အခန်း ၁၁၂ - တိုက်ရန်နိုဆောရပ်စ် မျှော့ကြီး၊၊
လင်းရှူက သူရဲ့ညာဘက်ခြေထောက်နဲ့ သစ်ကိုင်းကိုနင်းပြီး ကိုယ်ကိုလေထဲမှာ အရှိန်နဲ့လှည့်လိုက်တယ်၊၊ အရှိန်ရသွားတာနဲ့ နောက်ထပ်သစ်ကိုင်းတစ်ခုဆီကို လွှားခနဲခုန်သွားပြီး ကျားနက်ဓားပြနောက်တစ်ယောက်ကို သတ်လိုက်ပြန်ပါတယ်၊၊
မိနစ်အနည်းငယ်အတွင်းမှာတင် လင်းရှူဟာ ချောင်းမြောင်းတိုက်ခိုက်နေတဲ့ ကျားနက်ဓားပြအများကြီးကို အပြတ်ရှင်းပစ်နိုင်ခဲ့တယ်၊၊
စနိုက်ပါသမား စုစုပေါင်း ၆ ယောက်ဖြစ်ပြီးတော့ အတွေ့အကြုံရမှတ် ၇ သိန်းတောင် ရလိုက်ပါသေးတယ်၊၊
သူ့ရဲ့ လက်ရှိအခြေအနေပြဘုတ်မှာတော့ -
အတွေ့အကြုံရမှတ် - ၃၈၃၉၆၃၅ (နောက်တစ်ဆင့်တက်ဖို့ ၁၅၀၀၀၀၀ လိုအပ်သည်)
နောက်ထပ် ၁ သန်းခွဲဆိုရင် သူနောက်တစ်ဆင့်ကို ထပ်တက်နိုင်ပြီ၊၊
ဒါကိုတွေးမိတဲ့အခါ လင်းရှူက အဆင့် ၂ စစ်သည်တော်တွေ ဒီလောက်နည်းနေတာကို စိတ်မကောင်းတောင် ဖြစ်သွားမိတယ်၊၊
“အားလုံး သေကုန်ပြီလား၊၊” ထျန်းကျိက မယုံနိုင်သလို ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေတယ်၊၊ မြေပြင်ပေါ်မှာ ခေါင်းတွေပေါက်ကွဲနေတဲ့ စစ်သည်တော်အလောင်းတွေ အများကြီးရှိနေပြီး ကြည့်ရတာ တော်တော်လေးကို ကြောက်စရာကောင်းပါတယ်၊၊
“ဒါက မြန်လွန်းမနေဘူးလား၊၊”
“ငါက တစ်ယောက်ပဲ သတ်ရသေးတယ်၊၊ သူက ကျန်တဲ့သူတွေကို အကုန်ရှင်းပစ်လိုက်ပြီလား၊၊”
“ဒီနေရာက ကျားနက်ဓားပြတွေရဲ့ နယ်မြေလား၊၊” လင်းရှူက ထျန်းကျိကို ကြည့်ပြီး မေးလိုက်တယ်၊၊
ထျန်းကျိက ခဏစဉ်းစားပြီးမှ “အဲဒါကိုတော့ ငါအသေအချာမသိဘူး၊၊ ဒါပေမဲ့ ပြာလဲ့လဲ့တောအုပ်ထဲမှာ စစ်သည်တော်တွေ အများကြီးရှိတယ်ဆိုတာတော့ သိတယ်၊၊ စိတ်ထားမကောင်းတဲ့ စစ်သည်တော်တချို့က ဒီမှာပုန်းပြီး အသစ်လာတဲ့သူတွေကို လုယက်ဖို့ စောင့်နေတတ်ကြတယ်၊၊” လို့ ပြန်ဖြေတယ်၊၊
“ဒါဆို အခု ဘယ်ဘက်ကို ဆက်သွားမလဲ၊၊”
ပြာလဲ့လဲ့တောအုပ်က ဘယ်ဘက်ကိုကြည့်ကြည့် အဆုံးမရှိသလိုပဲ တူတူပါပဲ၊၊
ပိုဆိုးတာက ပတ်ဝန်းကျင်က သစ်ပင်တွေကလည်း အားလုံးတူနေကြတာပဲ၊၊ အပြာရောင်သစ်ပင်၊ အပြာရောင်သစ်ရွက်တွေနဲ့ ဘာမှမထူးခြားကြဘူး၊၊
