အခန်း ၁၇၇ - မြောက်ဘက်နယ်မြေ အတန်း ၄
လျိုယွဲ့၏ ဓားချက် ကျရောက်လာသည်နှင့်အမျှ လင်းရှု၏ 'ဖီးနစ်အရှိန်အဝါ' ကြောင့် အတော်အသင့် ကျက်မှတ်သွားသော ၎င်း၏လည်ပင်းကို အလွယ်တကူပင် လှီးဖြတ်သွားပြီး ဦးခေါင်းကို ပြတ်တောက်သွားစေသည်၊၊
ဘုန်း...
ကွက်တိပင် ထိုအချိန်မှာပင် တခြားတစ်ဖက်မှ အနက်ရောင်ပုံရိပ်တစ်ခု ပြေးထွက်လာပြီး ကျောရွှေရောင် တောရိုင်းနွားသိုး၏ နောက်ဘက်တွင် ရပ်လိုက်သည်၊၊
"အို... မင်းတို့ ဒါကို ဒီလောက်မြန်မြန် သတ်လိုက်နိုင်တာလား..." လူငယ်တစ်ဦးသည် လျိုယွဲ့နှင့် တခြားသူများကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်ကာ ဘေးနားတွင် ရပ်လျက် ပြောလိုက်သည်၊၊
"စိတ်မရှိပါနဲ့၊၊ ငါတို့က ဒီကျောရွှေရောင် တောရိုင်းနွားသိုးကို အရင်တွေ့ထားတာ၊၊ မင်းတို့ဆီကို ဒီအကောင်က ပြေးလာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ..." နောက်ထပ် လူငယ်တစ်ဦးကလည်း ရယ်မောရင်း ပြောသည်၊၊
သူ့စကားအရ အဓိပ္ပာယ်မှာ ရှင်းနေသည်၊၊ ဤအဆင့် ၅ ကျောရွှေရောင် တောရိုင်းနွားသိုးသည် သူတို့ပိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်၊၊
လင်းရှုသည် လျိုယွဲ့၏ ဘေးသို့ လျှောက်လာပြီး မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်၊၊
သူတို့သည်လည်း သန့်စင်သောနယ်မြေအကယ်ဒမီမှ ကျောင်းသားများဖြစ်သော်လည်း သူတို့၏ ဝတ်ရုံပေါ်ရှိ တံဆိပ်များအရ မြောက်ဘက်နယ်မြေ အတန်း ၄ မှဖြစ်ကြောင်း လင်းရှု မြင်လိုက်ရသည်၊၊
"မင်းတို့က ဒါကို လာလုချင်တာလား..."
"မဟုတ်ပါဘူး... မဟုတ်ပါဘူး၊၊ ငါတို့က ငါတို့ရဲ့ စစ်ရလဒ်တွေကို လာသိမ်းတာပါ၊၊ ငါတို့ ဒီကျောရွှေရောင် တောရိုင်းနွားသိုးနဲ့ တိုက်နေတာ ကြာပြီ၊၊ သူ့ခြေထောက်က ဒဏ်ရာကို ကြည့်လိုက်ဦး၊၊ အဲဒါ ငါ့သူငယ်ချင်း စုန့်ဝူဟိုင် ရဲ့ တူနဲ့ ထုထားတာ..." ထိုလူငယ်က ခေါင်းခါရင်း ပြောသည်၊၊
သူ့နောက်တွင် စုန့်ဝူဟိုင်သည် သူ၏လက်ထဲရှိ ကြီးမားလှသော တူကြီးကို လွှဲယမ်းကာ လင်းရှုတို့အဖွဲ့ကို မောက်မာစွာ ငုံ့ကြည့်နေသည်၊၊
သို့သော် သူသည် လျိုယွဲ့ကို ကြည့်လိုက်မိသောအခါ တံတွေးတစ်ချက်ကို မသိစိတ်က မျိုချလိုက်မိသည်၊၊
'တကယ့်ကို လှတဲ့ မိန်းကလေးပဲ၊၊'
"ငါ့ကိုယ်ငါ မိတ်ဆက်ဖို့ မေ့သွားတယ်၊၊ ငါက မြောက်ဘက်နယ်မြေ အတန်း ၄ က ကျန်းယာ၊၊ ငါတို့က ဆန်းကြယ်ပုံဆောင်ခဲကို ယူသွားမယ်၊၊ ကျောရွှေရောင် တောရိုင်းနွားသိုးရဲ့ ကိုယ်ပေါ်က လက်နက်လုပ်လို့ရတဲ့ ပစ္စည်းကောင်းတွေကိုတော့ မင်းတို့ ယူထားလိုက်၊၊ ရမှတ်တွေနဲ့ လဲလို့ရတာပေါ့..." ကျန်းယာက သူတို့အပေါ် ရက်ရက်ရောရော ပေးကမ်းနေသည့်အလား ပြောလိုက်သည်၊၊
"ဒါ ဘာအဓိပ္ပာယ်လဲ! ဒါကို ငါတို့ သတ်တာလေ!" ကျန်းရင်နှင့် တခြားသူများ လျှောက်လာကြပြီး ကျန်းယာ၏ စကားကို ကြားသောအခါ ပြန်လည် တုံ့ပြန်လိုက်ကြသည်၊၊
'အရှက်မရှိလိုက်တာ၊ တကယ့်ကို အရှက်မရှိတာပဲ!'
