အခန်း ၃၄ နတ်သက်ကြွေ စစ်အစီအရင်နှင့် ဧကရာဇ်ဓားလေးလက်
ကောင်းကင်အရှင် သတ်ကွင်း၏ ပထမနယ်မြေ။
သမိုင်းတစ်လျှောက် အထူးခြားဆုံးနှင့် လူကြိုက်အများဆုံးသော တိုက်ခိုက်ရေးသမားများ သေမျိုးတိုက်ပွဲ ဆင်နွှဲခဲ့သည့် နေရာတစ်ခု ဖြစ်ပေသည်။ ကျင့်ကြံမှု စွမ်းအားအမြင့်ဆုံး တိုက်ခိုက်ရေးသမားများကိုသာ ထိုပထမနယ်မြေတွင် ယှဉ်ပြိုင်ခွင့် ပေးထားခြင်း ဖြစ်သည်။
ဝတုတ်တုတ် တာဝန်ခံ၏ အခြားနယ်မြေများတွင် လှည့်လည် ကြေညာချက်များကြောင့် လက်ရှိတွင် ပွဲကြည့်စင်တစ်ခုလုံး၌ အခြေချနေထိုင်သော ရှေးဟောင်းမျိုးနွယ်စု ကန်မင်းမျိုးနွယ်စု၏ အစွန့်ပစ်ခံ သားကြီးသည် ယနေ့တွင် သူ၏ နောက်ဆုံး ငါးပွဲကို ဆင်နွှဲတော့မည်ဟူသော သတင်းက လူတိုင်း၏ အာရုံစိုက်မှုကို ရရှိနေသည်။ သူသည် အနိုင်ပွဲတစ်ရာ မရှုံးသေးသော စံချိန်ကို ရယူရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
ပထမနယ်မြေ၏ ပွဲကြည့်စင်တစ်ခုလုံးတွင် ပွဲကြည့်ပရိသတ်များနှင့် လောင်းကစားသမားများသာမကဘဲ အခြားသော နယ်မြေအသီးသီးမှ ရောက်ရှိလာကြသည့် နတ်ဒေဝါအနွယ်ဝင် ပါရမီရှင်များနှင့် အင်အားကြီး မျိုးနွယ်စုများမှ လူငယ်များပါ ထိုထူးခြားသော မြင်ကွင်းကို မျက်ဝါးထင်ထင် မြင်တွေ့ရန် ရောက်ရှိနေကြသဖြင့် လူပင်လယ်ကြီးသဖွယ် အလွန်တရာ စည်ကားသိုက်မြိုက်နေပေသည်။
"မင်းတို့ ကြားပြီးပြီလား ကန်မင်းမျိုးနွယ်စုရဲ့ အစွန့်ပစ်ခံ သားကြီးက ဒီနေ့ ငါးပွဲဆက်တိုက် သေမျိုးတိုက်ပွဲ ဝင်မှာတဲ့ကွ"
"ကန်မင်းမျိုးနွယ်စု ဟုတ်လား ဒါဆိုရင် လက်ရှိ မျိုးနွယ်စုခေါင်းဆောင်ရဲ့ သား ကန်မင်းအာ့ထျန် ဖြစ်ရမယ်"
"ဒီမျိုးနွယ်စုရဲ့ ခေါင်းဆောင်က တကယ့်ကို ရက်စက်တဲ့သူ သူ အာဏာရတုန်းက သူ့ရဲ့ ညီအစ်ကိုရင်းတွေကိုတောင် အကုန် သုတ်သင်ပစ်ခဲ့တာ ဒါပေမယ့် သူ့ရဲ့ သားကြီးက ဘာဖြစ်လို့ ဒီလို နေရာမျိုးကို ရောက်နေရတာလဲ"
လူအများက ဝေဖန်ဆွေးနွေးနေကြစဉ် ဝတုတ်တုတ် တာဝန်ခံသည် သတ်ကွင်း၏ ဗဟိုသို့ တက်လှမ်းလာပြီး ကျယ်လောင်စွာ အော်ဟစ် ကြေညာလိုက်သည်။
"ကျွန်မတို့ရဲ့ ပထမ ကောင်းကင်အရှင် သတ်ကွင်းကို ယနေ့ ဖွင့်လှစ်ရခြင်းကတော့ တကယ့်ကို အလေးအနက်ထားရမယ့် သေမျိုးတိုက်ပွဲ ရှိနေလို့ ဖြစ်ပါတယ်"
"လူတိုင်းလည်း သိကြတဲ့အတိုင်း အခုဆိုရင် ၉၅ ပွဲ ဆက်တိုက် နိုင်ထားတဲ့ ကန်မင်းမျိုးနွယ်စုရဲ့ သားကြီး ကန်မင်းအာ့ထျန်ကို သတ်ကွင်းထဲကို ဖိတ်ခေါ်လိုက်ပါတယ်"
ဝုန်း...
