စုန့်ချင်းရှု၏ စကားအဓိပ္ပာယ်ကို ဓားပြများ သိပ်နားမလည်ကြသော်လည်း သူတို့ကို လှောင်ပြောင် ပြောဆိုနေသည်ကိုတော့ သိသည်။ ဓားပြများ ဒေါသထွက်သွားပြီး ဓားများ လွှဲကာ ခုတ်ရန် ပြင်လိုက်သည်။
စားပွဲကို လက်ဖဝါးဖြင့် ရိုက်ချလိုက်ရာ ဝါးဘူးထဲရှိ တူချောင်းများ လေထဲသို့ ပျံတက်သွားသည်။ စုန့်ချင်းရှု အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ တူချောင်းများက သူ၏အတွင်းအားဖြင့် ပေါင်းစပ်သွားပြီး ထိုလူများဆီသို့ မြှားများကဲ့သို့ ပစ်လွှတ်သွားသည်။
အော်သံအချို့ ထွက်ပေါ်လာပြီး ဓားပြများ၏ လက်များတွင် တူချောင်းများ ဖောက်ဝင်သွားသည်။ နာကျင်မှုကြောင့်လား၊ ကြောက်ရွံ့မှုကြောင့်လားမသိ၊ အားလုံး ချွေးစေးများ စီးကျနေပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်၍ ရှက်ရွံ့စွာ ထွက်ပြေးကုန်ကြသည်။
ထျန်ကွေနုန်သည် မျက်လုံးများ တောက်ပလာသည်။ သူသည် ထိပ်တန်း သိုင်းပညာရှင် မဟုတ်သော်လည်း သူ၏ အမြင်ကတော့ မဆိုးလှပေ။ စုန့်ချင်းရှုသည် သေးငယ်သော ဝါးတူဖြင့် လူတိုင်း၏ လက်ဖဝါးကို တိကျစွာ ပစ်ခတ်နိုင်သည်ကို မြင်သောအခါ သူ၏ အတွင်းအားနှင့် တိကျမှုသည် ထိတ်လန့်စရာပင်။ သူ၏ ရင်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်၊ “ဒီလူရဲ့သိုင်းပညာက မြောင်ရန့်ဖုန်းထက် တစ်ဆင့်ပိုမြင့်တယ်”
“ကျွန်တော်က ထျန်ကွေနုန်ပါ၊ ကျွန်တော်တို့ကို ကယ်တင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်၊ အဟွတ်... အဟွတ်.....(ချောင်းဆိုးသံ)” ထျန်ကွေနုန်သည် စကားမဆုံးသေးခင်မှာပင် အတွင်းဒဏ်ရာများကြောင့် ပြင်းထန်စွာ ချောင်းဆိုးလာသည်။
စုန့်ချင်းရှုက ရှချင်းချင်းရှေ့တွင် လက်ဖဝါးဖြန့်ပြီး ပြလိုက်သည်၊ “ဒီကိုပေး”
“ဘာလဲ” ရှချင်းချင်း အံ့ဩသွားပြီး နားမလည်စွာ မေးလိုက်သည်။
“ဖူလင် ရှို့ဝူဆေးလေ၊ ငါ့မှာ ဒဏ်ရာကုသတဲ့ဆေးမရှိဘူး” စုန့်ချင်းရှုက ရယ်မောလိုက်သည်။
“ဟွန့်၊ ရှင်က တကယ်ကို ယဉ်ကျေးမှု့မရှိဘူး” ထိုသူ ဒဏ်ရာပြင်းထန်စွာ ရထားသည်ကို မြင်သောကြောင့် ရှချင်းချင်းသည် သူ့အင်္ကျီထဲမှ ဆေးတစ်လုံးကို ထုတ်ပေးလိုက်သည်။
“ဒီကမိန်းကလေး၊ ကျွန်တော့်မှာ ဒဏ်ရာကုသဖို့ဆေးတစ်လုံး ရှိတယ်၊ မင်းရဲ့ ခင်ပွန်းကို တိုက်လိုက်ပါ” စုန့်ချင်းရှုက ဖူလင် ရှိုဝူဆေးအား နန်းလန်ရှေ့သို့ ကမ်းပေးကာ နူးညံ့စွာ ပြောလိုက်သည်။ ဘေးမှ ရှချင်းချင်းမှာ သူမပေးသည့်ဆေးကို မိန်းမလှတစ်ဦးအား ပေးကမ်းနေသည်ကို မြင်ရသောအခါ ဒေါသတကြီးဖြစ်သွားပြီး နှာတစ်မှုတ်၍ မျက်နှာလွဲသွားသည်။ မမြင်ရရင် ဒေါသမထွက်တော့ဘူး။
