အခန်း ၁၁၅ : ချန်ဖုန်းယင် ဆင့်ခေါ်ခြင်း၊ အနာဂတ်ကို ကြိုဟောနိုင်တဲ့ အိမ်မက်နယ်ပယ်
ချန်ဖုန်းယင်၏ မျက်နှာက အနည်းငယ် ထူးဆန်းနေခဲ့သည်။ သူက မဟာဝေ မင်းဆက်၏ ဧကရာဇ်မင်းမြတ် ဖြစ်ပြီး သူ့တွင် သားသမီး ဒါဇင်ပေါင်းများစွာ ရှိရာ သူတို့ကြားတွင်လည်း ကိုယ်ရည်ကိုယ်သွေး အမျိုးမျိုး ရှိကြလေသည်။
သို့သော် သူ့သမီးအငယ်ဆုံး ချန်ချန်ရွှယ်၏ ကိုယ်ရည်ကိုယ်သွေး တစ်ခုတည်းကသာ သူ့ကို အနည်းငယ် မသေချာမရေရာ ဖြစ်စေခဲ့သည်။
သူဟာ သူ့ရှေ့မှ ချန်ချန်ရွှယ်ကို ကြည့်လိုက်ပြီး ချန်ဖုန်းယင် မမေးဘဲ မနေနိုင်တော့ပေ - "ချန်နင်း ဘာလို့ မင်း ကောင်းကင်အကျဉ်းထောင်ထဲမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု စတင်ခဲ့တာလဲ"
သူ့လေသံတွင် အပြစ်တင်လိုသည့် ရည်ရွယ်ချက် မရှိဘဲ စူးစမ်းလိုစိတ် သက်သက်သာ ရှိလေသည်။
ထို့အပြင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တောင် ပါဝင်နေခဲ့သည်။
သူ့သမီးအငယ်ဆုံးက ဆုံးရှုံးသွားသည့် မှတ်ဉာဏ်များကြောင့် သူမ၏ ကိုယ်ရည်ကိုယ်သွေးသည်လည်း ယခင်ကနှင့် ကွဲပြားကောင်း ကွဲပြားနိုင်ပေသည်။
အကယ်၍ သူမ၏ ကိုယ်ရည်ကိုယ်သွေးက အစွန်းရောက်သွားပါက ဖခင်တစ်ဦး အနေဖြင့် သမီးဖြစ်သူ၏ ကိုယ်ရည်ကိုယ်သွေးကို ပြုပြင်ပေးရန် သူ့တွင် တာဝန်ရှိပေသည်။
သူမ မိစ္ဆာတစ်ကောင် မဖြစ်လာဘဲ ဖြောင့်မတ် လမ်းစဉ်ပေါ်တွင် လျှောက်လှမ်းစေရန် သူ သေချာပေါက် လုပ်ဆောင်ရပေမည်။
ချန်ချန်ရွှယ်ဟာ သူမကို ဆင့်ခေါ်လိုက်ခြင်း အပေါ် အံ့သြခြင်း မရှိပေ။ သူမ လေးနက်စွာ ပြောလိုက်၏။ "ကျွန်မမှာ သတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး... ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ စွမ်းရည် ပိုရှိလာအောင် နည်းလမ်း ရှာဖွေချင်ရုံ သက်သက်ပါ"
ချန်ဖုန်းယင် ကြောင်အသွားခဲ့သည်။
သူ မျက်မှောင်ကြုတ်လိုက်ပြီး မကျေနပ်မှု အချို့ဖြင့် မေးလိုက်၏"မင်းက မဟာဝေ မင်းဆက်ရဲ့ မင်းသမီး တစ်ပါးပဲ ပြီးတော့ အခု မင်းက နန်းတော်ထဲမှာ နေတာလေ... နန်းတော်ထဲမှာ မင်းအတွက် ဒီလောက် အန္တရာယ်အငွေ့အသက်မျိုး ရှိနေပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ စွမ်းရည်တောင် ပြင်ဆင်ထားချင်ရလောက်တဲ့ အန္တရာယ်မျိုး ရှိနေလို့လား"
......