စကားဆုံးသည်နှင့် သတ်ကွင်း၏ အရှေ့ဘက်ရှိ ကြီးမားလှသော ကျောက်တံခါးကြီးသည် မြည်ဟည်းသံနှင့်အတူ ပွင့်ဟသွားတော့သည်။
အတိုင်းအဆမဲ့သော အမှောင်ထုထဲမှနေ၍ ဝတ်စုံနက်ကို ဆင်မြန်းထားပြီး ခန့်ညားကာ အရပ်ရှည်ပြီး မတ်တပ်ရပ်နေသော လူငယ်တစ်ဦးသည် ဖြည်းည်းချင်း လျှောက်လှမ်းလာခဲ့သည်။ သူ၏ တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော အရှိန်အဝါက အိမ်ထဲမှ မထုတ်ရသေးသော ဓားတစ်စင်းကဲ့သို့ ထက်မြက်လွန်းလှပြီး တစ်ကြိမ် ထုတ်ယူလိုက်သည်နှင့် မည်သည့်အရာကိုမဆို ဖြတ်တောက်နိုင်မည့် အသွင်ရှိပေသည်။
ဝူး...
ကန်မင်းအာ့ထျန် ပေါ်လာသည်နှင့် ပွဲကြည့်စင်တစ်ခုလုံး ဆူညံသွားရသည်။ ကန်မင်းနယ်မြေမှ ကျင့်ကြံသူများက တတည်ငြိမ်ငြိမ် ရှိနေကြသော်လည်း အခြားနယ်မြေမှ ရောက်ရှိလာကြသော ပါရမီရှင်များကမူ အံ့ဩတုန်လှုပ်သွားကြသည်။
"တကယ့်ကို ကန်မင်းမျိုးနွယ်စုရဲ့ သားကြီး ကန်မင်းအာ့ထျန်ပဲ"
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ကန်မင်းမျိုးနွယ်စုက လူတစ်ယောက်က ဘာဖြစ်လို့ ဒီလို သတ်ကွင်းထဲမှာ သေမျိုးတိုက်ပွဲ ဆင်နွှဲနေရတာလဲ"
ပထမနယ်မြေ၏ အကောင်းဆုံး ထိုင်ခုံများတွင် ထိုင်နေကြသော ရှေးဟောင်းမျိုးနွယ်စုမှ ပါရမီရှင်များကလည်း ထိုအကြောင်းကို အသည်းအသန် ဆွေးနွေးနေကြသည်။
"ဟွန်း..."
