အခန်း ၁၄၀ - လုံးလုံးလေး၏ စွမ်းဆောင်ချက်၊၊
ဂလု၊၊
ဝမ်ဟူမှာ ရယ်မောနေရင်း သူ၏ လည်ချောင်းထဲသို့ တစ်ခုခု ဝင်သွားသည်ကို သတိပြုမိလိုက်ပြီး မသိစိတ်ဖြင့် မျိုချလိုက်မိသည်၊၊
"ဒါက ဘာကြီးလဲ၊၊" သူ၏ လည်ချောင်းထဲမှ တစ်ခုခု လျှောဆင်းသွားသည်ကို ခံစားလိုက်ရသဖြင့် သူ မျက်လုံးပြူးသွားရသည်၊၊
ထိုထူးဆန်းသော ခံစားချက်ကြောင့် သူ ကြောင်အသွားရသည်၊၊
ဒါက ဘာအရာကြီးလဲ၊၊
ရုတ်တရက် သူ၏ ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသဖြင့် သူ၏ လက်နက်ကို မြေပြင်ပေါ်သို့ ချလိုက်မိသည်၊၊
နာကျင်မှုမှာ သူ၏ ရင်ဘတ်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်၊၊
ဝမ်ဟူ သူ၏ အဝတ်အစားများကို ဆွဲဖြဲလိုက်သည့်အခါ သူ၏ ရင်ဘတ်ထဲမှ တစ်ခုခုမှာ အပြင်သို့ ထိုးထွက်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်၊၊
"ဒါ ဘာကြီးလဲ၊ ထွက်စမ်း၊၊" ဝမ်ဟူ ထိတ်လန့်တုန်လှုပ်သွားပြီး ထိုထိုးထွက်နေသော အရာကို လက်ဖြင့် ဖိချလိုက်သည်၊၊
သို့သော် သူ ဖိချလိုက်သည့်အခါ ထိုအရာမှာ အခြားတစ်နေရာသို့ ရွေ့သွားပြန်သည်၊၊
လျိုယွဲ့မှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့်နေမိသည်၊၊
ဒါက ဘာအရာကြီးလဲ၊၊
လင်းရှုမှာတော့ အသက်ကို ခက်ခက်ခဲခဲ ရှူနေရဆဲပင်၊ 'ဒေါသ' စွမ်းရည်၏ နောက်ဆက်တွဲ ဆိုးကျိုးများမှာ မပြယ်သေးပေ၊၊
သူ၏ ခန္ဓာကိုယ်ထဲတွင် အားအင်အနည်းငယ်မျှ မရှိတော့သလို ခံစားနေရသည်၊၊
သို့သော် ဝမ်ဟူ၏ အခြေအနေကို ကြည့်ကာ လင်းရှု အံ့အားသင့်သွားရသည်၊၊
လုံးလုံးလေးက... ဝမ်ဟူကို သတ်နိုင်တာလား၊၊
"အား၊၊" ဝမ်ဟူသည် ရုတ်တရက် နာကျင်စွာ အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်၌ လူးလိမ့်နေတော့သည်၊၊
"ထွက်စမ်း၊၊"
"ငါ့ကိုယ်ထဲက အခုချက်ချင်း ထွက်စမ်း၊၊" ဝမ်ဟူမှာ ရူးသွပ်စွာ လူးလိမ့်ရင်း ဟိန်းဟောက်နေသည်၊၊
သူသည် ရင်ဘတ်ကို လက်ဖြင့် ကုတ်ဖဲ့ကာ ထိုအရာကို တူးထုတ်ရန် ကြိုးစားနေသည်၊၊
ဘုန်း၊၊
နောက်တစ်စက္ကန့်တွင် သူ၏ ရင်ဘတ်မှာ ဘောလုံးတစ်လုံးကဲ့သို့ ဖောင်းတက်လာပြီး ပေါက်ကွဲသွားတော့သည်၊၊
သူ သေသေချာချာ ကြည့်လိုက်သည့်အခါ ရင်ဘတ်တွင် ကြီးမားသော အပေါက်များစွာ ဖြစ်နေသည်ကို တွေ့လိုက်ရသည်၊၊ သူ၏ နှလုံး ခုန်နေသည်ကိုပင် မြင်နေရသည်၊၊
ဝမ်ဟူ၏ မျက်လုံးများမှာ ပြူးနေဆဲဖြစ်သော်လည်း သူ၏ သတိမှာမူ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်၊၊
