အခန်း ၁၉၈ - ဗီဇပြောင်း မျက်လုံးနီခွေး
ထိုလူမှာ သူ သေဆုံးသွားပြီဆိုသည်ကိုပင် မယုံကြည်နိုင်သည့်အလား မျက်လုံးအစုံ ပြူးကျယ်လျက်ပင် ခန္ဓာကိုယ်မှာ ထက်ပိုင်းပြတ်သွားတော့သည်၊၊
သူ့ကို သတ်ဖြတ်ပြီးနောက် လျိုယွဲ့သည် လက်ကို တစ်ချက်ဝေ့ယမ်းလိုက်ရာ ဓားပေါ်ရှိ သွေးစက်များမှာ အောက်သို့ စင်ကျသွားသည်၊၊
သူမသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော လင်းရှုထံသို့ လျှောက်လှမ်းသွားခဲ့သည်၊၊
အကြိမ်ကြိမ် ကြိုးစားပြီးနောက် သူမသည် လင်းရှုကို မထူပေးကာ ထိုင်ခိုင်းလိုက်သည်၊၊
"မင်း သူတို့ကို အကုန် သတ်လိုက်တာလား..." လင်းရှုက သူမကို ကြည့်ကာ မေးလိုက်သည်၊၊
အနီးကပ် ရှိနေသဖြင့် သူမ၏ ချောမောလှပသော မျက်နှာနှင့် အပြစ်ဆိုဖွယ်မရှိအောင် ချောမွေ့လှသော အသားအရေကို သူ မြင်တွေ့နေရသည်၊၊
သူ့ရဲ့ ယခင်ကမ္ဘာမှာပဲဖြစ်ဖြစ်၊ ဒီကမ္ဘာမှာပဲဖြစ်ဖြစ် လျိုယွဲ့ဟာ သူမြင်ဖူးသမျှထဲမှာ အလှပဆုံးသူ ဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ၊၊
လျိုယွဲ့က ခေါင်းညိတ်ပြလိုက်ပြီး လင်းရှုက သူမကို စိုက်ကြည့်နေသည်ကို သတိပြုမိသွားသည်၊၊ သူမ မျက်မှောင်ကြုတ်လိုက်ကာ ခေတ္တတွေဝေပြီးမှ မေးလိုက်သည်၊ "ငါ့မျက်နှာမှာ တစ်ခုခု ပေနေလို့လား..."
"အဟွတ်... အဟွတ်... မဟုတ်ပါဘူး၊ ဘာမှမရှိပါဘူး၊၊" လင်းရှုသည် သူ၏ အကြည့်ကို အနေရခက်စွာဖြင့် အခြားတစ်ဖက်သို့ လွှဲလိုက်ရသည်၊၊
သူသည် စွမ်းအင်များ ခမ်းခြောက်နေသဖြင့် အားအင်ကုန်ခမ်းနေဆဲ ဖြစ်သည်၊၊
ချန်ဖန်းကို အသက်ရှင်လျက် ထွက်ပြေးခွင့် ပေးလိုက်ရခြင်းကတော့ အလွန်ပင် နှမြောစရာကောင်းသည်ဟု သူ ခံစားလိုက်ရသည်၊၊
"မင်း ဒဏ်ရာရသွားတာလား..." လျိုယွဲ့က လင်းရှု၏ အခြေအနေကို စူးစမ်းစွာ ကြည့်လိုက်သည်၊၊ သေချာ စစ်ဆေးကြည့်ပြီးနောက်မှ သူ့တွင် ဒဏ်ရာ တစ်စုံတစ်ရာမျှ မရှိကြောင်း သိလိုက်ရသည်၊၊
"ဒါက မင်း ငါ့ကို စိုးရိမ်ပေးနေတာလား..." လင်းရှုက ပြုံးရင်း ဆိုသည်၊၊
ဗုန်း...
လင်းရှု စကားပြောပြီးသည်နှင့် လျိုယွဲ့၏ မျက်နှာမှာ ပြန်လည် အေးစက်သွားပြန်သည်၊၊ သူမသည် လင်းရှု၏ ကျောကို ထောက်ထားသော လက်ကို ချက်ချင်း လွှတ်လိုက်သဖြင့် သူ မြေပြင်ပေါ်သို့ ပြန်လည် လဲကျသွားတော့သည်၊၊
'တကယ်ပဲ စိတ်ကောက်တတ်တဲ့ မိန်းကလေးပဲ...!'
