အခန်း ၃၆ နာမည်မဲ့ ဓားကျင့်စဉ်ဖြင့် မိစ္ဆာနဂါးကို သုတ်သင်ခြင်း
နားကွဲလုမတတ် မြည်ဟည်းသံကြီးနှင့်အတူ တောက်လောင်နေသော မီးပင်လယ်ကြီးအတွင်းမှ မီးငရဲ နဂါးနက်ကြီး၏ နာကျင်လွန်း၍ အော်ဟစ်ညည်းတွားသံကြီး ထွက်ပေါ်လာခဲ့သည်။
"ဝူး..."
ပွဲကြည့်စင်တစ်ခုလုံးရှိ လူများသည် ထိုမြင်ကွင်းကို ကြည့်ကာ အသက်ရှူရန်ပင် မေ့လျော့နေကြပြီး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ ထို့နောက်တွင်မူ သတ်ကွင်းတစ်ခုလုံး ဆူညံသံများဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
မရေမတွက်နိုင်သော လူအုပ်ကြီးသည် ဝမ်းသာအားရဖြင့် အောင်ပွဲခံ အော်ဟစ်လိုက်ကြသည်။
"နိုင်ပြီ... တကယ်ပဲ နိုင်သွားတာပဲ"
"ကန်မင်းအာ့ထျန်က မဟာယာနအဆင့် နဝမအဆင့်ရှိတဲ့ မိစ္ဆာသားရဲကြီးကို တကယ်ပဲ အနိုင်ယူလိုက်နိုင်တာလား"
"ငါတော့ ချမ်းသာပြီဟေ့"
ဟင်းလင်းပြင်ထက်တွင် တည်ငြိမ်စွာ ရပ်တန့်နေသော ကန်မင်းအာ့ထျန်၏ မျက်နှာတွင်မူ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း အရိပ်အယောင်မျှ မရှိဘဲ တည်ငြိမ်အေးစက်နေဆဲ ဖြစ်သည်။
"မဟာယာနအဆင့် နဝမအဆင့်လား"
"ဒီလောက်ပါပဲ"
သူသည် လက်ဖဝါးကို ဖြန့်လိုက်ရာ ဓားအမှတ်အသားတစ်ခု ပေါ်ထွက်လာပြီး နတ်သက်ကြွေ ဓားကို ပြန်လည် သိမ်းဆည်းရန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း နတ်သက်ကြွေ ဓားသည် တစ်စုံတစ်ခု၏ ဖမ်းချုပ်မှုကို ခံထားရသကဲ့သို့ မည်သို့မျှ လှုပ်ရှား၍ မရဘဲ ဖြစ်နေသည်ကို သူ သတိပြုမိလိုက်သည်။
ကန်မင်းအာ့ထျန်သည် မျက်မှောင်ကြုတ်လိုက်ရင်း အောက်ဘက်ရှိ တောက်လောင်နေသော မီးပင်လယ်ကြီးကို ဇဝေဇဝါဖြင့် စိုက်ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဘာဖြစ်တာလဲ"
ရုတ်တရက်...
မီးပင်လယ်ကြီးအတွင်းမှနေ၍ အလွန်တရာ ရက်စက်ပြီး ထိတ်လန့်စရာကောင်းလှသော သားရဲကြီး၏ မြည်ဟည်းသံတစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့သည်။
"ဝူး..."
