အခန်း ၁၀၉ : ချီစုစည်းမှု အဆင့်၄ သို့ရောက်ရှိခြင်း၊ မိစ္ဆာအမြုတေ၌ တစ်ခုခု မှားယွင်းနေခြင်း
[ဖူရွှမ်နီဟာ ချီစုစည်းမှု အဆင့် (၃) သို့ ရောက်ရှိသွားပါပြီ]
[ရွှေအမြုတေ မိစ္ဆာသားရဲရဲ့ အလောင်းကောင်ကို အဲဒီမှာ ထားထားတာ ကြာလွန်းသွားလို့လား သင် သေချာ မသိပေမယ့် နောက်ပိုင်းမှာ သင် အသားနဲ့ သွေး ဘယ်လောက်ပဲ စားစား သင့်ခွန်အားတိုးတက်နှုန်းက နှေးကွေးနေခဲ့သည်။]
[အသက် ၅ နှစ် - နှစ်နှစ်ကြာ မလျော့သော ဇွဲလုံ့လဖြင့် ကြိုးစားပြီးနောက် ဖူရွှမ်နီဟာ နောက်ဆုံးတွင် မိစ္ဆာ အမြုတေကို တူးထုတ်နိုင်ခဲ့သည်]
[သူမ အလွန် ပျော်ရွှင်နေခဲ့သည်]
[စိတ်အခြေအနေ + ၁၀]
[မိသားစု နောက်ခံ + ၅၀]
[...]
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲတွင် လွန်ခဲ့သော (၂) နှစ်တာ ကုန်ဆုံးသွားခြင်းက ပိုင်ယီ၏ အမြင်တွင် (၂) မိနစ်သာ ကြာမြင့်ခဲ့သည်။
ဖူရွှမ်နီ မိစ္ဆာသားရဲ အလောင်းကောင်၏ ဝမ်းဗိုက်ထဲမှ မိစ္ဆာ အမြုတေကို တူးထုတ်နေသည်ကို သူ မျှော်လင့်ချက်မဲ့စွာ ကြည့်နေမိခဲ့သည်။
ဒီမဟာယန် မင်းဆက်ရဲ့ မင်းသမီး တော်တော်လေး ဒုက္ခရောက်နေတယ်လို့ ပိုင်ယီ ခံစားလိုက်ရ၏။
အလောင်းကောင် တစ်ကောင်ရဲ့ ဝမ်းဗိုက်ကို ဘယ်သူကများ ဇွဲကောင်းကောင်းနဲ့ ဆိတ်နေနိုင်မည်နည်း။ ထို့အပြင် နှစ်နှစ်ကြာအောင် ဆက်တိုက် ဆိတ်နေခဲ့ရခြင်းပင်။
ဒီရွှေအမြုတေ မိစ္ဆာသားရဲရဲ့ ခန္ဓာကိုယ်ထဲက မိစ္ဆာ အမြုတေကို ရရှိဖို့ အတွက် ရွေးချယ်ခံအမှတ် (၃) က ကြိုးစားအားထုတ်မှု အများကြီး သုံးစွဲခဲ့ရသည်။
ဒီရွေးချယ်ခံတွေရဲ့ ကံတရားနဲ့ ကံကောင်းမှုတွေက လက်တွေ့ဘဝမှာ ဘယ်လောက်ပဲ ကောင်းမွန်ပါစေ... မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲ ဝင်ရောက်လိုက်တာနဲ့ ကံကောင်းမှုတွေက ချက်ချင်း ပျောက်ကွယ်သွားတတ်တယ် ဆိုတာ ပိုင်ယီ သဘောပေါက်လိုက်သည်။
သူမလည်း တူညီတဲ့ နည်းလမ်းအတိုင်း ဒုက္ခရောက်မည်ပင်။
အကယ်၍ သာမန်လူ တစ်ယောက်သာ ဆိုရင် သူတို့ဟာ တစ်လတောင် ခံနိုင်မှာ မဟုတ်ချေ။
…
"တွေ့ပြီ..."