လင်းရှု မြေပြင်ပေါ်သို့ ပြုတ်ကျသွားသဖြင့် နာကျင်စွာ မျက်နှာရှုံ့လိုက်မိသည်၊၊
"သူတို့ ပြန်လာကြလိမ့်မယ်၊၊" လျိုယွဲ့က ရုတ်တရက် ပြောလိုက်သည်၊၊
"မင်း ဆိုလိုတာက ဟိုကောင်လား... သူ ပြန်လာရင်တော့ ငါ သူ့ကို သတ်ပစ်မယ်၊၊" လင်းရှု မြေပြင်ပေါ်မှာ လဲလျောင်းနေရင်း နှာခေါင်းရှုံ့လိုက်သည်၊၊
သူ့ရဲ့ လက်မောင်းတစ်ဖက်တည်းကိုပဲ ရလိုက်ပြီး အပြတ်မရှင်းနိုင်ခဲ့တာကတော့ နှမြောစရာပင်၊၊
"မင်း လမင်းအတောင်ပံအဖွဲ့ ဆိုတာ ဘာလဲဆိုတာ သိလား..." လျိုယွဲ့က သူ့ကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်၊၊
"သာမန် ကြေးစားအဖွဲ့ တစ်ခုလား..." လင်းရှု သူမ၏ မေးခွန်းကြောင့် အနည်းငယ် အံ့အားသင့်သွားပြီး ပြန်မေးလိုက်သည်၊၊
သူသည် လမင်းအတောင်ပံအဖွဲ့အကြောင်းကို အမှန်တကယ်ပင် မသိရှိထားပေ၊၊
"သူတို့က ကြေးစားအဖွဲ့ ဖြစ်တာတော့ မှန်ပါတယ်၊ ဒါပေမဲ့ သူတို့က ဘယ်လိုနည်းနဲ့မှ သာမန် မဟုတ်ဘူး၊၊" လျိုယွဲ့က ခေါင်းခါပြလိုက်ပြီး သူမ၏ ဖုန်းကို ထုတ်ကာ ပုံရိပ်တစ်ခုကို ပြသလိုက်သည်၊၊
> လမင်းအတောင်ပံအဖွဲ့ — ကမ္ဘာ့အင်အားအကြီးဆုံး ကြေးစားအဖွဲ့အစည်း၊ လုပ်ကြံသတ်ဖြတ်မှုမှသည် နိုင်ငံငယ်လေးများကို သိမ်းပိုက်ခြင်းအထိ မစ်ရှင်အားလုံးကို လက်ခံသည်၊၊
> သူတို့၏ အဖွဲ့ဝင်များမှာ သာမန်မဟုတ်ဘဲ အနိမ့်ဆုံး အဆင့် (၅) နှင့် အထက် ရှိကြသည်၊၊
> သူတို့တွင် အထူးခြားဆုံး ဝိသေသတစ်ခု ရှိသည်၊၊ ၎င်းမှာ 'အကြွေးရှိလျှင် ပြန်ဆပ်ရမည်' ဟူသော မူဝါဒပင်၊၊
> သူတို့၏ အဖွဲ့ဝင်တစ်ဦး သတ်ဖြတ်ခံရပါက ထိုလူသတ်သမားကို ကမ္ဘာဆုံးသည့်တိုင်အောင် လိုက်လံ အမဲလိုက်လေ့ရှိသည်၊၊
> အာဖရိကမှ နိုင်ငံငယ်တစ်ခု၏ ဘုရင်တစ်ဦးသည် လမင်းအတောင်ပံအဖွဲ့ဝင် တစ်ဦးကို သတ်ဖြတ်မိခဲ့သဖြင့် ထိုနိုင်ငံမှာ တစ်ပတ်အတွင်းမှာပင် မြေလှန်ဖျက်ဆီးခြင်း ခံခဲ့ရသည်ဟူသော မှတ်တမ်းလည်း ရှိသည်၊၊
"ဘာကြီးလဲ... ဒီလောက်တောင် ရမ်းကားတာလား...!" လင်းရှု ထိုသတင်းကို မြင်လိုက်ရသည့်အခါ မျက်လုံးများ ပြူးကျယ်သွားရသည်၊၊
"ပြည်ထောင်စု က သူတို့ကို ဘာမှ မလုပ်ဘူးလား..." လင်းရှုက မေးလိုက်သည်၊၊
နိုင်ငံများတွင် ကိုယ်ပိုင်နယ်မြေများ ရှိကြသော်လည်း အများစုမှာ မဟာမိတ်များ ဖြစ်ကြပြီး ယူနီယံခေါင်းဆောင် တစ်ဦး ရှိသည် မဟုတ်ပါလား၊၊ ကမ္ဘာမြေကို နိုင်ငံတစ်ခုတည်းအဖြစ်ပင် ပြောနိုင်သည်၊၊
"လမင်းအတောင်ပံအဖွဲ့ဟာ နေရာအနှံ့မှာ လူတွေ ရှိနေတယ်၊ အများစုကလည်း သူတို့ရဲ့ အထောက်အထားကို ဖျောက်ထားကြတာ၊ ပိုပြီး အရေးကြီးတာက သူတို့ရဲ့ ခေါင်းဆောင်ဟာ အဆင့် (၉) တိုက်ခိုက်ရေးသမား တစ်ဦးလို့ ပြောကြတယ်၊၊" လျိုယွဲ့က တည်ငြိမ်စွာ ပြန်ပြောသည်၊၊
အဆင့် (၉) တိုက်ခိုက်ရေးသမား ဟုတ်လား...?!
