အခန်း (၃၂) - အောင်ပွဲ!
လင်းရှုဟာ ရှောင်တိမ်းခြင်း မပြုသလို ထန်းထျန်းရဲ့ လက်သီးကိုလည်း ရှောင်မဖယ်ခဲ့ပါဘူး။ အဲဒီအစား သူ့ရဲ့ ခြေထောက်နှစ်ဖက်ကနေ ပြင်းထန်တဲ့ အင်အားတွေကို ထုတ်ဖော်လိုက်ပြီး ကျည်ဆန်တစ်တောင့်လို ရှေ့ကို ပြေးဝင်ကာ ထန်းထျန်းကို သူ့ရဲ့ လက်သီးနဲ့ တန်ပြန်ထိုးနှက်လိုက်ပါတော့တယ်!
အဲဒီခဏမှာပဲ လင်းရှုဟာ သူ့ရဲ့စွမ်းရည် Fury (ဒေါသအမျက်) ကို အသက်သွင်းလိုက်ပါပြီ!
Fury ကို အသုံးပြုလိုက်တာနဲ့အမျှ သူ့ရဲ့ ခွန်အား၊ အလျင်နဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု အားလုံးဟာ အဆမတန် တိုးတက်သွားပါတယ်။
“သူ့မှာ လှံလည်း မရှိဘဲနဲ့ ထိပ်တိုက်တွေ့ဖို့ ကြိုးစားနေတာလား?” လီယွမ်ဟာ မနာလိုမှုတွေ ပြည့်နှက်နေတဲ့ မျက်လုံးတွေနဲ့ ရေရွတ်လိုက်ပါတယ်။
လင်းရှုက ဒီလောက်အထိ သန်မာလာပြီး အဆင့် ၁၀၀ အတွင်းက ထန်းထျန်းကို တားမြစ်ဆေး သောက်ရတဲ့အထိ ဖိအားပေးနိုင်လိမ့်မယ်လို့ သူ လုံးဝ မထင်ထားခဲ့ပါဘူး။
“ထန်းထျန်းက တားမြစ်ဆေး သောက်လိုက်ပြီ၊ ဒီပွဲကို ရပ်သင့်ပြီလို့ ကျွန်တော် ထင်တယ်” ဆရာလော့လီက ဆရာကြီးယဲ့ကို ပြောလိုက်ပါတယ်။
သူဟာ လင်းရှုရဲ့ စွမ်းဆောင်ရည်အပေါ် ပိုပိုပြီး အံ့သြနေရပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ဒီအောက်ဆုံးက ကျောင်းသားလေးဟာ အံ့သြစရာတွေ အများကြီး ပေးခဲ့တာလေ။ သူ ပြသခဲ့တဲ့ ပါရမီနဲ့ အရည်အချင်းအရဆိုရင် သူဟာ အနာဂတ်မှာ အစွမ်းထက်တဲ့သူ တစ်ယောက် ဖြစ်လာမှာ သေချာပါတယ်။ အခုချိန်မှာ ထန်းထျန်းရဲ့ လက်ချက်နဲ့ အသေခံလိုက်ရရင်တော့ တကယ့်ကို နှမြောဖို့ ကောင်းမှာပါ။
“ကိုယ်ခံပညာတိုက်ပွဲမှာ Alps သုံးတာကို တားမြစ်ထားလို့လား?” လျိုပိုင်က ဆရာလော့လီကို ဆန့်ကျင်ဘက် အမြင်နဲ့ ကြည့်ပြီး ပြောလိုက်ပါတယ်။
ထန်းထျန်းက တားမြစ်ဆေး သောက်လိုက်တာကို သူလည်း အံ့သြမိပါတယ်။ အစကတော့ ထန်းထျန်းက လင်းရှုကို ချက်ချင်း အပြတ်ရှင်းနိုင်လိမ့်မယ်လို့ သူ ယုံကြည်ခဲ့တာပါ။ အခြေအနေတွေက ဒီလောက်အထိ ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။
