အခန်း ၁၆၄ - သိမ်ငယ်စိတ်
လင်းရှု မော့ကြည့်လိုက်သည့်အခါ သန့်စင်သောနယ်မြေဒေသအကယ်ဒမီ၏ အဖြူရောင်ကျောင်းဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားအချို့ကို မြင်လိုက်ရသည်၊၊
၎င်းတို့၏ ဝတ်စုံပေါ်ရှိ တံဆိပ်များကို ကြည့်ရုံဖြင့် ဒုတိယနှစ်ကျောင်းသားများ ဖြစ်ကြောင်း ထင်ရှားလှသည်၊၊
“ဘာကိစ္စရှိလို့လဲ၊၊” လင်းရှုက မျက်မှောင်ကြုတ်လိုက်ရင်း ၎င်းတို့၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်ကာ မေးလိုက်သည်၊၊
သူ၏ မျက်ဝန်းများတွင် ကြောက်ရွံ့မှု အရိပ်အယောင် အစအနမျှ မရှိပေ၊၊
“အို... ဒီလူသစ်က အတော်လေး ဘဝင်မြင့်နေတာပဲ၊၊” အမျိုးသားတစ်ဦးက လင်းရှု၏ အကြည့်ကို မြင်သောအခါ လင်းရှု၏ အင်္ကျီကော်လာကို ဆွဲကိုင်ကာ မြှောက်လိုက်သည်၊၊
ကျန်အမျိုးသားနှစ်ဦးမှာလည်း လင်းရှုကို မဖော်ရွေသော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်၊၊
“ယူယီရဲ့ သူငယ်ချင်းတွေလား၊၊” လင်းရှုက သူ့ကို ကြည့်ကာ မေးလိုက်သည်၊၊
လက်ရှိအချိန်တွင် ‘ေဒါသ’ စွမ်းရည်၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် သူ၏ ခန္ဓာကိုယ်မှာ အမှန်တကယ်ပင် အားအင်ကုန်ခမ်းနေသည်၊၊
“မင်းက ပထမဆုံးနေ့မှာတင် ၂၁ ထပ်ကို တက်နိုင်ခဲ့တာဆိုတော့ အတော်လေး အစွမ်းထက်ပုံရတယ်၊၊ လာစမ်း... ငါနဲ့ တစ်ပွဲလောက် တိုက်ကြည့်ရအောင်၊၊” ထိုအမျိုးသားက လင်းရှု၏ မေးခွန်းကို မဖြေဘဲ လှောင်ပြုံးဖြင့် ဆိုလိုက်သည်၊၊
ထိုအချိန်တွင် လင်းရှုသည် အလွန်အမင်း အားနည်းနေကြောင်း သူ သတိပြုမိသွားသည်၊၊ ၎င်းမှာ စောစောက တိုက်ပွဲကြောင့် ဖြစ်ဟန်တူသည်ဟု သူ ယူဆလိုက်သည်၊၊
“ဩော်... ငါ သိပြီ၊၊” လင်းရှုက ခဏမျှ စဉ်းစားလိုက်ပြီးမှ သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်၊၊
“မင်း ဘာကို သိတာလဲ၊၊” ထိုအမျိုးသားက မျက်မှောင်ကြုတ်ကာ မေးသည်၊၊
လင်းရှု၏ မတုန်မလှုပ် တည်ငြိမ်နေမှုက သူ့ကို ပို၍ပင် စိတ်တိုလာစေသည်၊၊
“မင်းတို့က ဒုတိယနှစ်ရဲ့ အောက်ခြေအဆင့် ကျောင်းသားတွေ မဟုတ်လား၊၊” လင်းရှုက ခပ်အေးအေးပင် ဆိုလိုက်သည်၊၊
“ပါးစပ်ပိတ်ထားစမ်း!” လင်းရှု၏ စကားကြောင့် ထိုအမျိုးသားက သူ့အနာကို အထိုးခံလိုက်ရသည့်အလား အော်ဟစ်လိုက်သည်၊၊
ကျန်အမျိုးသားနှစ်ဦး၏ မျက်နှာများလည်း အရောင်ပြောင်းသွားသည်၊၊
“ငါ ခန့်မှန်းကြည့်ရမလား၊၊” လင်းရှုက နှုတ်ခမ်းကို အသာတွန့်ကာ ဆိုသည်၊၊
“မင်းတို့ သန့်စင်သောနယ်မြေဒေသအကယ်ဒမီကို မရောက်ခင်က ကိုယ့်ကျောင်းမှာကိုယ် ထိပ်တန်းကျောင်းသားတွေ ဖြစ်ခဲ့ကြမှာပဲ၊၊”
“ဒါပေမဲ့ ဒီကျောင်းကို ရောက်လာတဲ့အခါမှာတော့ ထူးချွန်တဲ့သူတွေ အရမ်းများလွန်းတော့ မင်းတို့ရဲ့ နေရာပျောက်သွားတယ်၊၊”
“ဒါကြောင့် မင်းတို့က လူသစ်တွေကို အနိုင်ကျင့်ရတာကို ဝါသနာပါနေကြတာပေါ့... ဟုတ်လား၊၊” လင်းရှုက ဆက်လက် ပြောဆိုနေသည်၊၊
ထိုခဏ၌ ထိုလူများ၏ မျက်နှာများမှာ မှောင်မှိုင်းသွားသည်၊၊
လင်းရှု ပြောလိုက်သော စကားလုံးတိုင်းမှာ သူတို့၏ အနာဟောင်းများကို ပြန်လည် ဆွပေးနေသကဲ့သို့ ဖြစ်နေသည်၊၊
“ပါးစပ်ပိတ်ထားလို့ ပြောနေတယ်လေ!!!”