ထိုစကားကို ကြားလိုက်ရသည့်အခါ လင်းရှုမှာ အေးစက်သော လေကိုပင် ရှူသွင်းလိုက်မိသည်၊၊ အဆင့် (၉) တိုက်ခိုက်ရေးသမားများဆိုသည်မှာ အံ့ဩစရာကောင်းလောက်အောင် သန်မာသူများ မဟုတ်ပါလား၊၊
"မင်းက ဟိုကောင်က သူ့အဖွဲ့သားတွေကို ခေါ်ပြီး လက်စားချေဖို့ လာလိမ့်မယ်လို့ ထင်နေတာလား၊ ဒါက လူနိုင်ကွက် တိုက်တာပဲ၊ သူတို့က တခြားလူကို သတ်နိုင်ပြီး ငါတို့က သူတို့ကို ပြန်မသတ်ရဘူးလား၊ ပြီးတော့ လက်စားချေဦးမယ်ပေါ့..." လင်းရှုက မတရားမှုကို ညည်းတွားလိုက်သည်၊၊
"သူတို့ အမြင်မှာတော့ မင်းက သူတို့ကို အရင် တိုက်ခိုက်တာက သူတို့ကို လူနိုင်ကွက် တိုက်တယ်လို့ မြင်ကြမှာပဲ၊၊" လျိုယွဲ့က ခေါင်းညိတ်ပြသည်၊၊
"ရပါတယ်၊ ဘယ်နှစ်ယောက်ပဲ လာလာ ငါတို့ အကုန်သတ်ပစ်မှာပေါ့၊၊" လျိုယွဲ့က မြူနှင်းများကြားသို့ အေးစက်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်၊၊
(၁၀) မိနစ်ခန့် အနားယူပြီးနောက် လင်းရှုသည် သူ၏ ခွန်အားများ တဖြည်းဖြည်း ပြန်လည် ပြည့်ဝလာသဖြင့် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်၊၊
ထိုလူသေလောင်းများတွင် ဆန်းကြယ်ပုံဆောင်ခဲ အမြောက်အမြား ရှိသော်လည်း အားလုံးမှာ အဆင့် (၃) သို့မဟုတ် အဆင့် (၄) များသာ ဖြစ်သဖြင့် လင်းရှုအတွက်တော့ သိပ်အသုံးမဝင်လှချေ၊၊
သူသည် ကျင့်စဉ်ကို လျင်မြန်စွာ အသုံးပြုကာ ဆန်းကြယ်ပုံဆောင်ခဲများမှ စွမ်းအင်ကို စုပ်ယူလိုက်သည်၊၊ ၎င်းက သူ၏ မူလစွမ်းအင်များကို အတိုင်းအတာတစ်ခုအထိ ပြန်လည် ဖြည့်တင်းပေးလိုက်သည်၊၊
တိုက်ခိုက်ရေးသမားများ သေဆုံးမှုကြောင့် ထွက်ပေါ်လာသော သွေးညှီနံ့မှာ ပြင်းထန်လှသဖြင့် လင်းရှု နှာခေါင်းကို ရှုံ့လိုက်မိသည်၊၊
၎င်းမှာ ခံရခက်လှသည်၊၊
ဂလု...
ထိုအခိုက်တွင် သူတို့ပတ်ဝန်းကျင်မှ ထူးဆန်းသော အသံအချို့ ထွက်ပေါ်လာသည်၊၊ လင်းရှု မျက်လုံးများ ပြူးကျယ်သွားရသည်၊၊
'ဒါ ဘာသံလဲ...?!'