စုန့်ချင်းရှု၏ ခန့်ညားသောမျက်နှာကို သေချာကြည့်လိုက်ပြီး စောစောကပင် အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် ရန်သူများကို အနိုင်ယူခဲ့သည်ကို တွေးမိသောအခါ နန်းလန်၏ ရင်ထဲတွင် ခုန်ပေါက်သွားပြီး အလျင်အမြန် ဦးညွတ်ကာ ပြောလိုက်သည်၊ “ကျွန်မ အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကယ်တင်ရှင်ရဲ့ နာမည်ကို သိပါရစေ”
နန်းလန် ဆေးကို လက်ခံယူလိုက်ချိန်တွင် စုန့်ချင်းရှု၏ လက်က ညင်သာစွာ လျောချသွားပြီး လက်ချောင်းထိပ်က သူမ၏ နူးညံ့သွယ်လျသော ကျောက်စိမ်းလက်ချောင်းများကို ထိတွေ့လိုက်သည်။ “နူးညံချောမွတ်နေတာပဲ၊ ဒီကောင် ထျန်ကွေနုန်က တကယ်ကို ကံကောင်းတာပဲ” တွေးရင်း သက်ပြင်းချလိုက်သည်။
လက်ပေါ်တွင် ထူးဆန်းသော ခံစားမှုတစ်ခု ခံစားလိုက်ရသဖြင့် နန်းလန် လန့်သွားပြီး မသိစိတ်ဖြင့် လှည့်ကြည့်လိုက်ရာ ထျန်ကွေနုန် သတိမေ့မြောနေသည်ကို တွေ့ရသည်။ တဖက်မှအမျိုးသမီးကလည်း အခြားဘက်သို့ မျက်နှာမူထားသဖြင့် ခုနက မြင်ကွင်းကို မည်သူမျှ မမြင်လိုက်ကြပေ။
ရင်ထဲတွင် အနည်းငယ် ဒေါသထွက်လာပြီး မော့ကြည့်လိုက်ရာ စုန့်ချင်းရှုက တည်တည်ငြိမ်ငြိမ် ရှိနေသည်ကို တွေ့ရသဖြင့် သူမ၏ စိတ်ထဲတွင် သံသယများ ပေါ်လာသည်၊ “တဖက်လူက မတော်တဆ ထိမိတာလား၊ ကိုယ်တိုင်ပဲ အများကြီး တွေးနေတာလား”
“မိန်းကလေး ကျွန်တော့်ကို စုန့်ချင်းရှုလို့ ခေါ်နိုင်ပါတယ်၊ ဒီဘေးကတော့ ကျွန်တော့်သူငယ်ချင်း ယွီယွီပါ” စုန့်ချင်းရှုသည် ရှချင်းချင်း၏ အမည်ရင်းကို သူတို့နှစ်ဦးအား မပြောရဲပေ။ ထျန်ကွေနုန်သည် ရှန်ကျင်းက မင်းသားပေါင်၏ လက်အောက်ခံဖြစ်ပြီး နောင်တွင် ခန်းရှီ နားသို့ ရောက်သွားပါက သူ ဒုက္ခရောက်မည် ဖြစ်သည်။
“စုန့်သခင်လေးနဲ့ မိန်းကလေးယွီယွီကို ကျေးဇူးတင်ပါတယ်” နန်းလန်က ထျန်ကွေနုန်ကို ဆေးတိုက်ပေးရင်း ပြုးလျက်ပြောလိုက်တယ်။
“မိန်းကလေးကိုရောကို ဘယ်လို ခေါ်ရမလဲ” စုန့်ချင်းရှုသည် ထျန်ကွေနုန်၏ နောက်သို့ ရောက်လာပြီး အတွင်းအားဖြင့် ဒဏ်ရာပျောက်ကင်းအောင် ကူညီပေးလိုက်သည်။
နန်းလန်၏ မျက်နှာတွင် ရှက်ရွံ့သော အရိပ်အယောင်များ ပေါ်လာပြီး သူ၏ ရင်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
