အခန်း ၁၀၇ : သုံးနှစ်ကြာပြီးမှ အသက်ဝင်လာသည့် ရွှေအမြုတေအဆင့် မိစ္ဆာ အမြုတေပါရမီ
သူမ၏ တစ်ခုတည်းသော ရှုပ်ထွေးနေသည့် အရာမှာ သူမဟာ မူလကမ္ဘာထဲမှာ ရှိနေသေးတာလား ဆိုတာပါပင်။
ဖူရွှမ်နီဟာ သူမ၏ အတောင်ပံများ စုံလင်လာပြီး ပိုသန်မာလာသည် အထိ စောင့်ဆိုင်းရန် စီစဉ်ထားခဲ့သည်။ ပြီးမှ ဒီကမ္ဘာကြီးထဲ လှည့်လည်သွားလာပေမည်။
ဒီကမ္ဘာမှာ မဟာယန် မင်းဆက် ရှိမရှိ သူမ သိချင်နေခဲ့သည်။
အချိန်များ ကုန်ဆုံးသွားခဲ့သည်။
[အသက် ၃ နှစ် - သင့်အတောင်ပံများ နောက်ဆုံးတော့ စုံလင်သွားပေပြီ။ သင်ဟာ ပျံသန်းဖို့ စတင် လေ့ကျင့်ခဲ့ပြီး ဖြစ်နိုင်တာက သင့်မှာ အတွေ့အကြုံ မရှိလို့ သင်ဟာ မအောင်မြင်ခဲ့ချေ။]
[သို့သော် သင်ဟာ အရှုံးပေးဖို့ မရွေးချယ်ခဲ့ပဲ ကျရှုံးမှု (၁၀) ကြိမ်ကျော် ကြုံတွေ့ပြီးနောက် ပျံသန်းနိုင်ခဲ့သည်။]
ကြိုးစားမှုက အရာထင်ခဲ့ပြီး ဖူရွှမ်နီ ကျရှုံးမှု များစွာ ကြုံတွေ့ပြီးနောက် နောက်ဆုံးတွင် အောင်မြင်ခဲ့လေသည်။
သူမက အခုမှသာ ကျီးကန်းကြီး တစ်ကောင်နဲ့ ပိုတူလာခဲ့သည်။
သူမဟာ အသက် (၃) နှစ်သာ ရှိသေးပြီး မိစ္ဆာသားရဲ သားပေါက်လေး တစ်ကောင် ဖြစ်နေဆဲ ဖြစ်သော်လည်း သူမ၏ ခန္ဓာကိုယ် အရွယ်အစားက အလွန် ကြီးမားနေခဲ့သည်။
သူမ၏ တောင်ပံဖြန့်ကျက်မှုက တစ်မီတာ နီးပါး ရှိပြီ သူမ တစ်ကိုယ်လုံးကလည်း မီးသွေးကဲ့သို့ မည်းနက်နေခဲ့သည်။
သို့သော် သူမ၏ လည်ပင်းတွင် အဖြူရောင် အမွေးအတောင် စက်ဝိုင်း တစ်ခု ရှိနေပြီး တစ်ချက် ကြည့်လိုက်လျှင် ဤအဖြူရောင် အမွေးအတောင် စက်ဝိုင်းက လခြမ်းကွေးတစ်ခုနှင့် တူနေခဲ့သည်။
ဖူရွှမ်နီဟာ သူမ၏ အတောင်ပံများကို ခတ်ပြီး လေထဲတွင် မီတာ (၁၀၀) အမြင့်သို့ ပျံသန်းလိုက်၏။ သူမ၏ မျက်လုံးများက အလွန် လျင်မြန်ဖြတ်လတ်နေပြီး သူမ ဝန်းကျင်ရှိ လှုပ်ရှားမှုများကို မပြတ်တမ်း စောင့်ကြည့်နေခဲ့သည်။
......
သူမဟာ အခုထိ အားနည်းနေသေးကြောင်း သူမ မမေ့ပေ။ အနီးအနားတွင် လှုပ်ရှားမှု တစ်စုံတစ်ရာ ရှိသည်နှင့် သူမ ချက်ချင်း အောက်သို့ ဆင်းသက်လိုက်သည်။
"အို.."
