အခန်း ၁၉၃ - နယ်နှင်ဒုစရိုက်သမား
လင်းရှု၏ အကြည့်များမှာ ထိုအခိုက်အတန့်တွင် ပြောင်းလဲသွားပြီး သူ၏ အနက်ရောင်အစွန်း လှံရှည်ကို အနောက်ဘက်သို့ အရှိန်ပြင်းစွာ ထိုးနှက်လိုက်သည်၊၊
တောင်...
လှံဦးမှာ သတ္တုပစ္စည်းတစ်ခုခုနှင့် ထိမှန်သွားသည့်အလား ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်၊၊
"စုတ်... စုတ်... မင်းက တော်တော်လေး စိတ်တိုတတ်တာပဲလား..." ထိုစဉ် ထူထပ်လှသော မြူနှင်းများကြားမှ လူတစ်ဦး လျှောက်ထွက်လာပြီး လင်းရှုကို ပြုံးကြည့်နေသည်၊၊
လင်းရှု မျက်မှောင်ကြုတ်လိုက်ကာ ထိုလူကို သေသေချာချာ အကဲခတ်လိုက်သည်၊၊ ၎င်းမှာ အဖြူရောင် တိုက်ခိုက်ရေးဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ဦး ဖြစ်ပြီး အသက် (၂၅) နှစ်၊ (၂၆) နှစ် ဝန်းကျင်ခန့် ရှိပုံရသည်၊၊
သူသည် လက်တစ်ဖက်ဖြင့် ဧရာမ ဓားမကြီးကို ကိုင်စွဲကာ လင်းရှု၏ တိုက်ခိုက်မှုကို ခုခံထားခြင်း ဖြစ်သည်၊၊
ထိုလူ၏ မျက်ဝန်းများထဲတွင် အံ့အားသင့်မှု အနည်းငယ် အရိပ်ယောင် ပေါ်လာသည်၊၊ လင်းရှု၏ ခံစစ်မှာ တော်တော်လေး ကောင်းမွန်နေသည် မဟုတ်ပါလား၊၊
"မင်းက ဘယ်သူလဲ..." လင်းရှုက တည်ငြိမ်စွာ မေးလိုက်သည်၊၊
ထိုလူ၏ အသွင်အပြင်ကို ကြည့်ရုံနှင့်ပင် လူကောင်းတစ်ယောက် မဟုတ်ကြောင်း သိသာလှသည်၊၊
လင်းရှု ခွဲခြမ်းစိတ်ဖြာခြင်းမျက်လုံးကို အသက်သွင်းလိုက်သည့်အခါ ဤလူမှာ အဆင့် (၅) တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်၊၊
"ငါ့နာမည်က ချန်ဖန်း တဲ့၊၊ မင်းအနေနဲ့ ငါ့ကို စီနီယာလို့ ခေါ်သင့်တယ် ထင်တယ်..." ထိုလူက လင်းရှုကို ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်၊၊
"သန့်စင်သောနယ်မြေအကယ်ဒမီကလား..." လင်းရှု မျက်ခုံးပင့်လိုက်သည်၊၊
"နောက်ဆုံးနှစ် ကျောင်းသားပေါ့၊၊" ချန်ဖန်းက ခေါင်းညိတ်လိုက်ပြီး ဆက်ပြောသည်၊၊ "မင်း ကျောပိုးအိတ်ထဲက ဆန်းကြယ်ပုံဆောင်ခဲတွေကို ငါ့ကို ခဏလောက် ငှားပါလား၊ ငါတို့ အကယ်ဒမီကို ပြန်ရောက်ရင် မင်းကို ပြန်ပေးပါ့မယ်၊၊"
"မင်းက ဉာဏ်နည်းတာလား၊ ဒါမှမဟုတ် အရူးလား..." လင်းရှုက လှောင်ပြောင်သော အပြုံးဖြင့် ဆိုလိုက်သည်၊၊