တောက်လောင်နေသော မီးပင်လယ်ကြီးသည် ဘေးဘယ်ညာသို့ ကွဲအက်သွားပြီး မီးငရဲ နဂါးနက်ကြီး၏ ကြောက်မက်ဖွယ် ဦးခေါင်းကြီးသည် ဝုန်းခနဲ ရုန်းထွက်လာခဲ့သည်။ ၎င်း၏ သားရဲမျက်ဝန်းများတွင် ဒေါသနှင့် ရက်စက်မှုများ ပြည့်နှက်နေပြီး သွေးပျက်စရာ သွားစွယ်ကြီးများ ရှိနေသော ပါးစပ်ကြီးကို ဟကာ နတ်သက်ကြွေ ဓားကို ၎င်း၏ ထူထဲလှသော လျှာကြီးဖြင့် ကိုက်ခဲထားခြင်း ဖြစ်သည်။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါ ရှင်းရှင်းလင်းလင်း တိုက်ခိုက်ခဲ့တာပဲကို။
ကန်မင်းအာ့ထျန်၏ မျက်ဝန်းများ အံ့ဩတုန်လှုပ်မှုကြောင့် ကျဉ်းမြောင်းသွားပြီး ရှေ့မှောက်ရှိ မြင်ကွင်းကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသည်။
မီးငရဲ နဂါးနက်ကြီးသည် အရာအားလုံးကို ပြာချနိုင်မည့် ပြင်းထန်လှသော သွေးနီရောင် မီးတောက်များကို ၎င်း၏ ပါးစပ်အတွင်း၌ စုစည်းနေပြီး ချက်ချင်းပင် မှုတ်ထုတ်လိုက်တော့သည်။
ဝုန်း...
အတိုင်းအဆမဲ့သော မီးတောက်ကြီးများ ကျရောက်လာခဲ့သဖြင့် ထိုရုတ်တရက် အခြေအနေကြောင့် ကန်မင်းအာ့ထျန်အနေဖြင့် စဉ်းစားရန် အချိန်မရတော့ချေ။ သူသည် လက်ဖဝါးမှနေ၍ ပြင်းထန်လှသော ဓားအလင်းတန်းတစ်ခုကို ထုတ်လွှတ်ကာ ကာကွယ်ရင်း အမြန်ဆုံး ရှောင်တိမ်းလိုက်ရသည်။ ကောင်းကင်ဘုံ ဓားခန္ဓာကိုယ် ပိုင်ရှင်ဖြစ်သည့်အတွက် သူ၏ လှုပ်ရှားမှုတိုင်းတွင် ပြင်းထန်လှသော ဓားအရှိန်အဝါများ ပြည့်နှက်နေပေသည်။
ဒုန်း...
တောက်လောင်နေသော သွေးနီရောင် မီးပင်လယ်ကြီးအတွင်းမှနေ၍ မီးတောက်များ ကူးစက်နေသော လူသားတစ်ဦးသည် လွင့်စင်ထွက်လာခဲ့သည်။ ထိုသူသည် လေထဲတွင် အကြိမ်ကြိမ် လိမ့်ထွက်သွားပြီးနောက် ဝေးလံလှသော ကမ္ဘာမြေပြင်ထက်သို့ ပြင်းထန်စွာ ကျဆင်းသွားတော့သည်။
[ဒေါင်... ကံကြမ္မာဇာတ်ဆောင် ကန်မင်းအာ့ထျန်သည် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသဖြင့် ကံတရားတန်ဖိုး ၂၀၀၀ လျော့နည်းသွားပါသည်]
[ဂူဏ်ယူပါတယ် သခင်... သင်သည် ဗီလိန်အမှတ် ၂၀၀၀ ရရှိပါသည်]
ပွဲကြည့်စင်ပေါ်ရှိ လူအားလုံးသည် ထိုမြင်ကွင်းကို ကြည့်ကာ မယုံကြည်နိုင်လောက်အောင် အော်ဟစ်လိုက်ကြသည်။
"ဘာဖြစ်သွားတာလဲ မီးငရဲ နဂါးနက်ကြီးက မသေသေးဘူးပဲ"
"အဟွတ် အဟွတ်..."