ဒါပေမဲ့ ဒါက ကိစ္စမရှိပါဘူး၊ အဆင့်မြှင့်ထားတဲ့ Alps က အရင်ဗားရှင်းတွေနဲ့ မတူတော့ပါဘူး။ ခန္ဓာကိုယ်ကို ထိခိုက်မှု ရှိနိုင်ပေမဲ့ စစ်သည်တော်ဘဝ အဆုံးသတ်သွားရလောက်အောင်တော့ မပြင်းထန်တော့ပါဘူး။
“ဆက်ကြည့်ကြသေးတာပေါ့” ဆရာကြီးယဲ့က ရယ်မောလိုက်ပြီး တိုက်ပွဲဆီကို ပြန်ပြီး အာရုံစိုက်လိုက်ပါတယ်။
သူ မျက်လုံးကို ကျဉ်းမြောင်းလိုက်မိတယ်၊ လင်းရှု ထုတ်ဖော်လိုက်တဲ့ ဖီးနစ်အရှိန်အဝါ က သူ့ကို အတော်လေး အံ့သြစေခဲ့တာပါ။ ဒီလို စွမ်းရည်မျိုး သူ တစ်ခါမှ မမြင်ဖူးပါဘူး။
“ဘုန်း!”
လင်းရှုနဲ့ ထန်းထျန်းတို့ရဲ့ လက်သီးချင်း ထိတွေ့သွားပြီး ပြင်းထန်တဲ့ အသံကြီး ထွက်ပေါ်လာပါတယ်။ နှစ်ယောက်လုံးက သွားကို ကြိတ်ပြီး ရှိသမျှ အင်အားတွေကို ထုတ်သုံးနေကြတာပါ။
“ဘာတွေ ဖြစ်နေတာလဲ?” ပရိသတ်တွေဟာ ဒီမြင်ကွင်းကို ကြည့်ပြီး အံ့သြမှင်သက်နေကြပါတယ်။ ထန်းထျန်းရဲ့ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်စေသော လက်သီး ကို လင်းရှုက လက်သီးချင်း ယှဉ်နိုင်နေတာလား?!
အစိတ်စိတ်အမြွှာမြွှာ ကွဲအက်စေသော လက်သီး ဆိုတာ ကြေးအဆင့် လက်သီးစွမ်းရည်တွေထဲမှာ အသန်မာဆုံးလို့ သတ်မှတ်ထားတာလေ၊ လင်းရှုက ဘယ်လိုလုပ်ပြီး တောင့်ခံနိုင်နေတာလဲ?
သူတို့ရဲ့ အံ့သြမှုတွေ မဆုံးခင်မှာတင် လင်းရှုနဲ့ ထန်းထျန်းဟာ နောက်ထပ်တစ်ကြိမ် ထပ်မံ ထိတွေ့ကြပြန်ပါတယ်။
တစ်ချက်ပြီးတစ်ချက်၊ လက်သီးချက်တိုင်းက ပြိုင်ဘက်ရဲ့ ခန္ဓာကိုယ်ပေါ်ကို ကျရောက်နေပြီး အသားချင်း ထိခိုက်သံတွေက အကျယ်ကြီး ထွက်ပေါ်နေပါတယ်။
လင်းရှုရဲ့ မျက်လုံးတွေဟာ မီးတောက်တွေလို တောက်ပနေပြီး သူ့ရဲ့ လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ထန်းထျန်းရဲ့ ခန္ဓာကိုယ်ပေါ်ကို တရစပ် ထိုးနှက်နေပါတော့တယ်။
တားမြစ်ဆေးရဲ့ အာနိသင်ကြောင့် ထန်းထျန်းရဲ့ ခန္ဓာကိုယ်က ကြီးမားလာပြီး တော်တော်လေးကို သန်မာနေပါတယ်။
“သေလိုက်စမ်း! သေလိုက်တော့!” ထန်းထျန်းကတော့ ရူးသွပ်နေပါပြီ။ အမှိုက်တစ်ယောက်က သူ့ကို ဒီလိုအခြေအနေမျိုးအထိ ဖိအားပေးနိုင်တာကို သူ လက်မခံနိုင်ပါဘူး။
ဒါဟာ ရာနဲ့ချီတဲ့ ကျောင်းသားတွေရဲ့ ရှေ့မှာလေ!
