အခန်း ၁၀၄ : တတိယမြောက် ရွေးချယ်ခံ ဖူရွှမ်နီ
ဖူရွှမ်နီ လေအေးတစ်ချက် ရှူသွင်းလိုက်မိပြီး သူမ၏ မျက်နှာက အလွန် လေးနက်သွားခဲ့သည်။
"ဘယ်သူက ဒီမှာ လာပြီး ပြဿနာရှာနေတာလဲ" သူမ အော်ဟစ်လိုက်၏။
တစ်ပြိုင်နက် အခြေတည်အဆင့်၏ အရှိန်ဝါကလည်းဘာမှ ထိန်းချုပ်မထားဘဲ ပေါက်ကွဲထွက်လာခဲ့သည်။ သို့သော် အရှိန်ဝါက ပြင်ပကမ္ဘာကို မသက်ရောက်နိုင်မီ သူမ ဝန်းကျင်ရှိ အရာအားလုံး အေးခဲသွားခဲ့ပြီး သူမ မလှုပ်ရှားနိုင်တော့ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
သူမခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်များ ပိတ်ဆို့ခံလိုက်ရပြီး သူမဟာ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
သူမ အကြောင်းပြချက် မရှိဘဲ သာမန်လူ တစ်ယောက် အဖြစ် ရောက်ရှိသွားသကဲ့သို့ပင်။
သို့မဟုတ် သူမဟာ သာမန်လူ တစ်ယောက်နဲ့တောင် မယှဉ်နိုင်တော့ပေ။ ဘာလို့လဲဆိုတော့ သူမ လုံးဝ မလှုပ်ရှားနိုင်တော့လို့ပင်။
ဒီအချိန်မှာ ဘယ်သူမဆို သူမကို အလွယ်တကူ သတ်လို့ ရပေသည်။
သူမ ချွေးစေးများ စတင် စီးကျလာခဲ့သည်။
ဖူရွှမ်နီ ဘယ်သူ လုပ်လိုက်လဲ ဆိုတာ မသိပေ။ သူမ ဘာအန္တရာယ်မှ ရောက်လာတာ မခံစားမိလိုက်ဘဲ ထောင်ချောက်ထဲသို့ ဝင်သွားခဲ့မိသည်။
ယုတ္တိကျကျ ပြောရရင် ဘေးခန်းမှာ နေတဲ့ လီဖေးယွီက ဒီနေရာက လှုပ်ရှားမှုတွေကို သတိထားမိသင့်ပေမဲ့ သူ ရောက်မလာဘူး ဆိုတော့ ဆိုလိုတာက တစ်ခုခု ဖြစ်သွားတာ သူ မသိလိုက်ခြင်းပင်။
တစ်နည်းအားဖြင့်… သူမကို တိုက်ခိုက်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လူက လီဖေးယွီထက်တောင် ပိုသန်မာသေးနေခြင်းပင်။
ပထမတုန်းက ရွှေအမြုတေ အဆင့် (၁၀) မှာ ရှိတဲ့ မိစ္ဆာကြီး တစ်ကောင် အခုကျတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျွမ်းကျင်သူ တစ်ယောက်...
......
သူမအပေါ် ဒီလောက် ကြီးမားတဲ့ လှုပ်ရှားမှုမျိုး ပြုလုပ်တဲ့ လူက မည်သူနည်း။
ဒီမေးခွန်းကို သူမအတွက် ဘယ်သူမှ ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူးလို့ ဖူရွှမ်နီ ခံစားလိုက်ရသည်။
ဒီအခြေအနေမှာ… သူမ အသက်ရှင်နိုင်မလား ဆိုတာက အကြီးမားဆုံး မေးခွန်း ဖြစ်နေပေပြီ။
အသက်ရှူချိန် အနည်းငယ် ကြာပြီးနောက် သူမ အသက်ရှင်နေသေးကြောင်း တွေ့ရှိလိုက်ရသဖြင့် ဖူရွှမ်နီ တုန်လှုပ်သွားခဲ့သည်။ ဒါက သူမကို ပိုပြီးတော့တောင် ရှုပ်ထွေးသွားစေခဲ့သည်။ 'ဒါက တိုက်ခိုက်ဖို့ အကောင်းဆုံး အချိန် မဟုတ်ဘူးလား..'