သတ်ကွင်းအတွင်း၌ ကန်မင်းအာ့ထျန်၏ ခန္ဓာကိုယ်ထက်မှ နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များကို ဖယ်ရှားလိုက်သည်။ ထို့နောက် သူသည် ဆေးအဆင့်မြင့်မားလှသော သန့်စင်ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ဒဏ်ရာများကို ကုသရန် ချက်ချင်း မျိုချလိုက်သည်။
မဟာယာနအဆင့် နဝမအဆင့်ရှိသော မိစ္ဆာသားရဲကြီး ပီပီ ၎င်း၏ မီးတောက်များက တကယ့်ကို အားပြင်းလှပေသည်။ သူသည် ကောင်းကင်ဘုံ ဓားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ဓားကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက် တိုက်စစ်တွင် အလွန်တရာ အားကောင်းသော်လည်း သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကမူ အလွန်တရာ မမြင့်မားလှချေ။ ထို့ကြောင့် သူသည် တိုက်ပွဲအတွင်း မီးငရဲ နဂါးနက်ကြီး၏ မီးတောက်များကို အတတ်နိုင်ဆုံး ရှောင်တိမ်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အမှတ်မထင်ဘဲ မိမိ၏ တိုက်ခိုက်မှုက ထိုမိစ္ဆာသားရဲကြီးကို မသတ်နိုင်ခဲ့သည်မှာ အံ့ဩစရာပင်။
ယခင်က တည်ငြိမ်ပြီး မောက်မာနေသော အသွင်အပြင်များ ပျောက်ကွယ်သွားပြီး ကန်မင်းအာ့ထျန်၏ မျက်ဝန်းများတွင် သံသယများနှင့် ဝေခွဲမရမှုများ ပြည့်နှက်နေသည်။
"တောက်... ငါ့ရဲ့ ဓားက ဘယ်လိုလုပ်ပြီး လွဲချော်သွားရတာလဲ"
"ဝူး..."
မီးငရဲ နဂါးနက်ကြီးသည် ကန်မင်းအာ့ထျန်ကို ဒဏ်ရာကုသရန် အချိန်မပေးချေ။ ၎င်းသည် တောက်လောင်နေသော မီးတောက်များနှင့်အတူ သောင်းကျန်းကာ အမျက်ဒေါသပြင်းစွာဖြင့် ပြေးဝင်လာခဲ့သည်။ မီးတောက်များသည် ဆူနာမီလှိုင်းလုံးကြီးများကဲ့သို့ လိပ်တက်လာပြီး ကြောက်စရာကောင်းလှသော အပူချိန်နှင့် သတ်ဖြတ်ခြင်း အရှိန်အဝါများက ကန်မင်းအာ့ထျန်ကို ချက်ချင်း သတိဝင်လာစေသည်။
သူ၏ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ပြည့်နှက်သွားပြီး မျက်ဝန်းများက အေးစက်လှသော အမျက်ဒေါသများဖြင့် ပြည့်နှက်သွားသည်။
"တိရစ္ဆာန်ကောင်... မင်းက ငါ ကန်မင်းအာ့ထျန်မှာ ဓားမရှိတော့တာနဲ့ မင်းကို ကြောက်လိမ့်မယ်လို့ ထင်နေတာလား"
ရက်စက်သော ဓားကျင့်စဉ်ကို ဖော်ဆောင်လိုက်သည်နှင့် ကန်မင်းအာ့ထျန်၏ တစ်ကိုယ်လုံးမှ အရှိန်အဝါက ရုတ်တရက် ပြောင်းလဲသွားတော့သည်။ အတိုင်းအဆမဲ့သော ဓားအရှိန်အဝါများက အတားအဆီးမရှိ ပေါက်ကွဲထွက်လာပြီး ကမ္ဘာမြေကြီးကို တုန်ခါသွားစေသည်။ သူ၏ နောက်ကွယ်တွင် အတွင်းအားများက ဓားများအဖြစ် ပြောင်းလဲသွားပြီး နောက်ထပ် အချိန်အတွင်းမှာပင် အတွင်းအားဖြင့် ဖွဲ့စည်းထားသော ဓားပေါင်း ထောင်သောင်းချီ၍ ဟင်းလင်းပြင်တွင် ပျံသန်းလာခဲ့သည်။
ရက်စက်လှသော တာအိုတရားသည် သူ၏ ဘေးပတ်ဝန်းကျင်တွင် ပေါ်ထွက်လာပြီး ယခုအချိန်တွင် ကန်မင်းအာ့ထျန်သည် ဓားနတ်ဗိမာန်မှ ဆင်းသက်လာသော ဓားနတ်ဘုရားတစ်ပါးကဲ့သို့ တစ်ဖက်ရှိ မိစ္ဆာနဂါးကြီးကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"သာမန်ဆိုရင် မင်းလို တိရစ္ဆာန်ကောင်ကို သတ်ဖို့ ဒီကျင့်စဉ်ကို သုံးစရာ မလိုပါဘူး"
"မင်းလည်း သေရကျိုးနပ်သွားပါပြီ"
"သေစမ်း..."