မိစ္ဆာသားရဲ၏ ထူးကဲကောင်းမွန်သည့် အမြင်အာရုံ အကူအညီဖြင့် လေထဲတွင် မီတာ (၁၀၀) အမြင့်၌ ရှိနေသည့် ဖူရွှမ်နီဟာ သူမ၏ ဘယ်ဘက် အဝေးတစ်နေရာမှ မှိန်ဖျဖျ လှုပ်ရှားမှု တစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။ သာမန် ငှက်အများအပြား လန့်ဖျပ်သွားပြီး ပျံသန်း ထွက်ပြေးသွားကြရသည်။
နောက်တစ်ခဏတွင် နားကွဲမတတ် ကျယ်လောင်သော အသံကြီးတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ရုတ်တရက် မိုးချိန်းလိုက်သကဲ့သို့ မြေပြင်တစ်ခုလုံး အနည်းငယ် တုန်ခါသွားခဲ့သည်။
၎င်းက တစ်ခုခု ကောင်းကင်ပေါ်က ပြုတ်ကျလာသလို ခံစားလိုက်ရပြီး ဖူရွှမ်နီ အသက်အောင့်ထားလိုက်ရသည်။
သူမဟာ လျင်မြန်စွာ လေဟုန်စီးပြီး သစ်ပင်တစ်ပင်ပေါ်သို့ ဆင်းသက်လိုက်ကာ အဝေးကို လှမ်းကြည့်ရင်း သစ်ကိုင်းကို သူမ၏ ခြေသည်းများဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
"ဟိုမှာ ဘာဖြစ်တာလဲ" သူမ ရှုပ်ထွေးသွားခဲ့သည်။
ခဏလောက် စဉ်းစားပြီးနောက် ဖူရွှမ်နီဟာ ပျံသန်းသွားရောက်ပြီး ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ အန္တရာယ် ရှိရင်တောင် သူမ ပျံပြေးလို့ ရလေသည်။
'ဘာပဲဖြစ်ဖြစ် ဟို သာမန် ငှက်တွေတောင် ပျံပြေးနိုင်သေးတာ သူမ ဘာလို့ မပြေးနိုင်ရမှာလဲ... သူမက မိစ္ဆာသားရဲ တစ်ကောင်လေ...'
'သူမလို မိစ္ဆာသားရဲ တစ်ကောင်က သာမန် တိရစ္ဆာန် အုပ်စုလောက်တောင် ဘာလိုမစွမ်းဆောင်နိုင်ရမှာလဲ..'
ထို့နောက် အတောင်ပံများကို ခတ်ပြီး ဖူရွှမ်နီဟာ ဟိုဘက်ကို သတိထားပြီး တိုးကပ်သွားခဲ့သည်။ သူမဟာ ပစ်မှတ်နှင့် မီတာ တစ်ထောင်ခန့် အကွာသို့ ရောက်သောအခါ ရင်တုန်စေသည့် ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသဖြင့် သူမ ပေါက်ကွဲထွက်လုနီးပါး ဖြစ်သွားခဲ့သည်။
ကြီးမားသည့် ကြောက်မက်ဖွယ်ရာ တစ်ခု ဆင်းသက်လာသကဲ့သို့ ဖြစ်နေပြီး သူမ၏ မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင် ပေါ်လာခဲ့သည်။
ဒါက သူမ ကြောက်ချင်လို့ ကြောက်တာ မဟုတ်ပဲ ဒီကြောက်ရွံ့မှုက သူမရဲ့ သွေးမျိုးဆက်ကနေ မြစ်ဖျားခံလာခြင်းပင်။
ထို့ကြောင့် ဒီကြောက်ရွံ့မှု ဖြစ်ပေါ်လာတာကို သူမကိုယ်တိုင် ထိန်းချုပ်လို့ မရနိုင်ပေ။
ဟိုမှာ ဘာရှိလဲ ဆိုတာ ဖူရွှမ်နီဟာ ချက်ချင်း နားလည်လိုက်သည်။
'မိစ္ဆာသားရဲ...'