ထိုအမျိုးသားက လင်းရှု၏ ကော်လာကို အားဖြင့် ဆွဲလှုပ်ကာ ဟိန်းဟောက်လိုက်သည်၊၊
“မင်းတို့က ကိုယ့်အတန်းထဲက လူတွေကို မနိုင်တော့မှ လူသစ်တွေကို အနိုင်ကျင့်ပြီး အသာစီးရချင်နေတာလား၊၊”
“ငါ ယူယီကို အနိုင်ယူလိုက်တာကို မြင်တော့ ငါ့ကို ပညာပေးလိုက်ရင် မင်းတို့ကိုယ်မင်းတို့ အစွမ်းထက်တယ်လို့ ထင်နေကြတာလား၊၊”
“မင်းတို့မှာ သိမ်ငယ်စိတ်တွေ ဒီလောက်တောင် များနေရတာလဲကွာ...၊၊” လင်းရှုက သက်ပြင်းချရင်း ဆိုလိုက်သည်၊၊
“မင်းကို ပါးစပ်ပိတ်ထားလို့ ငါပြောနေတယ်လေ!!!” လင်းရှု၏ နောက်ဆုံးစကားက သူ့ကို သွေးအန်မတတ် ဒေါသထွက်သွားစေပြီး သူ၏ ဒေါသကို အထွတ်အထိပ်သို့ ရောက်သွားစေသည်၊၊
သူသည် လင်းရှု၏ မျက်နှာကို လက်သီးဖြင့် အရှိန်ပြင်းပြင်း ထိုးလိုက်ရန် ပြင်လိုက်သည်၊၊
သို့သော် သူ၏ လက်သီး လင်းရှု၏ မျက်နှာသို့ မရောက်မီမှာပင် တစ်စုံတစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရသည်၊၊
“မင်း...” ထိုအမျိုးသား လှည့်ကြည့်လိုက်သည့်အခါ သူ၏ ဘေးတွင် အလွန်လှပသော မိန်းကလေးတစ်ဦး ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်၊၊
မှန်သည်... သူမမှာ အလွန်လှပလှသည်၊၊ သူမ၏ နူးညံ့နက်မှောင်သော ဆံနွယ်များက လေပြေထဲတွင် အသာအယာ ဝေ့ယမ်းနေသည်၊၊
သို့သော် သူမ၏ မျက်ဝန်းများမှာမူ အလွန်ပင် အေးစိမ့်လှရာ သူမကို ကြည့်လိုက်ရုံဖြင့် ထိုအမျိုးသားမှာ တုန်ရင်သွားရသည်၊၊
“သူ့ကို လွှတ်လိုက်၊၊” လျိုယွဲ့က အေးစက်စွာ ဆိုလိုက်သည်၊၊
ထို့နောက် သူမ၏ လက်ဖြင့် အရှိန်ပြင်းပြင်း ဖိညှစ်လိုက်ရာ ‘ဂျွတ်’ ခနဲ အသံနှင့်အတူ အရိုးများ ကျိုးကြေသွားသည့်အသံ ထွက်ပေါ်လာသည်၊၊
ပြင်းထန်သော နာကျင်မှုကြောင့် ထိုအမျိုးသား၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီးနောက် လင်းရှုကို လွှတ်ပေးလိုက်ရသည်၊၊
“သေချင်နေတာပဲ!!!” ထိုခဏ၌ ကျန်အမျိုးသားနှစ်ဦးမှာ လျိုယွဲ့ကို ရုတ်တရက် တိုက်ခိုက်လိုက်ကြသည်!
