အခန်း ၁၇၅ - ဇမ်ဘီများကို သတ်ဖြတ်ခြင်း!
တစ်ဦးက လှံရှည်ကို ကိုင်စွဲထားပြီး ကျန်တစ်ဦးက ဓားရှည်ကို လက်တွင်စွဲကာ ထိုသူနှစ်ဦးသည် ပုံရိပ်နှစ်ခုကဲ့သို့ ဇမ်ဘီအုပ်ကြီးထဲသို့ တိုးဝင်သွားကြသည်၊၊
'ဖီးနစ်အရှိန်အဝါ'!!!
လင်းရှုသည် လှံရှည်ကို ကိုင်ဆွဲကာ ရှေ့သို့ ပြေးဝင်သွားစဉ် သူ၏ လက်များကို ဝေ့ယမ်းလိုက်သည်၊၊
ထိုအချိန်တွင် လှံတံ၏ အောက်ခြေမှနေ၍ မီးလျှံ မြောက်မြားစွာ ထွက်ပေါ်လာသည်၊၊
ထို့နောက် သူသည် ထိုမီးလျှံများကို လှံဦးဖျားမှတစ်ဆင့် တိုက်ရိုက် ထုတ်လွှတ်လိုက်သည်၊၊
မီးလျှံများသည် ကြီးမားသော မီးငှက်များအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားကြတော့သည်၊၊
ယခုအခါ 'ဖီးနစ်အရှိန်အဝါ' မှာ ရွှေအဆင့်စွမ်းရည် ဖြစ်သွားပြီဖြစ်ရာ ပတ်ဝန်းကျင် တစ်ခုလုံးမှာ မီးလျှံများ၏ အနီရောင်အလင်းတန်းများဖြင့် လွှမ်းမိုးသွားသည်၊၊
မီးလျှံများသည် ကောင်းကင်ယံကို ဖြတ်သန်းသွားသကဲ့သို့ ထိုဇမ်ဘီများထံသို့ တိုးဝင်သွားသည်၊၊
*ဝူး...*
ဇမ်ဘီများသည် ရူးသွပ်စွာ ဟိန်းဟောက်နေကြသော်လည်း မီးငှက် မြောက်မြားစွာက သူတို့ထံသို့ စီးဆင်းသွားပြီး ရူးသွပ်စွာ လည်ပတ်နေသော မီးလျှံလေပွေကြီးတစ်ခုကို ဖန်တီးလိုက်သည်၊၊
ဤတိုက်ကွက်ကို ခံလိုက်ရသော ဇမ်ဘီများသည် ချက်ချင်းပင် မီးကျွမ်းသွားကြပြီး ခန္ဓာကိုယ်တစ်ခုလုံး မည်းတူးကာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်ကုန်ကြသည်၊၊
"ဂုဏ်ယူပါသည် အရှင်၊၊ အဆင့် ၄ ဇမ်ဘီများကို သတ်ဖြတ်နိုင်ခဲ့သဖြင့် အတွေ့အကြုံရမှတ် ၁၀၀,၀၀၀ ရရှိပါသည်၊၊"
"ဂုဏ်ယူပါသည် အရှင်..."
စနစ်၏ အချက်ပေးသံများစွာ မြည်ဟည်းနေသော်လည်း လင်းရှုက ဂရုမစိုက်ဘဲ ရှေ့သို့သာ ဆက်လက် တိုးဝင်နေသည်၊၊
"အံ့သြစရာပဲ... တကယ်ကို အစွမ်းထက်တဲ့ စွမ်းရည်ပဲ..." ကျန်းရင်နှင့် တခြားသူများမှာ ထိုမြင်ကွင်းကို ကြည့်ရင်း မှင်တက်နေကြသည်၊၊
လင်းရှု၏ 'ဖီးနစ်အရှိန်အဝါ' တိုက်ကွက်ကြောင့် ခဏချင်းမှာပင် ဇမ်ဘီ ဆယ်ကောင်ကျော် ပြာကျသွားခဲ့သည်၊၊ ကျန်ရှိနေသော မီးလျှံအကြွင်းအကျန်များကလည်း ပတ်ဝန်းကျင်ရှိ ဇမ်ဘီများကိုပါ ဒဏ်ရာရစေသည်၊၊
"ငါတို့လည်း သွားတိုက်ကြရအောင်! ဒီလောက်တောင် ကြောက်နေရင် ဒီကို လုံးဝ မလာခဲ့သင့်ဘူး!!!" ကျန်းရင်သည် လက်ထဲမှ လက်နက်ကို တင်းတင်းဆုပ်ကာ ထွက်မပြေးတော့ဘဲ ဇမ်ဘီများရှိရာသို့ ပြေးဝင် တိုက်ခိုက်တော့သည်၊၊
