အခန်း ၁၂၀ - အမျိုးသမီးစစ်သည်တော်နှင့် ပြင်းထန်သောတိုက်ပွဲ၊၊
ဒီတစ်ကြိမ်မှာတော့ လင်းရှူဟာ သူတို့ကို အရင်တိုက်ခိုက်ခွင့် မပေးတော့ပါဘူး၊၊ သူက အရှိန်နဲ့ လှုပ်ရှားလိုက်ပြီး အနီးဆုံးမှာရှိတဲ့ စစ်သည်တော်ဆီကို ချက်ချင်း ရောက်သွားတယ်၊၊
မိုးရွာနေတာကြောင့် ‘ဖီးနစ်အရှိန်အဝါ’ စွမ်းရည်က အာနိသင် တော်တော်လေး လျော့နည်းနေတာမို့ လင်းရှူက အဲဒါကို မသုံးတော့ဘဲ မူလစွမ်းအားနဲ့ ခွန်အား အသုံးနည်းတဲ့ ‘နှင်းဆီမုန်တိုင်းတိုက်ခိုက်မှု’ ကိုပဲ အစားထိုး သုံးလိုက်ပါတယ်၊၊
ရှူး ရှူး ရှူး -
အသံနဲ့အတူ အဲဒီလူရဲ့ ကိုယ်ခန္ဓာဟာ အပေါက်တွေ အပြည့်နဲ့ ပျားအုံတစ်ခုလို ဖြစ်သွားပါတော့တယ်၊၊
“မင်းတို့ရဲ့ စွမ်းရည်တွေကို သုံးပြီး သူ့ကို သတ်ပစ်ကြစမ်း၊၊” ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ အမျိုးသမီးက ဟိန်းဟောက်လိုက်တယ်၊၊
လွင့်စင်သွားတဲ့ လူအနည်းငယ်ဟာ ချက်ချင်း ပြန်ထလာပြီး ရှေ့ကို ပြေးဝင်လာကြတယ်၊၊ ဒီတစ်ခါတော့ သူတို့အားလုံး လင်းရှူကို သူတို့ရဲ့ အားအကောင်းဆုံး စွမ်းရည်တွေနဲ့ တိုက်ခိုက်လိုက်ကြပြီ၊၊
သူတို့အားလုံးက အဆင့် ၂ စစ်သည်တော်တွေ ဖြစ်ကြပြီး တစ်ယောက်ချင်းစီက သိပ်မသန်မာပေမဲ့ အဆင့် ၂ စစ်သည်တော် အများအပြားက အားအကောင်းဆုံး စွမ်းရည်တွေကို တစ်ပြိုင်နက် သုံးလိုက်မယ်ဆိုရင် အဆင့် ၃ စစ်သည်တော် တစ်ယောက်တောင် ကြီးမားတဲ့ အန္တရာယ်ကို ခံစားရမှာပါ၊၊
ဒါပေမဲ့ အဲဒါက သာမန်စစ်သည်တော်တွေအတွက်ပဲလေ…၊၊
လင်းရှူက လှံမည်းကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ‘စီရင်ခြင်း’ စွမ်းရည်ကို ထုတ်ဖော်လိုက်ပါတယ်၊၊
သူတို့အားလုံးရဲ့ မျက်နှာပေးတွေ ချက်ချင်း ပြောင်းလဲသွားပြီး ခန္ဓာကိုယ်တွေက တစ်ပြိုင်နက် ပေါက်ကွဲထွက်သွားတယ်၊၊ သူတို့အားလုံး အတူတူ သေဆုံးသွားကြပါပြီ၊၊
သူတို့တွေ သေဆုံးသွားတာကို မြင်လိုက်ရတဲ့ အမျိုးသမီးဟာ မျက်လုံးအပြူးသားနဲ့ အံ့သြတုန်လှုပ်သွားရတယ်၊၊
“ဒါ… ဒါ ဘာဖြစ်သွားတာလဲ၊၊”
လင်းရှူရဲ့ ခွန်အားက အစက အဆင့် ၁ ပဲ ရှိတယ်လို့ သူမ သတိထားမိခဲ့တာပါ၊၊ ဒါပေမဲ့ အခု သူ ထုတ်ဖော်လိုက်တဲ့ စွမ်းအားကတော့ အဆင့် ၃ ထက်တောင် သေချာပေါက် သာလွန်နေတာကိုး၊၊