ဘာလို့ ဒီလောက် ရုတ်တရက်လဲ။ သို့သော် သူသည် သူမအသက်ကို ကယ်တင်ခဲ့သူဖြစ်ပြီး ယခုလည်း ထျန်ကွေနုန်၏ ဒဏ်ရာများကို ကုသပေးနေသည်ကို တွေးမိသောအခါ “ကျွန်မမျိုးရိုးက နန်း၊ နာမည်က လန် တစ်လုံးထဲပါ” ဟု ပြောလိုက်သည်။
“နန်းလန်လား” စုန့်ချင်းရှုက တစ်ခေါက် ရေရွတ်ပြီး ချီးကျူးလိုက်သည်၊ “မျိုးရိုးနာမည်က ကောင်းတယ်၊ နာမည်ကလည်း နားထောင်လို့ကောင်းတယ်”
နန်းလန်၏ မျက်နှာ ရဲတက်လာပြီး အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်၊ “စုန့်သခင်လေးက ချီးကျူးလွန်းနေပါပြီ”
ဘေးနာမှ ရှချင်းချင်းသည် စုန့်ချင်းရှု တခြားသူ၏ ခင်ပွန်း သတိလစ်နေချိန်တွင် ထိုသူ၏ ဇနီးကို လွတ်လပ်စွာ စနောက်နေသည်ကို ဆက်မကြည့်နိုင်တော့ဘဲ ကြားဖြတ်မေးလိုက်သည်၊ “ခင်ပွန်းဖြစ်သူ ဒဏ်ရာပြင်းပြင်းထန်ထန်ရလာတာ ဘယ်သူ့လက်ချက်ကြောင့်လဲ”
နန်းလန် ကြောင်အသွားသည်။ သူမ၏ ခင်ပွန်း မြောင်ရန့်ဖုန်းကို စွန့်ပစ်ကာ ထျန်ကွေနုန်နှင့် အတူလိုက်ပြေးခဲ့ခြင်း၊ ထို့နောက် မြောင်ရန့်ဖုန်းက လိုက်ဖမ်းပြီး ထျန်ကွေနုန်က မယှဉ်နိုင်ဘဲ သေလုနီးပါးဒဏ်ရာရခဲ့ခြင်း၊ သူမကိုယ်တိုင် ထျန်ကွေနုန်ရှေ့တွင် အသေခံ၍ ကာကွယ်ခဲ့ခြင်းကြောင့် မြောင်ရန့်ဖုန်း ဝမ်းနည်းကြေကွဲ စွာနဲ့ ထွက်ခွာသွားခြင်းတို့ကို ပြန်အမှတ်ရမိသည်။
သို့သော် ထိုအကြောင်းအရာများကို တခြားသူများသို့ မည်သို့မျှ ပြောပြ၍ မရနိုင်သဖြင့် နန်းလန်က မရှင်းမလင်း ပြောလိုက်သည် “ရန်သူကြီးတစ်ဦးရဲ့ လက်ချက်ပါ၊ ကံကောင်းလို့ အသက်မသေခဲ့ ရတာပါ”
ထိုအချိန်တွင် ထျန်ကွေနုန်လည်း သတိပြန်ရလာသည်။ ဗိုက်ထဲမှာ နွေးထွေးနေပြီး ကျောဘက်မှာလည်း ခိုင်မာသော ချီစွမ်းအားတစ်ခု စီးဆင်းလာသည်ကို ခံစားရသဖြင့် ကျွမ်းကျင်သူတစ်ဦးက ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း ချက်ချင်း သိလိုက်ရသည်။ စုန့်ချင်းရှုတို့ နှစ်ယောက်အမည်များကို ချက်ချင်း မေးလိုက်သည်။
ဘေးမှ နန်းလန်က ချစ်စဖွယ် အမူအရာဖြင့် ပြောလိုက်သည်၊ “ကွေနုန်၊ ရှင့် သတိမေ့နေတုန်း ကယ်တင်ရှင်က သူ့နာမည်ကို ပြောပြီးသားပါ။ ဒါက စုန့်ချင်းရှု စုန့်သခင်လေးပါ၊ ဒီဘက်က မိန်းကလေး ယွီယွီပါ”
“စုန့်ချင်းရှု” ထျန်ကွေနုန် အံ့အားသင့်သွားပြီး တုံ့ဆိုင်းစွာ မေးလိုက်သည်၊ “ကျေးဇူးရှင်က တားမြစ်မြို့တော်က ပထမအဆင့် အစောင့်အရှောက်(ကိုယ်ရံေတော်)လား”