ဂျန်းလီသည်လည်း သွားကြိတ်ကာ ကျန်းရင်၏ နောက်မှ လိုက်ပါသွားသည်၊၊ သူသည် အထက်သို့ ခုန်တက်ကာ 'မြေပြိုတိုက်ခွက်' ကို အသုံးပြု၍ ဇမ်ဘီတစ်ကောင်ကို ထိပ်မှ အောက်ခြေအထိ နှစ်ပိုင်း ပြတ်အောင် ခုတ်ချလိုက်သည်၊၊
"မင်းတို့တွေ အကုန်လုံး ရူးနေကြပြီ..." လီဖင်းသည် ဤမြင်ကွင်းကို ကြည့်ရင်း သူ၏ နှလုံးသားထဲမှ အရိပ်မည်းများ ပြန်လည် ထွက်ပေါ်လာပြန်သည်၊၊
သူ ကိုင်ထားသော လက်နက်ပင်လျှင် တုန်ယင်လာသည်၊၊
သူ ဘာလုပ်သင့်သနည်း၊၊
"ငါလည်း မင်းတို့ဆီမှာ အရှုံးမပေးနိုင်ဘူး!!!"
ခေတ္တမျှ ဝေခွဲမရ ဖြစ်နေပြီးနောက် လီဖင်းသည် အော်ဟစ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ ဇမ်ဘီများကို ရူးသွပ်စွာ တိုက်ခိုက်တော့သည်၊၊
လျိုယွဲ့၏ မျက်နှာတွင် မည်သည့် ခံစားချက်မှ ရှိမနေသော်လည်း သူမ၏ လက်များမှာမူ အလွန် လျင်မြန်နေသည်၊၊
သူမ ဓားရှည်ကို တစ်ချက် ဝေ့ယမ်းလိုက်တိုင်း ဇမ်ဘီတစ်ကောင်မှာ နှစ်ပိုင်း ပြတ်သွားရသည်၊၊
သူမ၏ ဓားရှည်မှာ သာမန်လက်နက် မဟုတ်သည့်အပြင် သူမ၏ ကိုယ်ပိုင် အစွမ်းနှင့် ပေါင်းစပ်လိုက်သောအခါ ဤဇမ်ဘီများကို သတ်ဖြတ်ရသည်မှာ ဒိန်ခဲကို လှီးဖြတ်နေရသကဲ့သို့ပင် လွယ်ကူလှသည်၊၊
လင်းရှုသည်လည်း အနက်ရောင်အစွန်း လှံရှည်ကို တင်းတင်းဆုပ်ကာ ရူးသွပ်စွာ ထိုးနှက်နေသည်၊၊
ဤဇမ်ဘီများသည် တကယ်ကို ရွံစရာကောင်းလှသည်၊၊ သူတို့၏ ဦးခေါင်းကို မဖောက်ထုတ်နိုင်သရွေ့ သူတို့သည် ဆက်လက် တိုက်ခိုက်နေဦးမည် ဖြစ်သည်၊၊
သူတို့သည် သေမျိုးမဟုတ်သူများကဲ့သို့ပင်၊၊
"ငါတော့ သေပြီ!" ထိုအချိန်တွင် ကျန်းရင်သည် ဇမ်ဘီတစ်ကောင်ကို သတ်ပြီးနောက် လှည့်အကြည့်တွင် ထိတ်လန့်ဖွယ် သွားများကို ပေါ်အောင် ဟထားသည့် နောက်ထပ် ဇမ်ဘီတစ်ကောင်ကို တွေ့လိုက်ရသည်၊၊ ၎င်းသည် သူ့ကို ကိုက်ဖြတ်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်၊၊
ဤအရေးကြီးသော အချိန်တွင် ကျန်းရင်သည် သူ၏ ရှေ့၌ အေးစက်သော အလင်းတန်းများစွာ လက်ခနဲ ဖြစ်သွားသည်ကို မြင်လိုက်ရသည်၊၊ သူ့ကို ခုန်အုပ်ရန် ပြင်နေသော ဇမ်ဘီ၏ ခန္ဓာကိုယ်ပေါ်တွင် အပေါက်ပေါင်း ၂၀ ကျော် ထွက်ပေါ်လာသည်၊၊
*ဝုန်း...*
လေးလံသော အသံနှင့်အတူ ထိုဇမ်ဘီမှာ မြေပြင်ပေါ်သို့ လဲကျသွားသည်၊၊
"သတိထားဦး၊၊" ဇမ်ဘီကို ပြင်းထန်စွာ ထိုးနှက်သတ်ဖြတ်နိုင်ခဲ့သဖြင့် လင်းရှု သက်ပြင်းချလိုက်သည်၊၊
