အခန်း ၂၉ အခြေချနေထိုင်သော ရှေးဟောင်းမျိုးနွယ်စု ကန်မင်းမျိုးနွယ်စု
ကန်မင်းကမ္ဘာမြေ... ကန်မင်းမျိုးနွယ်စုအတွင်း၌...
ခန့်ညားထည်ဝါပြီး တည်ငြိမ်လှသော ထူးခြားသည့် အသက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် အဓိကထိုင်ခုံထက်တွင် ထိုင်နေသည်။ ထိုသူက ယခင်မျိုးဆက်မှစ၍ မျိုးနွယ်စုခေါင်းဆောင်နေရာသို့ တက်လှမ်းလာခဲ့သော ကန်မင်းမျိုးနွယ်စု၏ ခေါင်းဆောင်... ကန်မင်းယုံ ဖြစ်ပေသည်။
ကန်မင်းယုံသည် မျက်ဝန်းများကို မှိတ်ထားသဖြင့် သူ၏ စိတ်ခံစားချက်ကို မည်သူမျှ မခန့်မှန်းနိုင်ချေ။
"အာ့ထျန် ဘယ်ကို သွားတာလဲ"
နန်းဆောင်အောက်ခြေရှိ ခန့်ညားသော လူငယ်လေး ကန်မင်းနင်က လက်အုပ်ချီကာ လျှောက်တင်သည်။
"အဖေ... နောင်တော်က ကောင်းကင်ဘုံတိုက်ခိုက်ရေးကွင်းဆီ သွားပါတယ်"
"တိုက်ခိုက်ရေးကွင်း..." ကန်မင်းယုံ တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူ၏ နက်မှောင်သော မျက်ဝန်းများထဲတွင် မကျေနပ်မှုများ ဖြတ်ပြေးသွားပြီး လေးနက်သောအသံဖြင့် ဆိုလိုက်သည်။
"ဒီကောင်စုတ်လေး..."
"ရှေးဟောင်းမျိုးနွယ်စု ကန်မင်းမျိုးနွယ်စုရဲ့ အဖွဲ့ဝင်တစ်ယောက်, ကန်မင်းယုံရဲ့ သားဖြစ်ပြီး မြင့်မြတ်တဲ့ သွေးချင်းရှိပါလျက်နဲ့... ဘာလို့ အဲ့ဒိ နိမ့်ကျတဲ့ တိုက်ခိုက်ရေးကွင်းထဲ ဝင်ပြီး လူရိုင်းတွေနဲ့ သွားရောက်တိုက်ခိုက်နေရတာလဲ"
အဖေဖြစ်သူ၏ ဒေါသကို မြင်လိုက်ရသည့်အခါ ကန်မင်းနင်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး ဖြည်းညှင်းစွာ လျှောက်တင်သည်။
"အဖေ... ကောင်းကင်ဘုံတိုက်ခိုက်ရေးကွင်းမှာ ကြယ်ကြွေရာ ရှေးဟောင်းသချိုင်းမြေထဲ ဝင်ရောက်ခွင့် အရည်အချင်း ရှိပါတယ် နောင်တော်က အဲ့ဒိအရာကြောင့် သွားတာလို့ ကျွန်တော် ထင်ပါတယ်..."