မျက်နှာထား တင်းမာခက်ထန်ပြီး ပိန်လှီသော လူငယ်တစ်ဦးသည် လူအုပ်ထဲတွင် လက်နှစ်ဖက်ကို နောက်ပစ်လျက် သတ်ကွင်းထဲမှ ကန်မင်းအာ့ထျန်ကို မထီမဲ့မြင် ပြုသော မျက်ဝန်းများဖြင့် ကြည့်ကာ သရော်လိုက်သည်။
"ကန်မင်းအာ့ထျန်က ရှေးဟောင်းမျိုးနွယ်စုက ဖြစ်ပါလျက်နဲ့ ဒီလို သေးသိမ်ပြီး ညစ်ပတ်လှတဲ့ သတ်ကွင်းထဲမှာ မိစ္ဆာသားရဲတွေနဲ့ အသက်လုပြီး တိုက်ခိုက်နေရတယ်တဲ့လား ဝင်ရောက်ခွင့် ကျောက်စိမ်းပြား တစ်ခုအတွက်နဲ့ပဲလေ"
"သူက ငါတို့ ရှေးဟောင်းမျိုးနွယ်စုတွေရဲ့ သိက္ခာကို တကယ့်ကို ဖြတ်ပစ်နေတာပဲ"
ထိုသို့ပြောလိုက်သူက ရှေးဟောင်းမျိုးနွယ်စု ချီမိသားစု၏ ထိပ်သီးပါရမီရှင် ချီအောက် ဖြစ်ပေသည်။ သူသည် ကန်မင်းအာ့ထျန်နှင့် နယ်မြေတစ်ခုတွင် ရန်ငြိုးရှိခဲ့ဖူးပြီး ထိုသူနှစ်ဦးက ဘယ်တုန်းကမှ အဆင်မပြေခဲ့ကြချေ။
သူ့ဘေးနားရှိ အခြားပါရမီရှင်တစ်ဦးကလည်း သဘောကျစွာ ရယ်မောလိုက်ရင်း ဆိုသည်။
"အစ်ကိုချီ ပြောတာ မှန်ပါတယ် ငါတို့လို မြင့်မြတ်တဲ့ မိသားစုက လူတွေထဲက ဘယ်သူကမှ ဒီလို နေရာမျိုးမှာ အသက်လုပြီး တိုက်ခိုက်တာမျိုး မရှိခဲ့ဖူးဘူး"
"ဒီသတ်ကွင်းက ငါတို့ ရှေးဟောင်းမျိုးနွယ်စုရဲ့ နာမည်ကို သုံးပြီး စီးပွားရှာနေတာပဲ ဒီကိစ္စကို နောက်မှ ငါတို့ စာရင်းရှင်းရမယ်"
"ဒါပေမယ့် ဒီနေ့တော့ တကယ့်ကို စည်ကားလှချေရဲ့ အပေါ်ထပ်က မဟာအရှင်သခင် သီးသန့်အခန်းတောင် ပွင့်နေတယ်ဆိုတော့ တစ်စုံတရားသော အရေးကြီးပုဂ္ဂိုလ် ရောက်နေတာ ထင်တယ်"
ထိုစကားကြောင့် ပွဲကြည့်စင်ပေါ်ရှိ ပါရမီရှင်အားလုံး အပေါ်သို့ မော့ကြည့်လိုက်ကြသည်။ ကောင်းကင်ထက်တွင် ခမ်းနားထည်ဝါပြီး ခရမ်းရောင် နန်းဆောင်ကြီးတစ်ခု မျောလွင့်နေပြီး အောက်ဘက်ရှိ သတ်ကွင်းကြီးကို ငုံ့မိုးကြည့်နေပေသည်။
မဟာအရှင်သခင် သီးသန့်အခန်းအတွင်း၌...
[ဒေါင်... ဂူဏ်ယူပါတယ် သင်သည် နဂါးဖြူကျားသစ် ဝတ်စုံ ၁ ကို ရရှိပါသည်]
[ဂူဏ်ယူပါတယ် သင်သည် ခြေအိတ်ဖြူ ၁ ကို ရရှိပါသည်]
[ဂူဏ်ယူပါတယ် သင်သည် အပြာရောင်အဆင့် ပြင်းထန်သော စွမ်းအားဆေးလုံး ၁ ကို ရရှိပါသည်]
...
[ဂူဏ်ယူပါတယ် သင်သည် ခရမ်းရောင်အဆင့် နတ်ဘုရားဗျူဟာ မြေအောက်ခြေလှမ်းကိုးဆင့် ကျင့်စဉ်ကို ရရှိပါသည်]
[လက်ရှိ ဗီလိန်အမှတ် - ၄၆၀၀၀]
ခရမ်းရောင်အဆင့် ကျင့်စဉ်တစ်ခု ထပ်ရပြန်ပြီပေါ့...
