ်ယောက်ရဲ့ အဆင့်အတန်းသာ ရှိပြီး အထူးအခွင့်အရေး တချို့ ခံစားနေရတာကလွဲရင် တခြား ဘာမှ မရှိပါဘူး"
"ဒီလို အခြေအနေမျိုးမှာ ဘာလို့ တစ်စုံတစ်ယောက်က လုပ်စရာ မရှိဘဲ ပျော်ဖို့သက်သက် မဟာဝေ တော်ဝင်မိသားစုကို သတ်ချင်မှာလဲ"
"တစ်ဖက်လူက ရည်ရွယ်ချက် တစ်ခုတည်း အတွက်ပဲ ဒီလို လုပ်တာ ဖြစ်မယ်...သူတို့က ခမည်းတော်ကို ပစ်မှတ်ထားချင်နေကြတာ"
"ကျွန်မတို့.... ဧကရာဇ် မိသားစုရဲ့ မျိုးဆက်တွေက အသုံးချခံရမယ့် ကိရိယာတွေသက်သက်ပဲ... နောက်ကွယ်က ကြိုးကိုင်သူတွေက ခမည်းတော်ကို ကိုင်တွယ်ဖြေရှင်းဖို့ ကျွန်မတို့ကို ထက်မြက်တဲ့ ဓားသွားတစ်လက်လို အသုံးပြုနေကြတာပဲ"
......
တကယ်တော့ ပြီးခဲ့တဲ့ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် ဘဝ အနည်းငယ် အတွင်းမှာ မဟာဝေ ဧကရာဇ်မင်းမြတ်လည်း တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိခဲ့သည်။
ဒါပေမဲ့ ဒီတစ်ခါ ချန်ချန်ရွှယ် အရာများစွာကို ကြိုတင် လုပ်ဆောင်ခဲ့ပြီး ရလဒ်အနေနဲ့ ချန်ဖုန်းယင် တစ်ခုခု မှားယွင်းနေကြောင်း အခုထိ သတိမထားမိခဲ့တဲ့ သူဟာ ချန်ချန်ရွှယ်ရဲ့ စကားတွေ အပြီးမှာတော့ နိုးထလာခဲ့သည်။
သူ သဘောပေါက်သွားခဲ့၏။
"ချန်နင်း ဒီကိစ္စကို တခြား ဘယ်သူ့ကိုမှ မပြောနဲ့... ဒီကိစ္စကို ဖြေရှင်းဖို့ ငါ လူတစ်ယောက် စေလွှတ်လိုက်မယ်" ချန်ဖုန်းယင်၏ မျက်နှာက ပုံမှန်အတိုင်း ပြန်လည် တည်ငြိမ်သွားပြီး သူ့လေသံက ကြောက်စရာကောင်းလောက်အောင် တည်ငြိမ်နေခဲ့သည်။ "အနာဂတ်မှာ အကယ်၍ မင်း နန်းတော်ကနေ ယာယီ ထွက်ခွာချင်ရင် ငါ့ကို အသိပေးရမယ်"
"မင်းရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ ငါ လူအနည်းငယ် စေလွှတ်ပေးမယ်... အတင့်ရဲတဲ့ လူယုတ်မာတချို့ကို မင်းကို အခွင့်ကောင်းယူခွင့် ငါ ပေးမှာ မဟုတ်ဘူး"
သူ ခဏလောက် ရပ်တန့်လိုက်၏။
ထို့နောက် သူဟာ ခေါင်းစဉ်ကို ချန်ချန်ရွှယ်ဆီ ပြောင်းလိုက်ပြီး စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။ "မင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ စွမ်းရည် မြှင့်တင်ချင်တယ်လို့ ပြောတယ်မလား... အဲဒါက ကောင်းကင်အကျဉ်းထောင်ကို သွားပြီး မိစ္ဆာတွေ အများကြီး သတ်တာနဲ့ ဘာဆိုင်လို့လဲ"
ဒီကိစ္စနဲ့ ပတ်သက်ပြီး ချန်ချန်ရွှယ် ဘာမှ ဖုံးကွယ်မထားခဲ့ပေ။ ဒီတစ်ခါ သူမဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ မျက်နှာဖုံးရဲ့ ထူးခြားမှု အကြောင်း အားလုံးကို သူ့ကို ပြောပြလိုက်သည်။
ချန်ဖုန်းယင် ကြောင်အသွားခဲ့သည်။
'ကြေးဝါရောင် မျက်နှာဖုံး တစ်ခု...'