ကန်မင်းယုံသည် ထိုစကားကို ကြားရသည့်အခါ ပို၍ပင် ဒေါသထွက်သွားရသည်။
"ဟူး... ကြယ်ကြွေရာ ရှေးဟောင်းသချိုင်းမြေဆိုတာ ငါတို့ ကန်မင်းမျိုးနွယ်စုရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတာ... အကယ်၍ ဒီမိုက်မဲတဲ့ သားက သူ့အပြစ်ကို ဝန်ခံဖို့ ဆန္ဒရှိရင် ငါက သူ့ကို မဝင်ခိုင်းဘဲ နေပါ့မလား"
ကန်မင်းနင်သည် ထိုစကားကို ကြားပြီးနောက် တိတ်ဆိတ်သွားရသည်။ သူ၏ မျက်ဝန်းအိမ်အောက်ခြေတွင် နက်ရှိုင်းလှသော မနာလိုမှုများ ပေါ်ထွက်လာခဲ့သည်။ သူတို့နှစ်ယောက်လုံးက အဖေတစ်ဦးတည်း၏ သားသမီးများ ဖြစ်ကြပါလျက်နှင့် ဘာကြောင့် အဖေဖြစ်သူက ကန်မင်းအာ့ထျန်ကိုသာ အမြဲတမ်း ပိုပြီး မျက်နှာသာပေးနေရတာပါလိမ့်။
ကန်မင်းနင်သည် ခဏမျှ တုံ့ဆိုင်းနေပြီးမှ အဖေဖြစ်သူကို မော့ကြည့်ကာ မျှော်လင့်ချက်အပြည့်ဖြင့် လျှောက်တင်လိုက်သည်။
"အဖေ... ကျွန်တော် နားမလည်နိုင်ဘူး... နောင်တော်က အဖေရဲ့ စေတနာကောင်းကို နည်းနည်းမှ နားမလည်ပါဘူး သူက ကျွန်တော်တို့ ရှေးဟောင်းမျိုးနွယ်စု ကန်မင်းမျိုးနွယ်စုနဲ့ အဆက်အသွယ် ဖြတ်ထားပြီးသားဖြစ်လို့ ကျွန်တော်တို့ မျိုးနွယ်စုရဲ့ အဖွဲ့ဝင်လည်း မဟုတ်တော့ပါဘူး..."
"ဘာလို့ အဖေက နောင်တော်ရဲ့ လှုပ်ရှားမှုတွေကို ဒီလောက်တောင် ဂရုစိုက်နေရသေးတာလဲ"
"ကျွန်တော်တို့ ရှေးဟောင်းမျိုးနွယ်စု ကန်မင်းမျိုးနွယ်စုက ကန်မင်းအာ့ထျန် မရှိရင် ရှေ့ဆက်လို့ မရတော့ဘူးလား"
"အဖေ... ကျွန်တော်လည်း မဟာယာနအဆင့် ဖြစ်သလို ကျင့်ကြံမှုအဆင့်က နောင်တော့်ထက်တောင် မြင့်ပါသေးတယ်... ကျွန်တော်လည်း ကန်မင်းမျိုးနွယ်စုကိုယ်စား ကြယ်ကြွေရာ ရှေးဟောင်းသချိုင်းမြေကို သွားနိုင်ပါတယ်"
ထိုစကားများ ပြောပြီးသည်နှင့်... ရုတ်တရက် ဖြတ်ခနဲ ပါးရိုက်သံတစ်ခု ထွက်ပေါ်လာတော့သည်။
ဖြန်း...
"မိုက်မဲတဲ့ သား... အာ့ထျန်က မင်းရဲ့ နောင်တော်ပဲ ဖြစ်ရမယ်..."
"မင်းက ငါ့ကို အာခံဖို့ ကြိုးစားနေတာလား"
"ဒူးထောက်စမ်း..."
ကန်မင်းယုံသည် မည်သည့်အချိန်က ကန်မင်းနင်၏ ရှေ့သို့ ရောက်ရှိလာသည်မသိရဘဲ ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ အမူအရာ ပြင်းထန်နေသည်။ သို့သော်လည်း မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး မျက်ဝန်းများ နီမြန်းလျက် တိတ်ဆိတ်နေသော ကန်မင်းနင်ကို မြင်လိုက်ရသည့်အခါ... ကန်မင်းယုံသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူ၏ မျက်နှာအမူအရာက ဖြည်းည်းချင်း နူးညံ့သွားရသည်။ သူသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကန်မင်းနင်၏ နီမြန်းကာ ဖူးရောင်နေသော ပါးပြင်လေးကို သာယာစွာ ပွတ်သပ်ပေးရင်း နူးညံ့သောအသံဖြင့် ဆိုလိုက်သည်။
"နင်အာ..."
"တကယ်တော့ ငါက ဘာရည်ရွယ်ချက်မှ မရှိပါဘူး မင်းကလည်း ငါကန်မင်းယုံရဲ့ သားပဲ ဖြစ်တယ်..."
