အခန်း ၁၀၃ : ချင်းဟယ်ခရိုင်က လေလွှင့်ကျင့်ကြံသူတွေက ဒီလိုပဲ အစွမ်းထက်ကြတာလား
"ဒီဧည့်သည်တော် ဝန်ကြီးက ဒီလောက် ရက်စက်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး.. ဒါပေမဲ့ ရန်သူတွေကို ထောင်ချောက်ထဲ ဝင်လာအောင် ငါးစာချထားတဲ့ လုပ်ရပ်က အံ့ဖွယ် အကျိုးသက်ရောက်မှု ရှိတယ် ဆိုတာ ဝန်ခံရမယ်"
သူတို့နှစ်ဦးစလုံး ပါဝင်ထောက်ခံ ပြောဆိုလိုက်ကြ၏။ သူတို့ အမှားတစ်ခုခု လုပ်မိခဲ့ကြပေမဲ့ ဘာပဲဖြစ်ဖြစ် ၎င်းက မိစ္ဆာကျင့်ကြံသူတွေကို သတ်ဖို့ပင်ဖြစ်ပြီး အောင်မြင်ခဲ့လေသည်။
ထို့ကြောင့် ဒီလို အမှားမျိုးကို ဘေးဖယ်ထားလိုက်လို့ ရပေသည်။
တကယ်တော့ ဒီကျင့်ကြံခြင်း လောကထဲမှာ သာမန်လူတွေရဲ့ အသက်ကို ဂရုစိုက်တဲ့သူ နည်းပါးလေသည်။
သာမန်လူ အနည်းငယ်ကို စတေးပြီး မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာ အနည်းငယ်ကို လဲလှယ်ယူလိုက်တာက ကြီးမားတဲ့ အမြတ်အစွန်းပင်။
ဖူရွှမ်နီ မျက်မှောင်ကြုတ်လိုက်ပြီး တစ်ခုခု မှားယွင်းနေတယ်လို့ သူမ ခံစားရလိုက်သည်။ သူမ ချွေးတွေ ဒီးဒီးကျနေတဲ့ မြို့ပိုင်မင်းကို တစ်ချက် လှမ်းကြည့်လိုက်ပြီး သူ့မျက်နှာပေါ်မှာ လေးနက်တဲ့ အမူအရာ ရှိနေတဲ့ ပိရွှီကို ကြည့်လိုက်သည်။
သူမ တစ်ခုခုကို ဝါးတားတား နားလည်လိုက်၏။ သို့သော် သူမ ထောက်ပြမပြောဆိုခဲ့ပေ။
ဖူရွှမ်နီ ပြောလိုက်သည်။ "စတေးခံလိုက်ရတဲ့ အရာရှိတွေရဲ့ မိသားစုတွေကို နစ်နာကြေး ဆယ်ဆ ပေးလိုက်ပါ.... သူတို့ရဲ့ အောင်မြင်မှုတွေကို ဖြန့်ဝေဖို့နဲ့ သူတို့ရဲ့ ပံ့ပိုးကူညီမှုတွေကို လူတွေ သိအောင် လုပ်ဖို့ ချင်းဟယ် ခရိုင်ထဲမှာ ကျောက်တိုင်တွေနဲ့ နတ်ကွန်းတွေလည်း တည်ဆောက်ပေးလိုက်ပါ..."