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲမှ ဖူရွှမ်နီဟာ မျက်လုံးတစ်စုံက သူမ၏ ကြီးထွားမှုကို စောင့်ကြည့်နေမှန်း မသိရှာပေ။
ဒီအချိန်မှာ သူမရှေ့က မိစ္ဆာ အမြုတေကို ကြည့်ပြီး သူမမျက်လုံးထဲမှာ ပျော်ရွှင်တဲ့ အမူအရာတို့ ပေါ်လာခဲ့သည်။
ကြိုးစားမှုက အရာထင်ခဲ့ပြီး နောက်ဆုံးတော့ သူမရဲ့ ခါးသီးတဲ့ နေ့ရက်တွေ ကုန်ဆုံးသွားခဲ့ပေပြီ။
ဖူရွှမ်နီဟာ တည်ငြိမ်တဲ့ စိတ်အခြေအနေကို ထိန်းသိမ်းဖို့ အတတ်နိုင်ဆုံး ကြိုးစားပြီး သိပ်ဘဝင်မမြင့်ဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။
သို့ပေမဲ့ သူမ လျင်မြန်စွာ စိုးရိမ်လာခဲ့ပြီး အဘယ်ကြောင့်ဆိုသော် သူမရှေ့က မိစ္ဆာ အမြုတေက မသေးငယ်သောကြောင့် ဖြစ်၏။ တစ်ချက် ကြည့်လိုက်လျှင် ဥကြီးတစ်လုံးနှင့် တူနေခဲ့ပြီး ၎င်း၏ အချင်းက အနည်းဆုံး တစ်ပေခန့် ရှိနေခဲ့သည်။
ထို့ကြောင့် သူမ ထုတ်ယူပြီးပေမဲ့ ၎င်းအား ဘယ်မှာ ထားရမလည်း မသိချေ။
သူမ နက်ရှိုင်းစွာ စဉ်းစားခန်း ဝင်သွားခဲ့သည်။
မိစ္ဆာသားရဲ တစ်ကောင် အနေနဲ့ သူမဟာ ဒီလိုအရာမျိုး တစ်ခါမှ မသယ်ဆောင်ဖူးခဲ့ပေ။
အကယ်၍ သူမမှာ သိုလှောင်အိတ် ရှိရင် သူမ မိစ္ဆာ အမြုတေကို အဲဒီထဲ ထည့်ထားလို့ ရပြီး ပြဿနာက တစ်လုံးမှ မရှိတာပင်။
ဒါက သေလောက်တဲ့ အချက်ပင်။
'ငါ အရင်ဆုံး တော်တော်လေး လျှို့ဝှက်တဲ့ နေရာတစ်ခု ရှာဖို့ လိုတယ်... အဲဒီ နေရာကို ငါ့ရဲ့ ဂူအဖြစ် သတ်မှတ်ပြီး ရေရှည် ကျင့်ကြံဖို့နေရာ တစ်ခု အဖြစ်လည်း သတ်မှတ်လိုက်ရင် အကောင်းဆုံးပဲ'
'ဒါဆိုရင် ဒီမိစ္ဆာ အမြုတေကို နေ့တိုင်း စောင့်ကြပ်နိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ပိုသန်မာလာအောင် ဒီမိစ္ဆာ အမြုတေကို အသုံးပြုနိုင်လိမ့်မယ်'
တိုတောင်းသော အချိန်ကာလ တစ်ခုကြာ တည်ငြိမ်စွာ စဉ်းစားပြီးနောက် ဖူရွှမ်နီဟာ ဒီအကြံဉာဏ်ကို စဉ်းစားမိလိုက်သည်။
ဒီအကြံဉာဏ်က သိပ်ထူးချွန်ပြောင်မြောက်ပုံ မရပေမယ့် အားသာချက်ကတော့ သူမ ကိုယ်တိုင် လုပ်ဆောင်နိုင်ခြင်း ဖြစ်၏။
သူမဟာ မိစ္ဆာ အမြုတေကို ကောင်းကောင်း မသိမ်းဆည်းနိုင်ရင်တော့ အချိန်တိုင်း စောင့်ကြည့်နေလိုက်ပေမည်။