"မင်းရဲ့ အမေက စောစောစီးစီး ဆုံးပါးသွားခဲ့သလို မင်းရဲ့ နောင်တော် အာ့ထျန်ကိုလည်း ငယ်စဉ်ကတည်းက အပြင်ကို ပို့ထားခဲ့ရတာမို့ သူက ငါတို့ရဲ့ ဂရုစိုက်မှုကို မရရှိခဲ့ရှာဘူး ထိုအချက်ကြောင့်ပဲ သူ့ရဲ့ စရိုက်က ပြင်းထန်သွားရတာ ဖြစ်တယ်..."
"သူ့ရဲ့ အဖေတစ်ယောက်အနေနဲ့ ငါက သူ့အပေါ် ပိုပြီး သည်းခံပေးသင့်တာပေါ့..."
ကန်မင်းနင်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး မြေပြင်ပေါ်တွင် ဒူးထောက်လျက် မျက်ဝန်းထဲမှ မျက်ရည်များကို အတင်းအကျပ် အောင့်အည်းထားရှာသည်။ မိမိအတွက် ရင်းနှီးသလိုလိုနှင့် စိမ်းသက်နေသော အဖေဖြစ်သူကို ကြည့်ကာ သူသည် ပထမဆုံးအကြိမ်အဖြစ် ပြန်လည် ချေပလိုက်မိသည်။
"ဒါပေမဲ့ အဖေ... ကျွန်တော်ကျတော့ကော..."
"ကျွန်တော်က မျိုးနွယ်စုထဲမှာ သုံးနှစ်တောင် ဓားစာခံအဖြစ် အဖမ်းခံခဲ့ရတာ... ဦးလေးဖြစ်သူက အဖေကို ခြိမ်းခြောက်ဖို့အတွက် ကျွန်တော်ကို အသုံးချခဲ့တာလေ..."
"ဦးလေးက ကျွန်တော်ကို တစ်ခါက ပြောဖူးတယ်... အဖေက သားဖြစ်သူ ကျွန်တော်ကို စွန့်လွှတ်ဖို့ အကြိမ်ကြိမ် စဉ်းစားခဲ့ဖူးတယ်တဲ့..."
"အနည်းဆုံးတော့ နောင်တော်က အပြင်မှာ ဘေးကင်းကင်းနဲ့ ရှိနေခဲ့တာပဲ မဟုတ်လား သူ ပြန်လာတော့လည်း အဖေက သူ့ကို အစားထိုးပေးဖို့အတွက် အရင်းအမြစ်တွေ အများကြီး ပေးခဲ့တယ် ဒါပေမဲ့ သူက ဘာလုပ်ခဲ့လဲ"
"အဖေရဲ့ မျက်နှာသာပေးမှုကို ရလို့ သူက မာနကြီးလာခဲ့တာ... အမေ သေဆုံးရတာက အဖေကြောင့်ဆိုပြီး အဖေအပေါ် အမုန်းတရားတွေ အများကြီး ထားနေတာလေ..."
"အဖေရဲ့ မျက်စိထဲမှာ နောင်တော်ပဲ ရှိနေတာ... သူ ဘယ်လောက်ပဲ မိုက်မဲတဲ့အရာတွေ လုပ်ပါစေ အဖေက အမြဲတမ်း ခွင့်လွှတ်ပေးနိုင်ခဲ့တယ်"
ကန်မင်းနင်သည် မျက်ရည်များ စီးကျလျက် အသံကျယ်ကျယ်ဖြင့် အပြစ်တင်လိုက်သည်။
"ဒါပေမဲ့ အဖေ စဉ်းစားဖူးရဲ့လား... ကျွန်တော်လည်း အဖေရဲ့ သားသမီးပဲ... အမေရဲ့ ဝမ်းထဲက ထွက်လာတဲ့ သွေးသားပဲ ဖြစ်ပါတယ်..."
"အဖေက အမေ ဆုံးပါးသွားပြီးနောက် ခံစားရတဲ့ အပြစ်မကင်းမှုကို နောင်တော့်အပေါ်ပဲ ပုံချနေတာ"
ထိုစကားများက အလွန်တရာ စူးရှလှသဖြင့် ထက်မြက်သော ဓားတစ်စင်းကဲ့သို့ ကန်မင်းယုံ၏ နှလုံးသားကို နက်ရှိုင်းစွာ ဒဏ်ရာရစေသည်။
"ပါးစပ်ပိတ်စမ်း..."
