“ဒါကို ဘာသတ္တုနဲ့ လုပ်ထားတာလဲ...” လင်းရှု တောက်တစ်ချက် ခတ်လိုက်မိပါတယ်။ ဒါဟာ တခြားဂြိုဟ်က လာတဲ့ အထူးသတ္တုတစ်မျိုးမျိုးနဲ့ လုပ်ထားတာ ဖြစ်ရပါမယ်။ မဟုတ်ရင်တော့ ဒီလောက်အထိ ထက်မြက်နေဖို့ မဖြစ်နိုင်ဘူးလေ။
“စကားများမနေနဲ့တော့။ ငါ့ကို ချပေးခဲ့ပြီး အဲဒီကောင်ကို အရင်ရှင်းလိုက်ဦး” လို့ လော့ယွဲ့က အေးစက်စက် ပြောလိုက်ပါတယ်။
လင်းရှုက လော့ယွဲ့ကို သစ်ပင်ကြီးတစ်ပင်ရဲ့ ဘေးမှာ အမြန်ချပေးလိုက်ပြီး မြေကြီးထဲ စိုက်ဝင်နေတဲ့ ဓားရှည်ကို ဆွဲထုတ်ကာ လက်နှစ်ဖက်နဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပါတယ်။
တကယ်ကို လေးလံလှပါတယ်။ ခုနတုန်းက သူမ ဒီဓားကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းနေတာကို ကြည့်ရင် သူမရဲ့ သေးသွယ်တဲ့ လက်မောင်းလေးတွေက ဘယ်လောက်တောင် သန်မာနေလို့လဲ?
“မင်းရဲ့ ဘယ်ဘက်မှာ...” လော့ယွဲ့က အလျင်အမြန် သတိပေးလိုက်ပါတယ်။
ဘယ်ဘက်!?
အဲဒီအချိန်မှာပဲ အတောင်နီမြွေက အရှိန်အဟုန်နဲ့ ပြေးဝင်လာပါပြီ။
မြွေက လျှာတဖြူးဖြူး ထုတ်နေပြီး သူ့ရဲ့ နီရဲနေတဲ့ မျက်လုံးတွေက လင်းရှုကို အရသာရှိတဲ့ အစားအစာတစ်ခုလို စိုက်ကြည့်နေတာပါ။
“ရွှတ်!” လင်းရှုက ဓားကို အားကုန်လွှဲခုတ်လိုက်ပါတယ်။
ဒါပေမဲ့ အတောင်နီမြွေက တော်တော်လေး မြန်ဆန်လွန်းပြီး ရှောင်ထွက်သွားနိုင်ခဲ့ပါတယ်။
“လှည့်ပြီး အောက်ကို ထိုးစိုက်လိုက်!” လော့ယွဲ့က မျက်မှောင်ကြုတ်ရင်း အေးအေးဆေးဆေးပဲ လမ်းညွှန်ပေးလိုက်ပါတယ်။
ဒီလိုအဆင့်ရှိတဲ့ ဗီဇပြောင်းသတ္တဝါမျိုးဆိုရင် သူမသာ ဒဏ်ရာမရထားဘူးဆိုရင် အလွယ်လေး နှိမ်နင်းနိုင်တာပေါ့။
လော့ယွဲ့ရဲ့ ညွှန်ကြားချက်ကို ကြားတော့ လင်းရှု ခဏတော့ ကြောင်သွားပေမဲ့ ချက်ချင်းပဲ တုံ့ပြန်လိုက်ပါတယ်။ သူက ဓားကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး သူမပြောသလို လုပ်လိုက်တဲ့အခါ အတောင်နီမြွေရဲ့ ကိုယ်ထည်အလယ်ကို တည့်တည့်ကြီး ထိုးစိုက်မိပြီး မြေကြီးမှာ ကပ်သွားပါတော့တယ်။
“ရှူးး ရှူးး——”
မြွေက အသံတွေထွက်ပြီး လင်းရှုကို အသည်းအသန် ပြန်ကိုက်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ သူ့ကိုယ်ထည်က ဓားရှည်နဲ့ မြေကြီးမှာ စိုက်ထားခံရတာကြောင့် လုံးဝ လှုပ်လို့မရတော့ပါဘူး။
ဒီလောက် လွယ်တာလား!?