'စကြဝဠာရဲ့ အထွတ်အထိပ်....'
'ကောင်းကင်ဝါးမျိုးခြင်း မိစ္ဆာ နည်းစနစ်.....'
'ဒါက...'
ဘာလို့ သူ့သမီးက ချဲ့ကားပြောဆိုထားတဲ့ ဇာတ်လမ်း တစ်ပုဒ်ကို ပြောပြနေသလို ခံစားနေရသည်နည်း။
ဒါပေမဲ့...ချန်ချန်ရွှယ် ပြောသမျှ အရာအားလုံးက အမှန်တရား ဖြစ်ကြောင်း ချန်ဖုန်းယင် သိလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် ချန်ချန်ရွှယ်ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ မျက်နှာဖုံးကို ထုတ်ယူလိုက်ပြီ ဖြစ်သောကြောင့် ဖြစ်၏။
ရယ်မောနေသလိုလို ငိုကြွေးနေသလိုလို ဖြစ်နေတဲ့ အဲဒီ ကြေးဝါရောင် မျက်နှာဖုံးက ထူးဆန်းတဲ့ အငွေ့သက်တို့ဖြင့် ပြည့်နှက်နေခဲ့သည်။
ချန်ဖုန်းယင်ဟာ မူလဝိညာဉ် အဆင့် (၁၀) ရှိတဲ့ စွမ်းအားရှင်တစ်ယောက် ဖြစ်ပေမယ့် ဒီအရာကို သူ ပထမဆုံး မြင်လိုက်ရတုန်းက သူ့ရင်ထဲမှာ တုန်လှုပ်တဲ့ ခံစားချက်တစ်ခု ခံစားလိုက်ရသည်။ သူ မြင်နေရတာက မျက်နှာဖုံး တစ်ခု မဟုတ်ဘဲ ကျင့်ကြံခြင်း ကမ္ဘာထဲက အရာအားလုံးကို ဝါးမျိုးနိုင်တဲ့ တွင်းနက်ကြီး တစ်ခု ဖြစ်နေသလိုပင်။
၎င်းက သူ့၏ ဦးရေပြားကို ကျဉ်သွားစေပြီး ဆံပင်တွေကိုတောင် ထောင်မတ်သွားစေလေသည်။
မူလဝိညာဉ် အဆင့် (၁၀) ကျင့်ကြံသူ ဖြစ်တဲ့ သူတောင် တုန်လှုပ်သွားရတယ် ဆိုတာက ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ မျက်နှာဖုံးက ပုံမှန်မဟုတ်လောက်အောင် ကြောက်စရာကောင်းတယ်ဆိုတာကို သက်သေပြဖို့ လုံလောက်ပေသည်။ ချန်ဖုန်းယင်ဟာ ၎င်းကို ချက်ချင်း ချိပ်ပိတ်ပြီး သူတတ်နိုင်သမျှ အကြာကြီး ချိပ်ပိတ်ထားချင်စိတ် ပေါက်သွားလောက်အောင် ကြောက်စရာကောင်းနေခဲ့သည်။
ဒါပေမဲ့ သူ့ရှေ့က သမီးဖြစ်သူကို ကြည့်ပြီး သူ ဒီအကြံဉာဏ်ကို လက်လျှော့လိုက်ရသည်။
သူ့လေသံက တစ်ခါမှ မဖြစ်ဖူးလောက်အောင် လေးနက်ပြီး တည်ကြည်နေခဲ့သည်။ "ဒီအရာကို..."
"မင်း သတိထားပြီး သုံးရမယ်"
"သေချာပေါက် သတိထားရမယ်"
...