ဤလူသည် သူ၏ ကျောပိုးအိတ်ထဲတွင် အဆင့် (၆) ပုံဆောင်ခဲများစွာ ရှိနေသည်ကို ရိပ်မိပုံရပြီး ၎င်းတို့ကို လိုချင်နေခြင်း ဖြစ်သည်၊၊ သို့သော် သူ၏ စကားလုံးများမှာမူ အလွန်ပင် ယဉ်ကျေးသိမ်မွေ့ဟန် ဆောင်နေလေသည်၊၊
"သူနဲ့ ဘာတွေ စကားများနေတာလဲ၊ သတ်လိုက်ရုံပေါ့၊၊" ထိုအခိုက်တွင် မြူနှင်းများကြားမှ လူအချို့ ထပ်မံ ထွက်ပေါ်လာပြီး လင်းရှုကို စိုက်ကြည့်လိုက်ကြသည်၊၊
ထိုလူများ၏ လက်ထဲရှိ လက်နက်များမှာ သွေးများဖြင့် စိုရွှဲနေပြီး အချို့မှာမူ လူသေလောင်းများကို အတင်းအဓမ္မ ဆွဲခေါ်လာကာ ထိုအလောင်းများပေါ်မှ တစ်စုံတစ်ရာကို စတင် ရှာဖွေနေကြသည်၊၊
"ဩော်... မင်းတို့ ပြန်လာတာ မြန်လှချေလား၊၊" ချန်ဖန်းက အနည်းငယ် အံ့အားသင့်သွားပုံရသည်၊၊
"တောက်... ဆန်းကြယ်ပုံဆောင်ခဲ အနည်းငယ်ပဲ ရခဲ့တာ၊ သန့်စင်သောနယ်မြေအကယ်ဒမီက ကျောင်းသားတစ်သိုက်က တကယ်ကို အသုံးမကျတာပဲ၊၊" ထိပ်ပြောင်ပြောင်နှင့် သန်မာထွားကြိုင်းသော လူတစ်ဦးက လူတစ်ယောက်၏ ဦးခေါင်းကို တိုက်ရိုက် နင်းခြေလိုက်သည်၊၊
ဂျွတ်...
အလောင်း၏ အဝတ်အစားပေါ်မှ အမှတ်တံဆိပ်တစ်ခုမှာ ပြုတ်ထွက်သွားပြီး ဘေးရှိ မြေပြင်ပေါ်သို့ ကျဆင်းသွားသည်၊၊
လင်းရှု တစ်ချက်ကြည့်လိုက်သည့်အခါ ထိုအမှတ်တံဆိပ်မှာ တောင်ဘက်နယ်မြေ အတန်း (၉) မှ တစ်ဦး၏ အမှတ်တံဆိပ် ဖြစ်ကြောင်း တွေ့လိုက်ရသည်၊၊
ထိုအမှတ်တံဆိပ်၏ ဒီဇိုင်းကို ကြည့်ရုံနှင့် သူတို့နှင့် တစ်သုတ်တည်း တက်လာသော ကျောင်းသားတစ်ဦး ဖြစ်ကြောင်း သံသယဖြစ်စရာ မလိုပေ၊၊
ယခုအခါ မျက်နှာချင်းဆိုင်ရှိ လူများအားလုံး၏ အကြည့်မှာ လင်းရှုထံသို့ ရောက်ရှိနေသည်၊၊
သူတို့၏ မျက်ဝန်းများမှာ သွေးဆာနေပြီး ရက်စက်ကြမ်းကြုတ်လှသည်၊၊ သူတို့မှာ လူသတ်ရန် ဝန်မလေးသော လူမိုက်များ ဖြစ်ကြသည်မှာ ထင်ရှားလှသည်၊၊
"ဆန်းကြယ်ပုံဆောင်ခဲတွေကို ထုတ်ပေးလိုက်၊ ဒါဆိုရင်တော့ ငါ မင်းကို မသတ်ဘူး၊၊" ခုနက လူသေလောင်း၏ ဦးခေါင်းကို နင်းခြေခဲ့သော ထိုလူက လင်းရှုကို ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်သည်၊၊
ထိုနေရာတွင် စုစုပေါင်း ငါးဦး ရှိနေပြီး အားလုံးမှာ အဆင့် (၅) တိုက်ခိုက်ရေးသမားများ ဖြစ်ကြသည်၊၊