“ဟဲဟဲ... မင်းက တော်တော် ဒေါသကြီးတာပဲနော်!” လင်းရှု သက်ပြင်းချလိုက်ပြီး မြွေကို ကြည့်ကာ ပြောလိုက်ပါတယ်။
“ကဲ... ကိုက်စမ်းပါဦး၊ လာကိုက်လေ... အားးး!” အဲဒီအချိန်မှာပဲ အတောင်နီမြွေရဲ့ ခေါင်းက ကိုယ်ထည်ကနေ ပြတ်ထွက်သွားပြီး လင်းရှုဆီ တည့်တည့်ကြီး ပျံလာကာ သူ့လက်မောင်းကို ကိုက်ပစ်လိုက်ပါတော့တယ်။ (ခံရပီ မှတ်ကရော😂)
ဒီမြင်ကွင်းကို မြင်တော့ လော့ယွဲ့က မပြုံးဘဲ မနေနိုင်ဖြစ်သွားပေမဲ့ ချက်ချင်းပဲ ပုံမှန်အတိုင်း ပြန်နေလိုက်ပါတယ်။
“တောက်! သွားစမ်း!” လင်းရှုက သူ့လက်မောင်းမှာ ကပ်နေတဲ့ မြွေခေါင်းကို ဆွဲခွာပြီး မြေပြင်ပေါ် ပစ်ချကာ ခြေထောက်နဲ့ အားကုန် နင်းခြေပစ်လိုက်ရာ မြွေခေါင်းက ရစရာမရှိအောင် ကြေမွသွားပါတယ်။
“ဒင်~~”
“ဂုဏ်ယူပါတယ် ပိုင်ရှင်၊ အဆင့် (၂) အတောင်နီမြွေကို သတ်ဖြတ်နိုင်ခဲ့သဖြင့် အတွေ့အကြုံမှတ် ၂၅၀၀ ရရှိပါသည်။”
လင်းရှုရဲ့ ခေါင်းထဲမှာ အေးစက်စက် အသံကြီးကို ကြားလိုက်ရတော့မှ သူ သက်ပြင်းချနိုင်ပါတော့တယ်။
“မင်း ငါ့ကို သတိမပေးဘူးနော်” လင်းရှုက လော့ယွဲ့ကို ကြည့်ပြီး ဒေါသတကြီး ပြောလိုက်ပါတယ်။ ဒီမြွေခေါင်းက ကိုယ်ထည်ကနေ ပြတ်ထွက်နိုင်တယ်ဆိုတာ သူမ သေချာပေါက် သိနေတာပဲလေ!
“မင်းမှ မမေးတာ” လော့ယွဲ့က လင်းရှုကို ခပ်စောင်းစောင်းလေး ကြည့်ပြီး အေးအေးဆေးဆေးပဲ ပြန်ဖြေပါတယ်။
လင်းရှုရဲ့ နှုတ်ခမ်းတွေ တုန်သွားရပါတယ်။ အဲဒီနောက် သူနင်းခြေထားတဲ့ မြွေခေါင်းထဲကနေ ထူးဆန်းပုံဆောင်ခဲ ကို ထုတ်ယူလိုက်ပါတယ်။
အဆင့် (၂) ပုံဆောင်ခဲဆိုတော့ တန်ဖိုး တော်တော်ရှိမှာပါ။
ဒါပေမဲ့ လင်းရှု ရုတ်တရက် တောင့်တင်းသွားပါတယ်။ အကိုက်ခံလိုက်ရတဲ့ နေရာကနေ စူးရှတဲ့ နာကျင်မှုကို သူ ခံစားလိုက်ရလို့ပါ။
ချက်ချင်းဆိုသလိုပဲ သူ့တစ်ကိုယ်လုံးဟာ မီးနဲ့မြှိုက်ထားသလို ပူလောင်လာပါတော့တယ်။
အိုး... "ခွဲခြမ်းစိတ်ဖြာနိုင်သော မျက်လုံး" က ဒီမြွေရဲ့ အစွယ်တွေမှာ အဆိပ်ရှိတယ်လို့ သတိပေးထားတာကို သူ မေ့သွားတယ်!
“ဟိုဘက်မှာ ရေအေးရှိတယ်” လော့ယွဲ့က ဘေးဘက်ကို မျက်စိတစ်ချက်ပြရင်း ပြောလိုက်ပါတယ်။
“ရေအေးက အဆိပ်ပြေစေတာလား?”
လင်းရှု သူမစကားကို ကြားမှ သတိပြန်ဝင်လာပါတယ်။ ‘ရေအေးက ဒီမြွေအဆိပ်ကို ပျောက်ကွယ်သွားစေနိုင်တယ်လို့ သူမ ဆိုလိုတာလား?’