ချန်ချန်ရွှယ် ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ "ခမည်းတော် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က နန်းတော်ထဲမှာ ကျွန်မကို အဆိပ်ခတ်ချင်တဲ့ လူတွေ ရှိခဲ့တာကို မေ့သွားပြီလား"
ချန်ဖုန်းယင် ပြောလိုက်သည်။ "ငါ သဘာဝကျကျ မှတ်မိတာပေါ့ ဒါပေမဲ့ ငါ အဲဒီလူတွေ အားလုံးကို သတ်ပြီးပြီလေ"
"ဟမ်..." ချန်ဖုန်းယင် ရုတ်တရက် တုံ့ပြန်လိုက်မိပြီး ခဏမျှ ကြောင်အသွားသည်။
သူ သံသယဖြင့် မေးလိုက်သည်။ "ချန်နင်း ဖြစ်နိုင်တာက မင်းကို ဒုက္ခပေးချင်နေတဲ့ လူတွေ ရှိနေသေးတယ်လို့ မင်း ရှာတွေ့ထားတာလား"
ဒီအချက် ရောက်တော့ သူ့ရင်ထဲတွင် ဒေါသများ တဟုန်ထိုး မြင့်တက်လာခဲ့သည်။
သူတို့က သူ့သမီးကို ဒုက္ခပေးဖို့ ပြင်ဆင်နေသူ အားလုံးကို ခေါင်းဖြတ်သတ်ဖို့ သူ ပြင်းထန်သည့် နည်းလမ်းကို အသုံးပြုခဲ့ပြီးတာတောင် နောက်တစ်ကြိမ် ဒုက္ခပေးချင်တဲ့ လူ ရှိနေသေးသည်လော။
'ကောင်စုတ်တွေ..'
သူ့ဒေါသ မတောက်လောင်မီ ချန်ချန်ရွှယ် ရုတ်တရက် ဆက်ပြောလိုက်သည်။ "ကျွန်မကို သတ်ချင်တဲ့ လူတွေ တကယ် ရှိနေပါတယ် ဒါပေမဲ့ သူတို့က ဘယ်သူတွေလဲ ဆိုတာ လောလောဆယ် ကျွန်မ မသိသေးဘူး... ဒါပေမဲ့ သူတို့ရဲ့ ရည်ရွယ်ချက် အစစ်အမှန်က ကျွန်မ မဟုတ်ဘူး ဆိုတာတော့ ကျွန်မ သေချာ ပြောနိုင်ပါတယ်"
ပြီးခဲ့သည့် အကြိမ် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲ ဝင်ရောက်စဉ်က သူမ ပြောခဲ့သမျှ အရာအားလုံးကို ချန်ဖုန်းယင်အား ပြောပြချင်ခဲ့သည်။
သို့သော် ထိုအချိန်တုန်းက သူမ ပြောဖို့ အချိန်မရခင်မှာပင် သေဆုံးသွားခဲ့ရသည်။
ဒီတစ်ခါ ချန်ချန်ရွှယ် အခွင့်အရေး တစ်ခု ရှာတွေ့ခဲ့ပေပြီ။
သူမ ပြောလိုက်၏ "ခမည်းတော် လွန်ခဲ့တဲ့ အချိန်ကာလ တစ်ခုတုန်းက ကျွန်မ နန်းတော်ထဲကနေ ရက်အနည်းငယ်လောက် ယာယီ ထွက်ခွာခဲ့ပြီး နန်းတော် အပြင်ဘက်က အမဲလိုက် ကွင်းပြင်ကို ဖျက်ဆီးခဲ့တာ မှတ်မိလား"
ချန်ဖုန်းယင် သူ့ဒေါသကို ဖိနှိပ်လိုက်ပြီး ခဏလောက် စဉ်းစားကာ ခေါင်းငြိမ့်လိုက်သည်။
သူ မှတ်မိပေသည်။
ချန်ချန်ရွှယ်က အမဲလိုက် ကွင်းပြင်ကို ဖျက်ဆီးဖို့ နည်းလမ်း တစ်ခု အသုံးပြုခဲ့ပြီး ဒီလို ကိစ္စမျိုးက ဧကရာဇ် ဖြစ်တဲ့ သူ့ကို ဘယ်လိုလုပ် ဖုံးကွယ်ထားလို့ ရမည်နည။
သို့သော် ၎င်းက အမဲလိုက် ကွင်းပြင် တစ်ခုမျှသာ ဖြစ်ရာ ဘာကြောင့် သူ့သမီးအငယ်ဆုံးလေးကို အပြစ်ပေးရမည်နည်း။