သူမ မြင်တွေ့နိုင်သော အရာများ အထူးသဖြင့် ရုတ်တရက် ပေါ်လာသည့် ထူးဆန်းသော စကားလုံးများကို ပြန်လည် အာရုံစိုက်လိုက်သည်။
ထို့နောက် ဒီစကားလုံးတွေကြောင့် သူမ မလှုပ်ရှားနိုင် ဖြစ်သွားရမှန်း ဖူရွှမ်နီ သိသည်။
[သင် မသေမျိုးကျင့်ကြံခြင်းရဲ့ အဓိပ္ပာယ် အစစ်အမှန်ကို နားလည်ချင်ပါသလား... သင် တကယ် အသက်ရှင်ချင်ပါသလား။]
(နားလည်ချင်ပါတယ်)
(နားမလည်ချင်ပါ)
'မသေမျိုးကျင့်ကြံခြင်းရဲ့ အဓိပ္ပာယ် အစစ်အမှန်....'
ဒီလူ သူမကို ဘာလုပ်စေချင်တာလဲ ဆိုတာ ဖူရွှမ်နီ တကယ် မေးချင်နေခဲ့သည်။
'သူ သူမကို ရွေးချယ်ခွင့် ပေးနေတာလား... ဒါအတွက် သက်သက်ပဲလား...'
'အကယ်၍ သူ သူမကို မသိရသော ရွေးချယ်မှု တစ်ခု တကယ် ပြုလုပ်စေချင်ရင် ဘာလို့ ပွင့်ပွင့်လင်းလင်း မလုပ်တာလဲ... ဘာလို့ သူမကို ခုခံခွင့် မပေးဘဲ ဒီလောက် ဖိအားပေးနေရတာလဲ....'
'ဟမ်..'
ရုတ်တရက် ဖူရွှမ်နီ ဒီစကားလုံးတွေရဲ့ အပေါ် ညာဘက်ထောင့်မှာ သိပ်သေးငယ်တဲ့ 'x' လေး တစ်ခုကို တွေ့လိုက်ရသည်။ အကယ်၍ သူမ သေချာ ဂရုတစိုက် မလေ့လာခဲ့ရင် သူမ မြင်တွေ့နိုင်ခဲ့မှာ မဟုတ်ချေ။
'ဒါ ဘာလဲ...'
သူမ စူးစမ်းချင်စိတ် ဖြစ်လာခဲ့ပြီး ဘာအဓိပ္ပာယ်မှန်း မသိသော ဒီသင်္ကေတမှာ သေချာပေါက် အဓိပ္ပာယ် တစ်ခုခု ရှိနေပေလိမ့်မည်။
ဖြစ်နိုင်တာက...
သူမ ဘာကိုရွေးသည်ဖြစ်စေ အားလုံးက တူညီတဲ့ အဆုံးသတ်ပဲ ဖြစ်ပေမည်။
'ဒီ x က... အခြေအနေကို ဖြိုခွင်းနိုင်မယ့် သော့ချက်ဖြစ်ကောင်း ဖြစ်နိုင်တယ်..'
ဒါကို တွေးမိတော့ ဖူရွှမ်နီ သာမန် မျက်စိဖြင့် မြင်ရခက်ခဲသည့် 'x' ကို ရွေးချယ်ရန် သူမ၏ စိတ်အာရုံကို အသုံးပြုဖို့ ကြိုးစားလိုက်သည်။
ရုတ်တရက် သူမ ရွေးချယ်လိုက်ပြီးနောက် ထိုသင်္ကေတက လှုပ်ရှားသွားသည်ကို တွေ့လိုက်ရသည်။
'သူမ အောင်မြင်သွားတာလား..'
သူမ မတုံ့ပြန်နိုင်မီ 'x' က လှည့်သွားသည်ကို သူမ တွေ့လိုက်ရ၏။
၎င်း ပြောင်းလဲသွားသည်မှာ
(နားလည်ချင်ပါသည်)
ဖူရွှမ်နီ ရှုပ်ထွေးသွားခဲ့သည်......
သူမ အရူးလုပ်ခံလိုက်ရကြောင်း သတိပြုမိလိုက်ပြီး တွေးခေါ်နိုင်စွမ်း ပျောက်ဆုံးသွားသကဲ့သို့ ခေါင်းရှုပ်ထွေးသွားခဲ့သည်။
နောက်ခဏ၌ စာကြောင်း အနည်းငယ် ပျောက်ကွယ်သွားပြီး သူမ၏ အမြင်အာရုံတို့က လုံးဝ မှောင်မိုက်သွားခဲ့သည်။
..
