အခန်း (၁) — မြို့တော်သို့ ပြန်လည်ရောက်ရှိလာသူ
“အား— လူယုတ်မာ! ခိုးကြည့်နေတာပဲ!”
ညသန်းခေါင်ယံအချိန်။
မြို့ပြဧရိယာထဲက ဗီလာရပ်ကွက်တစ်ခုအတွင်း မိန်းကလေးတစ်ယောက်ရဲ့ ဒေါသတကြီး အော်ဟစ်သံက တိတ်ဆိတ်နေတဲ့ညကို ဖြိုခွင်းသွားသည်။
ဝုန်း!
တစ်စုံတစ်ယောက် အမြင့်ကနေ မြေပြင်ပေါ် ပြုတ်ကျလာတဲ့အသံ
“အာ့... နာလိုက်တာ...”
ရေပိုက်တွေနဲ့ ရေဖျန်းစက်တွေကြားထဲမှာ လူငယ်တစ်ယောက်က အသာထလာသည်
သူ့နာမည်က ယဲ့ဖုန်း
“မဖြစ်ဘူး... ဆရာ့ကို ဘီလူးက ဖမ်းသွားပြီ။ ငါ အမြန်သွားမှရမယ်...”
သူ ခဏရပ်လိုက်သည်
“...ဟင်?”
ယဲ့ဖုန်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
သူ့မျက်နှာပေါ်မှာ အံ့ဩမှုတွေ တဖြည်းဖြည်း ပေါ်လာသည်။
“ဒါ... ဘယ်နေရာလဲ?”
ရှေ့မှာ ခမ်းနားလှတဲ့ ဗီလာတစ်လုံး။
နောက်လှည့်ကြည့်လိုက်တော့ နောက်ထပ်ဗီလာတစ်လုံး။
အဝေးမှာတော့ မြို့ပြမီးရောင်တွေက ညကောင်းကင်အောက်မှာ ထိန်ထိန်လင်းနေသည်။
ကားတွေရဲ့ မီးရောင်တွေ၊ လမ်းမတွေပေါ်က လူတွေ၊ အဆောက်အအုံကြီးတွေ…
ဒီနေရာက မီးနဂါးဂူ မဟုတ်တော့ဘူး
“ဘယ်လိုဖြစ်ရတာလဲ...”
ယဲ့ဖုန်း မျက်မှောင်ကြုတ်လိုက်သည်။
သူမှတ်မိတာက မီးနဂါးဂူထဲမှာ ဘီလူးတစ်ကောင်နောက် လိုက်နေခဲ့တာပဲ။
အဲဒီအချိန်မှာ မသိလိုက်ဘဲ စက်ယန္တရားတစ်ခုကို နင်းမိသွားပြီး—
ဝုန်း!
အောက်ကို ပြုတ်ကျသွားခဲ့သည်။
ဒါပေမဲ့ သူပြန်မျက်စိဖွင့်လာတဲ့အခါ...
ဒီလိုကမ္ဘာကြီးထဲ ရောက်နေခဲ့ပြီ။
“ဒီလိုမြို့ကြီးမျိုး... အင်မော်တယ်ကမ္ဘာမှာ မရှိဘူး။”
ယဲ့ဖုန်း မယုံနိုင်သေးဘဲ ပတ်ဝန်းကျင်ကို ဆက်ကြည့်နေမိသည်။
အဲဒီအချိန်မှာပဲ
ခေါင်းထဲကို တစ်စုံတစ်ရာ အတင်းတိုးဝင်လာသည်။
“အာ့...!”
ပြင်းထန်တဲ့ခေါင်းကိုက်ဝေဒနာကြောင့် ယဲ့ဖုန်း ခေါင်းကို လက်နဲ့ဖိထားလိုက်သည်။
မှတ်ဉာဏ်တွေ။
သူ့မှတ်ဉာဏ်မဟုတ်တဲ့ တခြားလူတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေ။
မကြာခင်မှာပဲ အရာအားလုံးကို နားလည်သွားသည်။
ဒီကောင်လေးရဲ့နာမည်ကလည်း ယဲ့ဖုန်းပဲ။
သူက ဒီကမ္ဘာပေါ်မှာနေတဲ့ အထက်တန်းကျောင်းသားတစ်ယောက်။
ဒီည အပြင်ထွက်ပြီး အွန်လိုင်းဂိမ်းဆော့ခဲ့တယ်။
အိမ်ပြန်လာတော့ သော့မပါလာလို့ ဘေးကဗီလာရဲ့ ဒုတိယထပ်ကို ရေပိုက်ကနေ ကပ်တက်ဖို့ ကြိုးစားခဲ့တယ်။
ဒါပေမဲ့ တစ်ဝက်လောက်ရောက်တဲ့အချိန်…
“အား— လူယုတ်မာ! ခိုးကြည့်နေတာပဲ!”