သူဟာ တကယ့်ကို အရူးတစ်ယောက်လို ဖြစ်နေပါပြီ၊ တကယ်လို့သာ လင်းရှုကို မသတ်နိုင်ရင် ဒါဟာ သူ့အတွက် တစ်သက်စာ အရှက်ရစရာ ဖြစ်နေမှာပါ။ သူဟာ မုန်တိုင်းတစ်ခုလို လျင်မြန်တဲ့ တိုက်စစ်တွေကို လင်းရှုဆီကို ပို့လွှတ်လိုက်ပါတယ်။
အစိတ်စိတ်အမြွှာမြွှာ ကွဲအက်စေသော လက်သီး က တကယ်ကို အစွမ်းထက်တဲ့ လက်သီးကွက် ဖြစ်တာကြောင့် ကာကွယ်ထားရင်တောင်မှ ကြွက်သားတွေ ပြဲထွက်တော့မတတ် ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရစေပါတယ်။
ဒါပေမဲ့ Fury အခြေအနေအောက်မှာ လင်းရှုရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက သိသိသာသာ တိုးတက်နေတာကြောင့် ဒီတိုက်ခိုက်မှုတွေကို သူ ကြံ့ကြံ့ခံနိုင်နေတာပါ။
ထန်းထျန်းရဲ့ လက်သီးကို ခံယူပြီးနောက်မှာတော့ လင်းရှုက ထန်းထျန်းရဲ့ ရင်ဘတ်ကို အားပါပါနဲ့ ပြန်လည် ထိုးနှက်လိုက်ပါတော့တယ်။
ပြင်းထန်တဲ့ အသံကြီး နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာပြန်ပါတယ်။
ဒေါသအမျက် (Fury) ရဲ့ ကြာချိန်က တိုတောင်းတာကြောင့် အရှိန်ကုန်သွားရင် လင်းရှုအတွက် အားလုံးပြီးသွားမှာပါ။ ဒါကြောင့် လင်းရှုက တိုက်စစ်ကို ပိုမြှင့်လိုက်ပြီး လက်သီးချက်တွေကို တရစပ် ပို့လွှတ်လိုက်ပါတော့တယ်!
“ငါ့ရဲ့ လက်သီးကွက်က အသန်မာဆုံးပဲ!” လင်းရှုက သူ့ကို ပြန်တိုက်နေတာ မြင်တော့ ထန်းထျန်းက ဟောက်လိုက်ပြီး သူ့ရဲ့ အရင်းအမြစ်စွမ်းအင်အားလုံးကို လက်သီးထဲကို ပုံအောထည့်လိုက်ပါတယ်။
အရင်းအမြစ်စွမ်းအား ပါဝင်တဲ့ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်စေသော လက်သီး!
သူ လက်သီးကို လွှဲလိုက်တဲ့အခါ လက်သီးနဲ့ လေထု ပွတ်တိုက်သံကို လူတိုင်း ကြားလိုက်ရပါတယ်။
“ငါ့ရဲ့ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်စေသော လက်သီး ကို မြည်းစမ်းကြည့်လိုက်စမ်း!” လင်းရှုကလည်း မရှောင်တော့ဘဲ အားရပါးရ ဟစ်အော်ရင်း သူ့ရဲ့ ညာလက်သီးကို ပစ်ထုတ်လိုက်ပါတော့တယ်!