'သိပ်စွမ်းအားကြီးတဲ့ မိစ္ဆာသားရဲ တစ်ကောင်...'
ဒါပေမဲ့ သူမဟာ သွေးနံ့ သဲ့သဲ့ ရလိုက်သဖြင့် အခြေအနေက ရိုးရှင်းမည် မဟုတ်ကြောင်း သိလိုက်သည်။
သူမ၏ သွေးမျိုးဆက်မှ လာသော ကြောက်ရွံ့မှုကို ဆန့်ကျင်ပြီး သူမ ဆက်လက် တိုးကပ်သွားခဲ့သည်။
မီတာ ရာဂဏန်းခန့် ပျံသန်းပြီးနောက် သူမ ခံစားရသော ကြောက်ရွံ့မှုက သူမ တစ်ကိုယ်လုံးကို လွှမ်းခြုံထားသော ဖိအားအဖြစ် ပြောင်းလဲသွားခဲ့သည်။
ကြီးမားသည့် ဖိအားက သူမ၏ ဦးရေပြားကို ထုံကျင်သွားစေပြီး သူမ အကြိမ်အနည်းငယ် ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့လေသည်။
ပြီးတော့ ဒီအချိန်မှာ သူမ မြင်ကွင်းတစ်ခုကို နောက်ဆုံးတော့ မြင်လိုက်ရပြီး သူမ၏ မျက်လုံးများကို ပြူးကျယ်သွားစေခဲ့သည်။
'မယုံနိုင်စရာပဲ...'
"ငါ ခန့်မှန်းတာ မမှားဘူး... ငါ ခံစားမိတာလည်း မမှားဘူး.. တကယ်ပဲ သိပ်စွမ်းအားကြီးတဲ့ မိစ္ဆာသားရဲ တစ်ကောင်ပဲ ပြီးတော့ ဒဏ်ရာရထားတယ်... မဟုတ်ဘူး... ဒါကို ဒဏ်ရာရတယ်လို့ ပြောလို့ မရဘူး....ရှင်သန်နိုင်မယ့် အခွင့်အရေး မရှိတော့ဘူး ဒါက... သေနေပြီ"
ထူးဆန်းသည့် ပုံပန်းသဏ္ဍာန် ရှိသည့် မိစ္ဆာသားရဲ တစ်ကောင်ဟာ တောထဲတွင် လဲလျောင်းနေသည်ကို သူမ မြင်လိုက်ရသည်။
၎င်းက ကောင်းကင်ပေါ်က ပြုတ်ကျလာတာ ဖြစ်ရပေမည်။
အဘယ်ကြောင့်ဆိုသော် ပတ်ဝန်းကျင်ရှိ သစ်ပင်များက မမြင်နိုင်သည့် တုန်ခါမှုလှိုင်းများကြောင့် ကျိုးပဲ့ကုန်ပြီး ပုံသဏ္ဍာန် မမှန်သော စက်ဝိုင်းပုံ ကွက်လပ်ကြီး ဖြစ်ပေါ်နေခဲ့သည်။
မိစ္ဆာသားရဲက စက်ဝိုင်းပုံ ကွက်လပ် အလယ်တွင် လဲလျောင်းနေခဲ့ပြီး မြေကြီးပေါ်တွင် ကြီးမားသည့် တွင်းချိုင့်ကြီး တစ်ခု ဖြစ်ပေါ်နေခဲ့ကာ ဖုန်မှုန့်များက နေရာအနှံ့ လွင့်ပျံနေခဲ့သည်။
မိစ္ဆာသားရဲ၏ သွေးများက ဒဏ်ရာထဲမှ ဖြည်းညှင်းစွာ စီးကျလာပြီး မကြာမီမှာပဲ တွင်းချိုင့်ကြီးက နီရဲသည့် သွေးများဖြင့် ပြည့်နှက်သွားကာ သွေးအိုင်ကြီးတစ်ခု အဖြစ် ပြောင်းလဲသွားခဲ့သည်။
စူးရှသည့် သွေးညှီနံ့များက ပျို့အန်ချင်စရာ ကောင်းလှပေသည်။
မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်တွင် ကြောက်မက်ဖွယ် ကောင်းသည့် ဒဏ်ရာ အများအပြား ရှိနေပြီး အားလုံးမှာ ကိုက်ရာများနှင့် ကုတ်ခြစ်ရာများဖြင့် ပြည့်နှက်နေသည်။
ဒါက မသေမျိုးကျင့်ကြံသူ တစ်ယောက်ယောက်ရဲ့ လက်ချက် မဟုတ်ပဲ မိစ္ဆာသားရဲ အချင်းချင်း တိုက်ခိုက်ထားတာဖြစ်ပြီး ဒီတိုက်ပွဲ၌ ဒီသားရဲက ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်ပေမည်။
"ချီစုစည်းမှု အဆင့်လား....မဟုတ်ဘူး... ချီစုစည်းမှု အဆင့် ခွန်အား ရှိတဲ့ မိစ္ဆာသားရဲ တစ်ကောင်က ဘယ်လိုလုပ် ဒီလောက် ကြီးမားနိုင်မှာလဲ....အခြေတည်အဆင့်လား...ဖြစ်နိုင်ချေတော့ ရှိတယ်.... ဒါပေမဲ့ အခြေတည်အဆင့် ခွန်အား ရှိတဲ့ မိစ္ဆာသားရဲ တစ်ကောင်က သေဆုံးပြီးတာတောင် ဒီလောက် ကြောက်မက်ဖွယ် ကောင်းတဲ့ အရှိန်ဝါရှိနေနိုင်ပါ့မလား.... တစ်နည်းအားဖြင့် ဖြစ်နိုင်ချေ အများဆုံးက ရွှေအမြုတေ အဆင့်ပဲ"
သူမရဲ့ ပါရမီတွေထဲက တစ်ခု အတွက် (၃) နှစ်လောက် နောက်ကျနေပြီ ဆိုတာ ဖူရွှမ်နီ ရုတ်တရက် သတိရလိုက်သည်။ မိစ္ဆာ အမြုတေ...
သူမ (၃) နှစ် ကြာတဲ့အထိ မိစ္ဆာ အမြုတေ မရခဲ့တာကြောင့် သူမ လွဲချော်သွားပြီလို့ ထင်နေခဲ့မိသည်။
သို့သော် နောက်ဆုံးတော့ ၎င်းရွှေအမြုတေ အဆင့် မိစ္ဆာ အမြုတေက ဒီလိုပဲ ပေါ်လာခဲ့ပေသည်။
"ရှူး.."
ရုတ်တရက် အံ့သြဖွယ်ရာကြောင့် သူမဟာ လေအေးတစ်ချက် ရှူသွင်းမိခဲ့သည်။
သူမ၏ အခွင့်အရေးက ရောက်လာပြီ ဖြစ်ကြောင်း ဖူရွှမ်နီ သိလိုက်သည်။
ရွှေအမြုတေ အဆင့် မိစ္ဆာသားရဲ တစ်ကောင် ဆိုတာ ရတနာတွေနဲ့ ပြည့်နှက်နေပြီး ၎င်းရဲ့ အသားပဲ ဖြစ်ဖြစ်၊ မိစ္ဆာ အမြုတေပဲ ဖြစ်ဖြစ်၊ သားမွေးပဲ ဖြစ်ဖြစ်ပင်။
သူမက မသေမျိုးကျင့်ကြံခြင်း ကမ္ဘာထဲမှာ ရှိနေတယ်လို့ ပြောခဲ့တာကို ဖူရွှမ်နီ ဘယ်တော့မှ မမေ့ပေ။
ဒီကမ္ဘာမှာလည်း ဝိညာဉ်စွမ်းအင် ရှိနေပြီး ဆိုလိုတာက သေချာပေါက် မသေမျိုးကျင့်ကြံသူတွေ ရှိနေမည်ပင်။
ဆိုလိုတာက မိစ္ဆာသားရဲတွေကို လိုက်လံဖမ်းဆီးတဲ့ကျင့်ကြံသူ တချို့ ရှိနေမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် မိစ္ဆာသားရဲ အချင်းချင်းကြား၌ ပြိုင်ဆိုင်မှုကလည်း ပြင်းထန်နေပေမည်။