စကားဆုံးသည်နှင့် အတွင်းအားဖြင့် ဖွဲ့စည်းထားသော ဓားပေါင်း ထောင်သောင်းချီသည် အရှိန်အဟုန်ပြင်းစွာဖြင့် ရှေ့သို့ တိုးဝင်သွားတော့သည်။ ထိုဓားအရှိန်အဝါများသည် ကမ္ဘာလောကရှိ မည်သည့်အရာကိုမဆို ဆွဲဖြဲပစ်နိုင်မည့်အလား အရာအားလုံးကို ဖျက်ဆီးနိုင်ပြီး တားဆီး၍ မရနိုင်ချေ။
လှိုင်းတံပိုးကဲ့သို့ ပြင်းထန်လှသော ဓားအလင်းတန်းများသည် တောက်လောင်နေသော မီးပင်လယ်ကြီးအတွင်းသို့ တိုးဝင်သွားသည်။ မီးငရဲ နဂါးနက်ကြီး၏ မျက်ဝန်းများတွင် ကြောက်ရွံ့မှုများ ဖြတ်ပြဲသွားပြီး ၎င်း၏ အကြေးခွံများကို ပြန်လည်စုစည်းကာ ကာကွယ်ရန် ကြိုးပမ်းလိုက်သည်။ သို့သော်လည်း နောက်ထပ် အချိန်အတွင်းမှာပင် ထောင်သောင်းချီသော ဓားအရှိန်အဝါများသည် ကာကွယ်ရခက်သော အကြေးခွံများကို အပိုင်းပိုင်း ဖြတ်တောက်သွားပြီး ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးကို ဖောက်ထွင်းသွားတော့သည်။
"ဝူး..."
မီးငရဲ နဂါးနက်ကြီးသည် နာကျင်လွန်းလှသဖြင့် ကျယ်လောင်စွာ အော်ဟစ်ညည်းတွားလိုက်ပြီး နာကျည်းမှု၊ မကျေနပ်မှုများနှင့်အတူ မြေပြင်ထက်သို့ ဝုန်းခနဲ လဲကျသွားကာ အသက်ပျောက်သွားတော့သည်။
ကန်မင်းအာ့ထျန်၏ ရင်ဘတ်သည် ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး ဒီတိုက်ခိုက်မှုကြောင့် သူ၏ စွမ်းအင်အမြောက်အမြတ် ကုန်ဆုံးသွားသည်မှာ ထင်ရှားလှပေသည်။ သူသည် ဘေးပတ်ဝန်းကျင်ရှိ မီးတောက်များကို ဂရုမစိုက်ဘဲ ဖြည်းည်းချင်း လျှောက်လှမ်းသွားခဲ့သည်။
သူသည် မီးငရဲ နဂါးနက်ကြီး၏ အလောင်းဘေးသို့ ရောက်ရှိသွားပြီး ၎င်း၏ ပါးစပ်အတွင်းမှ နတ်သက်ကြွေ ဓားကို အားဖြင့် ဆွဲထုတ်လိုက်တော့သည်။
ရှုခနဲ...
ထို့နောက် သူသည် သတ်ကွင်းစင်မြင့်ပေါ်တွင် အံ့ဩတုန်လှုပ်နေဆဲ ဖြစ်ပြီး သတိမဝင်သေးသော ဝတုတ်တုတ် တာဝန်ခံကို အေးစက်စွာ လှမ်းကြည့်ကာ ဆိုလိုက်သည်။
"နောက်တစ်ပွဲအတွက် ပြင်ဆင်လိုက်တော့"
ဝတုတ်တုတ် တာဝန်ခံသည် ထိုအခါမှ သတိဝင်လာပြီး ချက်ချင်းပင် ကျယ်လောင်စွာ အော်ဟစ် ကြေညာလိုက်သည်။
"ကန်မင်းအာ့ထျန် သခင်လေးက မီးငရဲ နဂါးနက်ကြီးကို သုတ်သင်ပြီး သူ့ရဲ့ ၉၆ ပွဲမြောက် အနိုင်ပွဲကို ရယူသွားနိုင်ခဲ့ပါပြီ"
...