သူမက သူ့ကို အကဲခတ်နေတုန်းမှာပဲ လင်းရှူက သူမကို လှောင်ပြုံး ပြုံးပြလိုက်တယ်၊၊
“ကြည့်ရတာ ‘ရုပ်ဖျက်ခြင်း’ က တကယ်ကို အလုပ်ဖြစ်တာပဲ၊၊ အနည်းဆုံးတော့ အတွေ့အကြုံ ရမှတ်တွေ အလကား လာပေးမယ့် စက်ဆုပ်စရာကောင်းတဲ့ လူတွေကို ဆွဲဆောင်နိုင်တာပေါ့၊၊”
“ဟိုးဟိုးဟိုး၊၊” အမျိုးသမီးက ရုတ်တရက် ရယ်မောလိုက်ပြီး သူမရဲ့ လျှာနဲ့ ဓားမြှောင်ကို လျက်လိုက်တယ်၊၊
“စိတ်ဝင်စားဖို့ ကောင်းတယ်၊ တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ၊၊” အမျိုးသမီးက မကြောက်တဲ့အပြင် ပိုတောင် စိတ်လှုပ်ရှားနေတဲ့ ပုံစံမျိုးပါ၊၊
သတ်ဖြတ်ရတာက အမြဲတမ်း စိတ်လှုပ်စားဖို့ ကောင်းတာ မဟုတ်လား၊၊
အထူးသဖြင့် သန်မာတဲ့ စစ်သည်တော်တစ်ယောက်ရဲ့ ခေါင်းကို ဖြတ်ယူရတာမျိုးဆိုရင်ပေါ့၊၊
အမျိုးသမီးက သူမရဲ့ ခွန်အားတွေကို အပြည့်သုံးပြီး လင်းရှူဆီကို တည့်တည့်ကြီး ပြေးဝင်လာပါတော့တယ်၊၊
သူမက အရမ်းမြန်တယ်၊၊
သူမရဲ့ အရှိန်ကို မြင်လိုက်ရတဲ့ လင်းရှူ မျက်လုံးတွေ ပြူးသွားရတယ်၊၊
မိုးစက်တွေက သူ့ကိုယ်ပေါ်ကို စင်နေပြီး တချို့က မျက်လုံးထဲ ဝင်ကုန်တာကြောင့် အမြင်အာရုံကလည်း အနည်းငယ် အနှောင့်အယှက် ဖြစ်နေပါတယ်၊၊
အမျိုးသမီးရဲ့ ပုံရိပ်က အရိပ်တွေ အများကြီး ဖြစ်သွားသလို ခံစားရတာကြောင့် လင်းရှူရဲ့ မျက်နှာပေးက တည်ကြည်သွားတယ်၊၊
“လှုပ်ရှားမှု ကျင့်စဉ်လား၊၊”
လင်းရှူက ညာခြေကို ဘေးကားလိုက်ပြီး လှံကို လက်နှစ်ဖက်နဲ့ မြဲမြဲကိုင်လိုက်တယ်၊၊
သူ့ရဲ့ အာရုံခံနိုင်စွမ်းကို ၅ ပေ ပတ်လည်လောက်အထိ ဖြန့်ကျက်ထားလိုက်တယ်၊၊ ဘယ်သူပဲ ဝင်လာဝင်လာ သူ ချက်ချင်း သိမှာပါ၊၊
နောက်မှာ၊၊
လင်းရှူ မျက်လုံးကို ကျဉ်းလိုက်ပြီး သူ့ရဲ့လှံကို နောက်ပြန် အရှိန်နဲ့ ထိုးနှက်လိုက်ပါတယ်၊၊
တချွင် -
လှံဖျားက သူမရဲ့ ဓားမြှောင်နဲ့ တည့်တည့် တိုက်မိသွားပြီး သတ္တုချင်း ထိခိုက်သံ အကျယ်ကြီး ထွက်ပေါ်လာတယ်၊၊
“ဟဲဟဲ၊ မဆိုးဘူးပဲ၊၊” အမျိုးသမီးက ထူးဆန်းတဲ့ အပြုံးကို ပြုံးလိုက်ပြီး လင်းရှူကို သူမရဲ့ ဓားမြှောင်တွေနဲ့ ဆက်တိုက် တိုက်ခိုက်ပါတော့တယ်၊၊
ချွင် ချွင် ချွင် -