"သူမက တော်တော်လေး ဉာဏ်ကောင်းသားပဲ... 'x' ကို ရွေးရမယ် ဆိုတာ သူမ သိတယ်....ဒါပေမဲ့ ကံမကောင်းစွာနဲ့ ငါက မင်းရဲ့ ခန့်မှန်းချက်ကို ကြိုခန့်မှန်းထားပြီးသား... သူမက ရုန်းရင်းဆန်ခတ် ဖြစ်အောင် လုပ်ပြီး ဘေးခန်းက ရုပ်သေးကို လာကယ်ခိုင်းချင်နေသေးတယ်..... ကျွတ်... အဲဒီ ရုပ်သေးကလည်း ငါ့ဟာ ဆိုတာ သူမ မသိရှာဘူး"
အခြားတစ်ဖက်တွင် ဖူရွှမ်နီ နားလည်ချင်ပါသည်သို့မဟုတ် နားမလည်ချင်ပါကို ရွေးချယ်မည် မဟုတ်ကြောင်း ပိုင်ယီ မျှော်လင့်ထားပြီးသားပင်။
လူသားရုပ်သေးရဲ့ စောင့်ကြည့်မှုကနေ တဆင့် သူမ ဘယ်လို ပြုမူတတ်လဲ ဆိုတာ ပိုင်ယီ သိနေခဲ့သည်။
ဒီ မဟာယန် မင်းဆက်ရဲ့ မင်းသမီးက ပိုပြီး စေ့စပ်သေချာလှပေသည်။
အန္တရာယ်ရှိတဲ့ အခြေအနေ တချို့မှာတောင် သူမဟာ ဆင်ခြင်တုံတရားနဲ့ တွေးခေါ်နိုင်ပြီး လွတ်မြောက်ဖို့ နည်းလမ်းကို လျင်မြန်စွာ ရှာဖွေနိုင်ပေသည်။
ဒါကြောင့် ပိုင်ယီ ရွေးချယ်စရာ အနည်းငယ်ကို ကြိုတင် ပြောင်းလဲထားခဲ့ခြင်းပင်။
သူမ ဘယ်နေရာကို ရွေးရွေး မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် ဘဝကို စတင်ဖို့ သဘောတူလိုက်သလို ဖြစ်သွားပေမည်။
၎င်းက အရှက်မရှိတဲ့ ကြော်ငြာတစ်ခုထက်တောင် ပိုပြီး အရှက်မရှိဖြစ်နေသေးလေသည်.....
သူ့ခွန်အား အခြေတည်အဆင့် (၄) သို့ မြင့်တက်လာပြီးနောက် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ကို အသုံးပြုပြီး အခွင့်အာဏာ ပိုရနိုင်ကြောင်း ပိုင်ယီ တွေ့ရှိခဲ့သည်။
ဥပမာအားဖြင့် သူဟာ ချန်ချန်ရွှယ်ကို ဖိတ်ခေါ်တုန်းက သူမရဲ့ ခံစားသိရှိမှုကို ပိတ်ဆို့ဖို့ ချန်ချန်ရွှယ်ရဲ့ သဘောတူညီချက်ကို စောင့်ခဲ့ရသည်။
ဒါပေမဲ့ ဒီတစ်ခါ ဖူရွှမ်နီကို ဖိတ်ခေါ်ရာမှာတော့ သူမရဲ့ ခံစားသိရှိမှုကို ယာယီ ပိတ်ဆို့ထားဖို့ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ကို သူ တိုက်ရိုက် အသုံးပြုနိုင်ခဲ့သည်။
ကံမကောင်းစွာနဲ့ ၎င်းက အသက်ရှူချိန် (၁၀) ကြိမ်အောက်သာ ကြာမြင့်နိုင်ပြီး တင်းကြပ်တဲ့ စည်းကမ်းချက်တွေ ရှိပေသည်။
ဥပမာအားဖြင့် ဖိတ်ခေါ်ခံရတဲ့ လူက သူ့ထက် အားနည်းရပေမည်။
အကယ်၍ သူ့ထက် သန်မာတဲ့ လူဆိုရင် သူ ဒီလို လုပ်နိုင်မည်မဟုတ်ပေ။
သိသာထင်ရှားစွာပဲ ပိုင်ယီရဲ့ အခြေတည်အဆင့် (၄) ကျင့်ကြံမှုက ဒီမဟာယန် မင်းဆက် မင်းသမီးထက် သန်မာလေသည်။
ပိုင်ယီဟာ ဒီမဟာယန် မင်းဆက် မင်းသမီးကို ရှာတွေ့ကတည်းက သူမကို ရွေူချယ်ခံအမှတ် (၃) နေရာမှာ ထားဖို့ ပြင်ဆင်ထားပြီးသားလို့ ပြောလို့ ရပေသည်။
…
တစ်ချိန်တည်းမှာပင်။
ဖူရွှမ်နီဟာ သူမ၏ အသိစိတ် ပြန်လည် ရရှိလာသည်ကို ခံစားလိုက်ရသောအခါ သူမဟာ ခရိုင်ရုံးထဲတွင် မရှိတော့ကြောင်း သိလိုက်ရ၏။ ထိုအစား သူမဟာ ထူးဆန်းသော နေရာလွတ်တစ်ခုထဲတွင် ရောက်ရှိနေခဲ့ပြီး ဒီနေရာတွင် ဝိညာဉ်ချီ လုံးဝ မရှိပုံရလေသည်။
သူမ၏ ဝိညာဉ်အာရုံက ချိပ်ပိတ်ခံထားရသကဲ့သို့ ဖြစ်နေပြီး ခြေရာလက်ရာ တစ်ခုတောင် သူမ ရှာမတွေ့နိုင်ပေ။
သူမဟာ ဒီခွန်အားမဲ့နေတဲ့ ခံစားချက်ကြောင့် ဂနာမငြိမ် ဖြစ်နေသော်လည်း တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားနေဆဲ ဖြစ်၏။
ဒီအကျပ်အတည်းကနေ ဘယ်လို လွတ်မြောက်ရမလဲ တွေးတောရင်း သူမ၏ စိတ်အာရုံက လျင်မြန်စွာ လည်ပတ်နေခဲ့သည်။
[မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်မှ ကြိုဆိုပါသည်။ သင်သည် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲတွင် သင့်ဘဝသစ်ကို စတင်တော့မည် ဖြစ်သည်။ မသေမျိုးကျင့်ကြံသူက အသက်ရှင်သည့် အချိန် ပိုကြာလေ၊ ဘဝ အတွေ့အကြုံ ပိုစိတ်လှုပ်ရှားစရာ ကောင်းလေ သင် သေဆုံးပြီးနောက် ရရှိမည့် ဆုလာဘ်များက ပိုမို ကြွယ်ဝလေ ဖြစ်မည်။]
[အကယ်၍ သင်ဟာ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲတွင် သေဆုံးသွားပါက သင့်လက်တွေ့ဘဝကို ထိခိုက်စေမည် မဟုတ်ပါ။]
[သင်သည် အောက်ပါ မွေးရာပါ ပါရမီ(၁၀) ခု အနက် (၃) ခုကို ရွေးချယ်နိုင်သည်။]
စာသားများ ရုတ်တရက် ထပ်မံ ပေါ်လာခဲ့ပြန်သည်။ ဒီထူးဆန်းသော စကားလုံးများကြောင့် သူမဟာ ဒီလို အခြေအနေမျိုးထဲ ရောက်လာရမှန်း ဖူရွှမ်နီ ရှင်းရှင်းလင်းလင်း သိလိုက်သည်။
သို့သော်...
စာသား၏ အကြောင်းအရာက ဖူရွှမ်နီကို အနည်းငယ် ကြောင်အသွားစေခဲ့သည်။
'ဘာ သရုပ်ဖော် မသေမျိုးကျင့်ကြံခြင်း ဘဝလဲ...'
'ဘာ မသေမျိုးကျင့်ကြံခြင်း သာရုပ်ဖော် စနစ်လဲ..'
'ဘာ ရမှတ် တွက်ချက်ခြင်း ဆုလာဘ်တွေလဲ...'
'ဘာ မွေးရာပါ ပါရမီတွေလဲ..'
သူမ ဘာမှ နားမလည်သလို အလွန်လည်း ရှုပ်ထွေးနေခဲ့သည်။
စကားလုံး တစ်လုံးချင်းစီကို ခွဲခြမ်းစိတ်ဖြာကြည့်ရင် သူတို့ရဲ့ အဓိပ္ပာယ်ကို ဖူရွှမ်နီ နားလည်နိုင်ပေမယ့် စာကြောင်းတွေ အဖြစ် ပေါင်းစပ်လိုက်တဲ့ အခါကျတော့ သူမ နားမလည်နိုင်တော့ပေ။
[သင့် မွေးရာပါ ပါရမီ (၁၀) ခုကို ထုတ်လုပ်နေပါသည်]
[...]
…