'တောက်... ဒီနေရာမှာ ဘာလို့ အဆင့် (၅) တိုက်ခိုက်ရေးသမားတွေ ဒီလောက်တောင် များနေရတာလဲ...၊၊'
"ကောင်းပြီလေ၊ ငါ ပေးနိုင်ပါတယ်၊ ဒါပေမဲ့ ငါ တစ်ခုလောက် မေးချင်တယ်၊ ဒီထူထပ်တဲ့ မြူနှင်းတွေကို မင်းတို့ ဖန်တီးထားတာလား..." လင်းရှု၏ မျက်ဝန်းများတွင် ကြောက်ရွံ့မှု အရိပ်အယောင် အလျဉ်းမရှိချေ၊၊
သူသည် ရှေ့ရှိ လူများကို ကြည့်ကာ တိုက်ရိုက်ပင် မေးလိုက်သည်၊၊
ထိပ်ပြောင်နှင့်လူက ယုတ်မာသော အပြုံးကို ပြသလိုက်သည်၊၊ "မင်းက G17 ပျက်စီးခြင်းနယ်မြေကို မရောက်ဖူးသေးဘူး ထင်တယ်၊၊ ဒီမြူနှင်းတွေက ဆင့်ကဲပြောင်းလဲထားတဲ့ သားရဲတစ်ကောင်က ထုတ်လွှတ်လိုက်တာလေ၊ ငါတို့နဲ့ ဘာမှ မဆိုင်ဘူး၊၊"
သားရဲတစ်ကောင်က ထုတ်လွှတ်လိုက်တာ ဟုတ်လား...၊၊
လင်းရှုမှာ အံ့အားသင့်သွားရပြီး အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်၊၊
"ဒါပေမဲ့ ဒီထူထပ်တဲ့ မြူနှင်းတွေကတော့ 'သားကောင်' တွေကို အမဲလိုက်ဖို့ အကောင်းဆုံး ပတ်ဝန်းကျင် ဖြစ်နေတာတော့ အမှန်ပဲ၊ မင်းကတော့ ငါတို့ရဲ့ သားကောင်ပေါ့၊၊" ထိပ်ပြောင်နှင့်လူက လှောင်ပြုံးဖြင့် ဆိုသည်၊၊
"ကြည့်ရတာ မင်းက အလိုက်သင့် မပေးချင်ဘူး ထင်တယ်၊ ငါ့ပစ္စည်းတွေကို ပေးစမ်း...!" ထိုသို့ ပြောရင်း ထိုလူက သူ၏ သန်မာလှသော လက်မောင်းကို ဆန့်ထုတ်ကာ လင်းရှု၏ ကျောပိုးအိတ်ကို လှမ်းဖမ်းလိုက်သည်၊၊
လင်းရှု၏ မျက်ဝန်းအိမ်များ ရုတ်ချည်း ကျဉ်းမြောင်းသွားပြီးနောက် လက်ထဲရှိ လှံကို မြှောက်ကာ ထိုလူ၏ လက်ကို ထိုးနှက်လိုက်သည်၊၊
လင်းရှု၏ အရှိန်မှာ အလွန်တရာ မြန်ဆန်လှသည်၊၊ ထိုလူက ဗီဇအရ ရှောင်တိမ်းလိုက်သော်လည်း လင်းရှု၏ အနက်ရောင်အစွန်း လှံရှည်မှာ သူ၏ လက်ဖဝါးကို ထိုးဖောက်သွားခဲ့သည်၊၊
"အား...!!!" ပြင်းထန်လှသော နာကျင်မှုကြောင့် သူ၏ မျက်နှာအမူအရာမှာ ပျက်ယွင်းသွားသည်၊၊
"အရူး...!" လင်းရှုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် အနက်ရောင်အစွန်း လှံရှည်ကို ပြန်လည် ဆွဲထုတ်ကာ ထိုလူ၏ ခန္ဓာကိုယ်ကို ဆက်လက် ထိုးနှက်လိုက်သည်၊၊
'နှင်းဆီမုန်တိုင်း ...!!!