[ရွှေအမြုတေ မိစ္ဆာသားရဲ တစ်ကောင်၏ မိစ္ဆာ အမြုတေကို ယူဆောင်ပြီးနောက် သင်ဟာ တစ်ပတ်တိတိ အချိန်ကုန်ဆုံးပြီး နောက်ဆုံးတွင် လျှို့ဝှက်သော နေရာတစ်ခု ရှာတွေ့ခဲ့သည်။ ဤနေရာက နက်ရှိုင်းသည့် တောင်ကြားတစ်ခု ဖြစ်ပြီး ချောက်ကမ်းပါးများက ဝန်းရံထားခဲ့သည်။ သင် ရှာတွေ့သည့် လျှို့ဝှက်နေရာက ကျောက်ကမ်းပါးရှိ ဂူတစ်ဂူ ဖြစ်သည်။]
[သင် ကျင့်ကြံခြင်းထဲတွင် စိတ်နှစ်ကာ နေထိုင်နေခဲ့သည်။ မိစ္ဆာ အမြုတေထဲတွင် ပါဝင်သည့် ကြီးမားသည့် ဝိညာဉ်စွမ်းအင် ပမာဏကို စုပ်ယူခဲ့ခြင်းကြောင့် သင့်ကျင့်ကြံမှု အမြန်နှုန်းက မနှေးကွေးခဲ့ပေ။]
[သို့သော် သင်ဟာ မိစ္ဆာသားရဲ တစ်ကောင် ဖြစ်သဖြင့် သင့်ကျင့်ကြံမှု အမြန်နှုန်းက သိပ်မမြန်ဆန်လှပေ။]
[သင်သည် မိစ္ဆာသားရဲ၏ အလောင်းကောင်ကို တစ်စချင်းစီ ပြန်လည် ရွှေ့ပြောင်းဖို့ အချိန်ယူခဲ့ရသည်။]
[အသက် ၈ နှစ် - သင်သည် (၅) မီတာကျော်ရှိသည် အထိ ကြီးထွားလာခဲ့သည်။]
[သင် ချီစုစည်းမှု အဆင့် (၄) သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်ဟု ခံစားရသော်လည်း သင့်ခွန်အားက မိစ္ဆာ အမြုတေမှ လာကြောင်း သင်သိထားပြီး ဤကဲ့သို့သော ခွန်အားမျိုးက သိပ်မတည်ငြိမ်ပေ။]
[အဆင့်ချိုးဖျက်ခြင်း ကျရှုံးမှုကြောင့် ဖြစ်ပေါ်လာမည့် တန်ပြန်မှုကို ရှောင်ရှားရန် အတွက် သင်ဟာ အဆင့်ချိုးဖျက်ခြင်းကို နှစ်အနည်းငယ်ကြာ ရွှေ့ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။]
[အသက် ၁၂ နှစ် - သင် ချီစုစည်းမှု အဆင့် (၄) သို့ စတင် ချိုးဖျက်ဝင်ရောက်ခဲ့သည်...]
[သင် အောင်မြင်သွားခဲ့သည်]
[သင် ချီစုစည်းမှု အဆင့် (၄) သို့ ရောက်ရှိနိုင်ခဲ့သည်]
[တစ်နေ့တွင် သင့်အခြေအနေနှင့် ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။ ရံဖန်ရံခါ အခြား အသံတစ်သံ သင့်ခေါင်းထဲတွင် ထွက်ပေါ်လာတတ်သည်။ ဤသည်မှာ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်၏ အသံ မဟုတ်ကြောင်းသလို သင့်တွင် မည်သည့် စိတ်နှလုံးမိစ္ဆာမှ မရှိသဖြင့် အသံက ဘယ်က ရောက်လာသလဲဆိုသည်အား စဥ်းစားမရဖြစ်နေခဲ့သည်။]
[အခြေအနေက မရိုးရှင်းကြောင်း သင် သတိပြုမိသဖြင့် လျင်မြန်စွာ ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။]
[...]
"ထူးဆန်းတယ်..."