"ကျေးဇူးပဲ၊၊" ကျန်းရင်သည် သူ၏ ရင်ဘတ်ကို ပုတ်လိုက်သည်၊၊ အစောနက သူ ဇမ်ဘီအကိုက်ခံရတော့မည့် အခြေအနေ ဖြစ်သည်၊၊
မကြာမီမှာပင် ဇမ်ဘီအုပ်ကြီးမှာ လင်းရှုနှင့် တခြားသူများ၏ သတ်ဖြတ်မှုကြောင့် မျိုးတုံးသွားရသည်၊၊
လင်းရှုသည် ဇမ်ဘီ ၃၀ ကျော်ကို သတ်ဖြတ်ခဲ့ပုံရပြီး စုစုပေါင်း အတွေ့အကြုံရမှတ် သုံးသန်းကျော် ရရှိခဲ့သည်၊၊
သို့သော် နောက်တစ်ဆင့် တက်ရန် အမှတ်သန်း ၂၀၀ လိုအပ်သဖြင့် ဤပမာဏမှာ သမုဒ္ဒရာထဲသို့ ရေတစ်စက် ချလိုက်သကဲ့သို့ပင် ဖြစ်သည်၊၊
လျိုယွဲ့သည်လည်း ဒါဇင်နှင့်ချီသော ဇမ်ဘီများကို သတ်ဖြတ်ခဲ့ပြီး သူမ၏ ဓားရှည်ပေါ်တွင် သွေးများစွာ ကပ်ငြိနေသည်၊၊ သူမသည် ဓားကို ခပ်ပြင်းပြင်း ခါယမ်းလိုက်သောအခါ သွေးများမှာ မြေပြင်ပေါ်သို့ စင်ထွက်သွားသည်၊၊
"ဇမ်ဘီသတ်ထားတဲ့ လက်နက်နဲ့ လူကို သတ်မိရင် အဲဒီလူလည်း ဗိုင်းရပ်စ်ကူးသွားနိုင်မလား၊၊" ဂျန်းလီသည် သူ၏ ဓားမကြီးပေါ်မှ သွေးများကို ကြည့်ကာ မသိစိတ်က မေးလိုက်မိသည်၊၊
ဓားပေါ်မှ သွေးများထံမှ ထွက်ပေါ်နေသော အပုပ်နံ့ကြောင့် လူကို ကြက်သီးထစေသည်၊၊
"ဒီဗိုင်းရပ်စ်တွေက လေထဲမှာ ၅ စက္ကန့်ထက် ပိုမရှင်သန်နိုင်ဘူး၊၊" လျိုယွဲ့က အေးအေးဆေးဆေး ပြောသည်၊၊
"အဲဒါဆိုရင်တော့ ကောင်းတာပေါ့၊၊" လျိုယွဲ့၏ စကားကို ကြားမှ ကျန်းရင်လည်း သက်ပြင်းချနိုင်တော့သည်၊၊ အကယ်၍ မကောင်းတဲ့ တိုက်ခိုက်ရေးသမားတွေနဲ့ တွေ့ပြီး ဒဏ်ရာရခဲ့ရင် အဲဒီသွေးတွေကြောင့် ဗိုင်းရပ်စ်ကူးသွားမှာကို သူ တကယ် ကြောက်နေခြင်း ဖြစ်သည်၊၊
"သေလိုက်စမ်း! သေလိုက်စမ်း!!!" တစ်ချိန်တည်းမှာပင် လီဖင်းသည် သတ်ဖြတ်ရသည်ကို အလွန် အာရုံရောက်နေပုံရပြီး မြေပြင်ပေါ်ရှိ ဇမ်ဘီအလောင်းကို ရူးသွပ်စွာ ခုတ်ထစ်နေသည်၊၊
ထိုဇမ်ဘီမှာ အမှန်တကယ် သေဆုံးသွားပြီဖြစ်သော်လည်း လီဖင်း၏ ရူးသွပ်စွာ ခုတ်ထစ်မှုကြောင့် ယခုအခါ ရွှံ့နွံကဲ့သို့ပင် ဖြစ်နေပြီ ဖြစ်သည်၊၊
"သူ သေသွားပြီ၊၊" လင်းရှုသည် လီဖင်း၏ ဘေးတွင် ရပ်ကာ ပုခုံးကို ပုတ်၍ ပြောလိုက်သည်၊၊
"အား!" လင်းရှုက ပုခုံးကို ပုတ်လိုက်သောအခါ လီဖင်းသည် အော်ဟစ်လိုက်ပြီး လင်းရှုကို ပြန်လည် တိုက်ခိုက်ရန် လှည့်လိုက်သည်၊၊
*ဘုန်း...*
လင်းရှုသည် လီဖင်း၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်ပြီး ပြတ်သားစွာ အော်လိုက်သည်၊ "လီဖင်း!"
"အတန်း... အတန်းခေါင်းဆောင်?" လီဖင်း၏ မျက်လုံးထဲရှိ ရူးသွပ်မှုများ ကွယ်ပျောက်သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်၊၊
သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ နေရာအနှံ့တွင် ဇမ်ဘီအလောင်းများကို မြင်တွေ့ရပြီး သွေးများကြောင့် မြေပြင်တစ်ခုလုံး နီမြန်းနေသည်၊၊
"ဘာမှမဖြစ်ဘူး၊" လင်းရှုက အေးအေးဆေးဆေး ပြောလိုက်သည်၊၊
ဤနေရာသို့ လာရခြင်းက သူ့နှလုံးသားထဲက ထိတ်လန့်စရာ အမှတ်တရတွေကို ပြန်ဖော်ပေးခဲ့ပုံရသည်၊၊ သို့သော် သူသာ အသက်ရှင်ကျန်ရစ်ခဲ့လျှင် အဆင်ပြေသွားလိမ့်မည်၊၊
"တိုက်ခိုက်ရေးသမားတွေကနေ ပြောင်းလဲသွားတဲ့ ဇမ်ဘီတွေက တကယ်ကို ကြောက်စရာကောင်းတာပဲ၊၊" ဂျန်းလီ၏ မျက်လုံးထဲတွင်လည်း ကြောက်ရွံ့မှုများ ကျန်ရှိနေဆဲ ဖြစ်သည်၊၊
အကယ်၍ လင်းရှုနှင့် လျိုယွဲ့တို့က ရှေ့တန်းမှ တိုက်ခိုက်မပေးခဲ့လျှင် သူတို့အားလုံး တကယ့်ကို ဒုက္ခရောက်သွားနိုင်သည်၊၊
"သွားကြရအောင်၊၊" လင်းရှု ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း ထပ်မံ ထွက်ပေါ်လာသော ဇမ်ဘီများကို မတွေ့ရတော့ပေ၊၊
သူ၏ အဓိက ရည်မှန်းချက်မှာ သားရဲများကို ရှာဖွေရန် ဖြစ်သော်လည်း ယခုအချိန်ထိ မည်သည့် သားရဲကိုမျှ မတွေ့ရသေးဘဲ ဇမ်ဘီ ဒါဇင်ပေါင်းများစွာကိုသာ သတ်ဖြတ်ခဲ့ရသည်၊၊
ဤတိုက်ခိုက်ရေးသမား ဇမ်ဘီများ၏ အစွမ်းမှာ ထိတ်လန့်စရာ ကောင်းသော်လည်း သူတို့တွင် အသိဉာဏ် မရှိကြပေ၊၊ ထို့ကြောင့် ဂရုစိုက်မည်ဆိုလျှင် သူတို့ကို ကိုင်တွယ်ရသည်မှာ အလွန် မခက်ခဲလှပေ၊၊
ဤမြို့၏ ဗိသုကာလက်ရာမှာ လွန်ခဲ့သော နှစ် ၃၀ က ပုံစံမျိုး ဖြစ်သည်၊၊ ပတ်ဝန်းကျင်ရှိ အဆောက်အအုံများမှာ ဆွေးမြည့်နေပြီး နံရံများမှာလည်း ပျက်စီးကာ အမည်းရောင် အမှတ်အသားများစွာ ရှိနေသည်၊၊
လေထုအရည်အသွေးမှာ အလွန် ဆိုးရွားပြီး ချောင်းဆိုးချင်စရာ အနံ့အသက်ဆိုးများ အမြဲ ရှိနေသည်၊၊
"ထူးဆန်းတယ်၊၊ ဘာလို့ အခုထိ သားရဲတွေကို မတွေ့ရသေးတာလဲ…”