လုံးလုံးလေးက တကယ်ပဲ သူ့ကို သတ်လိုက်တာလား၊၊
လင်းရှုပင်လျှင် အံ့အားသင့်သွားရသည်၊၊
"ဒါက ဘာလဲ၊၊" ဝမ်ဟူ၏ အလောင်းဘေးတွင် ဘောလုံးလေးနှင့်တူသော အပြာရောင် လုံးလုံးလေး လိမ့်ထွက်လာသည်ကို လျိုယွဲ့ မြင်လိုက်ရသည်၊၊
လုံးလုံးလေး လိမ့်လာသည်ကို မြင်သည့်အခါ လျိုယွဲ့၏ အကြည့်မှာ ပြောင်းလဲသွားပြီး တိုက်ခိုက်ရန် ပြင်လိုက်စဉ် လင်းရှုက "သူ့ကို မတိုက်ခိုက်နဲ့၊၊" ဟု သတိပေးလိုက်သည်၊၊
လျိုယွဲ့ ကြောင်သွားသည်၊၊ ထိုအရာလေးမှာ လင်းရှုဆီသို့ လိမ့်လာပြီး သူ၏ ပုခုံးပေါ်သို့ တက်ထိုင်လိုက်သည်ကို သူမ ကြည့်နေမိသည်၊၊
လုံးလုံးလေးမှာ 'ငါ့ကို ချီးကျူးပါဦး' ဟု ပြောနေသည့်အလား ပုခုံးပေါ်တွင် ခုန်ပေါက်နေသည်၊၊
"ကျေးဇူးပဲ၊ ဒါက မင်းအတွက်၊၊" လင်းရှု ရယ်မောရင်း ၎င်း၏ ကိုယ်ထည်ကို ပွတ်သပ်ပေးလိုက်ကာ ရွှေရောင် သလင်းခဲတစ်ခုကို ထုတ်ပေးလိုက်သည်၊၊
လုံးလုံးလေးမှာ သလင်းခဲကို ရသည့်အခါ ဝမ်းသာသွားပုံရပြီး မမြင်ရသော ပါးစပ်လေးကို ဖွင့်ကာ ရှဉ့်ကလေး တစ်ကောင်ကဲ့သို့ တမြုံ့မြုံ့ ကိုက်စားနေတော့သည်၊၊
လင်းရှုမှာ တဖြည်းဖြည်းနှင့် ပြန်လည် အားကောင်းလာသည်၊၊ တိုက်ခိုက်ရန် အင်အား မရှိသေးသော်လည်း ရိုးရှင်းသော လှုပ်ရှားမှုများကိုတော့ ပြုလုပ်နိုင်ပြီ ဖြစ်သည်၊၊
"မင်း အဆင်ပြေရဲ့လား၊၊" လင်းရှု လျိုယွဲ့ကို မေးလိုက်သည်၊၊
လျိုယွဲ့ ခေါင်းခါပြသည်၊၊ သူမသည် ဓားကို ကောက်ယူရန် ကြိုးစားသော်လည်း ခြေထောက်များ ပျော့ခွေသွားသဖြင့် မြေပြင်ပေါ်သို့ ပြန်ထိုင်လိုက်ရသည်၊၊
"ငါ ဆေးထည့်ပေးမယ်၊၊" လင်းရှု လျိုယွဲ့ကို ကြည့်ကာ ပြောလိုက်သည်၊၊
သူ့အတွက် တိုက်ကွက်ကို အစားဝင်ခံပေးသည်ကို မြင်ပြီးနောက် သူမအပေါ် ထားရှိသော လင်းရှု၏ အမြင်မှာ ပြောင်းလဲသွားခဲ့သည်၊၊
သူမသည် ရေခဲတုံးလေးကဲ့သို့ အေးစက်နေသော်လည်း သူမ၏ စိတ်နှလုံးမှာမူ ပုံပန်းသဏ္ဍာန်နှင့် လုံးဝ မတူပေ၊၊
လျိုယွဲ့မှာလည်း ငြင်းဆန်ခြင်း မရှိဘဲ မြေပြင်ပေါ်၌ ထိုင်နေသည်၊၊
လင်းရှု ဆေးရည်အချို့ကို ယူကာ သူမ၏ ဘေးသို့ လျှောက်သွားသည်၊၊
သူမ အထိုးခံထားရသော နေရာနှင့် ဆုတ်ပြဲနေသော အဝတ်အစားများကို သူ ကြည့်လိုက်သည်၊၊ သူ ဆွဲဖြဲရန် ကြိုးစားသော်လည်း ဝတ်စုံမှာ အလွန် အရည်အသွေးကောင်းလှသဖြင့် ဆွဲဖြဲ၍ မရဘဲ ဖြစ်နေသည်၊၊ ဤအခြေအနေမှာ လင်းရှုအတွက် အနည်းငယ် အနေရခက်စေသည်၊၊
"မင်းရဲ့ အပေါ်ဝတ်စုံကို အောက်ကို နည်းနည်း ချလိုက်ပါလား..."