(၁၂) နှစ်ကြာ ကျီးကန်းကြီး တစ်ကောင် ဖြစ်နေခဲ့သော ဖူရွှမ်နီဟာ ယခု၌ လူ့စကား ပြောဆိုရာတွင် အလွန် ကျွမ်းကျင်နေပြီ ဖြစ်၏။
သူမ၏ အသံက သာမန်လူ တစ်ယောက်နဲ့ တူနေပေမယ့် လေသံကတော့ နည်းနည်း ထူးဆန်းနေခဲ့သည်။
ဒီအချိန်မှာ သူမ၏ ငှက်ခေါင်းကို စောင်းလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ရေရွတ်လိုက်စဉ် သူမမျက်လုံးများထဲတွင် ရှုပ်ထွေးမှုနှင့် လေးနက်မှုတို့ ပြည့်နှက်နေခဲ့သည်။ "ဘာမှားသွားတာလဲ"
"ငါ့ခန္ဓာကိုယ်မှာ တစ်ခုခု မှားယွင်းသွားတာလား"
"ဒါမှမဟုတ်..."
"ဒီမိစ္ဆာ အမြုတေမှာ ပြဿနာ ရှိနေတာလား"
သူမဆီမှာ ဘာမှားယွင်းမှုမှ မရှိဘူးလို့ ဖူရွှမ်နီ ခံစားရလေသည်။ သူမ ကိုယ့်ကိုယ်ကိုယ် နားလည်သလောက် ဆိုရင် အကယ်၍ သူမဆီမှာ ပြဿနာ ရှိနေရင် သူမ ကြာကတည်းက ရှာတွေ့လောက်ပေပြီ။
'တစ်နည်းအားဖြင့်... ပြဿနာက မိစ္ဆာ အမြုတေပဲ..'
ဒါကို တွေးမိတော့...
ဖူရွှမ်နီ၏ သတိရှိမှုနှင့် လေးနက်မှုတို့က အနည်းငယ်တိုးလာခဲ့သည်။
ဒီမိစ္ဆာ အမြုတေက ကဏ္ဍတော်တော်များများ၌ ပါဝင်ပတ်သက်နေခဲ့ပြီး အထူးသဖြင့် သူမရဲ့ ကျင့်ကြံမှု တိုးတက်လာခြင်း အပိုင်းမှာပင်။
အကယ်၍ မိစ္ဆာ အမြုတေမှာ ပြဿနာ ရှိနေရင် ဒုက္ခရောက်ပေတော့မည်။
"အကယ်၍ ငါ စောစောက သိခဲ့ရင် မဟာယန် မင်းဆက် နန်းတော်ထဲမှာ ရှိတုန်းက မိစ္ဆာသားရဲတွေ အကြောင်း ပိုပြီး သုတေသန လုပ်ခဲ့သင့်တာ... ဒါပေမဲ့ အခုမှ နောင်တရလို့လည်း နောက်ကျသွားပြီ"
မိစ္ဆာသားရဲတွေ အပေါ် သူမရဲ့ နားလည်မှုက နည်းပါးလွန်းကြောင်း ဖူရွှမ်နီ သိလိုက်ရသည်။
သူမ တွန့်ဆုတ်နေခဲ့သည်။ 'သူမ ဒီမိစ္ဆာ အမြုတေနဲ့ ဆက်လက် ကျင့်ကြံသင့်သလား..'
'အကယ်၍ သူမ ဆက်လက် ကျင့်ကြံရင် အကျိုးဆက်တွေက ဘယ်လို ဖြစ်လာမလဲ..'
သူမ ခဏလောက် စဉ်းစားပြီးနောက် မိစ္ဆာ အမြုတေကို ခဏလောက် ဘေးဖယ်ထားဖို့ ဆုံးဖြတ်လိုက်သည်။
သူမဟာ အခြေအနေကို အရင် စောင့်ကြည့်ချင်ပေသည်။
[တစ်လကြာ စောင့်ကြည့်ပြီးနောက် သင့်ကျင့်ကြံမှုနှင့် ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေကြောင်း သင် သိလိုက်ရသည်။ ၎င်းက အဲဒီ မိစ္ဆာ အမြုတေကြောင့် ဆိုတာ သေချာပေမယ့် အကြောင်းရင်း အတိအကျကို သင် မသိပေ။]