၎င်းတို့၏ အရှိန်မှာ မြန်ဆန်သော်လည်း လျိုယွဲ့က ပို၍ လျင်မြန်လှသည်၊၊
လျိုယွဲ့သည် လင်းရှု၏ ကော်လာကို ဆွဲထားသော အမျိုးသားကို လေထဲသို့ ရောက်အောင် ကန်ထုတ်လိုက်သည်၊၊
ထို့နောက် ကျန်အမျိုးသားနှစ်ဦးနှင့် ချက်ချင်းပင် ရင်ဆိုင်တိုက်ခိုက်တော့သည်၊၊
လျိုယွဲ့သည် မည်သည့်လက်နက်ကိုမျှ ကိုင်ဆောင်ထားခြင်း မရှိပေ၊၊ လင်းရှုအနေဖြင့် သူမ လက်ဗလာဖြင့် တိုက်ခိုက်သည်ကို မြင်တွေ့ရသည်မှာ ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်၊၊
လက်နက်မရှိဘဲနှင့်ပင် လျိုယွဲ့၏ စွမ်းရည်မှာ ထူးကဲလှသဖြင့် လင်းရှု အံ့ဩသွားရသည်၊၊
ဂျွတ်... ဂျွတ်... ဂျွတ်...——
လျိုယွဲ့၏ လက်သီးချက်များက ၎င်းတို့၏ လက်မောင်းများကို ထိမှန်သွားတိုင်း အရိုးကျိုးသံများ ထွက်ပေါ်လာသည်၊၊
ပေါက်ကွဲစေတတ်သော လက်သီးချက်!!
လျိုယွဲ့ကပါ ‘ေပါက်ကွဲလက်သီး’ ကို တတ်မြောက်ထားတာလား!?
ဒါဟာ လင်းရှု မျှော်လင့်မထားတဲ့ အချက်ပင် ဖြစ်သည်၊၊
“အား!!!” လျိုယွဲ့၏ တိုက်ခိုက်မှုအပြီးတွင် ၎င်းတို့ဆီမှ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်၊၊
“ထွက်သွားကြစမ်း၊၊” လျိုယွဲ့က မြေပြင်ပေါ်တွင် လဲကျနေသော လူများကို အေးစက်စွာ တစ်ချက်ကြည့်ကာ ဆိုလိုက်သည်၊၊
ထိုလူများ၏ မျက်ဝန်းများတွင် ယခုအခါ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်၊၊ ဤမျှ လှပသော မိန်းကလေးတွင် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည် ရှိနေလိမ့်မည်ဟု မည်သူ ထင်မှတ်ထားပါမည်နည်း၊၊
ထို့ပြင် သူမမှာ အလွန်ပင် ရက်စက်လှသည်၊၊
၎င်းတို့သည် လျိုယွဲ့၏ စကားကို ကြားသောအခါ ကျိုးကြေနေသော လက်မောင်းများ၏ နာကျင်မှုကို အောင့်ခံလျက် ချက်ချင်းပင် ထွက်ပြေးသွားကြတော့သည်၊၊
“ဟူး... ကျေးဇူးပဲနော်၊၊” မြေပြင်တွင် ထိုင်နေသော လင်းရှုက လျိုယွဲ့ကို ကြည့်ကာ ပြုံးပြလိုက်သည်၊၊
‘ဒေါသအမျက်’ စွမ်းရည်၏ နောက်ဆက်တွဲ ဆိုးကျိုးမှာ မိနစ်အနည်းငယ်မျှ ကျန်ရှိနေသေးသဖြင့် လင်းရှု၏ ခန္ဓာကိုယ်မှာ လှုပ်ရှား၍ မရသေးပေ၊၊
‘ဒေါသအမျက်’ ၏ ပေါက်ကွဲအားမှာ အလွန်ပြင်းထန်သော်လည်း နောက်ဆက်တွဲ ဆိုးကျိုးမှာမူ ဆိုးရွားလွန်းလှသည်၊၊
ယခုတစ်ကြိမ်တွင်မူ သန့်စင်သောနယ်မြေဒေသအကယ်ဒမီမှ ကျောင်းသားအချို့နှင့်သာ တွေ့ခဲ့သော်လည်း၊ အကယ်၍ နောက်တစ်ကြိမ်တွင် အသက်ကို ရန်ရှာမည့်သူနှင့် တွေ့ပါက အမှန်တကယ်ပင် ဒုက္ခရောက်နိုင်သည်၊၊