လင်းရှုမှာ မသိစိတ်ဖြင့် ပြောမိသွားခြင်း ဖြစ်သည်၊၊
ထိုစကားကို ကြားသည့်အခါ လျိုယွဲ့က လှည့်ကာ သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်၊၊
"ငါ ဆေးထည့်ပေးမလို့ပါ၊ မင်းရဲ့ ဝတ်စုံက အရမ်း ခိုင်ခန့်နေတော့ ငါ ဆွဲဖြဲလို့ မရဘူး၊ ဒါကြောင့် ဒဏ်ရာကို မမြင်ရဘူးလေ၊၊" လင်းရှု ပြန်လည် ရှင်းပြလိုက်သည်၊၊
သူသည် မရိုးမသား စိတ်ဖြင့် ပြောခြင်း မဟုတ်ပေ၊၊
လျိုယွဲ့၏ အကြည့်မှာ ပြောင်းလဲသွားသည်၊၊ သူမ ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် ဒဏ်ရာမရထားသော လက်တစ်ဖက်ဖြင့် သူမ၏ ဝတ်စုံအပေါ်ပိုင်းကို အောက်သို့ အနည်းငယ် လျှောချလိုက်သည်၊၊
လင်းရှု သူမကို မသိမသာ ငေးကြည့်မိသွားသည်၊၊
သူမ အဝတ်ကို ချလိုက်သည့်အခါ အတွင်းမှ အဖြူရောင် ပုခုံးသိုင်းကြိုးလေးကို မြင်လိုက်ရသည်၊၊
သူမ၏ နုနယ်လှသော ညှပ်ရိုးနှင့် ဖြူဝင်းလှသော လက်မောင်းတို့ကို တွေ့လိုက်ရသည်၊၊
ဒဏ်ရာရထားသော ပုခုံးမှာမူ သွေးများ စီးကျနေဆဲပင်၊၊
"မြန်မြန်လုပ်၊၊" လင်းရှု သူ့ကို စိုက်ကြည့်နေသည်ကို သတိပြုမိဟန်ဖြင့် လျိုယွဲ့က ချက်ချင်း သတိပေးလိုက်သည်၊၊
"ဩော်၊၊" လင်းရှု ခေါင်းညိတ်ကာ ပိုးသတ်ဆေးပုလင်းကို ဖွင့်ပြီး သူမ၏ ဒဏ်ရာပေါ်သို့ လောင်းချလိုက်သည်၊၊
သွေးများနှင့် ပိုးသတ်ဆေးရည်များမှာ ဒဏ်ရာမှတစ်ဆင့် မြေပြင်ပေါ်သို့ စီးကျသွားသည်၊၊
ဒဏ်ရာကို မြင်လိုက်ရသည့်အခါ လင်းရှု စိတ်ထဲတွင် ထိတ်လန့်သွားရသည်၊၊ ၎င်းမှာ အလွန် နက်ရှိုင်းလှပြီး အရိုးများပင် ကျိုးလုနီးပါး ဖြစ်နေသည်ကို တွေ့လိုက်ရသည်၊၊
လင်းရှု ရွံရှာခြင်း မရှိပေ၊ အဘယ်ကြောင့်ဆိုသော် သူမသည် သူ့အတွက်ကြောင့် ဒဏ်ရာရခဲ့ခြင်း ဖြစ်သောကြောင့် ဖြစ်သည်၊၊