ပတ်ဝန်းကျင်ရှိ မြူနှင်းများမှာ အလွန်ပင် ထူထပ်လှသဖြင့် အကွာအဝေး အနည်းငယ်ကိုသာ ဝေဝါးစွာ မြင်ရပြီး ကျန်သည်မှာ အဖြူရောင်အတိ ဖြစ်နေသည်၊၊
"တစ်ခုခု လာနေပြီ၊၊" လျိုယွဲ့ သတိဝီရိယ ထားလိုက်သည်၊၊
ဤနေရာတွင် အနားယူရန် အခွင့်အရေး တစ်စုံတစ်ရာမျှ မရှိဘဲ နေရာတိုင်းမှာ အန္တရာယ်များဖြင့် ပြည့်နှက်နေပုံရသည်၊၊
လင်းရှုသည် နားကို အစွမ်းကုန် စွင့်လိုက်သည်၊၊ အသံမှာ ပိုမို နီးကပ်လာသည်၊၊ သူ နောက်သို့ လှည့်ကြည့်လိုက်သည့်အခါ -
အဝေးတွင် တောက်လောင်နေသော မီးနီရောင် မျက်လုံးအစုံများကို မြင်တွေ့လိုက်ရသည်၊၊
"ဗီဇပြောင်း မျက်လုံးနီခွေး တွေပဲ၊၊" လျိုယွဲ့က ထိုဘက်သို့ ကြည့်ကာ ရှင်းပြလိုက်သည်၊၊
အဆင့် (၅) ဆင့်ကဲပြောင်းလဲထားသော သားရဲ၊ ဗီဇပြောင်း မျက်လုံးနီခွေး၊၊
သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ ဗိုင်းရပ်စ်များ၏ တိုက်စားမှုကြောင့် ခန္ဓာကိုယ်မှာ ကြီးမားလာပြီး အပြင်ဘက်တွင် ပုပ်ပွနေသော အသားများဖြင့် ဖုံးလွှမ်းနေသည်၊၊ အလွန်ပင် ရွံရှာဖွယ် ကောင်းလှသည်၊၊ သူတို့၏ မျက်လုံးများမှာ နီရဲနေပြီး ကြမ်းကြုတ်သော အသွင်ရှိသည်၊၊
ဂလု... ဂလု...
ထူးဆန်းသော အသံများ ပိုမို ရှင်းလင်းလာသည်နှင့်အမျှ သူတို့၏ သွေးရောင်လွှမ်းနေသော ပါးစပ်များအတွင်းရှိ သွားတန်းများကို လင်းရှု မြင်တွေ့လိုက်ရသည်၊၊
သူတို့၏ သွားများကြားတွင် အသားစများ ညပ်နေပြီး ပါးစပ်မှလည်း အရည်များ စီးကျနေသည်၊၊
'တစ်ကောင်... နှစ်ကောင်... သုံးကောင်...'
စုစုပေါင်း ခုနစ်ကောင်၊ ရှစ်ကောင်ခန့် ရှိနေသည်၊၊
သူတို့သည် အလောင်းတစ်ခုပေါ်သို့ ခုန်အုပ်လိုက်ကြပြီး ခန္ဓာကိုယ် တစ်ခုလုံးကို အရိုးတစ်ချောင်းမျှ မကျန်အောင် ဝါးမြိုပစ်လိုက်ကြသည်၊၊ အရိုးများ ကျိုးပဲ့သွားသံက လင်းရှု၏ ကြက်သီးမွေးညင်းများကို ထစေသည်၊၊
"ငါတို့ ဘာလုပ်ကြမလဲ..." လင်းရှုက လျိုယွဲ့ကို ကြည့်ကာ မေးလိုက်သည်၊၊
"သတ်ရမှာပေါ့၊၊"
ထိုသို့ ပြောဆိုပြီးနောက် သူမသည် အနီးဆုံးရှိ ဗီဇပြောင်း မျက်လုံးနီခွေးထံသို့ ပြေးဝင်သွားတော့သည်၊၊
လင်းရှုသည်လည်း တွေဝေမနေတော့ဘဲ သူမနောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့သည်၊၊ အမည်းရောင်နှင့် အဖြူရောင် အရိပ်နှစ်ခုအလား သူတို့နှစ်ဦးစလုံး ရှေ့သို့ တရှိန်ထိုး ပြေးဝင်သွားကြတော့သည်၊၊