“အစိတ်စိတ်အမြွှာမြွှာ ကွဲအက်စေသော လက်သီး ဟုတ်လား? မဖြစ်နိုင်တာ?!” လင်းရှုရဲ့ အော်သံကြောင့် ကျောင်းသားအချို့ တုန်လှုပ်သွားကြပါတယ်။
ပုံပြင်တွေထဲမှာတော့ ကြေးအဆင့်စွမ်းရည် ဖြစ်ပေမဲ့ ငွေအဆင့်နဲ့ညီတဲ့ အင်အားရှိတဲ့ လက်သီးကွက်တစ်ခု ရှိတယ်လို့ ဆိုကြတယ်၊ အဲဒါက အစိတ်စိတ်အမြွှာမြွှာ ကွဲအက်စေသော လက်သီး ပါပဲ!
“မဖြစ်နိုင်ဘူး၊ အဲဒါသာ တကယ် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်စေသော လက်သီး ဆိုရင် သူ အခုချိန်မှာ သေနေလောက်ပြီ!” ကျောင်းသားတစ်ယောက်က အော်ပြောလိုက်ပါတယ်။
ဒီစွမ်းရည်ကို ဘယ်သူမှ မလေ့ကျင့်ရဲကြတဲ့ အကြောင်းရင်းက ရန်သူကို မထိခင် ကိုယ့်ရဲ့ အတွင်းကလီစာတွေကို အရင်ဆုံး တုန်ခါပျက်စီးစေနိုင်လို့ပါ။ ဒီစွမ်းရည်ကို လေ့ကျင့်တဲ့သူတိုင်းနီးပါး အတွင်းကြေဒဏ်ရာတွေ ရခဲ့ကြသလို လေ့ကျင့်ရင်း သေဆုံးသွားတဲ့ ကျောင်းသားတောင် ရှိခဲ့ဖူးတာကြောင့် ဘယ်သူမှ မစွန့်စားရဲကြတာပါ။
စင်ပေါ်မှာတော့ ထန်းထျန်းရဲ့ လက်သီး ပြေးဝင်လာတဲ့အချိန်မှာ လင်းရှုက ခန္ဓာကိုယ်ကို အသာလေး လှည့်ပြီး ရှောင်လိုက်ပါတယ်။ အဲဒီနောက် သူ့ရဲ့ လက်သီးကို ထန်းထျန်းရဲ့ ပခုံးပေါ်ကို တည့်တည့်မတ်မတ် ပစ်ထည့်လိုက်ပါတော့တယ်!
“မင်းရဲ့ လက်သီးက ငါ့ရဲ့ ခံစစ်ကို ဖောက်နိုင်မယ် ထင်နေတာလား!” ထန်းထျန်းက ယုတ်မာစွာ ရယ်မောလိုက်ပါတယ်။
Alps ကို သောက်ထားတာကြောင့် သူ့ရဲ့ ကြွက်သားတွေက ကြောက်စရာကောင်းလောက်အောင် ထောင်တက်နေတာလေ! လက်သီးနဲ့ မပြောနဲ့၊ လှံနဲ့တောင် သူ့ကို အလွယ်တကူ ဒဏ်ရာပေးဖို့ မလွယ်ပါဘူး။
“ခံစစ်ကို မဖောက်နိုင်ရင် မသေနိုင်ဘူးလို့ ဘယ်သူပြောလဲ?” လင်းရှုက ခနဲ့တဲ့တဲ့ ပြုံးလိုက်ပါတယ်။
“ဘာ...” ထန်းထျန်းရဲ့ မျက်သူငယ်အိမ်တွေ ကျုံ့သွားပြီး သူ့တစ်ကိုယ်လုံးမှာ နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရပါတယ်။
လင်းရှုနဲ့ လက်သီးချင်း ယှဉ်တုန်းကတော့ ဘာနာကျင်မှုမှ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ထိချက်မိသွားပြီးနောက်မှာတော့ တစ်ကိုယ်လုံး နာကျင်လာတာပါ။
“ဘုန်း၊ ဘုန်း၊ ဘုန်း” ဆိုတဲ့ အတွင်းက ပေါက်ကွဲသံတွေ အများကြီး ထွက်ပေါ်လာပါတယ်။
သူ့ရဲ့ အတွင်းကလီစာတွေနဲ့ အသားစတွေအားလုံး အစိတ်စိတ်အမြွှာမြွှာ ကွဲအက်ကုန်ပါပြီ!
ဒါဟာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်စေသော လက်သီး ရဲ့ ထူးခြားချက်ပါပဲ! အပြင်ပန်းခံစစ်ကို လျစ်လျူရှုပြီး အတွင်းပိုင်းကို တိုက်ရိုက် ဒဏ်ရာရစေတာမျိုးပါ။
“မင်း...” ထန်းထျန်း မျက်လုံးတွေ ပြူးကျယ်သွားပြီး ပါးစပ်ကနေ သွေးတွေ အန်ထွက်လာပါတော့တယ်။
ထန်းထျန်းရဲ့ ခန္ဓာကိုယ်ဟာ မြေပြင်ပေါ်ကို “ဘုန်း” ဆိုတဲ့ အသံနဲ့အတူ လဲကျသွားပါတယ်။ သူ့မျက်လုံးတွေက ပြူးကျယ်နေတုန်းပဲ ဆိုပေမဲ့ သူ သေသွားပြီလို့ ထင်ရပါတယ်။
“စိတ်မကောင်းပါဘူး၊ ငါ နိုင်သွားပြီ။”
ခန်းမတစ်ခုလုံးဟာ အပ်ကျသံတောင် ကြားရလောက်အောင် တိတ်ဆိတ်သွားပါတယ်။
“သူ နိုင်သွားပြီ!” ယဲ့ရွှမ်းအာက တိတ်ဆိတ်ပြီး အံ့သြနေတဲ့ လူအုပ်ကြီးကို ကြည့်ကာ အားရပါးရ အော်ဟစ်လိုက်ပါတယ်။
ယဲ့ရွှမ်းအာရဲ့ အော်သံကြောင့်မှ အားလုံး သတိပြန်ဝင်လာကြပါတယ်။
“ဒါ... အိပ်မက် မဟုတ်ဘူးမလား?”
“အမှိုက် လင်းရှုက နိုင်သွားတာလား???”
“တောက်! ငါ အိပ်မက်မက်နေတာလား!”
လူအများစုက မယုံကြည်နိုင်သလို ကြည့်နေကြပေမဲ့ အတန်း ၂၉ က ကျောင်းသားတွေကတော့ အတိုင်းအထက်အလွန် ဝမ်းသာသွားကြပြီး လင်းရှုရဲ့ နာမည်ကို အော်ဟစ် အားပေးကြပါတော့တယ်။
“သေလိုက်တော့။”
စနစ်ဆီကနေ အကြောင်းကြားစာ မလာသေးတာကြောင့် ထန်းထျန်း အသက်ရှင်နေသေးတယ်ဆိုတာ လင်းရှု သိပါတယ်။
လင်းရှုက မြေပြင်ပေါ်မှာ လဲနေတဲ့ ထန်းထျန်းကို ကြည့်လိုက်ပြီး သူ့ရဲ့ ညာဘက်ခြေထောက်ကို မြှောက်ကာ ထန်းထျန်းရဲ့ ခေါင်းကို နင်းခြေပြီး အဆုံးသတ်ဖို့ ပြင်လိုက်ပါတော့တယ်!
(T/N - စကေးတွေကို မြန်မာလိုတေစွတ်ပြန်နေရင် တချို့ဟာတေက ဖတ်လို့မကောင်းလို့ နောက်ပိုင်းမှာ အင်္ဂလိပ်လိုတေညှပ်ရေးပါမယ် အဆင်မပြေတာရှိရင်လာပြောနိုင်ပါတယ်။)
Tg - @Samsara35