မဟာအရှင်သခင် သီးသန့်အခန်းအတွင်း၌...
ကန်မင်းအာ့ထျန်က ထိုကျင့်စဉ်ကို သုံးပြီး မိစ္ဆာနဂါးကြီးကို သတ်ဖြတ်လိုက်သည်ကို မြင်ရသည့်အခါ ကန်မင်းနင်၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားပြီး မျက်နှာထား အလွန်တရာ ပျက်ယွင်းသွားကာ ဆိုလိုက်သည်။
"နာမည်မဲ့ ဓားကျင့်စဉ် ဟုတ်လား"
"တောက်... ခမည်းတော်က သူ့ကို ဒီလိုအရာမျိုးကိုပါ ပေးအပ်ခဲ့လိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့ဘူး"
[ဒေါင်... ကံကြမ္မာဇာတ်ဆောင် ကန်မင်းအာ့ထျန်သည် သူ၏ ညီဖြစ်သူ၏ နာကျည်းမှုကို ခံရသဖြင့် ကံတရားတန်ဖိုး ၁၀၀၀ လျော့နည်းသွားပါသည်]
[ဂူဏ်ယူပါတယ် သခင်... သင်သည် ဗီလိန်အမှတ် ၁၀၀၀ ရရှိပါသည်]
စုချန်ရှောင်းက လှမ်းကြည့်လိုက်သည်။
"နာမည်မဲ့ ဓားကျင့်စဉ် ဟုတ်လား"
လျူဇီရှန်းကလည်း အလွန်တရာ စိတ်ဝင်တစားဖြင့် လှမ်းကြည့်လိုက်သည်။ ကန်မင်းအာ့ထျန်၏ နတ်ဘုရားကျင့်စဉ်က တကယ့်ကို ထူးခြားလှပေသည်။ ဓားမရှိဘဲနှင့်ပင် မဟာယာနအဆင့် နဝမအဆင့်ရှိသော မီးငရဲ နဂါးနက်ကြီးကို သတ်ဖြတ်နိုင်သည်မှာ အံ့ဩစရာပင် ဖြစ်သည်။
"ဒါက ကန်မင်းမျိုးနွယ်စုရဲ့ ကျင့်စဉ်တစ်ခုလား"
ကန်မင်းနင်၏ မျက်ဝန်းများတွင် မနာလိုမှုများနှင့် အမျက်ဒေါသများ ပြည့်နှက်နေပြီး အေးစက်စွာ ဆိုလိုက်သည်။
"နာမည်မဲ့ ဓားကျင့်စဉ်ဆိုတာ ကျွန်တော့်ရဲ့ မယ်တော်ဘက်က မိသားစုဆီကနေ ဆင်းသက်လာတဲ့ နတ်ဘုရားကျင့်စဉ် တစ်ခု ဖြစ်ပါတယ်"
"ဒါက အပိုင်းအစတစ်ခုသာ ဖြစ်ပေမယ့် စွမ်းအားကတော့ အတိုင်းအဆမဲ့လှပါတယ် ၎င်းကျင့်စဉ်ကို ကျင့်ကြံပြီးရင် လက်ထဲမှာ ဓားမရှိရင်တောင် အရှိန်အဝါကို ဓားအဖြစ် ပြောင်းလဲနိုင်ပြီး စွမ်းအားကလည်း ရတနာတွေထက် မနိမ့်ပါဘူး"
ဒီနာမည်မဲ့ ဓားကျင့်စဉ်သည် မယ်တော် ကွယ်လွန်ကတည်းက ခမည်းတော်၏ လက်ထဲတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ သူသည်လည်း ခမည်းတော်နှင့် မယ်တော်တို့၏ သားအရင်းတစ်ယောက် ဖြစ်ပါလျက်နှင့် ခမည်းတော်သည် ဘာဖြစ်လို့ နောင်တော်ဖြစ်သူကိုသာ အလေးပေးပြီး ဒီကျင့်စဉ်ကို ပေးအပ်ခဲ့ရသနည်းဟူသည်ကို သူ မဟာဆန်းပြားစွာ ခံစားနေရသည်။