စုချန်ရှောင်းသည် ကုတင်ရှည်ပေါ်တွင် လှဲလျောင်းရင်း သတ်ကွင်းသခင်မ လျူဇီရှန်း၏ နှိပ်နယ်ပေးမှုကို ခံယူကာ စနစ်အတွင်း၌ ဆယ်ကြိမ်ဆက်တိုက် ဆုနှိုက်ခြင်းကို ပေါ့ပေါ့ပါးပါး ပြုလုပ်နေခြင်း ဖြစ်သည်။ လူဆိုသည်မှာ အားလပ်ချိန် ရသည့်အခါ စိတ်ကို မထိန်းနိုင်ကြချေ။
မူလက အကြိမ်တစ်ရာပြည့်မှ စုပြီး နှိုက်ရန် စိတ်ကူးထားခြင်း ဖြစ်သော်လည်း...
[မဟာအရှင်သခင် နတ်ဘုရားဗျူဟာ မြေအောက်ခြေလှမ်းကိုးဆင့် ကျင့်စဉ် (ခရမ်းရောင်)]
[ကျင့်ကြံပြီးနောက် ခြေလှမ်းများ၏ အရှိန်အဟုန်က အလွန်တရာ မြန်ဆန်လာပြီး ရန်သူ ခန့်မှန်းရခက်သော ခြေလှမ်းများဖြင့် နယ်မြေများကို ဖြတ်ကျော်နိုင်သည်။ အထွတ်အထိပ်သို့ ရောက်ရှိပါက ဧကရာဇ်အဆင့် တန်ခိုးရှင်များနှင့်ပင် ရင်ဘောင်တန်းနိုင်မည် ဖြစ်သည်။]
ကံကောင်းထောက်မစွာဖြင့် ထိုကဲ့သို့သော ခြေလျင်ကျင့်စဉ်မျိုးက အလွန်တရာ ရှားပါးလှသဖြင့် ဒီခရမ်းရောင်အဆင့် ဆုလာဘ်က တကယ့်ကို အသုံးဝင်လှပေသည်။
ထိုစဉ် စုချန်ရှောင်း၏ နောက်ဘက်မှနေ၍ ညင်သာစွာ နှိပ်နယ်ပေးနေသော လျူဇီရှန်းက တိုးတိုးလေး ဆိုလိုက်သည်။
"သခင်လေး... သခင်လေးရဲ့ အမိန့်အတိုင်း ကန်မင်းအာ့ထျန် ရောက်လာပါပြီရှင်"
စုချန်ရှောင်းက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရင်း အောက်ဘက်ရှိ သတ်ကွင်းအတွင်းမှ ဝတ်စုံနက်နှင့် လူငယ်ကို စိုက်ကြည့်လိုက်သည်။
[အမည် - ကန်မင်းအာ့ထျန်]
[ခေါင်းစဉ် - ကံကြမ္မာဇာတ်ဆောင် (ရက်စက်သော မိစ္ဆာဧကရာဇ်)]
[မျိုးနွယ်စု - အခြေချနေထိုင်သော ရှေးဟောင်းမျိုးနွယ်စု ကန်မင်းမျိုးနွယ်စု ခေါင်းဆောင်၏ သားကြီး]
[အသက် - ၂၆၊ စရိုက် - အေးစက်သည်၊ ပြတ်သားသည်၊ ရက်စက်သည်]
[ကျင့်ကြံမှုအဆင့် - မဟာယာနအဆင့် ဒုတိယအဆင့်]
[ခန္ဓာကိုယ်ဖွဲ့စည်းပုံ - ကောင်းကင်ဘုံ ဓားခန္ဓာကိုယ်]
[ကျင့်စဉ်များ - ရက်စက်သော ဓားကျင့်စဉ်၊ အမှောင်ထု ရှေးဟောင်းကျမ်းစာ၊ ကောင်းကင်ဖြတ် ဓားအနုပညာ၊ နာမည်မဲ့ ဓားကျင့်စဉ် (အပိုင်းအစ)...]
[ရတနာများ - နတ်သက်ကြွေ စစ်အစီအရင်ပြား (အနီရောင်)၊ နတ်သက်ကြွေ ဓား (အပိုင်းအစ)၊ ကြယ်တာရာ မြေပုံ...]