စုန့်ချင်းရှု အံ့ဩသွားပြီး သူ့ကို ဘယ်လိုသိလဲ တွေးကာ မေးလိုက်သည်၊ “ထျန်ညီအစ်ကို၊ ကျွန်တော့်ကို သိတာလား”
“ကျေးဇူးရှင်ဟာ လွန်ခဲ့တဲ့ရက်ပိုင်းက ချင်မင်းဆက်လက်အောက်ခံ ပြည်နယ်အတော်များများက သိုင်းလောကကို ရှင်းလင်းခဲ့တယ်။ ကျောက်စိမ်းဧကရာဇ်တောင်ထိပ်တိုက်ပွဲမှာ ဝူတန်ဂိုဏ်းအကြီးအကဲ တာအိုသခင် ချုံးရှူကို ဓားကွက်တစ်ခုတည်းနဲ့ အနိုင်ယူခဲ့တယ်။ ပြီးတော့ တောင်ငါးလုံးဓားဂိုဏ်း(ဝူယွဲ့) မဟာမိတ်ခေါင်းဆောင် ကျိုးလန်ချန်းကိုလည်း အနိုင်ယူခဲ့တယ်။ သိုင်းလောကသားတစ်ယောက်အနေနဲ့ ကယ်တင်ရှင်ရဲ့ နာမည်ကျော်ကြားမှုကို ကြားဖူးတာ သဘာဝပါပဲ” ထျန်ကွေနုန်၏ မျက်နှာ အနည်းငယ် မသက်မသာ ဖြစ်နေသည်။ မင်းသားပေါင်သည် ခန်းရှီ၏ ရည်ရွယ်ချက်ကို သံသယရှိ၍ သူ့ကို အထူးစုံစမ်းရန် စေလွှတ်ခဲ့ခြင်း၊ သူသည် သူငယ်ချင်း မြောင်ရန့်ဖုန်း၏ အိမ်ကို ဖြတ်သွားစဉ် သူ၏ ဇနီး နန်းလန်ကို မြင်မြင်ချင်း ချစ်ကြိုက်ခဲ့ခြင်းကြောင့် ယနေ့ ဒီလို အရှက်ရစရာ ဖြစ်ခဲ့ရသည်ကို တွေးမိသည်။
သူ ထိုက်ရှန်းတေင်တိုက်ပွဲအကြောင်း ပြောသည်ကို ကြားသောအခါ ရှချင်းချင်း၏ မျက်နှာက ပြိုတော့မည့်မိုးလို မည်းမှောင်လာသည်။ စုန့်ချင်းရှုက အလျင်အမြန်ပင် စကားလမ်းကြောင်းပြောင်းလိုက်သည်၊ “အခုပဲ မင်းအမျိုးသမီးဆီက ကြားရသလောက် ထျန်ညီအစ်ကိုဟာ ရန်သူတော်ကြီးတစ်ဦးရဲ့ လက်ချက်ကြောင့် ဒဏ်ရာရခဲ့တာ၊ ကျွန်တော်ရဲ့များ အကူအညီ လိုအပ်သေးလား”
“တချို့အရာတွေက ကျွန်တော်တို့ ကိုယ်တိုင် ရင်ဆိုင်ရမှာပါ။ ကယ်တင်ရှင်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်” ထျန်ကွေနုန်က မသိစိတ်ဖြင့် ငြင်းဆန်လိုက်သည်။ မြောင်ရန့်ဖုန်း ထိုညက သူတို့နှစ်ဦးကို လွှတ်ပေးခဲ့ပြီး သူ၏ စရိုက်အရ ဆက်လက်၍ လိုက်လံနှောက်ယှက်မည်မဟုတ်ကြောင်း တွေးမိသည်။ တစ်ဖက်တွင် သူသည် ရှန်ကျင်းသို့ ပြန်ကာ မင်းသားပေါင်အား သတင်းပို့ရန် အလျင်လိုနေလျက်ရှိပြီး တစ်ဖက်တွင်လည်း စုန့်ချင်းရှု စိတ်အားထက်သန်နေသည်ကို မြင်သောအခါ ချွမ်ဝမ်၏ ရတနာ လျှို့ဝှက်ချက်ကို သိချင်နေမည်ကို စိုးရိမ်သဖြင့် စုန့်ချင်းရှုအား ဝင်ပါခွင့် မပြုရဲပေ။