မြေပြင်ပေါ်က မြက်ခင်းတွေကလည်း ပြာလဲ့လဲ့အရောင်တွေဖြစ်နေပြီး ထူးထူးခြားခြား လှပနေတယ်၊၊
ဒါပေမဲ့ ဒီအချက်တွေကပဲ စစ်သည်တော်တွေကို လမ်းပျောက်အောင် လုပ်နေတာပါ၊၊
ဒီနေရာနဲ့ အကျွမ်းတဝင်မရှိတဲ့သူတွေဆိုရင် လမ်းပျောက်ဖို့ အရမ်းလွယ်ကူပြီး ဘယ်လမ်းက ပြန်ရမှန်းတောင် သိမှာမဟုတ်တော့ဘဲ ဒီတောအုပ်ထဲမှာတင် သေဆုံးသွားနိုင်ပါတယ်၊၊
“ဟီးဟီး၊၊ အရင်တစ်ခါ ငါဒီကိုလာတုန်းက လမ်းပျောက်လုနီးပါး ဖြစ်ခဲ့ဖူးတယ်၊၊ အခုတော့ ငါက ပိုပြီးပါးနပ်သွားပြီလေ၊၊” ထျန်းကျိက လင်းရှူရဲ့စကားကိုကြားတော့ သဘောကျစွာပြုံးရင်း သူ့အိတ်ထဲကနေ အလုံးပုံစံ အရာတစ်ခုကို ထုတ်လိုက်တယ်၊၊
“အဲဒါ အိမ်မြှောင်လား၊၊” လင်းရှူက သူ့အရင်ကမ္ဘာမှာ မြင်ဖူးတဲ့ အိမ်မြှောင်နဲ့တူနေတာကြောင့် မေးလိုက်တာပါ၊၊
“မဟုတ်ဘူး၊၊ ဒါက ထူးခြားတဲ့အရာတစ်ခုပဲ၊၊ ဒီနေရာက သံလိုက်ဓာတ်တွေကို အနှောင့်အယှက်ပေးတာကြောင့် သာမန်အိမ်မြှောင်တွေက သုံးလို့မရဘူး၊၊” ထျန်းကျိက ခေါင်းခါရင်း ဆက်ပြောတယ် “ဒီအရာက သံလိုက်ဓာတ် အားအကောင်းဆုံးနေရာကို ညွှန်ပြပေးမှာ၊၊”
“ပြာလဲ့လဲ့တောအုပ်ရဲ့ အလယ်ဗဟိုကို နီးကပ်လေလေ သံလိုက်ဓာတ်က ပိုအားကောင်းလေလေပဲ၊၊ ဒါရှိရင် ငါတို့ လမ်းမပျောက်တော့ဘူး၊၊” ထျန်းကျိက ပြုံးရင်း ရှင်းပြတယ်၊၊
လင်းရှူက ခေါင်းညိတ်လိုက်တယ်၊၊ ထျန်းကျိနဲ့ အတူလာတာက သူအတွက် တော်တော်လေး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ၊၊ မဟုတ်ရင် သူလည်း ဒီတောအုပ်ထဲမှာ ဒုက္ခရောက်နေမှာ အသေအချာပဲ၊၊
သူတို့တွေ ရှေ့ကိုဆက်သွားကြတဲ့အခါမှာတော့ တခြားလူတွေလည်း မတွေ့ရသလို သားရဲတစ်ကောင်မှလည်း မရှိပါဘူး၊၊
ဒါပေမဲ့ လင်းရှူကတော့ ကျားနက်ဓားပြတွေ ထပ်ပေါ်လာဦးမယ်လို့ ခံစားနေရတယ်၊၊ သူက သတိကို လုံးဝမလျှော့ဘဲ ဆက်သွားနေတယ်၊၊
ဝူး -
ဒီအချိန်မှာပဲ လင်းရှူက ကျယ်လောင်တဲ့ ဟိန်းဟောက်သံကြီးတစ်ခုကို ကြားလိုက်ရတယ်၊၊
ပတ်ဝန်းကျင်က သစ်ရွက်တွေကလည်း အဲဒီဟိန်းသံကြောင့် တုန်ခါနေသလိုပဲ တရှဲရှဲ မြည်နေကြတယ်၊၊
“အဲဒါ ဘာကြီးလဲ၊၊” လင်းရှူက မျက်မှောင်ကြုတ်ပြီး မေးလိုက်တယ်၊၊
အသံကို ကြားရရုံနဲ့တင် ဒါက သာမန်သတ္တဝါမဟုတ်ဘဲ အဆင့်မြင့်သားရဲတစ်ကောင် ဖြစ်နိုင်တယ်ဆိုတာ လင်းရှူ သိလိုက်တယ်၊၊
“ငါလည်း မသိဘူး၊၊” ထျန်းကျိကလည်း စိုးရိမ်လာပါတယ်၊၊ သူက အဆင့်မြင့်စစ်သည်တော် မဟုတ်တာကြောင့် တောအုပ်ထဲ စဝင်ကတည်းက စိတ်လှုပ်ရှားနေတာပါ၊၊
သူက သူ့ရဲ့ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတယ်၊၊
“သွားကြည့်ရအောင်၊၊” လင်းရှူအတွက်တော့ သားရဲတွေက အတွေ့အကြုံရမှတ်တွေပဲလေ၊၊ နောက်ထပ် ၁ သန်းခွဲရရင် အဆင့်တက်တော့မှာဆိုတော့ သူက စိတ်လှုပ်ရှားနေတယ်၊၊
ထျန်းကျိက ကြောက်နေပေမဲ့လည်း အားတင်းပြီး ရှေ့ကို ဆက်လိုက်လာတယ်၊၊
“ဒီနားက မြေကြီးတွေက စိုနေတာပဲ၊၊ ဒီမှာ မိုးရွာထားတာလား၊၊” လင်းရှူက ရှေ့ကိုသွားရင်း အပြာနက်ရောင်မြေသားတွေက စိုစွတ်နေတာကို သတိထားမိလိုက်တယ်၊၊ အရောင်ကြည့်ရုံနဲ့ မသိသာပေမဲ့ ခြေထောက်အောက်က နူးညံ့နေတာကြောင့် သိလိုက်တာပါ၊၊
“သေမင်းလမ်းစဉ်မှာ တစ်ခါတလေ မိုးရွာတတ်တယ်၊၊ ဒါပေမဲ့ အတွင်းပိုင်းဒေသတွေမှာပဲ ရွာတာ၊၊” ထျန်းကျိက ဒီနေရာအကြောင်းကို ကောင်းကောင်းသိပုံရပြီး ရှင်းပြနေတယ်၊၊
သူတို့ ရှေ့ကို နည်းနည်း ထပ်သွားတဲ့အခါ လင်းရှူက အံ့သြလွန်းလို့ ပါးစပ်တောင် ဟသွားမိတယ်၊၊
“ဒါ… ဒါ ဘာကြီးလဲ၊၊”
အဲဒီသတ္တဝါကြီးက မျှော့ကြီးတစ်ကောင်နဲ့ တူနေတယ်၊၊ ရှေ့မှာက အရမ်းစိုစွတ်နေပြီး အပြာနုရောင် အလင်းဖောက်မြင်နေရတဲ့ ကိုယ်ထည်ကြီးက ရွှံ့ထဲမှာ တွန့်လိမ်နေတယ်၊၊ မျှော့ကြီးရဲ့ တစ်ကိုယ်လုံးမှာလည်း နူးညံ့တဲ့ ဆူးတွေပါနေပြီး ပါးစပ်ထဲမှာတော့ ထက်မြက်တဲ့ သွားတွေ အစီအရီ ရှိနေပါတယ်၊၊
လင်းရှူက အရင်က ဖတ်ခဲ့ဖူးတဲ့ အချက်အလက်တွေထဲမှာ ဒီလို ကြောက်စရာကောင်းတဲ့ သတ္တဝါကို တစ်ခါမှ မမြင်ဖူးပါဘူး၊၊
ချက်ချင်းပဲ လင်းရှူက ခွဲခြားစိစစ်နိုင်တဲ့ မျက်လုံးကို သုံးလိုက်တယ် -
ပစ်မှတ် - အဆင့် ၄ - တိုက်ရန်နိုဆောရပ်စ် မျှော့ (ဧရာမ)
ဝိသေသလက္ခဏာများ - ပြာလဲ့လဲ့တောအုပ်မှာပဲ နေထိုင်တတ်တဲ့ ရှားပါးမျိုးစိတ်ဖြစ်ပြီး အရွယ်အစားက ၅၀ စင်တီမီတာလောက် ရှိတတ်တယ်၊၊ တစ်ခါတလေမှာတော့ မျိုးရိုးဗီဇပြောင်းလဲပြီး ၁ မီတာလောက်အထိ ကြီးထွားလာနိုင်တယ်၊၊ လှုပ်ရှားမှု အရမ်းနှေးကွေးပြီး အသံက နွားအော်သံနဲ့ တူတယ်၊၊
“ဘုရားရေ…၊၊” ထျန်းကျိကလည်း လန့်သွားပြီး မျက်နှာက ဖြူလျော်သွားပါတယ်၊၊
ရှေ့မှာရှိနေတဲ့ သတ္တဝါကြီးက တကယ့်ကို ကြောက်စရာကောင်းသလို ရွံစရာလည်း ကောင်းလှပါတယ်၊၊
ဝူး -
ဒီအချိန်မှာပဲ ဧရာမမျှော့ကြီးက နောက်တစ်ကြိမ် ဟိန်းဟောက်လိုက်ပြန်တယ်၊၊ သူက လင်းရှူတို့ကို မြင်သွားပုံရပြီး ခန္ဓာကိုယ်ကို ခွေလိုက်တာက တိုက်ခိုက်ဖို့ ပြင်နေသလိုပါပဲ၊၊
“ခင်ဗျားမှာ ဆားပါလား၊၊” လင်းရှူက ကြက်သီးတွေတောင် ထနေတယ်၊၊ ရှေ့ကမြေက ရွှံ့နွံတွေဖြစ်နေတာကြောင့် သူက အတင်းပြေးသွားလို့ မရဘူး၊၊ နောက်ပြီး အဲဒီသတ္တဝါက သူတို့အပေါ် ရန်လိုနေတာ သိသာတယ်၊၊
မျှော့တွေက ဆားကို ကြောက်တယ်လို့ ကြားဖူးတာကြောင့် လင်းရှူက အဲဒါကို စမ်းကြည့်ဖို့ စဉ်းစားလိုက်တာပါ၊၊
“ပါတာပေါ့၊ ပါတယ်၊၊” ထျန်းကျိက ချက်ချင်း တုံ့ပြန်လိုက်တယ်၊၊
သူက သားရဲတွေကို ကင်စားဖို့အတွက် ဆားအမြဲဆောင်ထားတာပါ၊၊ သူက သာမန်ဆားတွေ ထည့်ထားတဲ့ အလင်းပေါက်ပုလင်းလေးတစ်လုံးကို အမြန်ထုတ်လိုက်တယ်၊၊
“ပေး၊၊” လင်းရှူက ချက်ချင်း ခိုင်းလိုက်တယ်၊၊
ထျန်းကျိက ခေါင်းညိတ်ပြီး လင်းရှူဆီကို ပစ်ပေးလိုက်ပါတယ်၊၊
လင်းရှူက အဲဒီမျှော့ကြီးကို နည်းနည်းတော့ ကြောက်နေပေမဲ့ ပုလင်းကိုဖွင့်ပြီး ဆားတွေကို ပစ်ထည့်လိုက်တယ်၊၊ ဆားတွေက မျှော့ကြီးရဲ့ ကိုယ်ပေါ်ကို ပျံ့နှံ့သွားပါတယ်၊၊
ဇီး ဇီး ဇီး -
ဆားတွေက မျှော့ကိုယ်ပေါ်ကို တည့်တည့်ကျသွားပြီး ထူးဆန်းတဲ့ အသံတွေ ထွက်လာတယ်၊၊
နာကျင်နေတဲ့အတိုင်းပဲ မျှော့ကြီးက တုန်ခါသွားပြီး ဆားတွေကို သူ့ကိုယ်ပေါ်ကနေ ဖယ်ထုတ်ဖို့ ကြိုးစားနေတယ်၊၊
ဒါပေမဲ့ အဲဒီနောက်မှာတော့ သူက ပိုပြီး ဒေါသထွက်သွားပုံရပါတယ်၊၊ သူက စပရင်တစ်ခုလို ကိုယ်ကို ခွေလိုက်ပြီး အမြောက်ဆံတစ်ခုလို ရှေ့ကို အရှိန်နဲ့ ပြေးထွက်လာပါတော့တယ်၊၊
လင်းရှူရှိတဲ့နေရာကို တည့်တည့်ကြီးပါပဲ၊၊