ချန်ချန်ရွှယ် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ဆက်ပြောလိုက်သည်။ "ကျွန်မ ဖျက်ဆီးခဲ့ရတဲ့ အကြောင်းရင်းက ကျွန်မ သိနေလို့ပါ... တစ်စုံတစ်ယောက်က ကျွန်မရဲ့ မောင်တော်နဲ့ ညီမတော်တွေကို တိုက်ခိုက်ဖို့ ကြံစည်နေတာကိုလေ...မောင်တော်နဲ့ ညီမတော်တွေ နွေဦးရာသီမှာ မိစ္ဆာသားရဲတွေ အမဲလိုက်ဖို့ အမဲလိုက် ကွင်းပြင်ကို သွားကြမယ် ဆိုတာ သူတို့ သိထားပြီး အမဲလိုက် ကွင်းပြင်ထဲမှာ ခြုံခိုတိုက်ခိုက်ဖို့ ပြင်ဆင်ထားပြီးသားပါ"
"အဖြစ်ဆိုးကို ရှောင်ရှားဖို့ အတွက် နောက်ကွယ်က ကြိုးကိုင်သူကို ကျွန်မ သတိမပေးချင်ခဲ့ပါဘူး... ဒါကြောင့် ကျွန်မ ကိုယ့်သဘောဆန္ဒ အလျောက် လှုပ်ရှားခဲ့ပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး ခမည်းတော်ကို အချိန်မီ အသိမပေးခဲ့တာပါ"
"ဒါ့အပြင် အဲဒီလူတွေရဲ့ ပူးပေါင်းကြံစည်မှုကို ဖျက်ဆီးဖို့နဲ့ မောင်တော် ညီမတော်တွေကို ကယ်တင်ဖို့ နည်းလမ်း တစ်ခု ကျွန်မ စဉ်းစားချင်ခဲ့တာပါ"
ဒီအချက် ရောက်တော့ ချန်ချန်ရွှယ် ရပ်တန့်လိုက်သည်။
သူမ ချန်ဖုန်းယင်၏ မျက်လုံးများကို တည့်တည့်ကြည့်ပြီး မဟာဝေ ဧကရာဇ်မင်းမြတ်နှင့် မျက်လုံးချင်း ဆုံလိုက်သည်။
ထို့နောက် သူမ ဆက်ပြောလိုက်၏။ "ခမည်းတော် ကျွန်မ အဓိပ္ပာယ်မရှိတဲ့ စကားတွေပြောနေတယ်လို့ ခမည်းတော် ထင်ကောင်း ထင်ပါလိမ့်မယ်... အနာဂတ်မှာ ဘာဖြစ်လာမလဲ ဆိုတာ ကျွန်မ ဘယ်လိုလုပ် သိနိုင်မှာလဲ... တကယ်တော့ ဘာအကြောင်းရင်းကြောင့်လဲ ဆိုတာ ကျွန်မလည်း မသိပါဘူး... အဲဒီနှစ်တုန်းက ကျွန်မ နိုးထလာပြီး မှတ်ဉာဏ်တချို့ ဆုံးရှုံးသွားကတည်းက..."
"ရံဖန်ရံခါ ကျွန်မ ထူးဆန်းတဲ့ အိမ်မက်တချို့ မက်လေ့ ရှိပါတယ်... ဒီအိမ်မက်တွေက အနာဂတ်မှာ ဖြစ်လာမယ့် အရာတစ်ခုခုကို အမြဲတမ်း ကြိုတင်နိမိတ်ပြ နေတတ်ပြီး အိမ်မက်တွေရဲ့ တိကျမှုက သိပ်မြင့်မားတယ်လို့ ပြောလို့ ရပါတယ်"
ချန်ချန်ရွှယ် သဘာဝကျကျ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ် ရှိနေကြောင်း ထုတ်ဖော်မပြောပြနိုင်ပေ။
သူမ အဲဒီလို လုပ်လိုက်ရင် အကျိုးဆက်တွေ ဘယ်လို ဖြစ်လာမလဲ ဆိုတာ မသေချာပေ။
ဒီလိုကိစ္စမျိုးက တားမြစ်ထားတဲ့အရာနဲ့ တူနေရာ အကယ်၍ သူမ ရှောင်လွှဲလို့ ရရင် မလုပ်မိအောင် အတတ်နိုင်ဆုံး ကြိုးစားရပေမည်။
"အိမ်မက်တစ်ခု... အနာဂတ် နိမိတ်တစ်ခု..."