သူ အများကြီး ဆက်မစဉ်းစားတော့ဘဲ ဘေးဘက်ကို အမြန်ပြေးသွားပြီး မြစ်ထဲကို တန်းခုန်ချလိုက်ပါတော့တယ်။
မြစ်ရေက အရမ်းကြည်လင်နေပြီး လရောင်အောက်မှာ ရေအောက်ခြေကိုတောင် မြင်နေရပါတယ်။
အေးစက်နေတဲ့ မြစ်ရေတွေက သူ့တစ်ကိုယ်လုံးကို စိုရွှဲသွားစေတဲ့အခါ လင်းရှု ခံစားနေရတဲ့ ပူလောင်မှုတွေက ချက်ချင်း ငြိမ်သက်သွားသလို ခံစားလိုက်ရပါတယ်။
“ဟူး...” သူ သက်ပြင်းချလိုက်မိပါတယ်။
ဒီလို အဆိပ်မျိုးက လူ့ခန္ဓာကိုယ်ကို မီးလောင်သလို ပူလောင်စေတာမျိုးပါ။ ဒါပေမဲ့ ရေအေးရဲ့ အကူအညီနဲ့ဆိုရင်တော့ သူ့ကို သိပ်ပြီး ထိခိုက်စေမှာ မဟုတ်ပါဘူး။
“အိုး... မင်းကိုး” အဖွဲ့ခေါင်းဆောင်ဖြစ်သူက ရယ်မောရင်း ပြောလိုက်ပါတယ်။
မကြာခင်မှာပဲ လူတစ်စု လမ်းလျှောက်လာကြပြီး သစ်ပင်ကို မှီထိုင်နေတဲ့ လော့ယွဲ့ကို တွေ့သွားကြပါတယ်။
“ထွက်သွားကြစမ်း၊ မဟုတ်ရင် ငါ့လက်နဲ့ အသေခံကြမလား!” လော့ယွဲ့က မျက်မှောင်ကြုတ်ပြီး သူတို့ကို အေးစက်စက် အော်ပြောလိုက်ပါတယ်။
ကျန်းလျန် က သစ်ပင်ကို မှီနေတဲ့ လော့ယွဲ့နဲ့ အလှမ်းဝေးမှာ ရှိနေတဲ့ ဓားရှည်ကို ကြည့်ပြီး သူမ ဒဏ်ရာရထားမှန်း အကြမ်းဖျင်း ခန့်မှန်းမိလိုက်ပါတယ်။
သူ တကယ့်ကို ဝမ်းသာသွားတာပေါ့!
သူ အရင်က ဒီမိန်းကလေးကို မြင်ဖူးပါတယ်။ သူမက အဆင့် (၃) ဗီဇပြောင်းသတ္တဝါကို သူမရဲ့ ဓားတစ်ချက်တည်းနဲ့ သတ်ပစ်ခဲ့တာလေ။ သူမရဲ့ ကြောက်စရာကောင်းတဲ့ အစွမ်းကြောင့် သူ တော်တော်လေး အံ့သြခဲ့ရတာပါ။
ပိုပြီး အရေးကြီးတာက သူမက တော်တော်လေး ငယ်သေးတယ်လေ။
“ခေါင်းဆောင်၊ ကြည့်ရတာ သူ တော်တော် ဒဏ်ရာပြင်းပုံရတယ်၊ လှုပ်တောင် မလှုပ်နိုင်ဘူး” လူတစ်ယောက်က ကျန်းလျန်ရဲ့ နားနားကပ်ပြီး တိုးတိုးလေး ပြောလိုက်ပါတယ်။
ကျန်းလျန် ခေါင်းငြိမ့်လိုက်ပါတယ်၊ သူလည်း အဲဒီအတိုင်း ထင်နေတာပါ။
“ဇန်း... ဇန်း——”
အဲဒီအချိန်မှာပဲ လော့ယွဲ့ရဲ့ မျက်လုံးတွေ ကျုံ့သွားပြီး သူမရဲ့ ညာဘက်လက်ကို ဆန့်ထုတ်လိုက်တဲ့အခါ အဝေးက ဓားရှည်က သူမလက်ထဲကို ပျံဝင်လာပါတော့တယ်။
သူမက အဲဒီလူတွေကို စိုက်ကြည့်ပြီး အေးစက်စက် ပြောလိုက်ပါတယ်။ “ထွက်သွားစမ်း။”
“ငါ့ကို လာမခြောက်နဲ့၊ မင်း အခု အားစိုက်လို့တောင် မရတော့ဘူး မဟုတ်လား...” ကျန်းလျန် လန့်သွားပေမဲ့ မျက်နှာပြောင်တိုက်ပြီး ပြောလိုက်ပါတယ်။