"ပြီးတော့" သူမ ပိရွှီဘက်သို့ လှည့်ပြီး ပြောလိုက်၏။ "မင်းတို့ ကျင့်ကြံသူ ပိုင်အကြောင်း ပြောခဲ့ကြတယ်... ပြီးတော့ အမှုတွဲမှတ်တမ်းထဲမှာလည်း သူ့အကြောင်း အကြောင်းအရာ တချို့ မှတ်တမ်းတင်ထားတယ်...ဒါပေမဲ့ မင်းတို့ အသေးစိတ် ရေးမှတ်ထားခဲ့ရဲ့လား... သူက ဘယ်သူလဲ"
ခရိုင်ထဲက မိစ္ဆာကျင့်ကြံသူတွေကို သုတ်သင်ရှင်းလင်းရာ၌ ပိုင်ယီက အကြီးမားဆုံး အခန်းကဏ္ဍကနေ ပါဝင်ခဲ့ခြင်းဖြစ်ရာ ဒါကို ရှောင်လွှဲလို့ မရနိုင်ပေ။
မေးခွန်းကို ရင်ဆိုင်ရသောအခါ ပိရွှီ ပြန်ဖြေရုံသာ တတ်နိုင်သည်။"ကျင့်ကြံသူ ပိုင်က ချင်းဟယ် ခရိုင်က လေလွှင့်ကျင့်ကြံသူတစ်ယောက်ပါ... သူက ဖြောင့်မတ်ပြီး မကောင်းမှုကို ရွံရှာပါတယ်.... သူ့ကျင့်ကြံမှုကလည်း သာမန် မဟုတ်ပါဘူး... ချင်းဟယ် ခရိုင်ကို ကူညီပြီး အဲဒီ မိစ္ဆာကျင့်ကြံသူတွေကို တစ်ယောက်ပြီး တစ်ယောက် သတ်ဖြတ်ခဲ့တာကလည်း ကျင့်ကြံသူ ပိုင် ပါပဲ"
......
သူ တောင်းပန်လိုသော လေသံဖြင့် ပြောလိုက်သည် - "မြင့်မြတ်သောနှလုံးသား နန်းတော်က အဲဒီ မိစ္ဆာကျင့်ကြံသူတွေထဲမှာ အခြေတည်အဆင့် မိစ္ဆာ တစ်ကောင် ပါဝင်ပါတယ်... ကျွန်တော်က သူ့ပြိုင်ဘက် မဟုတ်ပါဘူး... သူ ထွက်ပြေးတုန်းက သူ့နောက်ကို လိုက်ပြီး သတ်ဖြတ်ခဲ့တာ ကျင့်ကြံသူ ပိုင် ပါပဲ"
"ဒါပေမဲ့... ကျင့်ကြံသူ ပိုင်က သိပ်နှိမ့်ချလွန်းလို့လားတော့ မသိဘူး... အဲဒီ အခြေတည်အဆင့် မိစ္ဆာကျင့်ကြံသူကို သူ မသတ်ခဲ့ဘူးလို့ ပြောပါတယ်.... တခြားတစ်ယောက်က အဲဒီ မိစ္ဆာကျင့်ကြံသူကို သတ်ခဲ့တာတဲ့.... အသေးစိတ် အချက်အလက်တွေကိုတော့ ကျွန်တော်လည်း မသိပါဘူး"
ဖူရွှမ်နီနှင့် တခြားသူများ သဘောပေါက်သွားကြသည်။ ချင်းဟယ် ခရိုင်က ကျင့်ကြံသူ အားလုံးက အားနည်းကြတယ် ဆိုတာ သူတို့ ကြာကတည်းက မြင်တွေ့ခဲ့ရပေသည်။
ဒီပိရွှီလို့ ခေါ်တဲ့ ဧည့်သည်တော် ဝန်ကြီးတောင် ချီစုစည်းမှု အဆင့် (၁၀) မှာပဲ ရှိသေးတာပင်။
ထို့ကြောင့် သူတို့ဟာ ဘယ်လိုလုပ် ဒီလောက်များတဲ့ မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူတွေကို သတ်ဖြတ်နိုင်မည်နည်း။
'တကယ်တော့...
သူတို့ဆီမှာ အားကောင်းတဲ့ ပြင်ပအကူအညီ တစ်ယောက် ရှိနေတာပဲ...'
'ကျင့်ကြံသူ ပိုင် လို့ ခေါ်တဲ့ လေလွှင့်ကျင့်ကြံသူတစ်ယောက်လား...'
ဘာကြောင့်လဲ ဖူရွှမ်နီ မသိပေမယ့် သူမ တိတ်ဆိတ်နေသည့် လူသားရုပ်သေးဆီ အကြည့် ရွှေ့မကြည့်ဘဲ မနေနိုင်တော့ပေ။ ဘာလို့လဲဆိုတော့ လူသားရုပ်သေးကလည်း လေလွှင့်ကျင့်ကြံသူ တစ်ယောက် ဖြစ်နေလို့ပင်။
ကျင့်ကြံသူ ပိုင်က လေလွှင့်ကျင့်ကြံသူ တစ်ယောက်လို့ ကြားလိုက်ရတဲ့အခါ မန်လေကို သူမ မတွေးဘဲ မနေနိုင်တော့ပေ။
'ချင်းဟယ် ခရိုင် အနီးအနားက လေလွှင့်ကျင့်ကြံသူတွေက...