လင်းရှူ မျက်မှောင်ကြုတ်လိုက်မိတယ်၊၊ သည်းထန်တဲ့ မိုးကြောင့် သူ့ရဲ့ အမြင်အာရုံက ဝေဝါးနေသလို အမျိုးသမီးကလည်း သူမရဲ့ အရှိန်ကိုပဲ အဓိက သုံးနေတာကိုး၊၊ လှံမည်းကြီးကလည်း အရမ်းလေးလံနေတာကြောင့် လင်းရှူရဲ့ အရှိန်ကိုပါ ထိခိုက်နေစေပါတယ်၊၊
“ဟွန်း၊၊” လင်းရှူ နှာခေါင်းရှုံ့လိုက်ပြီး အနက်ရောင် အရိပ်တွေ အများကြီး ထွက်ပေါ်လာအောင် လှံကို အရှိန်နဲ့ ထိုးနှက်လိုက်တယ်၊၊
အမျိုးသမီးရဲ့ မျက်လုံးတွေ ကျဉ်းမြောင်းသွားတယ်၊၊ အဲဒီအချိန်မှာပဲ သူမက တိုက်ကွက်တွေကို ရှောင်ဖို့အတွက် အရိပ်တစ်ခုလိုမျိုး ဖြစ်သွားပါတယ်၊၊
ခွဲခြားစိစစ်နိုင်တဲ့ မျက်လုံးအရ သူမက အဆင့် ၃ စစ်သည်တော် တစ်ယောက်ဖြစ်ပြီး အခြေအနေ အားလုံးက မျှတနေတာကို လင်းရှူ သိလိုက်တယ်၊၊ သူမက ခွန်အားပိုင်းမှာ မညံ့တဲ့အပြင် အရှိန်ကတော့ လင်းရှူထက်တောင် ပိုမြန်နေပါသေးတယ်၊၊
“နဂါးချုပ်နှောင်ခြင်း ဓားချက်၊၊” အမျိုးသမီးက သစ်ပင်တစ်ပင်ပေါ်ကို နောက်ပြန်ခုန်တက်လိုက်ပြီး သူမရဲ့ ဓားမြှောင်တွေကို လင်းရှူဆီ လွှင့်ပစ်လိုက်ပါတယ်၊၊
ဓားမြှောင်တွေက လင်းရှူနားကို ရောက်လာတဲ့အခါ အရှိန်တွေ ရုတ်တရက် မြင့်တက်သွားပြီး အနက်ရောင် မြူခိုးတွေ ထွက်ပေါ်လာတယ်၊၊ အဲဒီမြူခိုးတွေက ပိုပြီး ပျစ်ခဲလာကာ လင်းရှူဆီ ရောက်ခါနီးမှာပဲ ကြောက်စရာကောင်းတဲ့ အနက်ရောင် နဂါးခေါင်းကြီး နှစ်ခုအဖြစ် ပြောင်းလဲသွားပါတော့တယ်၊၊ သူတို့က လင်းရှူကို ဝါးမျိုပစ်တော့မယ့် ပုံစံမျိုးပါပဲ၊၊
လင်းရှူက ပြင်းထန်တဲ့ စွမ်းအားကို ခံစားလိုက်ရတာကြောင့် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ကိုယ်ကို ၉၀ ဒီဂရီလောက်အထိ လှည့်ပြီး ရှောင်လိုက်တယ်၊၊
နဂါးခေါင်းအဖြစ် ပြောင်းလဲသွားတဲ့ ဓားမြှောင်နှစ်လက်က သူ့ကို လွဲသွားပေမဲ့ ချက်ချင်းပဲ နောက်ကို ပြန်လှည့်လာပါတယ်၊၊
သူတို့က လင်းရှူနောက်ကို လိုက်တဲ့အခါ အရင်ထက်တောင် ပိုမြန်လာပါသေးတယ်၊၊
ချွင် -
လင်းရှူက ခွန်အားတွေကို သုံးပြီး ဓားမြှောင်တစ်လက်ကို ရိုက်ချလိုက်တယ်၊၊
ဒါပေမဲ့ အဲဒီဓားမြှောင်က မြေပြင်ပေါ်ကို ပြုတ်မကျဘဲ သူ့ဆီကိုပဲ အရှိန်နဲ့ ပြန်ပျံလာပြန်ပါတယ်၊၊
အဲဒါက အရမ်းမြန်လွန်းတာကြောင့် လင်းရှူကို အံ့သြသွားစေတယ်၊၊
အရပ်မျက်နှာ အသီးသီးကနေ သူ့ကို အသည်းအသန် တိုက်ခိုက်နေတာကတော့ တစ်နေရာတည်းမှာတင် ဝဲနေသလိုပါပဲ၊၊
