အခန်း ၁၆၈ - အဆင့် ၂၀!
ထိုအချိန်တွင် လင်းရှုသည် ဒြပ်ဆွဲအားအခန်းအတွင်း၌ လေ့ကျင့်နေဆဲဖြစ်သည်၊၊
အတန်းဖော်များမှာ ဒြပ်ဆွဲအား သုံးဆနှင့် ကျင့်သားရရန် ကြိုးစားနေချိန်တွင် လင်းရှုမှာမူ ငါးဆဒြပ်ဆွဲအားအတွက် လေ့ကျင့်ခန်းများကို စတင်နေပြီဖြစ်သည်၊၊
လင်းရှုသည် ငါးဆဒြပ်ဆွဲအားနှင့် ကျင့်သားရအောင် ကြိုးစားရင်း 'ကျင့်စဉ်' ကို အသုံးပြုကာ ဝိညာဉ်ကျောက်တုံးမှ စွမ်းအင်များကို စုပ်ယူနေသည်၊၊
ယခုအချိန်တွင် လင်းရှုသည် ငါးဆဒြပ်ဆွဲအားအောက်၌ လှုပ်ရှားမှုအချို့ ပြုလုပ်နိုင်ပြီဖြစ်သော်လည်း သူ၏ မူလစွမ်းအားအပြည့်ကို ထုတ်ဖော်ရန်မှာမူ မဖြစ်နိုင်သေးချေ၊၊
“ဒီဘက်မှာ!” လင်းရှုသည် လေဆာရောင်ခြည် ရှောင်ကွင်းသည့် လေ့ကျင့်ခန်းကို ဖွင့်လိုက်သည်၊၊
ထိုလေဆာရောင်ခြည်များမှာ မျက်နှာကြက်မှနေ၍ နေရာအနှံ့သို့ တိုက်ခိုက်နေသယောင် ရှိသည်၊၊
လင်းရှုသည် အသည်းအသန် ရှောင်ကွင်းနေရသည်၊၊
ရှောင်ကွင်းနေစဉ်အတွင်း လင်းရှု၏ စိတ်ထဲ၌ အမူအရာကင်းမဲ့သော မျက်နှာလေးတစ်ခု ပေါ်လာသည်၊၊
‘လျိုယွဲ့က... ဒီနေ့... ဘာလို့ မလာတာလဲ...’
သူသည် လျိုယွဲ့နှင့်အတူ မကြာခဏ လေ့ကျင့်ဖြစ်ခဲ့သော်လည်း ယနေ့မွန်းလွဲပိုင်းတွင် သူမ ပေါ်မလာသဖြင့် လင်းရှုမှာ တစ်ခုခုလိုနေသကဲ့သို့ ဟာတာတာ ခံစားနေရသည်၊၊
ငါ အဲ့ဒီကောင်မလေးကို စိတ်ယိုင်သွားတာတော့ မဟုတ်ပါဘူးနော်၊၊
ထိုသို့တွေးလိုက်မိသည်နှင့် လျိုယွဲ့၏ အေးစက်သော မျက်နှာလေးမှာ ရုတ်တရက် ပေါ်လာပြန်သည်၊၊
“တောက်!” လင်းရှု ဆဲရေးလိုက်မိစဉ်မှာပင် လေဆာတန်းတစ်ခုက သူ့ကို မတော်တဆ ထိမှန်သွားသည်၊၊
သူ့အင်္ကျီတွင် ချက်ချင်းပင် အပေါက်တစ်ပေါက် ဖြစ်သွားပြီး ပြင်းထန်သော အပူလောင်မှုကြောင့် လင်းရှု နာကျင်စွာ မျက်နှာရှုံ့မဲ့သွားရသည်၊၊
သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ အလွန်အားကောင်းနေပြီဖြစ်သော်လည်း ဤကဲ့သို့ လေဆာတန်း အထိခံရခြင်းမှာ နာကျင်ဆဲပင်၊၊ အထိခံရသည့် နေရာမှ သွေးအနည်းငယ် ထွက်လာပုံရသည်၊၊
၎င်းက သူ့ကို ပို၍ သတိရှိလာစေပြီး သတ်မှတ်ချိန်ပြည့်သည်အထိ အသည်းအသန် ရှောင်ကွင်းစေခဲ့သည်၊၊
လေ့ကျင့်မှုအပြီးတွင် လင်းရှုသည် လျိုယွဲ့ပေးထားသော အဆင့် ၇ ဝိညာဉ်ကျောက်တုံးကို ထုတ်ယူလိုက်သည်၊၊
ဤအချိန်တွင် ဝိညာဉ်ကျောက်တုံးအတွင်း၌ စွမ်းအင်များစွာ ကျန်ရှိနေသေးသည်၊၊ ရက်ပေါင်းများစွာ ကြာခဲ့သော်လည်း စွမ်းအင်များမှာ များပြားနေဆဲပင်၊၊
လင်းရှုသည် တင်ပလ္လင်ခွေထိုင်လိုက်ပြီး ဗီဇအရ 'ကျင့်စဉ်' ကို အသုံးပြုလိုက်သည်၊၊
မကြာမီမှာပင် ကြည်လင်သော တိ ခနဲ အသံတစ်ခု ထွက်ပေါ်လာသည်၊၊
“အရှင်သခင် အဆင့် ၂၀ သို့ ရောက်ရှိသွားသည့်အတွက် ဂုဏ်ယူပါသည်၊၊ အလားအလာရှိသော အမှတ် ၂၀ ရရှိပါသည်!”