သူတို့ အားလုံး ဒီလောက် စွမ်းအားကြီးကြတာလား...'
"သူ့နာမည်က ဘယ်သူလဲ" ဖူရွှမ်နီ စူးစမ်းချင်စိတ်ဖြင့် မေးလိုက်၏။
ပိရွှီ တွန့်ဆုတ်စွာ ပြန်ဖြေလိုက်သည်။ "ပိုင်ယီပါ"
'ပိုင်ယီ...'
ဒီနာမည်ကို တိတ်တဆိတ် မှတ်သားပြီးနောက် ဖူရွှမ်နီ မြို့ပိုင်မင်းကို ပြောလိုက်သည်။ "ခရိုင်ရုံးထဲမှာ အပို ဧည့်သည်တော် အခန်းရှိလား.... ကျွန်မတို့ ချင်းဟယ် ခရိုင်ထဲမှာ (၃) လ ထက် မနည်း နေမှာ"
"ချင်းဟယ် ခရိုင်ထဲမှာ မိစ္ဆာကျင့်ကြံသူတွေ ရှိနေရုံသာမကပဲ သူတို့က မသန့်ရှင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ချင်းဟယ် ခရိုင်ကို ရောက်လာကြတာလို့ ထင်တယ်...သူတို့ရဲ့ ရည်ရွယ်ချက်တွေကို ကျွန်မတို့ ရှင်းရှင်းလင်းလင်း စုံစမ်းစစ်ဆေးဖို့ လိုတယ်"
"မနက်ဖြန်ကျရင် ချင်းဟယ် ခရိုင်ထဲ ဝင်ရောက်လာတဲ့ ပြင်ပလူတွေကို သတိထား စောင့်ကြည့်ဖို့ ခရိုင်ရုံးထဲက လူတိုင်းကို အကြောင်းကြားလိုက်ပါ"
"ပြီးတော့ သူတို့ရဲ့ အခြေခံ သတင်းအချက်အလက် အားလုံးကို ချရေးထားပါ"
'ဟမ်....'
ဧည့်သည်တော် အခန်းတွေက ကိစ္စမရှိချေ။ ခရိုင်ရုံးထဲမှာ အများကြီး ရှိပေသည်။ ပြဿနာက... ချင်းဟယ် ခရိုင်ထဲ ဝင်ရောက်လာတဲ့ ပြင်ပလူအားလုံးကို မှတ်တမ်းတင်ရမယ်ဆိုပါက ၎င်းက အလုပ်ဘယ်လောက် များလိုက်မည်နည်း....
မြို့ပိုင်မင်း တော်တော်လေး ခါးသီးသွားခဲ့သည်။
ပြီးသွားပြီ.....
ကြည့်ရတာ အခု သူ့ဟာ သူ့ဘဝရဲ့ ပျော်ရွှင်မှုတို့ကို စွန့်လွှတ်ရတော့မည့် ပုံပင်။
"ဟုတ်... ဟုတ်ကဲ့ပါ"
ဒါပေမဲ့ သူ ဘယ်လိုငြင်းရဲမည်နည်း။
'ဟူး'
'သောက်ကျိုးနည်း မိစ္ဆာတွေ..'
...