အနက်ရောင်အစွန်း လှံရှည်မှာ တခဏချင်းမှာပင် မရေမတွက်နိုင်သော လှံအရိပ်များအဖြစ် ပြောင်းလဲသွားပြီး ထိုလူ၏ ခန္ဓာကိုယ်သို့ ပြေးဝင်သွားတော့သည်၊၊
တောင်... တောင်... တောင်...
သို့သော် ထိုအခိုက်အတန့်တွင် ကျန်ရှိသော တိုက်ခိုက်ရေးသမား လေးဦးမှာ သတိဝင်လာပြီး သူတို့၏ လက်နက်များဖြင့် ထိုတိုက်ခိုက်မှုကို ခုခံလိုက်ကြသည်၊၊
လင်းရှု၏ အမူအရာမှာ ပြောင်းလဲသွားပြီး ခြေထောက်မှ ခွန်အားကို အသုံးပြုကာ နောက်သို့ အရှိန်ဖြင့် ခုန်ဆုတ်လိုက်ရင်း သူတို့၏ တိုက်ခိုက်မှုများကို လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်၊၊
"တောက်...!!! မင်းရဲ့ ဦးခေါင်းကို ငါ ရိုက်ခွဲပစ်မယ်...!!!" ထိပ်ပြောင်နှင့်လူမှာ ယခုအခါ အလွန်အမင်း ကြမ်းကြုတ်နေပြီ ဖြစ်သည်၊၊
သူ၏ မျက်နှာပေါ်မှ အသားများမှာ တွန့်လိပ်နေပြီး ကြောက်မက်ဖွယ် ကောင်းလှသည်၊၊
သူသည် ဒဏ်ရာမရထားသော အခြားလက်တစ်ဖက်ဖြင့် သူ၏ တိုက်ခိုက်ရေးဝတ်စုံ အိတ်ထဲမှ ပုလင်းငယ်တစ်ခုကို ထုတ်ကာ ဒဏ်ရာပေါ်သို့ အရည်အချို့ကို လောင်းချလိုက်သည်၊၊
မကြာမီမှာပင် လင်းရှု ထိုးဖောက်ခဲ့သော သူ၏ လက်ဖဝါးမှ သွေးများမှာ ရပ်တန့်သွားပြီး ဒဏ်ရာမှာ အလျင်အမြန် ကျက်သွားတော့သည်၊၊
"သတ်လိုက်ကြစမ်း...!!!" ချန်ဖန်း၏ မျက်နှာအမူအရာမှာလည်း ပြောင်းလဲသွားပြီး သူ၏ ဓားမကြီးဖြင့် လင်းရှုကို စတင် ပိုင်းဖြတ်လိုက်လေသည်၊၊
တောင်...