သူ အသက်ပြင်းပြင်းရှူကာ ကြောက်စရာကောင်းလှသော ထိုဒဏ်ရာပေါ်သို့ ဆေးများ ထည့်ပေးလိုက်သည်၊၊
ရှဲ၊၊
ဆေးရည်နှင့် ဒဏ်ရာ ထိတွေ့မိသည့်အခါ အဖြူရောင် အငွေ့များ ထွက်ပေါ်လာသည်၊၊
လျိုယွဲ့မှာ မျက်မှောင်ကြုတ်သွားသည်ကို လင်းရှု မြင်ရသော်လည်း သူမမှာ အသံတစ်ချက်ပင် မထွက်ပေ၊၊
လင်းရှု စိတ်ထဲမှ ချီးကျူးမိသည်၊၊ အကယ်၍ တခြားယောက်ျားလေးသာဆိုလျှင် နာကျင်လွန်းသဖြင့် မြေပြင်ပေါ်၌ လူးလိမ့်နေပေလိမ့်မည်၊၊
"ဒါကို ဖြန်းလိုက်၊၊" လျိုယွဲ့သည် ရွှေရောင် အမှုန်များ ပါရှိသော ဖန်ပုလင်းလေးကို ထုတ်ယူကာ လင်းရှုထံသို့ လှမ်းပေးလိုက်သည်၊၊
လင်းရှု ထိုပုလင်းကို ယူလိုက်ပြီး ခေတ္တ စဉ်းစားကာ သူမ၏ ပုခုံးကို ဖိကိုင်လိုက်သည်၊၊ ဟနေသော ဒဏ်ရာကို စေ့အောင် လုပ်လိုက်ပြီးနောက် ထိုအမှုန်များကို ဖြန်းပေးလိုက်သည်၊၊
ဆေးမှုန်များ ထည့်ပြီးနောက်မှာမူ သွေးများ ဆက်မထွက်တော့ဘဲ ထိုဆေးမှုန်မှာ ဒဏ်ရာအတွက် အလွန် ထိရောက်ပုံရသည်၊၊
လျိုယွဲ့သည် သူမ၏ ဘယ်ဘက်လက်ဖြင့် ညှပ်ရိုးကို စမ်းသပ်ကြည့်ပြီးနောက် ဒဏ်ရာရှိရာ နေရာကို ဖိထားလိုက်သည်၊၊
ဆေးရည်မှာ အာနိသင် ပြလာသည်နှင့်အမျှ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များမှာ လျင်မြန်စွာ ပွားများလာပြီး ဒဏ်ရာကို ကုသပေးတော့သည်၊၊ ထိုအချိန်တွင် သူမ၏ ညှပ်ရိုးမှာ ပြန်မဆက်သေးသော်လည်း ပွင့်နေသော ဒဏ်ရာများမှာမူ မရှိတော့ပေ၊၊
"ဒီညတော့ ကောင်းကောင်း အနားယူလိုက်ပါဦး၊၊"
လျိုယွဲ့၏ ဒဏ်ရာကို ကုသပေးပြီးနောက် လင်းရှု ပြောလိုက်သည်၊၊
"အင်း၊၊" လျိုယွဲ့ ခေါင်းညိတ်လိုက်ပြီး ဘာမှ ပြန်မငြင်းပေ၊၊
ကောင်းကင်ယံရှိ လမင်းမှာ အလွန် တောက်ပနေပြီး သဲကန္တာရထဲရှိ အဖော်မဲ့ လူသားနှစ်ဦး၏ အရိပ်မှာ အလွန် ရှည်လျားစွာ ကျဆင်းနေတော့သည်၊၊၊၊