“ဟားဟားဟား၊ နင်က အားစိုက်လေလေ၊ ဒါက ပိုပြီး အားကောင်းလာလေလေပဲ၊၊” အမျိုးသမီးက ယုတ်မာစွာ ရယ်မောလိုက်တယ်၊၊
လင်းရှူ အာရုံနည်းနည်း လွတ်သွားတဲ့ အချိန်မှာပဲ ဓားမြှောင်တစ်လက်က သူ့ရဲ့ လည်ပင်းကို ဝေ့သွားတာကြောင့် နာကျင်မှုကို ချက်ချင်း ခံစားလိုက်ရတယ်၊၊
“မဟုတ်ဘူး၊ ဒီလိုအတိုင်း ဆက်သွားလို့ မဖြစ်ဘူး၊ ဓားမြှောင်တွေက ဘယ်လိုပဲ ကျကျ ပြန်ထလာပြီး ငါ့ကို ပိုမြန်တဲ့ အရှိန်နဲ့ တိုက်ခိုက်နေမှာပဲ၊၊”
“အသေအလဲပဲ၊၊”
“နင့်ကို အရင် ရှင်းပစ်လိုက်မယ်၊၊” လင်းရှူက သူ့ဆီလာနေတဲ့ ဓားမြှောင်တွေကို ဂရုမစိုက်တော့ဘဲ အမျိုးသမီးဆီကိုပဲ တည့်တည့်ကြီး ပြေးဝင်လိုက်ပါတော့တယ်၊၊
သူက ကိုယ်ကို ကိုင်းလိုက်ပြီး စပရင်တစ်ခုလို ရှေ့ကို ခုန်တက်ကာ လေထဲမှာပဲ လှံကို ဝေ့ယမ်းလိုက်တယ်၊၊
အမျိုးသမီးက လန့်သွားပြီး လင်းရှူရဲ့ လှံက အပြာရောင် သစ်ပင်ကြီးကို ထိခါနီးမှာပဲ အမြန် နောက်ဆုတ်လိုက်ပါတယ်၊၊
ဘုန်း -
သစ်ပင်ပင်စည်ကြီးက ပြတ်ထွက်သွားပြီး သစ်ပင်ကြီး တစ်ပင်လုံး လဲကျသွားပါတော့တယ်၊၊
သူက လှံကို မြဲမြဲကိုင်ပြီး သူမနောက်ကို ဆက်တိုက် လိုက်ပါတော့တယ်၊၊
အမျိုးသမီးရဲ့ ကိုယ်ခန္ဓာက အရမ်းကို ပျော့ပျောင်းပြီး လေထဲကို အလွယ်တကူ ခုန်တက်သွားတယ်၊၊ သူမက လေထဲမှာ တစ်ပတ်လှည့်လိုက်ပြီး ပြန်လာတဲ့ ဓားမြှောင်နှစ်လက်ကို ဖမ်းကိုင်လိုက်ပါတယ်၊၊
သူမက ညာခြေနဲ့ သစ်ပင်ပင်စည်ပေါ်ကို နင်းလိုက်ပြီး အရှိန်ယူကာ လင်းရှူဆီကို ပြန်ပြီး ခုန်အုပ်လိုက်ပြန်တယ်၊၊
“လခြမ်းပုံစံ ဓားချက်၊၊” အမျိုးသမီးက သူမရဲ့ ဓားမြှောင်တွေကို မရပ်မနား ဝေ့ယမ်းလိုက်တာကြောင့် မိုးစက်တွေကိုတောင် ဖြတ်တောက်နိုင်တဲ့ လခြမ်းပုံစံ ဓားချက်တွေ အများကြီး ထွက်ပေါ်လာပြီး လင်းရှူဆီကို ဦးတည်လာပါတော့တယ်၊၊
လင်းရှူကတော့ သူရပ်နေတဲ့ နေရာမှာပဲ သူမကို စိုက်ကြည့်နေတယ်၊၊ သူက လှံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ညာခြေကို ရှေ့တိုးကာ ဘယ်ခြေကို အားပြုလိုက်တယ်၊၊ အဲဒီအချိန်မှာပဲ သူ့တစ်ကိုယ်လုံးမှာရှိတဲ့ မူလစွမ်းအားတွေကို အကုန်လုံး နှိုးဆွလိုက်ပါတော့တယ်၊၊
“နဝမကောင်းကင် ဂလက်ဆီကျဆင်းခြင်း၊၊”