[မဟာဝေ ဧကရာဇ်မင်းမြတ်ကို သင် ထုတ်ဖော်ပြောပြခဲ့သော စကားများမှာ တစ်ဝက်မှန်၊ တစ်ဝက်မှား ဖြစ်သည်။ ဖြစ်နိုင်တာက သင်က သူ အချစ်ဆုံး သမီး ဖြစ်နေလို့လားမသိပဲ ရယ်စရာကောင်းတယ်လို့ ထင်ရတဲ့ စကားတချို့ကိုတောင် ယုံကြည်ဖို့ ရွေးချယ်လိုက်သည်။]
[မဟာဝေ ဧကရာဇ်မင်းမြတ်က စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ဖို့ လူတွေကို လျှို့ဝှက်စွာ စေလွှတ်လိုက်သည်။ စုံစမ်းစစ်ဆေးမှု အတိုင်းအတာက နေပြည်တော်တစ်ခုလုံး ပါဝင်ပြီး အထူးသဖြင့် အခြေတည်အဆင့်နဲ့ အထက် ကျင့်ကြံသူတွေ ပါဝင်လေသည်။ သူတို့က စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုရဲ့ အဓိက အာရုံစိုက်ရာ ဖြစ်လာခဲ့သည်]
[သင် လုပ်ကြံဖန်တီးထားတဲ့ အနာဂတ်ဟောကိန်း အိမ်မက် နယ်ပယ်ဆိုတာကို တွေးပြီး မဟာဝေ ဧကရာဇ်မင်းမြတ်က သင့်ကို ပါဝင်ပတ်သက်ခွင့် ပြုဖို့ နောက်ဆုံးတော့ ဆုံးဖြတ်လိုက်သည်။]
[လျှို့ဝှက်စွာ စုံစမ်းစစ်ဆေးဖို့ မဟာဝေ ဧကရာဇ်မင်းမြတ် စေလွှတ်လိုက်တဲ့ လူတွေ အပေါ်မှာ သင့်မှာ အတိုင်းအတာ တစ်ခု အထိ အမိန့်ပေးပိုင်ခွင့်ရှိခဲ့သည်။]
[အသက် ၂၂ နှစ် - သင့်လက်ထဲ၌ စာရင်းရှည်ကြီး တစ်ခု ကိုင်ထားခဲ့သည်။ စာရင်းပေါ်မှာ လေလွှင့်ကျင့်ကြံသူတွေ၊ ဂိုဏ်းတွေကကျင့်ကြံသူတွေ နဲ့ နန်းတော်က ကျင့်ကြံသူတွေ ပါဝင်နေခဲ့သည်။]
[အရပ်ဘက် အရာရှိတွေ၊ စစ်သူကြီးတွေ နဲ့ ဧကရာဇ်ရဲ့ ဆွေမျိုးတွေ ပါဝင်ခဲ့သည်။]
[ထို့အပြင် သင် မြင်လိုက်ပြီးတာနဲ့ ဘယ်တော့မှ မမေ့နိုင်မယ့် ထူးခြားပြီး ရင်းနှီးတဲ့ နာမည်တစ်ခု ပါဝင်နေခဲ့သည်။]
[ ချင်းကျောက်]
...
မဟာဝေ မင်းဆက်...
နေပြည်တော်...