“လမ်းလျှောက်နိုင်လား၊၊” လျိုယွဲ့က လင်းရှုကို ကြည့်ကာ မေးသည်၊၊
“ခဏလောက်... အခု ငါ့မှာ အားနည်းနည်းမှ မရှိသေးဘူး၊၊” လင်းရှုက အမောတကော ပြောလိုက်သည်၊၊
“တက်ခဲ့၊၊” လျိုယွဲ့က ခဏမျှ တွေဝေသွားပြီးနောက် လင်းရှု၏ ရှေ့တွင် ဆောင့်ကြောင့် ထိုင်ပေးလိုက်သည်၊၊
လင်းရှုမှာ မှင်သက်သွားရသည် - သူမက သူ့ကို ကျောပိုးမလို့လား၊၊
“တက်ခဲ့လို့ ပြောနေတယ်လေ၊၊” လျိုယွဲ့က မျက်မှောင်ကြုတ်ကာ ထပ်မံ ပြောဆိုသည်၊၊
လင်းရှုသည်လည်း ဟန်ဆောင်မနေတော့ဘဲ သူမ၏ ပခုံးပေါ်သို့ လက်နှစ်ဖက်ကို တိုက်ရိုက် တင်လိုက်သည်၊၊
“ဒါဟာ ကျေးဇူးဆပ်တာပဲ၊၊” လျိုယွဲ့က ခပ်တိုးတိုး ပြောလိုက်ရင်း လင်းရှုကို ကျောပေါ်သို့ အသာအယာ မလိုက်သည်၊၊
သူမကို လင်းရှု ကယ်တင်ခဲ့စဉ်ကလည်း ဤကဲ့သို့ပင် ကျောပိုးခဲ့သည်ကို သူမ ပြန်လည် သတိရမိရာ သူမ၏ အေးစက်သော မျက်ဝန်းများတွင် နွေးထွေးမှု အရိပ်အယောင်လေး တစ်ခု ဖြတ်ပြေးသွားသည်၊၊
သို့သော် ထိုခံစားချက်မှာ ခဏတာမျှသာ ဖြစ်ပြီး လင်းရှုလည်း သတိမထားမိလိုက်ပေ၊၊
လျိုယွဲ့၏ စကားကို ကြားသောအခါ လင်းရှုက နှုတ်ခမ်းကို အသာတွန့်လိုက်မိသည်၊၊ သူမမှာ အနည်းဆုံးတော့ အသိစိတ် ရှိသေးပြီး သူ့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့ ဆုံးဖြတ်လိုက်ပြီဟု သူ တွေးလိုက်မိသည်၊၊
လမ်းတလျှောက်တွင် သန့်စင်သောနယ်မြေဒေသအကယ်ဒမီမှ ကျောင်းသားအချို့မှာ ၎င်းတို့ကို မြင်သည့်အခါ အံ့ဩတုန်လှုပ်စွာဖြင့် မျက်လုံးများ ပြူးကြည့်နေကြသည်၊၊
‘အလွန်လှပတဲ့ မိန်းကလေးတစ်ယောက်က အမျိုးသားတစ်ယောက်ကို ကျောပိုးထားတယ် ဟုတ်လား?’
အချို့လူများက လင်းရှုကို အထင်သေးစွာ ကြည့်ကြသော်လည်း သူတို့၏ စိတ်ထဲတွင်မူ မနာလို ဖြစ်နေကြသည်၊၊
လျိုယွဲ့ကမူ မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ သူမ၏ လမ်းကိုသာ ဆက်လျှောက်နေသည်၊၊
လင်းရှု၏ ပါးပြင်မှာ သူမ၏ ပခုံးနှင့် ထိကပ်နေပြီး သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော သင်းပျံ့သည့် ရနံ့လေးက အလွန်ပင် မွှေးပျံ့လှသည်၊၊
ဘာကြောင့်မှန်းမသိဘဲ လင်းရှု၏ နှလုံးခုန်သံများ မြန်ဆန်လာသလို ခံစားရသည်၊၊
သူမ၏ နူးညံ့ဖြူစင်သော ဘေးတိုက်ပုံရိပ်လေးကို ကြည့်ရင်း လင်းရှုသည် မမျှော်လင့်ဘဲ သူမ၏ ပါးပြင်ကို ခပ်ဖွဖွလေး နမ်းလိုက်မိသည်...၊၊(လှိုင်းသုံးခုနဲ့ ဘာတော်လဲမသိ🥹)