အကယ်၍ သူမသာ လျင်မြန်စွာ မသန်မာလာရင် မကြာခင်မှာပဲ သေချာပေါက် ဆိုးဆိုးရွားရွား သေဆုံးရပေလိမ့်မည်။
အရင်တုန်းက သူမ၌ လျင်မြန်စွာ သန်မာလာဖို့ အခွင့်အရေး မရှိခဲ့ပဲ အခုတော့… အခွင့်အရေး ရောက်လာပေပြီ။
ဖူရွှမ်နီ ဘာစကားမှ မပြောဘဲ ချက်ချင်း လေဟုန်စီးပြီး ဆင်းသက်လိုက်ကာ သွေးအိုင်ထဲသို့ ခုန်ဆင်းလိုက်သည်။ သူမဟာ ရွှေအမြုတေ မိစ္ဆာသားရဲ၏ သွေးများဖြင့် ရေချိုးပြီး ပါးစပ်ဟကာ မိစ္ဆာသွေးများကို သူမ၏ ဗိုက်ထဲသို့ မျိုချလိုက်သည်။
ရွှေအမြုတေ မိစ္ဆာသားရဲ၏ သွေးထဲတွင် ကြောက်မက်ဖွယ် စွမ်းအင်များ ပါဝင်နေရာ ကြမ်းတမ်းသည့် စွမ်းအင်များက သူမခန္ဓာကိုယ်ထဲသို့ ပြင်းထန်စွာ တိုးဝင်လာခဲ့သည်။
၎င်းက ဖူရွှမ်နီ၏ ခန္ဓာကိုယ်ကို ပြင်းထန်သည့် မီးတောက်များဖြင့် လောင်ကျွမ်းနေသကဲ့သို့ ခံစားရစေသည်။
သို့သော် သူမ မရပ်တန့်ခဲ့ပေ။
သူမဟာ ခံနိုင်ရည် ရှိကြောင်း သိသောကြောင့် သွေးအိုင်ထဲတွင် ဆက်လက် စိမ်ချိုးနေလိုက်၏။
[သင်သည် သင့်သွေးကြောများနှင့် ခန္ဓာကိုယ်ကို ဆေးကြောသန့်စင်ရန် ရွှေအမြုတေ မိစ္ဆာသားရဲ၏ သွေးကို အသုံးပြုခဲ့ရာ သင့်အရိုးများက ပိုမို ထူးကဲကောင်းမွန်လာခဲ့သည်။]
[ရွှေအမြုတေ အဆင့် မိစ္ဆာသားရဲ၏ သွေးကို ပါးစပ်အပြည့် အကြိမ်အနည်းငယ် သောက်သုံးပြီးနောက် သင့်ကလီစာများက အသွင်ပြောင်းလဲခြင်းများ ဖြစ်ပေါ်နေခဲ့သည်။ သင့်ခန္ဓာကိုယ်ထဲရှိ သွေးများကလည်း အသွင်ပြောင်းလဲခြင်း ဖြစ်ပေါ်နေခဲ့သည်။]
[သွေးများ စိမ့်ဝင်မှု အောက်တွင် သင့်အမွေးအတောင်များက သတ္တုရောင် တောက်ပလာခဲ့သည်။ သင့်မျက်လုံးများကလည်း အသွင်ပြောင်းလဲခြင်းမျ ဖြစ်ပေါ်နေခဲ့သည်။]
[သင့်သွေးကြောများ အဆများစွာ ကျယ်ပြန့်လာပြီး သင့်ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်များ သိသိသာသာ တိုးပွားလာခဲ့သည်]
[ကြမ်းတမ်းသည့် စွမ်းအင်များကြောင့် သင့်အဆင့်တက်ခြင်း အရှိန်အဟုန်ကို ဖိနှိပ်ထား၍ မရနိုင်တော့ပေ။]
[သင်ဟာ ချီစုစည်းမှု အဆင့် (၁) သို့ ရောက်ရှိသွားခဲ့သည်]
[သင်သည် ချီစုစည်းမှု အဆင့် (၂) သို့ ရောက်ရှိသွားခဲ့သည်]
[...]