မိန်းကလေးတစ်ယောက်ရဲ့ အော်သံကြောင့် လန့်ပြီး ပြုတ်ကျသွားခဲ့တာ။
ပြီးတော့
သေသွားခဲ့တယ်
အဲဒီအချိန်မှာပဲ အင်မော်တယ်ကမ္ဘာက ယဲ့ဖုန်းဟာ ဒီခန္ဓာကိုယ်ထဲကို ဝင်ရောက်လာခဲ့တာပင်။
“...”
ယဲ့ဖုန်း တိတ်ဆိတ်သွားသည်။
ခဏကြာတော့ သူ့မျက်နှာပေါ်မှာ ထူးဆန်းတဲ့အမူအရာတစ်ခု ပေါ်လာသည်။
“နေဦး...”
နောက်ထပ်မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်း သူ့ခေါင်းထဲ ပေါ်လာသည်။
ရေပိုက်ပေါ်ကနေ ကပ်တက်နေတဲ့အချိန်…
ပြတင်းပေါက်အတွင်းမှာ ရေချိုးနေတဲ့ မိန်းကလေးတစ်ယောက်ကို မတော်တဆ မြင်မိခဲ့တာ။
ယဲ့ဖုန်း မျက်နှာပျက်သွားသည်။
“...အခြေအနေက မကောင်းဘူးပဲ။”
သူက အရူးမဟုတ်။
ဒီအဖြစ်အပျက်ပြီးတဲ့နောက် သူ့ကို ဘယ်သူကမှ လွှတ်ပေးမှာမဟုတ်ကြောင်း ချက်ချင်းနားလည်လိုက်သည်။
အဲဒီအချိန်မှာ—
“ယဲ့ဖုန်း! မင်းတော့ သေပြီပဲ!”
ကြည်လင်ပြီး ချိုမြိန်တဲ့ မိန်းကလေးအသံတစ်သံက သူ့နောက်ကနေ ထွက်ပေါ်လာသည်။
ယဲ့ဖုန်း ချက်ချင်း လှည့်ကြည့်လိုက်သည်။
အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားတဲ့ မိန်းကလေးတစ်ယောက်
လှပတဲ့မျက်နှာ။
ကြီးမားဝိုင်းစက်တဲ့ မျက်လုံးတွေ။
ပြီးတော့
လက်ထဲမှာ သစ်သီးလှီးဓားတစ်ချောင်း။
သူမက ဒေါသတကြီးနဲ့ ယဲ့ဖုန်းဆီ တန်းပြေးလာနေသည်။
“...”
ယဲ့ဖုန်းရဲ့မျက်နှာ တဖြည်းဖြည်း တင်းမာလာသည်။
ဒီမိန်းကလေးက အန္တရာယ်ရှိတယ်။
အရင်ဘဝက သူ့ရဲ့ ကျင့်ကြံ မူ့ နဲ့သာဆို ဒီလိုမိန်းကလေးတစ်ယောက်ကို ဘာမှကြောက်စရာမရှိ။
ဒါပေမဲ့ အခု…
သူ့မှာ ကျင့်ကြံ မူ့ တစ်စက်မှ မရှိသေး။
ဒီခန္ဓာကိုယ်ကလည်း အားနည်းလွန်းတယ်
“အရင်ဆုံး... ပြေးရမယ်။”
ယဲ့ဖုန်း လှည့်ပြီး အရှိန်ကုန် ပြေးတော့သည်။
“ရပ်စမ်း! မပြေးနဲ့!”
မိန်းကလေးက ဓားကိုင်ပြီး နောက်ကနေ လိုက်လာသည်။
“ဒီခန္ဓာကိုယ်ကလည်း တကယ်အားနည်းတာပဲ...”
ယဲ့ဖုန်း အသက်ရှူမဝတော့။
“အင်မော်တယ်ကမ္ဘာမှာတုန်းက အင်အားကြီး ကြင့်ကြံသူ တွေရဲ့ လိုက်ဖမ်းတာတောင် ငါ အကြိမ်ကြိမ် လွတ်ခဲ့တယ်။”
“အခုတော့... မိန်းကလေးတစ်ယောက်ရဲ့ ဓားနဲ့ လိုက်သတ်ခံနေရတယ်?”
သူ့အတွေးထဲမှာ အနည်းငယ် မကျေမနပ်ဖြစ်လာသည်။
ဒီအကြောင်းသာ အင်မော်တယ်ကမ္ဘာက လူတွေ သိသွားရင် သူ့မျက်နှာ ဘယ်မှာထားရမလဲ။