“ကယ်တင်ရှင်၊ ဒီနေ့ ကိစ္စကို ကျွန်ုပ်ထျန်က လုံဂ မမေ့ပါဘူး။ နောင်တစ်ချိန် ရှန်ကျင်း ထျန်နန်တံခါးကို ကယ်တင်ရှင် လာရောက်မယ်ဆိုရင် ဒီထျန်က သေချာပေါက် ကောင်းကောင်းမွန်မွန် ကြိုဆိုမှာပါ” ခဏအနားယူပြီးနောက် ထျန်ကွေနုန်သည် ဒဏ်ရာများ သိသိသာသာ သက်သာလာသည်ဟု ခံစားရသဖြင့် ချက်ချင်း ထရပ်ကာ နှုတ်ဆက်လိုက်သည်။
“အိုး” စုန့်ချင်းရှု မျက်ခုံးပင့်ကာ ထရပ်ပြီး ပြန်၍နှုတ်ဆက်လိုက်သည်၊ “နောင်တစ်ချိန် အခွင့်အရေး ရရင် ဒီစုန့်က ထျန်ညီအစ်ကိုနှင့် ထျန်ရဲ့ဇနီးဆီကို သေချာပေါက် လာလည်ပါ့မယ်”
ထျန်ကွေနုန်က ဘာမှမဖြစ်သော်လည်း နန်းလန်၏ ရင်ထဲတွင်မူ အလွန်ထူးဆန်းနေသည်။ အစောပိုင်းမှ သူ၏လုပ်ရပ်များနှင့် “ထျန်ရဲ့ဇနီး” ဟု ပြောတုန်းက သူမကို ကြည့်တဲ့ အကြည့်များကို ဆက်စပ်ကြည့်သောအခါ အမျိုးသမီးများ၏ ပင်ကိုယ်စိတ်အရ ထိုသူသည် သူမအပေါ် တစ်မျိုးတစ်မည် စိတ်ရှိနေကြောင်း ခံစားမိသည်။
“သူတို့ထွက်သွားပြီ၊ ဘာကြည့်နေသေးတာလဲ” ဘေးမှ ရှချင်းချင်းက မကျေနပ်စွာဖြင့် ပြောလိုက်သည်။
“ဘုရားသခင်က ငါ့အပေါ် ကောင်းတယ်။ လှပတဲ့ မိန်းကလေးတစ်ယောက် ထွက်သွားလည်း ဒီမှာ လှပတဲ့ မိန်းကလေးတစ်ယောက် ရှိနေသေးတယ်” စုန့်ချင်းရှုက ပြန်လှည့်၍ ရှချင်းချင်း၏ ဒေါသထွက်နေသော မျက်နှာလေးကို ကြည့်ပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။
“ဟွန်း၊ စကားကောင်းကောင်း တစ်ခွန်းမှ မပြောဘူး” ရှချင်းချင်း၏ မျက်နှာ အနည်းငယ် ပြေပျော့သွားပြီး မေးလိုက်သည်၊ “ကျွန်မတို့ ဟွာရှန်းကို ဘယ်တော့ သွားမှာလဲ၊ ရှင်နဲ့ ဂိုဏ်းပေါင်းစုံလိုက်ပြီး ဓားစာခံရှာပေးဖို့ ကျွန်မမှာ အချိန်မရှိဘူး”
“မင်းသမီးလေးက ဒီလိုပြောမှတော့ ကျွန်တော်မျိုးက မင်းသမီးလေးနဲ့အတူ ဟွာရှန်းကို ချက်ချင်း လိုက်သွားရမှာပေါ့” စုန့်ချင်းရှုက စဉ်းစားလိုက်သည်။ ခန်းရှီက အချိန်သတ်မှတ်ထားတာ မဟုတ်တော့ ဟွာရှန်းက ပြန်လာပြီးမှ လုပ်လည်း နောက်ကျမှာ မဟုတ်ဘူး။
“ကွန်မကပဲ အရမ်းလိုက်စေနေတဲ့ပုံစံမျိုးပြောနေတယ်၊ ဒီမင်းသမီးက ရှင့်ကို လိုက်ဖို့ အတင်းအကျပ် မလုပ်ပါဘူးနော်” ရှချင်းချင်းက ပါးစပ်က ပြောနေသော်လည်း သူမနှုတ်ခမ်းထောင့်တွင် ထိန်းမရနိုင်သော အပြုံးတစ်ပွင့် ပေါ်လာသည်။
ရက်အနည်းငယ်ကြာပြီးနောက် သူတို့နှစ်ယောက် ဟွာရှန်းသို့ ရောက်လာကြသည်။ ချောက်ကမ်းပါးတစ်ခုကို ဖြတ်သန်းလာစဉ် ရှချင်းချင်း ရုတ်တရက် ရပ်တန့်သွားသည်။ ခဏလောက် တုံ့ဆိုင်းပြီးနောက် စုန့်ချင်းရှုကို လှည့်ကြည့်ကာ မေးလိုက်သည်၊ “ရှင် ကျွန်မကို ကြိုက်လား”