ချန်ဖုန်းယင် အနည်းငယ်မျှ ယုတ္တိမရှိဘူးလို့ မခံစားရတဲ့အပြင် သူ့မျက်နှာက အလွန် လေးနက်လာခဲ့သည်။ သူ လေးနက်စွာ မေးလိုက်၏။ "ချန်နင်း မင်း ဘာအကြောင်း အိမ်မက်မက်ခဲ့တာလဲ... ဖြစ်နိုင်တာက... တစ်စုံတစ်ယောက်က မင်းကို အဆိပ်ခတ်ချင်နေတာ မင်း ရှာဖွေတွေ့ရှိခဲ့တုန်းကနဲ့ သက်သေအထောက်အထား ဘယ်မှာ ရှိလဲ ဆိုတာ ထောက်ပြခဲ့တုန်းကလည်း အဲဒါကလည်း ဒီအိမ်မက်တွေရဲ့ အကြောင်းရင်းကြောင့်ပဲလား"
ချန်ချန်ရွှယ်ဟာ ဒီဧကရာဇ်က လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဖြစ်ရပ်တွေကို တကယ် ပြန်တွေးမိလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပေ။
သို့သော် ချန်ဖုန်းယင် ဒီမေးခွန်း မေးနိုင်မှတော့ ဆိုလိုတာက သူ သူမရဲ့ ဇာတ်လမ်းကို ယုံကြည်တယ် ဆိုတဲ့ သဘောပင်။
ချန်ချန်ရွှယ် သူမစိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
ကံကောင်းစွာနဲ့၊ ဒီကမ္ဘာထဲက သူမရဲ့ ကိုယ်ပိုင်အမှတ်အသားက သမီးအငယ်ဆုံး မဟာဝေ ဧကရာဇ်မင်းမြတ် အချစ်ဆုံး မိန်းကလေး ဖြစ်နေလို့ပင်။
မဟုတ်ရင်... ချန်ဖုန်းယင် ဒီစကားတွေကို ယုံကြည်မှာ မဟုတ်လောက်ပေ။
သူမ ဖခင်၏ မေးခွန်းကို ရင်ဆိုင်ရသောအခါ ချန်ချန်ရွှယ် ခေါင်းငြိမ့်လိုက်သည်။
ဒါကို မြင်တော့ ချန်ဖုန်းယင် လေအေးတစ်ချက် ရှူသွင်းလိုက်မိ၏။ မဟာဝေ ဧကရာဇ်မင်းမြတ် အနေနဲ့တောင် သူ့ရင်ထဲတွင် အလွန် တုန်လှုပ်သွားဆဲ ဖြစ်သည်။
'အနာဂတ်ကို ကြိုဟောနိုင်တဲ့ အိမ်မက် နယ်ပယ်...'
ဒါက တကယ် မယုံနိုင်စရာကောင်းပေမဲ့ ဒါက ကျင့်ကြံခြင်း ကမ္ဘာဖြစ်ရာ ဘာမဆို ဖြစ်နိုင်လေသည်။
"ကောင်းတယ်.."
ချန်ဖုန်းယင် ဝမ်းသာသွားခဲ့သည်။ "ကောင်းတယ်... ငါ့ရဲ့ သမီးလိမ္မာလေးဆီက မျှော်လင့်ထားတဲ့ အတိုင်းပဲ... မဟာဝေ မင်းသမီးဆီက မျှော်လင့်ထားတဲ့ အတိုင်းပဲ...ဒီလို မွေးရာပါ ပါရမီမျိုးက ကျင့်ကြံခြင်း လောက တစ်ခုလုံးကို တုန်လှုပ်သွားစေဖို့ လုံလောက်တယ်"