လင်းရှုသည် လှံရိုးကို လက်နှစ်ဖက်ဖြင့် မြဲမြံစွာ ဆုပ်ကိုင်ကာ ထိုတိုက်ခိုက်မှုကို ခုခံလိုက်သည်၊၊
ချန်ဖန်း၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသော မူလစွမ်းအင်မှာ အလွန်ပင် အားကောင်းလှရာ လှံဖြင့် ခုခံလိုက်သည့်အခါ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်၊၊
လင်းရှုသည် ချန်ဖန်းထံမှ ပြင်းထန်သော ခွန်အားကို ခံစားလိုက်ရပြီး သူ၏ လက်မှာပင် ထုံကျဉ်လာတော့သည်၊၊
သူ၏ ခြေဖဝါးအောက်ရှိ ကွန်ကရစ်မြေပြင်ပေါ်မှ ဖုန်မှုန့်များမှာလည်း လေထဲတွင် ဝေ့ဝဲနေတော့သည်၊၊
"မင်းက သန့်စင်သောနယ်မြေအကယ်ဒမီက ဖြစ်ပြီးတော့ လူသစ်တစ်ယောက်ကို သတ်ဖို့ ကြိုးစားနေတာလား..." လင်းရှုက သူ့ကို စိုက်ကြည့်ကာ လက်ဖြင့် တွန်းထုတ်လိုက်သည်၊၊
"ဟားဟားဟား... ငါတို့က သန့်စင်သောနယ်မြေအကယ်ဒမီက ဆိုတာတော့ အမှန်ပဲလေ၊၊" ချန်ဖန်းက ရယ်မောလိုက်ပြီးနောက် လင်းရှုကို ဆက်လက် တိုက်ခိုက်လေသည်၊၊
အဆင့် (၅) တိုက်ခိုက်ရေးသမား သုံးဦးမှာ ဘေးတစ်ဖက်တစ်ချက်စီမှ ဝိုင်းရံ တိုက်ခိုက်နေကြသည်၊၊
သူတို့အားလုံးမှာ အဆင့် (၅) တိုက်ခိုက်ရေးသမားများ ဖြစ်ကြသဖြင့် သူတို့၏ အရှိန်အဟုန်မှာ အံ့ဩစရာကောင်းလှရာ လင်းရှုအနေနှင့် ဖိအားများမှာ တဖြည်းဖြည်း မြင့်တက်လာကြောင်း ခံစားနေရသည်၊၊
"ဒါပေမဲ့ ငါတို့က နယ်နှင်ဒုစရိုက်သမား တွေ ဖြစ်သွားပြီလေ၊၊" ချန်ဖန်းက အေးစက်သော အသံဖြင့် ပြောဆိုရင်း လက်နှစ်ဖက်ဖြင့် ဓားများကို လွှဲရိုက်လိုက်သည်၊၊
ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါမှာ ပတ်ဝန်းကျင်ရှိ မြေပြင်ကိုပင် နက်ရှိုင်းသော မြောင်းကြီးတစ်ခုအဖြစ် ဖြတ်ပိုင်းသွားတော့သည်၊၊
"နယ်နှင်ဒုစရိုက်သမား ဟုတ်လား၊ အကယ်ဒမီကနေ နှင်ထုတ်ခံလိုက်ရတဲ့ ကျောင်းသားတစ်ယောက်ပေါ့၊ ဟုတ်လား..." လင်းရှုသည် သူတို့၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်း လှောင်ပြောင်လိုက်သည်၊၊
လင်းရှုသည် လွန်ခဲ့သော အချိန်အချို့က သန့်စင်သောနယ်မြေအကယ်ဒမီ၏ တရားဝင် ဝဘ်ဆိုက်တွင် ဤသတင်းနှင့် ပတ်သက်သော အချက်အလက်များကို ဖတ်ရှုဖူးသည်၊၊
သန့်စင်သောနယ်မြေအကယ်ဒမီတွင် အကယ်၍ သင်သည် အကယ်ဒမီ၏ မူဝါဒများကို ချိုးဖောက်သော တစ်စုံတစ်ရာ လုပ်ဆောင်ခဲ့မည်ဆိုပါက ကျောင်းမှ တိုက်ရိုက် ထုတ်ပယ်ခြင်း ခံရမည် ဖြစ်သည်၊၊
ကျောင်းထုတ်ခံရပြီးနောက်တွင်မူ အခြားသော အကယ်ဒမီများက သင့်ကို လုံးဝ လက်ခံမည် မဟုတ်တော့ချေ၊၊
ဤလူများသည် သန့်စင်သောနယ်မြေအကယ်ဒမီမှ နှင်ထုတ်ခြင်း ခံထားရသော လူတစ်စု ဖြစ်ဟန်တူသည်၊၊