[ကံတရားတန်ဖိုး - ၃၀၀,၀၀၀]
စုချန်ရှောင်းသည် ကန်မင်းအာ့ထျန်၏ ခန္ဓာကိုယ်အတွင်းရှိ ရတနာများကို မြင်လိုက်ရသည့်အခါ အနည်းငယ် မှင်တက်သွားပြီး သူ၏ ပျင်းရိနေသော မျက်ဝန်းများသည် ချက်ချင်းပင် တောက်ပသွားရသည်။
ဒီကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ... တကယ်ပဲ ဒဏ္ဍာရီလာ နတ်သက်ကြွေ စစ်အစီအရင်ပြား ရှိနေတာလား။ ဒါတင်မကဘဲ ဧကရာဇ်အဆင့် ရတနာတစ်ခုပါ ရှိနေသေးတယ် တကယ့်ကို နတ်သက်ကြွေ ဓားပဲ။
ဒီအရာသည် ဒဏ္ဍာရီလာ ဧကရာဇ်ဓားလေးလက် ဖြစ်သော သတ်၊ ဖြတ်၊ နတ်၊ သက် ဟူသော ဓားများ ဖြစ်ကြသည်။ ဒဏ္ဍာရီအရ ဧကရာဇ်ဓား တစ်လက်စီတွင် အတိုင်းအဆမဲ့သော သတ်ဖြတ်ခြင်း အစီအရင်များ ကိန်းအောင်းနေပြီး မရေမတွက်နိုင်သော ပြောင်းလဲမှုများနှင့်အတူ ကြယ်တာရာများနှင့် လမင်းကိုပင် ဖြတ်တောက်နိုင်သည်ဟု ဆိုကြသည်။
နတ်သက်ကြွေ ဓားသည် သတ်ဖြတ်ခြင်းတွင် အလွန်တရာ ကျော်ကြားလှပြီး ၎င်းအတွင်းရှိ စွမ်းအားများက လူသားတစ်ဦး၏ သက်တမ်းကို လောင်ကျွမ်းစေနိုင်ကာ ဝိညာဉ်ကိုပါ တိုက်စားနိုင်သဖြင့် အလွန်တရာ ကြောက်စရာကောင်းလှပေသည်။
တကယ့်ကို ကောင်းကင်ဘုံက ပေးတဲ့ ရတနာပဲ... ကမ္ဘာဦးအဆင့် နတ်သက်ကြွေ စစ်အစီအရင်ပြားနဲ့ ဧကရာဇ်ဓား အအပိုင်းအစတစ်ခုတဲ့လား။
ဒီဇာတ်ဆောင်ကြီးရဲ့ အသွင်အရဆိုရင် သူက ဧကရာဇ်ဓား လေးလက်စလုံးကို စုဆောင်းဖို့ ရည်ရွယ်ထားပုံပဲ။
စုချန်ရှောင်း၏ မျက်ဝန်းများ တောက်ပသွားပြီး အောက်ဘက်ရှိ ကန်မင်းအာ့ထျန်ကို ရွှေတောင်ကြီးတစ်တောင်ကို မြင်တွေ့လိုက်ရသည့်အလား စိုက်ကြည့်နေမိသည်။
ကြည့်ရတာ ငါ့ရဲ့ ကံတရားက မဆိုးဘူးပဲ။ ဒီကန်မင်းအာ့ထျန်က တကယ့်ကို ထိပ်သီးဇာတ်ဆောင်တစ်ယောက်ပဲ နောင်ဆိုရင် ယဲ့ရှောင်ရဲ့ ဇာတ်ညွှန်းကတောင် သူ့ကို ဖြိုခွင်းနိုင်မှာ မဟုတ်ဘူး။
တစ်ဖက်တွင်မူ ကန်မင်းနင်သည် သူ၏ နောင်တော်ကို မြင်လိုက်ရသည့်အခါ မျက်နှာတစ်ခုလုံး ချက်ချင်းပင် တင်းမာသွားတော့သည်။