ကန်မင်းနင်သည် သွားကို တင်းတင်းကြိတ်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိပြီး တစ်ကိုယ်လုံး ဒေါသကြောင့် တုန်ရီနေရသည်။
စုချန်ရှောင်း၏ မျက်ဝန်းများ ဖြတ်ခနဲ လင်းလက်သွားပြီး အနည်းငယ် စိတ်မကောင်းဖြစ်ဟန်ဖြင့် ဆိုလိုက်သည်။
"အို... ငါ ဒီလိုကိစ္စမျိုး ရှိလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"
"ကန်မင်းမျိုးနွယ်စုရဲ့ ခေါင်းဆောင်က ဒီလောက်အထိ မျက်နှာလိုက်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး ကြည့်ရတာ မင်းရဲ့ နောင်တော်က ကန်မင်းမျိုးနွယ်စုနဲ့ အဆက်အသွယ် ဖြတ်တောက်ထားတယ် ဆိုရင်တောင် မင်းရဲ့ ခမည်းတော်ကတော့ သူ့အတွက် စိုးရိမ်နေဆဲပဲ ထင်တယ်"
စုချန်ရှောင်းသည် တစ်စုံတစ်ခုကို သတိရသွားသည့်အလား ဟန်ဆောင်ကာ ဆိုလိုက်သည်။
"ဒီကောင်ရဲ့ ဓားကလည်း တကယ့်ကို ထူးခြားလှတယ် ဧကရာဇ်အရှိန်အဝါတွေ ရှိနေတာပဲ ပျက်စီးနေတယ် ဆိုရင်တောင် တစ်ချိန်ကတော့ အတုမရှိတဲ့ ဧကရာဇ်ဓား ဖြစ်ခဲ့မှာ သေချာတယ်"
"ဒီဓားကလည်း မင်းရဲ့ မယ်တော်ဆီက အမွေအနှစ် ဖြစ်ရမယ်"
ကန်မင်းနင်သည် မျက်လုံးများကို မှိတ်လိုက်ပြီး မိမိကိုယ်ကိုယ် သရော်သည့် အပြုံးမျိုးဖြင့် ပြုံးလိုက်သည်။ ကန်မင်းမျိုးနွယ်စုတစ်ခုလုံးသည် မျိုးနွယ်စု၏ ရှေးဟောင်းကျမ်းစာများကိုသာ ကျင့်ကြံကြပြီး ဓားကျင့်ကြံသူဟူ၍ အလွန်တရာ ရှားပါးလှသည်။ မယ်တော်တစ်ဦးတည်းသာ တစ်ချိန်က ဓားကျင့်ကြံသူ ဖြစ်ခဲ့ဖူးပေသည်။ သို့ဖြစ်ရာ ထိုဓားသည် မယ်တော်၏ အမွေအနှစ် မဟုတ်လျှင် အခြား မည်သည့်အရာ ဖြစ်နိုင်ပါဦးမည်နည်း။
ကန်မင်းနင်သည် မျက်လုံးများကို ပြန်လည်ဖွင့်လိုက်ရာ ၎င်း၏ မျက်ဝန်းများတွင် ဝမ်းနည်းမှုနှင့် နာကျင်မှုများ ပြည့်နှက်နေသည်။
"ဟွန်း..."
"သူ့ရဲ့ ကန်မင်းအာ့ထျန်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့သာဆိုရင်... အကယ်၍ ကျွန်တော်တို့ရဲ့ ရှေးဟောင်း ကန်မင်းမျိုးနွယ်စုရဲ့ အထောက်အပံ့သာ မရှိရင် သူက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ရတနာအမြောက်အမြတ်ကို ပိုင်ဆိုင်နိုင်မှာလဲ"