ကန်မင်းယုံ၏ နူးညံ့သောအမူအရာက ချက်ချင်းပင် အလွန်အမင်း ဒေါသထွက်မှုအဖြစ် ပြောင်းလဲသွားပြီး ရိုက်နှက်ရန် လက်ကို မြှောက်လိုက်မိသော်လည်း... ကန်မင်းနင်က ရှောင်တိမ်းခြင်းလည်း မပြု၊ အရှုံးပေးခြင်းလည်း မရှိဘဲ ကျရောက်လာမည့် ဒေါသုန်မုန်တိုင်းကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေဟန် ရှိသည်။ ကန်မင်းယုံ၏ လက်သည် လေထုထဲတွင် ရပ်တန့်နေပြီး အချိန်အတော်ကြာအောင် ကျမလာခဲ့ချေ။ သူသည် အသက်ပြင်းပြင်းရှူကာ မျက်ဝန်းများကို မှိတ်လိုက်ပြီး ဖိနှိပ်ထားသော အသံဖြင့် ဆိုလိုက်သည်။
"ထွက်သွားတော့"
"အဖေ..."
"ငါက မင်းရဲ့ အဖေအနေနဲ့ ထွက်သွားဖို့ ပြောနေတာ... ကြားလား"
ကန်မင်းနင်၏ ခန္ဓာကိုယ် တုန်ရီသွားပြီးနောက် သူသည် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန် ရှိသည်။ သူသည် မိမိကိုယ်ကိုယ် လှောင်ပြောင်သနားစဖွယ် ရယ်မောလိုက်ပြီးနောက် ဖြည်းဖြည်းချင်း ထကာ ယိမ်းယိုင်စွာဖြင့် အပြင်သို့ ထွက်ခွာသွားတော့သည်။ သူ ထွက်ခွာသွားပြီးနောက် ကန်မင်းယုံသည် ထိုင်ခုံထက်သို့ တစ်ယောက်တည်း ပြန်ထိုင်ကာ မျက်နှာကြက်ကို ငေးမောကြည့်ရင်း အချိန်အတော်ကြာအောင် တိတ်ဆိတ်နေမိသည်။
သူသည် ဤမျိုးနွယ်စုခေါင်းဆောင် နေရာအတွက် အရာများစွာ စွန့်လွှတ်ခဲ့ရသည်။ သားကြီးက ထိုကဲ့သို့ ဖြစ်နေသလို ယခုအခါ အလိုက်သိဆုံးနှင့် လိမ္မာဆုံးဖြစ်သော သားငယ်လေးကပါ ထပ်တူဖြစ်နေရသည်တဲ့...။
"ပြောရခက်လှချည်ရဲ့... တကယ်ပဲ ငါက အဖေကောင်းတစ်ယောက် မဖြစ်ခဲ့လို့လား..."
မိမိကိုယ်ကိုယ် သံသယဝင်နေသည့် အချိန်၌ပင်... ကန်မင်းမျိုးနွယ်စု၏ အကြီးအကဲတစ်ဦး ပျာပျာသလဲ ပြေးဝင်လာသည်။
"မျိုးနွယ်စုခေါင်းဆောင်... မျိုးနွယ်စုခေါင်းဆောင်..."
"ဒုတိယအကြီးအကဲ..." ကန်မင်းယုံသည် မိမိကိုယ်ကိုယ် တည်ငြိမ်အောင် ကြိုးစားရင်း ရောက်ရှိလာသူကို ကြည့်ကာ ဆိုလိုက်သည်။
"ဘာဖြစ်လို့လဲ"
အကြီးအကဲက အလျင်အမြန် လျှောက်တင်သည်။
"မျိုးနွယ်စုခေါင်းဆောင်... အရင်က မြင်းမျိုးနွယ်စု ပြောခဲ့တဲ့ ဧကရာဇ်မျိုးနွယ်စု စုမိသားစုရဲ့ သခင်လေး ရောက်ရှိလာပါပြီ... လက်ရှိ မဟာအကြီးအကဲက အပြင်မှာ အဆိုပါ မြင့်မြတ်တဲ့ ဧည့်သည်တော်ကို ဧည့်ခံနေပါတယ် မျိုးနွယ်စုခေါင်းဆောင်... အဖေကကော..."