'ငါတို့က ကိုယ့်အားကိုယ်ကိုးပြီး အဆင့် ၅ သားရဲကို ခက်ခက်ခဲခဲ သတ်လိုက်ရတာကို သူတို့က အလကား လာယူချင်နေတယ်ပေါ့လေ!?'
"တောင်ဘက်နယ်မြေ အတန်း ၁၀..." ကျန်းယာက သူတို့၏ ယူနီဖောင်းကို ကြည့်ကာ ခေါင်းခါလိုက်သည်၊၊ သူက ကျန်းရင်ကို ကြည့်ပြီး "ငါတို့က အဆင့် ၄ တိုက်ခိုက်ရေးသမားတွေကွ..." ဟု ပြန်ပြောလိုက်သည်၊၊
"မင်းက ငါတို့ကို ခြိမ်းခြောက်နေတာလား..." ဂျန်းလီနှင့် လီဖင်းတို့သည် သူ၏ခြိမ်းခြောက်မှုကို ကြားသောအခါ လက်နက်များကို တင်းတင်းဆုပ်လိုက်ကြသည်၊၊
"မင်း အဲဒီလို ယူဆချင်ရင်လည်း ရပါတယ်၊၊" ကျန်းယာက ဂရုမစိုက်ဟန်ဖြင့် လက်ဝှေ့ယမ်းပြသည်၊၊
ကျန်ရှိသော သူများကမူ နွားသိုးကြီး၏ ဦးခေါင်းထဲမှ အဆင့် ၅ ဆန်းကြယ်ပုံဆောင်ခဲကို ထုတ်ယူရန် ပြင်ဆင်နေကြပြီ ဖြစ်သည်၊၊
"G17 မှာ သန့်စင်သောနယ်မြေအကယ်ဒမီက ကျောင်းသားအချို့ သေသွားတာက သိပ်ပြီး ထူးဆန်းမယ်မထင်ဘူး၊ ဟုတ်တယ်မလား..." လင်းရှုက ရုတ်တရက် အေးစက်စွာ ပြောလိုက်သည်၊၊
သူ့စကားကို ကြားသောအခါ ကျန်းယာနှင့် သူ့အဖွဲ့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်၊၊
"မင်း ဘာကို ဆိုလိုတာလဲ၊၊" ကျန်းယာ၏ မျက်နှာ ညိုမှောင်သွားသည်၊၊
"မင်း ဘယ်လို ယူဆသလဲ ဆိုတာပဲလေ၊၊" လင်းရှုက သူ့ကို တစ်ချက် ကြည့်လိုက်သည်၊၊
ကွက်တိပင် ထိုအချိန်မှာပင် တိတ်ဆိတ်နေသော လျိုယွဲ့က ရုတ်တရက် လှုပ်ရှားလိုက်သည်၊၊
သူမသည် အလွန်လျင်မြန်စွာ ရွေ့လျားသွားပြီး ဆန်းကြယ်ပုံဆောင်ခဲကို တူးထုတ်ရန် လက်နက်များကို အသုံးပြုနေသော လူနှစ်ဦးကို သူမ၏ဓားဖြင့် လှမ်း၍ ထိုးလိုက်သည်!
သူတို့နှစ်ဦးသည် သူတို့ရှေ့၌ အေးစက်သော အလင်းတန်းတစ်ခုကို မြင်လိုက်ရသည့် ခဏမှာပင် လှည့်ကြည့်လိုက်ကြသည်၊၊ သူတို့၏ မျက်နှာအမူအရာများ ပျက်ယွင်းသွားပြီး ဆန်းကြယ်ပုံဆောင်ခဲ တူးနေသည်ကို ရပ်ကာ ဘေးဘက်သို့ ချက်ချင်း ရှောင်ထွက်လိုက်ကြသည်!
"မင်း ရူးနေတာလား!" ဓားမကြီး ကိုင်ထားသော အမျိုးသားက ထိတ်လန့်တကြား ပြန်ပြောလိုက်သည်၊၊
စောစောက အခြေအနေမှာ အနည်းငယ်မျှသာ လွဲချော်သွားခြင်းဖြစ်ပြီး မဟုတ်လျှင် သူ့လည်ပင်းမှာ ပြတ်သွားလောက်ပြီ ဖြစ်သည်၊၊
ဤမျှ လှပလွန်းသော မိန်းကလေးက ဤမျှ ကြမ်းတမ်းလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ၊၊
"ငါ တစ်ခါပဲ ပြောမယ်၊၊ ဆန်းကြယ်ပုံဆောင်ခဲက ငါတို့ပိုင်တယ်၊၊" လျိုယွဲ့သည် ထိုနေရာတွင် ရပ်ကာ သူတို့ကို ပုရွက်ဆိတ်ငယ်များအလား ငုံ့ကြည့်လျက် ပြောလိုက်သည်၊၊
"ကြည့်ရတာ မင်းတို့က ငါတို့ဆီကနေ ဒါကို လုချင်နေတာပဲ၊၊" ကျန်းယာက နှာခေါင်းရှုံ့လိုက်သည်၊၊ သူသည် တိုက်ခိုက်ရမှာကို မကြောက်ပေ၊၊
လျိုယွဲ့နှင့် လင်းရှုတို့မှာ အဆင့် ၄ ဖြစ်သော်လည်း ကျန်သုံးယောက်မှာ အဆင့် ၃ တိုက်ခိုက်ရေးသမားများသာ ဖြစ်ကြသည်၊၊ သူတို့အဖွဲ့ငါးယောက်လုံးမှာမူ အဆင့် ၄ တိုက်ခိုက်ရေးသမားများ ဖြစ်ကြသည်၊၊ ဒါက နှိုင်းယှဉ်စရာပင် မလိုတော့ပေ၊၊
သူတို့ အနိုင်ရမည်မှာ သေချာသည်!
"မင်းတို့က အားနည်းရုံတင်မကဘူး၊ အမှားအမှန်ကို ပြောင်းပြန်လှန်ပြီး ပြောရတာက မင်းတို့အတွက် တကယ်ကို ပျော်စရာကောင်းနေပုံပဲ၊၊" လင်းရှုက ခေါင်းခါယမ်းရင်း သက်ပြင်းချလိုက်သည်၊၊
"သေချင်နေတာပဲ!" ကျန်းယာသည် လင်းရှု၏ လှောင်ပြောင်သော အမူအရာကို မြင်သောအခါ အမျက်ထွက်သွားပြီး သူ၏ဓားဖြင့် ရှေ့သို့ တဟုန်ထိုး ပြေးဝင်လာသည်!
သူသည် အလွန်လျင်မြန်စွာ လှုပ်ရှားသွားပြီး လင်းရှု၏ ရှေ့သို့ ရောက်လာသည်၊၊ သူ၏ ထက်မြက်သော ဓားချက်မှာ လင်းရှု၏ ဦးခေါင်းကို ဦးတည်ထားသည်!
ချလွမ်...
လင်းရှု၏ လက်ထဲရှိ လှံရှည်မှာ လှုပ်ရှားသွားပြီး ဓားချက်ကို ချက်ချင်းပင် ကာကွယ်လိုက်သည်!
လျိုယွဲ့မှာမူ ကျန်ရှိသော တိုက်ခိုက်ရေးသမားများထံသို့ တိုက်ရိုက် ပြေးဝင်သွားသည်!
သူမသည် တစ်ယောက်တည်းနှင့် နှစ်ယောက်ကို ရင်ဆိုင်နေခြင်း ဖြစ်သည်!
ကျန်းရင်နှင့် တခြားသူများမှာမူ ကျန်ရှိသော တိုက်ခိုက်ရေးသမား နှစ်ဦးနှင့် ရင်ဆိုင်လိုက်ကြသည်၊၊
မည်သို့ပင်ဆိုစေ သူတို့သည် အဆင့် ၃ အထွတ်အထိပ်တွင် ရှိနေသဖြင့် အဆင့် ၄ တိုက်ခိုက်ရေးသမား နှစ်ဦးနှင့် ယှဉ်လျှင် ဟန်ချက်ညီအောင် ထိန်းထားနိုင်သည်၊၊
"မင်းက တော်တော်လေး စွမ်းတာပဲလို့ ဘယ်သူထင်မှာလဲ၊၊" ကျန်းယာက လင်းရှုနှင့် တိုက်ခိုက်နေရင်း ပြောလိုက်သည်၊၊
သူက လင်းရှုကို သာမန် အဆင့် ၄ တိုက်ခိုက်ရေးသမားဟု ထင်ထားခဲ့သော်လည်း အမှန်တကယ် တိုက်ခိုက်သည့်အခါမှသာ လင်းရှုသည် အလွန်အမင်း သန်မာကြောင်း သတိထားမိလိုက်သည်၊၊
ရိုက်ခတ်မှုများကြောင့် သူ၏ လက်ဝါးများမှာ အနည်းငယ် ထုံကျဉ်လာသည်၊၊
"ပုံရိပ်ယောင်!" ကျန်းယာသည် ဖိအားကို ခံစားလာရသဖြင့် သူ၏ ရွှေအဆင့်စွမ်းရည်ကို မဆိုင်းမတွဘဲ အသုံးပြုလိုက်သည်!
သူသည် အနက်ရောင်ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ဓားချက်မှာလည်း ကွယ်ပျောက်သွားသကဲ့သို့ပင်၊၊
'သူ ဘယ်ကို ရောက်သွားတာလဲ!?'
'သေလိုက်စမ်း!'
နောက်တစ်စက္ကန့်တွင် ဓားမှာ လင်းရှု၏ လည်ပင်းနောက်ဘက်သို့ ထွက်ပေါ်လာပြီး ဦးခေါင်းကို ဖြတ်ပစ်ရန် ပြင်လိုက်သည်!
ချလွမ်...
ကျန်းယာသည် သူ၏ဓားမှာ အကာအကွယ်ပေးထားခြင်း ခံလိုက်ရသည်ကို သိလိုက်ရသည့် ခဏမှာပင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာသည်၊၊ ရိုက်ခတ်မှုကြောင့် ကျယ်လောင်သော သတ္တုသံတစ်ခု ထွက်ပေါ်လာသည်!
'ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...?!'
ကျန်းယာမှာ လင်းရှု၏ ထိတ်လန့်ဖွယ်ရာ တုံ့ပြန်မှုအလျင်ကို မည်သို့မှ နားမလည်နိုင်ဘဲ ကြောင်အသွားရသည်!
သူသည် ကိုယ်ကို လှည့်ကာ နောက်သို့ လိမ့်၍ ဆုတ်လိုက်သည်၊၊
လင်းရှုက နှာခေါင်းရှုံ့လိုက်ပြီး လိုက်လံတိုက်ခိုက်ရန် ပြင်လိုက်သည်၊၊
လင်းရှုသည် ကျန်းယာ မည်သည့်နေရာသို့ ပျောက်ကွယ်သွားသည်ကို မမြင်ရသော်လည်း ဒြပ်ဆွဲအားအခန်းအတွင်းရှိ လေဆာတန်းများဖြင့် အပြင်းအထန် လေ့ကျင့်ခဲ့မှုကြောင့် သူ၏ တုံ့ပြန်နိုင်စွမ်းမှာ တိုးတက်နေပြီ ဖြစ်သည်၊၊
ကျန်းယာ ပျောက်ကွယ်သွားသော်လည်း လင်းရှုသည် သူ၏ ပတ်ဝန်းကျင်ရှိ လေထု လှုပ်ရှားမှု ပြောင်းလဲခြင်းအပေါ် အခြေခံ၍ ကျန်းယာသည် နောက်ဘက်မှ လာနေကြောင်း သိရှိနိုင်သည်၊၊
လင်းရှုသည် အလွန်မြန်သော အရှိန်ဖြင့် ရှေ့သို့ တိုးဝင်သွားသည်!
ကျန်းယာ၏ မျက်လုံးထဲရှိ အမူအရာ ပြောင်းလဲသွားသည်၊၊ လင်းရှု၏ လှံရှည်မှာ အချက်ပေါင်း ၁၀ ထက်မကသော ထိုးချက်များအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည့်အခါ သူသည် ကာကွယ်ရန် သူ၏ဓားကို ပြင်လိုက်သည်!
နှင်းဆီမုန်တိုင်း!!!