အချိန်များ ကုန်ဆုံးသွားခဲ့သည်။
သန်းခေါင်ယံ အချိန်တွင် ဖူရွှမ်နီဟာ ခရိုင်ရုံး၏ ဧည့်သည်တော် အခန်း တစ်ခန်းထဲတွင် တိတ်တဆိတ် တရားထိုင် ကျင့်ကြံနေပြီး သူမစိတ်ထဲမှ မောပန်းနွမ်းနယ်မှုတို့ကို ကုစားနေခဲ့သည်။
ခရိုင်ရုံးထဲက ဧည့်သည်တော် အခန်းက ရိုးရှင်းလှပြီး စားပွဲဝိုင်းလေး တစ်လုံး၊ သစ်သား ထိုင်ခုံ တစ်လုံး၊ ကုတင် တစ်လုံး၊ စောင် တစ်ထည် နဲ့ ခေါင်းအုံး တစ်လုံးသာ ရှိနေခဲ့သည်။
တိုင်းပြည် တစ်ခုရဲ့ မင်းသမီး တစ်ပါး အတွက် ဒီလိုနေရာမျိုးမှာ နေရတာ တကယ့်ကို နေရာမကျသလို ဖြစ်နေပေမယ့် ဖူရွှမ်နီက သိသိသာသာကို ဒါကို ဂရုမစိုက်မနေခဲ့ပေ။
သူမဟာ ရွှေအမြုတေအဆင့် မိစ္ဆာကြီးရဲ့ လိုက်ဖမ်းတာ ခံရတုန်းက တောထဲမှာတောင် ညအိပ်ခဲ့ရသေးသည်ပင်။
အခုနေစရာ နေရာလေး တစ်ခု ရှိတာကပင် မဆိုးလှချေ။
"ဟူး...သိပ်မဆိုးပါဘူး"
အချိန် ဘယ်လောက်ကြာအောင် ကျင့်ကြံခဲ့လဲ မသိပေမယ့် ဧည့်သည်တော် အခန်းထဲက ဖယောင်းတိုင်တွေ ငြိမ်းသွားတာ ကြာခဲ့ပေပြီ။ ဖူရွှမ်နီ သူမရဲ့ လှပတဲ့ မျက်လုံးတွေကို ဖွင့်လိုက်ပြီး မျှော်လင့်ချက်မဲ့စွာ ခေါင်းခါလိုက်သည်။ "ဒီနေရာက ဝိညာဉ်ချီက သိပ်ပါးလွှာလွန်းတယ်... ဒါ့အပြင် နည်းနည်း ရှုပ်ထွေးပြီး တရားထိုင်တဲ့ အခြေအနေထဲကို ဝင်ရောက်ဖို့ ခက်ခဲတယ်"
သူမ စိတ်ပျက်နေရသည်မှာ သူမ ရှုပ်ထွေးနေသောကြောင့် ဖြစ်၏။ သူမကို အတိအကျ ဘယ်သူက တိုက်ခိုက်ချင်နေသည်နည်း။
ရွှေအမြုတေ အဆင့် မိစ္ဆာ တစ်ကောင်ကို သူမအား သတ်ခိုင်းနိုင်လောက်တဲ့ အရည်အချင်း ဘယ်သူ့မှာ ရှိသနည်း။
သူမဟာ အန္တရာယ်ရှိတဲ့ အခြေအနေ တစ်ခုထဲ ရောက်နေကြောင်း ဖူရွှမ်နီ သိထားပေသည်။ လီဖေးယွီသာ ဘေးခန်းမှာ နေမနေရင် သူမ မျက်လုံးတောင် မှိတ်ရဲမှာ မဟုတ်ချေ။
သူမဟာ မျက်လုံးတွေကို နောက်တစ်ကြိမ် ပြန်မဖွင့်နိုင်တော့မှာကို ကြောက်နေမိခဲ့သည်။
လီဖေးယွီကို သူမ ဘယ်လောက် အကြွေးတင်နေပြီလဲ တွေးမိတော့ ဖူရွှမ်နီ မပြုံးဘဲ မနေနိုင်တော့ပေ။
သူမ ပေးစရာ ရှိတာတွေ အားလုံး ပြန်ဆပ်ဖို့ နေပြည်တော်ကို ပြန်သွားရပေမည်။
'သူမကို ကာကွယ်ပေးဖို့ ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက်ကို ငှားရမ်းတာက တကယ် ဈေးကြီးလွန်းတယ်...'
သူမရဲ့ အတွေးတွေ လွင့်ပါးနေစဉ်မှာပင် ဘာမှမရှိတဲ့ လေထုထဲကနေ စာကြောင်း အနည်းငယ် ပေါ်လာတာကို သူမ တစ်ချက် မြင်လိုက်ရသလို ဖြစ်သွားပြီး ၎င်းက သူမ မောပန်းလွန်းလို့ ထူးဆန်းတဲ့ အာရုံစိုက်မှားမှု တစ်ခု မြင်နေရတာလို့ သူမ ထင်လိုက်မိသည်။
ဒါပေမဲ့နောက်တစ်ခဏမှာသူမဟာချက်ချင်းသတိဝင်လာပြီးဒါကအာရုံစိုက်မှားမှုတစ်ခုမဟုတ်ကြောင်းသိလိုက်ရသည်။