“ဘာ…..”
"သူက တကယ်ပဲ ဧကရာဇ်မျိုးနွယ်စု စုမိသားစုကလား"
ကန်မင်းယုံသည် ထိုစကားကြောင့် လန့်ဖြန့်သွားပြီး အလျင်အမြန် ထရပ်လိုက်သည်။
"မြန်မြန်... အကြီးအကဲအားလုံးကို စုစည်းပြီး ဧကရာဇ်မျိုးနွယ်စုရဲ့ သခင်လေးကို ကြိုဆိုဖို့ ငါနဲ့အတူ လိုက်ခဲ့ကြ"
ယခုအချိန်တွင်မူ ကန်မင်းမျိုးနွယ်စု၏ နန်းဆောင်အပြင်ဘက်၌...
ဂိုဏ်းချုပ် ယွမ်ဖုန်းရှောင်းသည် စုချန်ရှောင်း၏ နောက်ကွယ်မှ စိုးရိမ်တကြီး လိုက်ပါလာခဲ့သည်။ သူသည် ဂိုဏ်းချုပ်တစ်ဦး ဖြစ်သော်လည်း အခြေချနေထိုင်သော ရှေးဟောင်းမျိုးနွယ်စုထံ ရောက်ရှိလာသည့်အခါမှသာ မိမိထက် အစွမ်းထက်သူများ အမြဲရှိနေသည်ကို သဘောပေါက်လိုက်မိသည်။ ကန်မင်းမျိုးနွယ်စုတွင် ခမ်းနားထည်ဝါလှသော နန်းတော်ကြီးများ ရှိရုံသာမက တံခါးစောင့်များပင်လျှင် မိမိနှင့် တူညီသော ကျင့်ကြံမှုအဆင့်များ ဖြစ်ကြသည် မဟုတ်ပါလား။
ကန်မင်းမျိုးနွယ်စု၏ မဟာအကြီးအကဲသည် ဘေးနားတွင် ရိုသေစွာ ရပ်နေရင်း စုချန်ရှောင်းကို လျှောက်တင်သည်။
"သခင်လေးစု... ခဏလောက် စောင့်ဆိုင်းပေးပါဦး ကျွန်တော်တို့ မျိုးနွယ်စုခေါင်းဆောင် ချက်ချင်း ရောက်လာပါလိမ့်မယ်... ကျွန်တော်မျိုးရဲ့ နောက်ကို လိုက်ခဲ့ပါဦး သခင်လေးကို အနားယူဖို့အတွက် ရေတိမ်နန်းဆောင်ဆီ ခေါ်ဆောင်သွားပေးပါ့မယ်"
စုချန်ရှောင်းက ခေါင်းညိတ်ကာ တည်ငြိမ်စွာ ဆိုလိုက်သည်။
"အင်း"
ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိလိုက်ဟန် ရှိသည်။ စုချန်ရှောင်းသည် မလှမ်းမကမ်းတွင် မျက်ဝန်းများ နီမြန်းလျက် အလျင်အမြန် ဖြတ်လျှောက်သွားသော လူငယ်လေးတစ်ဦးကို သတိပြုမိလိုက်သည်။
ဟင်...
[အမည် - ကန်မင်းနင်]
[ခေါင်းစဉ် - ကံကြမ္မာအရှင်သခင်၏ ညီဖြစ်သူ၊ ရက်စက်သော မိစ္ဆာဧကရာဇ်]
[ဘယ်သူဘယ်ဝါဖြစ်ကြောင်း - ကန်မင်းမျိုးနွယ်စု ခေါင်းဆောင်၏ သားငယ်]
[အသက် - ၂၀၊ စရိုက် - နူးညံ့သည်၊ မနာလိုစိတ်ကြီးသည်]
[ကျင့်ကြံမှုအဆင့် - မဟာယာနအဆင့် နဝမအဆင့်]
[ခန္ဓာကိုယ်အမျိုးအစား - ယင်ယန်နတ်ဘုရားခန္ဓာကိုယ်]
[ကျင့်စဉ်များ - ကန်မင်းမှတ်တမ်း၊ ယင်နှင့်ယန် ရှေးဟောင်းကျင့်စဉ်...]