ချင်းကျောက်ဟာ လွန်ခဲ့တဲ့ တစ်နှစ်က နေပြည်တော်ထဲ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့သည်။
ဒီတစ်ခါ ပြီးခဲ့တဲ့ အကြိမ်ကနေ သူမဟာ သင်ခန်းစာ ယူခဲ့ပြီး သူမရဲ့ ကြွယ်ဝချမ်းသာမှုကို မဆင်မခြင်ထုတ်ဖော်မပြသခဲ့ပေ။
နေပြည်တော်ကို လာရတဲ့ သူမရဲ့ ရည်ရွယ်ချက်ကလည်း ရိုးရှင်းလှပြီး အဲဒါက မဟာဝေ မင်းဆက်ရဲ့ ပြည်တွင်းစစ်ကို တားဆီးဖို့ပင်။
မဟာဝေ မင်းဆက် ဘာလို့ ပြည်တွင်းစစ် ဖြစ်ရတာလဲ ဆိုတာ သူမ သိရှိသွားပြီး မဟာဝေ မင်းဆက် ပြည်တွင်းစစ် ဖြစ်နေသရွေ့ ကြီးမားသည့် ကြေးဝါရောင် တံခါးကြီးနေရာမှာ လုံခြုံမှာ မဟုတ်ဘူး ဆိုတာ သိထားလေသည်။
ချင်းကျောက်ဟာ ဒီပြဿနာကြီးကို ဖြေရှင်းဖို့ နည်းလမ်း အများအပြား စဉ်းစားခဲ့လေသည်။
နောက်ဆုံးတော့ သူမဟာ ဖြေရှင်းနည်း တစ်ခုကို စဉ်းစားမိခဲ့ပြီး ၎င်းက မဟာဝေ ဧကရာဇ်မင်းမြတ် သူ့ကလေးတွေကို မဆုံးရှုံးရအောင် တောင်းဆိုဖို့ပင်။
မဟာဝေ ဧကရာဇ်မင်းမြတ် ရူးသွားရတဲ့ အကြောင်းရင်းက သူ့ကလေးတွေ သေဆုံးသွားတာကြောင့် သူ့စိတ်အခြေအနေက ကြီးမားစွာ ထိခိုက်သွားလို့ ဆိုပြီး ချင်းကျောက် ကောက်ချက်ချလိုက်၏။
ရိုးသားစွာ ပြောရရင် ဒီဖြေရှင်းနည်းက ယုံကြည်စိတ်ချရပုံ မရပေမယ့် ချင်းကျောက်ကတော့ ဒါက ပြဿနာကြီး မဟုတ်ဘူးလို့ ခံစားရပေသည်။
ထို့ကြောင့် သူမဟာ ဒီနေရာကို နောက်တစ်ကြိမ် ရောက်လာခဲ့သည်။
"ထူးဆန်းတယ်" ဒီအချိန်မှာ ချင်းကျောက်ဟာ ရှုပ်ထွေးစွာ ရေရွတ်မနေဘဲ မနေနိုင်တော့ပေ။ "မဟာဝေ မင်းဆက်ရဲ့ မင်းသမီးတွေနဲ့ မင်းသားတွေက သိသိသာသာကို မသေသေးပါဘူး... ဘာလို့ အဲဒီ ဧကရာဇ်က နေပြည်တော်ရဲ့ ကာကွယ်ရေးကို အားဖြည့်နေသေးတာလဲ"
"ဒါ့အပြင် နေပြည်တော်က လူတွေရဲ့ စုံစမ်းစစ်ဆေးတာ ခံရလောက်အောင် ငါက တကယ် ကံဆိုးခဲ့တာပဲ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူတို့ ငါ့ကို ရှာတွေ့ပြီး အရာတချို့ မေးမြန်းခဲ့ကြတယ်...သူတို့ ဒီလောက် အုတ်အော်သောင်းတင်း လုပ်ဖို့ လိုလို့လား"
ချင်းကျောက် အနည်းငယ်သာ ရှုပ်ထွေးနေခဲ့ပြီး ဘာပဲဖြစ်ဖြစ် သူမက နောက်ကွယ်က ကြိုးကိုင်သူ မဟုတ်ဘူးချေ။
ထိုအပြင် မဟာဝေ မင်းဆက် ပြည်တွင်းစစ် ဖြစ်သွားမှာကို သူမလည်း မလိုလားရာ သူတို့ စုံစမ်းစစ်ဆေးခံလိုက်ပေမည်။
ဘာပဲဖြစ်ဖြစ် ကြေးဝါရောင် တံခါးကြီး အကြောင်း သူ ဘယ်သူ့ကိုမှ မပြောသရွေ့ ဘာပြဿနာမှ ရှိလာမှာ မဟုတ်ချေ။
ထို့ကြောင့် နန်းတော်က လူတွေကို ရင်ဆိုင်ရတဲ့အခါ ချင်းကျောက် သူတို့ကို သူမရဲ့ နာမည်ရင်း ပြောပြလိုက်သည်။
သို့သော် သူမရဲ့ နာမည်က တစ်စုံတစ်ယောက်ရဲ့ စားပွဲပေါ်ကို လျင်မြန်စွာ ရောက်သွားမှန်း သူမ မသိခဲ့ပေ။
...