“အရှင်သခင် ‘ဝါးမြိုခြင်း’အစွမ်းသစ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်!”
“အရှင်သခင် ကံစမ်းမဲနှိုက်ခွင့် တစ်ကြိမ် ရရှိသည့်အတွက် ဂုဏ်ယူပါသည်!”
“အရှင်သခင် အဆင့် ၄ စစ်သည်တော်အဖြစ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်သည့်အတွက် ဂုဏ်ယူပါသည်!”
“ဂုဏ်ယူပါတယ် အရှင်သခင်...”
ထိုအချိန်တွင် စနစ်၏ အကြောင်းကြားချက်များမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာရာ လင်းရှုကို အံ့အားသင့်စေသည်၊၊
အဆင့် ၂၀! နောက်ဆုံးတော့ အဆင့် ၂၀ ကို ရောက်ပြီ!
သူသည် ဤရက်ပိုင်းအတွင်း ဝိညာဉ်ကျောက်တုံးများမှ စွမ်းအင်များကို စုပ်ယူခဲ့ရာ အတွေ့အကြုံဘားမှာ လျင်မြန်စွာ မြင့်တက်လာခဲ့သဖြင့် ယနေ့တွင် အမှတ်သန်း ၁၀၀ ပြည့်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ၊၊
ဘာမှအများကြီး မစဉ်းစားတော့ဘဲ လင်းရှုသည် သူ၏ အချက်အလက်ဘုတ်ကို တိုက်ရိုက်ကြည့်လိုက်သည်၊၊
အရှင်သခင် - လင်းရှု
အဆင့် - အဆင့် ၂၀
အတွေ့အကြုံရမှတ် - ၀/သန်း ၂၀၀၀
ခွန်အား - ၄၀၀
ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၁၅၈
မြန်နှုန်း - ၁၀၁
စွမ်းရည် - ‘ခွဲခြမ်းစိတ်ဖြာနိုင်သောမျက်လုံး’၊ ‘ဒေါသ’၊ ‘ရုပ်ဖျက်ခြင်း’၊ ‘ဝါးမြိုခြင်း’
ဒေါသသိုလှောင်မှု - ၀/၁၀၀
အလားအလာရှိသောအမှတ် - ၂၀
ဘွဲ့ - အဆင့် ၂ စစ်သည်တော် (အသုံးမပြုရသေးသောဘွဲ့များ - အဆင့် ၁၊ ၃၊ ၄ စစ်သည်တော်)
တိုက်ခိုက်ရေးစွမ်းအား - ၄၅၂၀
တိုက်ခိုက်ရေးစွမ်းအား ၄၀၀၀ ကျော်!
ဤကာလအတွင်း သူ၏ လေ့ကျင့်မှုများကြောင့် သူ၏ အခြေခံအရည်အချင်း အမှတ်များမှာလည်း များစွာ မြင့်တက်လာခဲ့သည်၊၊
လင်းရှုသည် ဘာမှမစဉ်းစားတော့ဘဲ ထိုအလားအလာရှိသော အမှတ် ၂၀ ကို ခန္ဓာကိုယ်ကြံ့ခိုင်မှုထဲသို့ တိုက်ရိုက် ထည့်လိုက်သည်၊၊
အမှတ်များ ထည့်ပြီးသည်နှင့် လင်းရှုသည် ခန္ဓာကိုယ်အတွင်း၌ ခေတ္တမျှ သက်သာရာရသွားသလို ခံစားလိုက်ရပြီး နောက်တစ်ခဏတွင် ငါးဆဒြပ်ဆွဲအားမှာ သူ့အပေါ် သက်ရောက်မှု များစွာ လျော့နည်းသွားသယောင် ရှိသည်၊၊
လင်းရှုသည် ‘ဝါးမြိုခြင်း’ စွမ်းရည်ကို နှိပ်ကြည့်လိုက်ရာ ထိုစွမ်းရည်၏ အာနိသင်ကို မြင်လိုက်ရသည်၊၊
‘ဝါးမြိုခြင်း’ - စွမ်းအင်အားလုံးကို စုပ်ယူပြီး အတွေ့အကြုံမှတ်များအဖြစ်သို့ ပြောင်းလဲပေးသည်၊၊
တိုတောင်းလှသော ဖော်ပြချက်က လင်းရှုကို အနည်းငယ် ဇဝေဇဝါ ဖြစ်စေသည်၊၊
‘ဒီစွမ်းရည်က နည်းနည်းတော့ အသုံးမဝင်သလိုပဲ...’
‘ဘာပဲဖြစ်ဖြစ်... ဘွဲ့အသစ်က ဘယ်လိုလဲဆိုတာ ကြည့်ရအောင်...’
အဆင့် ၄ စစ်သည်တော် (ခန္ဓာကိုယ်ကြံ့ခိုင်မှု ၅၀ တိုးစေသည်)
၎င်းကို မြင်လိုက်ရသောအခါ လင်းရှု၏ မျက်လုံးသူငယ်အိမ်များ ကျုံ့သွားသည်... ၅၀ တောင် တိုးတာလား!
လင်းရှုသည် မဆိုင်းမတွပင် မူလအဆင့် ၂ စစ်သည်တော်ဘွဲ့ကို အဆင့် ၄ စစ်သည်တော်ဘွဲ့ဖြင့် အစားထိုးလိုက်သည်၊၊
ထိုအချိန်တွင် ခွန်အားအမှတ်အချို့ လျော့နည်းသွားသော်လည်း ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ ၂၂၈ အထိ မြင့်တက်သွားသည်၊၊
ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်ပေါ်မှ ဝန်ထုပ်ဝန်ပိုးမှာ များစွာ လျော့နည်းသွားပြီဖြစ်သည်၊၊
အဆင့် ၄ စစ်သည်တော်အဖြစ်သို့ တိုးတက်သွားခြင်းမှာ လင်းရှုအတွက် တကယ့်ကို ထူးခြားလှသည်! မနက်ဖြန် ကျင်းပမည့် ကျောင်းသားသစ်များ အစည်းအဝေးအတွက် ကြောက်နေစရာ မလိုတော့ချေ၊၊
ထိုသို့တွေးရင်း လင်းရှု သူ၏လက်သီးကို မသိမသာ ဆုပ်လိုက်မိသည်၊၊
သူ၏ အရည်အချင်းများကို ဆက်လက်ကြည့်ရှုရာ ဒုတိယအဆင့် မျိုးရိုးဗီဇသော့ကို ဖွင့်ရန်အတွက် အဆင့် ၂၅ ဖြစ်ရန် လိုအပ်ကြောင်း တွေ့ရသည်၊၊ ဆိုလိုသည်မှာ ငါးဆင့်မျှသာ လိုတော့ခြင်းဖြစ်သည်၊၊
လင်းရှုသည် ကံစမ်းမဲနှိုက်ခွင့် နှစ်ကြိမ် ရရှိခဲ့သော်လည်း ယခုမသုံးချင်သေးဘဲ စုထားရန် ဆုံးဖြတ်လိုက်သည်၊၊
‘ဖီးနစ် အရှိန်အဝါ’ စွမ်းရည်မှာ ရွှေအဆင့်သို့ တိုးတက်သွားပြီဖြစ်ပြီး သူ လေ့လာပြီးသားဖြစ်သည်၊၊
‘တရားစီရင်ခြင်း’ ဤစွမ်းရည်မှာ ယခုအခါတွင် အထူးတလည် အသုံးမဝင်တော့သော်လည်း ‘နှင်းဆီပန်းများ၏ မုန်တိုင်း’ နှင့် ‘ကိုးကောင်းကင် ဂလက်ဆီကျဆင်းခြင်း’ တို့မှာ ကောင်းနေဆဲပင်၊၊
သို့သော် သူ၏ လက်သီးသိုင်းနှင့် ခြေသိုင်းများမှာ သူ၏ ကျင့်စဉ်တိုးတက်မှုနှုန်းကို အမှန်တကယ် မလိုက်နိုင်တော့ချေ၊၊
သူ၏ လက်သီးသိုင်း သို့မဟုတ် ခြေသိုင်းများအတွက် ရွှေအဆင့် စွမ်းရည်အချို့ကို လဲလှယ်ရမည်ဖြစ်သည်၊၊
ထို့အပြင် ထိုနေရာတွင် အစွမ်းထက်သော လှံသိုင်းများ ရှိ၊ မရှိကိုလည်း သူ ကြည့်ရှုနိုင်သည်၊၊
နောက်တစ်နေ့မှာ ကျောင်းသားသစ်များ အစည်းအဝေးဖြစ်သဖြင့် လူအများစုမှာ ကောင်းမွန်စွာ အနားယူပြီး ပြင်ဆင်ရန် ဆုံးဖြတ်ထားကြသည်၊၊
လင်းရှု လေ့ကျင့်ရေးခန်းမမှ ထွက်လာပြီး လဲလှယ်ရေးဌာနသို့ ဦးတည်နေစဉ် လမ်းပေါ်၌ လူအများအပြားကို ရုတ်တရက် တွေ့လိုက်ရသည်၊၊
ကျောင်းသားသစ်များအတွက် ကျောင်းဝတ်စုံများ ဝေငှပြီးပြီဖြစ်ရာ သူတို့အားလုံးမှာ ကျောင်းသားသစ်များဖြစ်ကြောင်း လင်းရှု အလွယ်တကူ သိလိုက်သည်၊၊
“ကျောက်ဟွမ်... ဒါက ဘာသဘောလဲ!” လီဖင်းနှင့် အတန်း ၁၀ မှ ကျောင်းသားအချို့၏ အဖြူရောင် ဝတ်စုံများမှာ ညစ်ပတ်ပေရေနေသည်၊၊
ထို့အပြင် သူတို့၏ မျက်နှာများပေါ်တွင် အညိုအမည်းစွဲနေပြီး နှုတ်ခမ်းထောင့်များမှလည်း သွေးများ ထွက်နေသည်၊၊
“ဘာမှမဟုတ်ပါဘူး... ဒီနေ့ကစပြီး အတန်း ၁၀ ကလူတွေ ဒီလမ်းကနေ ဖြတ်လို့မရဘူးလို့ ပြောချင်ရုံပါ...” ကျောက်ဟွမ်ဟု ခေါ်သူက လှောင်ပြုံးဖြင့် ပြောလိုက်သည်၊၊
သူ့ဘေးရှိ လူအချို့ကလည်း ရယ်မောနေကြသည်၊၊
ပတ်ဝန်းကျင်ရှိ အခြားအတန်းများမှ ကျောင်းသားများသည်လည်း ဤမြင်ကွင်းကို ပြဇာတ်တစ်ခုကဲ့သို့ ကြည့်နေကြသည်၊၊
“ဒီလမ်းက မင်းပိုင်တာ မဟုတ်ဘူး... ငါတို့ ဘာလို့ လျှောက်လို့မရရမှာလဲ!” လီဖင်းက လက်သီးကို ဆုပ်ကာ သူ့ကို စိုက်ကြည့်နေသည်၊၊
စကားပြောရင်း သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်သည်၊၊
သူတို့သည် ယနေ့ လဲလှယ်ရေးဌာနသို့ သွားချင်ခဲ့ကြသော်လည်း လမ်းခုလတ်၌ ဤလူများ၏ တားဆီးခြင်းကို ခံရကာ ရိုက်နှက်ခံလိုက်ရခြင်းဖြစ်သည်၊၊
ဤလမ်းမှာ လဲလှယ်ရေးဌာနသို့ သွားရာ တစ်ခုတည်းသော လမ်းဖြစ်သည်၊၊ သူတို့ ဤလမ်းမှ မသွားရလျှင် လဲလှယ်ရေးဌာနသို့ မည်သို့သွားရမည်နည်း၊၊
ထိုနေရာတွင် စစ်သည်တော်များအတွက် လိုအပ်သော ပစ္စည်းများ ရှိသည်၊၊
“ဒါမှမဟုတ်... မင်း ငါ့ခြေထောက်ကြားကနေ တိုးဝင်သွားမယ်ဆိုရင် နောက်ပိုင်း ဒီလမ်းကနေ သွားခွင့်ပေးမယ်လေ...” ကျောက်ဟွမ်က ရှေ့သို့တိုးလာပြီး ခြေထောက်ကို ကားလိုက်ကာ လီဖင်းကို လှောင်ရယ်လိုက်သည်၊၊
သူ၏ စကားကို ကြားသောအခါ ပတ်ဝန်းကျင်ရှိ လူအားလုံးမှာလည်း လိုက်၍ ရယ်မောကြသည်၊၊
ဒါက အနိုင်ကျင့်လွန်းရာ ကျတာပဲ!!!
လီဖင်းနှင့် အခြားသူများမှာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြသော်လည်း သူတို့ကို ပြန်လည်တိုက်ခိုက်ရန် လုံးဝ မစွမ်းသာချေ၊၊
ခွန်အားချင်းက အလွန်ကွာခြားလွန်းသည်!