[ဘဝဇာတ်ညွှန်း - ကန်မင်းမျိုးနွယ်စု၏ သားငယ် ဖြစ်သည်။ ငယ်စဉ်က အဖေကို ခြိမ်းခြောက်ရန် ဓားစာခံအဖြစ် အသုံးချခံခဲ့ရပြီး ကြီးပြင်းလာသည့်အခါ အဖေဖြစ်သူက နောင်တော် ကန်မင်းအာ့ထျန်အပေါ် မျက်နှာသာပေးလွန်းသဖြင့် အလွန်အမင်း မနာလို ဖြစ်နေသူ ဖြစ်သည်]
ကံကြမ္မာအရှင်သခင်၏ ညီဖြစ်သူ ဟုတ်လား။ စုချန်ရှောင်း အနည်းငယ် မှင်တက်သွားရသည်။ သို့ဆိုလျှင် ကန်မင်းအာ့ထျန်က သေချာပေါက် ကံကြမ္မာအရှင်သခင်တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ သို့သော်လည်း သူ၏ ညီဖြစ်သူ၏ ဇာတ်ညွှန်းက တကယ့်ကို စိတ်ဝင်စားစရာ ကောင်းလှသည်။
စုချန်ရှောင်း၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာပြီး ဖြတ်လျှောက်သွားသော ကန်မင်းနင်ကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။
"အကြီးအကဲကန်... သူက ဘယ်သူလဲ"
မဟာအကြီးအကဲက လှမ်းကြည့်လိုက်ပြီးနောက် ရိုသေစွာ လျှောက်တင်သည်။
"သခင်လေးစု... ထိုကလေးက ကန်မင်းနင် ဖြစ်ပါတယ် ကျွန်တော်တို့ မျိုးနွယ်စုခေါင်းဆောင်ရဲ့ သားငယ်လေးပါ သူက ပါရမီ အလွန်ထူးချွန်ပြီး လက်ရှိ ကန်မင်းမျိုးနွယ်စုရဲ့ ပါရမီရှင်တစ်ဦး ဖြစ်ပါတယ်"
စုချန်ရှောင်းက ခေါင်းညိတ်ပြုံးပြရင်း ဆိုလိုက်သည်။
"သူ့ပုံစံက သိပ်ပြီး အဆင်ပြေပုံမပေါ်ဘူး ဘာဖြစ်ခဲ့လို့လဲ"
မဟာအကြီးအကဲ မှင်တက်သွားရပြီး ကန်မင်းနင်၏ နီမြန်းနေသော မျက်ဝန်းများကို သဘာဝကျကျ သတိပြုမိလိုက်သည်။ ကန်မင်းမျိုးနွယ်စု၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် သူသည် ဘာဖြစ်ခဲ့သည်ကို ချက်ချင်း ခန့်မှန်းမိသော်လည်း မိသားစုတွင်း အရှုပ်အထုပ်များကို ပြင်ပလူအား မပြောပြသင့်သဖြင့် သူက ခါးသက်စွာ ပြုံးလျက်သာ လျှောက်တင်နိုင်တော့သည်။
"ဒါကတော့... ကျွန်တော်မျိုးလည်း ဘာဖြစ်လဲဆိုတာ မသိပါဘူး"
ထိုအချိန်၌ပင် ဝေးလံသော နေရာမှ ကျယ်လောင်လှသော ရယ်မောသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာတော့သည်။
"ဟားဟားဟား... ဒီမနက်တင် အပြင်မှာ လာဘ်ကောင်လေး အော်နေတာကို ကြားလို့ ကောင်းတဲ့အရာတွေ ကြုံရတော့မယ်လို့ တွေးနေတာ..."
"ဧကရာဇ်မျိုးနွယ်စုရဲ့ သခင်လေးစုက ကျွန်တော့်ရဲ့ ကန်မင်းမျိုးနွယ်စုဆီကို ကိုယ်တိုင် ဝင်ရောက်ချီးမြှင့်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး ထိုအရာက ကျွန်တော်တို့ ကန်မင်းမျိုးနွယ်စုအတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ"