စုန့်ချင်းရှုက ပြောပြီးတာနဲ့ အလောတကြီး ထွက်သွားသည်။ ခဏအကြာမှာပဲ သူ့လက်ထဲမှာ ရွှံ့စေးလို အရာတစ်ခု ယူလာပြီး အမြန်ပြန်ရောက်လာသည်။
“ဒါက ဘာလဲ” ရှချင်းချင်းက သံသယဖြင့် မေးလိုက်သည်။
“အစစ်အမှန် ရုပ်ပြောင်းရုပ်ဖျက်ပညာပဲ” စုန့်ချင်းရှုက ရယ်မောရင်း ပြောလိုက်တယ်၊ “ဒီမှာထိုင်၊ ငါ မင်းကို ရုပ်ပြန်ပြောင်းပေးမယ်။ မင်းရဲ့ အခုပုံစံနဲ့ဆိုရင် အနီရောင်ဝတ်စစ်သားလေးတွေ မသိနိုင်ရင်တောင်၊ ဒေါင်ဖန်းပုပိုင်နဲ့ တွေ့ရင်တော့ သူ့ကို လှည့်စားနိုင်မှာ မဟုတ်ဘူး။”
“ကံဆိုးမှပဲ အဲ့ဒီ စိတ်မမှန်တဲ့သူနဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့မှာ” ရှချင်းချင်းလည်း လန့်သွားတယ်။
“မင်းပြောတဲ့ စိတ်မမှန်တဲ့သူက အရင်က အကြီးအကျယ် ရှုံးဖူးတယ်။ အဲ့ဒီညက သူ့နဲ့တိုက်ခိုက်ခဲ့တာ ငါလို့ အမြဲသံသယရှိနေတာ။ ဒီရက်ပိုင်း ငါ့ကို သေချာ စောင့်ကြည့်နေတာ။ သတိထားရမယ်” စုန့်ချင်းရှုက ပြောလည်းပြော၊ ရွှံ့စေးကို ရှချင်းချင်းရဲ့ မျက်နှာပေါ် လိမ်းနေတယ်။
“ရှင် ဘာလုပ်တာလဲ” စုန့်ချင်းရှုလက်ချောင်းတွေက သူမမျက်နှာဆီ ရောက်လာတာကို မြင်တော့ မိန်းမတစ်ယောက်ရဲ့ အိေန္ဒြသိက္ခာကြောင့် ရှချင်းချင်းက နောက်ကို အလိုအလျောက် ဆုတ်လိုက်တယ်။
“မင်းကို မထိဘဲ ဘယ်လို ရုပ်ပြောင်းပေးရမှာလဲ” စုန့်ချင်းရှုက စိတ်မရှည်ဟန်နဲ့ ပြောလိုက်တယ်၊ “စိတ်ထဲမှာ မဟုတ်တာတွေ မတွေးနဲ့။ ကျွန်တော့်ကို သမားတော်လို့ပဲ သဘောထားလိုက်။ သမားတော်ရဲ့ မျက်လုံးထဲမှာ ယောကျ်ားမိန်းမ ခွဲခြားတာ မရှိဘူး။”
“ဟွန့်၊ ပြောရတာ လွယ်တယ်။ ရှင်က မိန်းကလေးဖြစ်ပြီး ကျွန်မက ယောကျ်ားလေးဆိုရင် ရှင်က ကျွန်မကို လွယ်လွယ်နဲ့ ထိခွင့်ပေးမှာလား” ရှချင်းချင်းက စိတ်ပျက်စွာ ပြောလိုက်ပေမယ့်လည်း စုန့်ချင်းရှုစကားကြောင့် ရှောင်မနေတော့ဘူး။
စုန့်ချင်းရှုရဲ့ လက်ချောင်းတွေက သူမမျက်နှာကို ထိလိုက်တော့ ရှချင်းချင်း တစ်ကိုယ်လုံး တုန်ခါသွားတယ်။ စကားပြောဖို့ ပြင်နေတုန်း ဘာပြောရမှန်း မသိတော့ဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး သည်းခံလိုက်ရသည်။
“မျက်နှာလေးက တော်တော်နူးညံ့တာပဲ။ ပုံမှန် ဘာတွေသုံးပြီး ထိန်းသိမ်းတာလဲ”
“မင်းရဲ့ ခန္ဓာကိုယ်က ဘာလို့ ဒီလောက်ထိ ထိလွယ်ရှလွယ်ဖြစ်ရတာလဲ။ ထိလိုက်တာနဲ့ တစ်ကိုယ်လုံး တုန်ခါတယ်။ ဒါ ရောဂါပဲ၊ ကုရမယ်။”
“ပါးစပ်ပိတ်!”
“အိုကေ အိုကေ~အဲလေ. ကောင်းပြီး ကောင်းပြီ”
ရှချင်းချင်း စုန့်ချင်းရှုရဲ့ လက်တွေ သူမမျက်နှာပေါ် လှုပ်ရှားနေတာကို ခံစားနေရပြီး နား နားမှာ ပြောနေတဲ့ ဆူပူသံတွေကိုလည်း သည်းခံနေရတယ်။ နာရီဝက်ခန့် ကြာပြီးနောက်တော့ သူမ ဒုက္ခပင်လယ်ကနေ လွတ်မြောက်သွားသည်။ ကြေးမုံထဲက ယောကျ်ားလေးပုံစံကို ကြည့်လိုက်တော့ ရှချင်းချင်း ထိတ်လန့်သွားပြီး ၊ “ဒါ…ဒါ…”
“ဘာကို ဒါတွေ လုပ်နေတာလဲ၊ ဒီပုံစံက ချောမောခန့်ညားတယ် မဟုတ်လား” စုန့်ချင်းရှုက သူ့လက်ရာကို ကျေနပ်စွာ ကြည့်နေသည်။
“ဘာကို ချောတာလဲ!” ရှချင်းချင်းက စိတ်ဓာတ်ကျနေသလို ခံစားလိုက်ရတယ်။ “ရှင်ဘာလို့ ကျွန်မကို ရှင်ရဲ့ ပုံစံ ဖြစ်အောင် ပြောင်းလိုက်တာလဲ”
“ကျွန်တော့်ပုံစံက ဘာများ မကောင်းလို့လဲ”
“ကျွန်တော် ဒီလိုလုပ်တာ အကြောင်းရင်းရှိတယ်။ နောက်ကျရင် မင်းနားလည်လာလိမ့်မယ်”
ရှချင်းချင်း စိတ်ထဲ မရှင်းသော်လည်း တစ်ဖက်လူရဲ့ ရုပ်ပြောင်းပညာက တကယ်ကို နတ်ဆိုးဆန်ပြီး ကောင်းမွန်လွန်းတာကိုတော့ ဝန်ခံရမယ်။ မှန်ကိုတလှည့်ကြည့်လိုက် စုန့်ချင်းရှုကို မော့ကြည့်လိုက်လုပ်ရင်း သူမရင်ထဲမှာ အံ့အားသင့်နေတယ်။ တကယ်ကို တစ်ထေရာတည်းပဲ။
“အင်း၊ အရပ် နည်းနည်း လိုသေးတယ်” စုန့်ချင်းရှုက သူ့ပတ်ပတ်လည်ကို အကြိမ်အနည်းငယ် လှည့်ပတ်ကြည့်ရှုပြီးနောက် ဖိနပ်တစ်ရံ သူမရှေ့ကို ပစ်ချလိုက်တယ်၊ “ကိုယ်တိုင်လုပ် ဖိနပ်မြင့်၊ အဲ့တုန်းက ဟွမ်ခေါင်းဆောင်က ဒီတန်ဖိုးရှိလှတဲ့ ဖိနပ်နဲ့ပဲ ဆယ်စုနှစ်ပေါင်းများစွာ သိုင်းလောကကို လွှမ်းမိုးခဲ့တာ။ မင်းမှာလည်းရှိသင့်တယ်”
“ဘာတွေ လျှောက်ပြောနေတာလဲ၊ သိုင်းလောကမှာ ဟွမ်ဆိုတဲ့ ခေါင်းဆောင်အကြောင်း မကြားဖူးဘူး” ရှချင်းချင်းက သံသယဖြင့် ဖိနပ်ကို စီးလိုက်တော့ အရပ်က ချက်ချင်း စုန့်ချင်းရှုနဲ့ အတူတူဖြစ်သွားပြီး အံ့သြစွာနဲ့ “တကယ် ထူးဆန်းတာပဲ” လို့ ပြောလိုက်တယ်။
စုန့်ချင်းရှု သူမအသံကြားတာနဲ့ “မဖြစ်သေးဘူး၊ အသံ ပြောင်းရမယ်။” စကားဆုံးတာနဲ့ သူမလည်ပင်းက သွေးကြောတွေကို လက်ညှိုးနဲ့ ထောက်လိုက်တယ်။
“ရှင်…ဟင်” ရှချင်းချင်းက စကားပြောလိုက်တာနဲ့ ထွက်ပေါ်လာတဲ့ ယောကျ်ားသံကြောင့် ထိတ်လန့်သွားတယ်။
“ကျွန်တော့်ရဲ့ အသံလောက်တော့ ဆဲဆောင်မှုမရှိပေမယ့် ဒီလောက်ဆို မဆိုးပါဘူး။ သာမန်လူတွေကတော့ ခွဲခြားနိုင်မှာ မဟုတ်ဘူး” စုန့်ချင်းရှုက နောက်ဆုံး ခေါင်းညိတ်လိုက်တယ်၊ “ကောင်းပြီ၊ ငါ့ကိုယ်ငါ အသွင်ပြောင်းဖို့ အလှည့်ကျပြီ။”
ရှချင်းချင်းက ဘေးနားကနေ စိတ်ဝင်တစား ကြည့်နေသည်။ စုန့်ချင်းရှု ပန်းကန်ထဲက ရွှံ့စေးများကို သူ့မျက်နှာပေါ် မနားတမ်း သုတ်လိမ်းနေတာကို တွေ့ရတယ်။ သူ ပွတ်လိမ်းရင်းနဲ့ပဲ အနက်ရောင် ရွှံ့စေးက တဖြည်းဖြည်း အသားအရောင် ပြောင်းလာပြီး ခဏအကြာမှာတော့ သာမန် အစောင့်အရှောက်တစ်ဦးရဲ့ ပုံစံ ပေါ်လာသည်။
သင့်တော်သော အဝတ်အစားများ လဲလှယ်ပြီးနောက် စုန့်ချင်းရှုက ရှချင်းချင်းကို သတိထားရမယ့် အချက်အချို့ကို သေချာမှာကြားလိုက်သည်။ထို့နောက် အစမ်းလေ့ကျင့်ပြီး နှစ်ယောက်သား နန်းတော်တံခါးဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်ကြသည်။
“ရှင်ရဲ့ ရုပ်ပြောင်းပညာက တော်တော် အစွမ်းထက်တာပဲ” လမ်းမှာ တွေ့တဲ့ ကိုယ်ရံတော်တွေ အများအပြား သူမကို နှုတ်ဆက်နေတာကြောင့် ရှချင်းချင်းက တိုးတိုးလေး ပြောလိုက်သည်။
“ချီးကျူးဖို့ စကားလုံးတွေနဲ့ အစွမ်းကုန်ကြိုးစားရင်တောင် ကျွန်တော် ဂရုမစိုက်ပါဘူး” စုန့်ချင်းရှု လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
ရှချင်းချင်းက သူ့ရဲ့ စကားတွေကို လုံးဝ ဂရုမစိုက်ဘဲ နှုတ်ခမ်းကို ကိုက်ရင်း ချွဲချွဲနွဲ့နွဲ့ လေသံနဲ့ ပြောလိုက်တယ်၊ “ကျွန်မကို သင်ပေး!”
“သင်ချင်လား။ တောင်းပန်ပါ”
“သေစမ်း!”
“ဒေါ်လေးရယ်၊ အခု မင်းက ကျွန်တော့်ပုံစံရုပ်ဖျက်ထားတာ။ စကားပြောတဲ့အခါ နှုတ်ခမ်းကို အမြဲမကိုက်နဲ့၊ လမ်းလျှောက်တဲ့အခါ တင်ပါးကိုလည်း အဲ့လောက် မလှုပ်နဲ့… မင်းကြောင့် ကျွန်တော့်ဂုဏ်သိက္ခာကျတော့မယ်…”
“ရှင်!” ရှချင်းချင်း စုန့်ချင်းရှုကြောင့် ဒေါသထွက်လုနီးပါး ဖြစ်သွားတယ်။
တစ်လမ်းလုံး ရန်ဖြစ်ရင်း၊ စနောက်ရင်း နန်းတော်တံခါးကို ရောက်လာပြီး ခါးစည်းတံဆိပ်ပြားကို ပေးလိုက်တော့ အစောင့်က စစ်ဆေးပြီး လေးစားစွာလက်နှစ်ဖက်ဖြင့် ပြန်ပေးလိုက်တယ်၊ “စုန့်သခင်လေး လမ်းခရီးမှာချောမွေ့ပါစေ။”
ရှချင်းချင်းက ပြုံးပြလိုက်ပြီး လမ်းတစ်လျှောက်လုံး ဘာအခက်အခဲမှာ မရှိဘူးလို့ စိတ်ထဲက တွေးလိုက်တယ်။ နန်းတော်တံခါးကနေ ထွက်ဖို့ပြင်နေတုန်း သူမနောက်ကနေ သူမတစ်သက်လုံး မမေ့နိုင်မယ့်လူတစ်ယောက်ရဲ့ အသံ ထွက်လာတယ်၊ “စုန့်သခင်လေးရဲ့ ဒီခရီးက အန္တရာယ်များတယ်။ ဒေါင်ဖန်း လာနှုတ်ဆက်တာပါ။”
စုန့်ချင်းရှု မျက်နှာ ပြောင်းသွားပြီး ရှချင်းချင်းကို တိတ်တိတ်လေး တံတောင်နဲ့ တွက်လိုက်တယ်။ ရှချင်းချင်းက သတိဝင်လာပြီး ချက်ချင်း ရယ်မောရင်း ပြောလိုက်တယ်၊ “ဒေါင်ဖန်းဂိုဏ်းချုပ် ကိုယ်တိုင် လာနှုတ်ဆက်တာက ဒီစုန့်အတွက် ဂုဏ်ယူစရာပါပဲ။
စုန့်ချင်းရှုအသံပြောင်းလဲနေတာကို သတိထားမိတော့ ဒေါင်ဖန်းပုပိုင်က သူ့ကို ထူးဆန်းစွာ တစ်ချက်ကြည့်လိုက်ပေမယ့် သေချာ ဂရုမစိုက်ဘဲ ဘေးနားက စုန့်ချင်းရှုအပေါ်ကို အာရုံစိုက်လိုက်တယ်၊ “စုန့်သခင်လေးက ဧကရာဇ်ကို တစ်ယောက်တည်း တာဝန်ထမ်းဆောင်မယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား၊ ဘာလို့ ကိုယ်ရံတော်တစ်ယောက်ပါ ခေါ်လာတာလဲ”
“ဪ” ရှချင်းချင်းက တည်တည်ငြိမ်ငြိမ် ဟန်ဆောင်ပြီး ပြောလိုက်တယ်၊ “ကျွန်တော့်မှာ ကိစ္စအချို့အတွက် အစေခံ တစ်ယောက်၊နှစ်ယောက်လောက် လိုအပ်လို့ပါ”
“ဟုတ်လား” စုန့်ချင်းရှုကို ကြည့်ရင်း ဒေါင်ဖန်းပုပိုင်ရဲ့ မျက်လုံးထဲမှာ သံသယတွေ ပိုပြီး ကြီးထွားလာတယ်။ စိတ်ထဲမှာလည်း တွေးလိုက်တယ်၊ ဒီ စုန့်ချင်းရှုက တကယ်ပဲ ရဲတင်းလွန်းပြီး မိဘုရား မီဖေးကို နန်းတော်ထဲက ခေါ်ထုတ်သွားရဲတာလား။
တွေးကြည့်လေလေ့ ပိုပြီးဖြစ်နိုင်လေပဲ။ ဒေါင်ဖန်းပုပိုင်က ပြုံးရင်း စုန့်ချင်းရှုဘေးနား ရောက်လာပြီး သူ့လက်ဖြင့် စုန့်ချင်းရှုရင်ဘတ်ဆီ လှမ်းပုတ်ရင်း ပြောလိုက်တယ်၊ “ငါကိုယ်တိုင် မင်းရွေးထားတဲ့ ကိုယ်ရံတော်က ကြံခိုင်မှု့ ရှိ့မရှိ စစ်ဆေးပေးမယ်။”
လေနှင့်မိုးကိုပင် ပြောင်းလဲစေနိုင်သောလက်ဖြင့် ရင်ဘတ်က သွေးကြောမကြီးဆီ ဖြည်းညှင်းစွာ ချဉ်းကပ်လာတာကို မြင်သောအခါ စုန့်ချင်းရှု စိတ်ထဲမှာ လျင်မြန်စွာ လှည့်ပတ်စဉ်းစားပြီးနောက် နောက်ဆုံး အံကြိတ်ကာ ကာကွယ်ဖို့ အစီအစဉ်ကို စွန့်လွှတ်လိုက်ပြီး သူ့ရင်ဘတ်ကို ထိတွေ့ဖို့ ခွင့်ပြုလိုက်တယ်။
ဒေါင်ဖန်းပုပိုင် ထိမိတဲ့နေရာက တောင့်တင်းခိုင်မာပြီး သူ ထင်ထားတဲ့ နူးညံ့ပျော့ပျောင်းတဲ့ ခံစားမှုနဲ့ လုံးဝ ကွာခြားတာကြောင့် အံ့အားသင့်သွားတယ်။
ဒေါင်ဖန်းပုပိုင် စိတ်ထဲမှာ ဒီအစောင့်က မိဘုရားမီဖေးကို အသွင်ပြောင်းထားတာ ဖြစ်ရမယ်လို့ ထင်ထားတာ။ ဘာကြောင့်လဲဆိုတော့ ရုပ်ပြောင်းပညာ ဘယ်လောက်ပဲ ကောင်းမွန်ပါစေ၊ မိန်းမတစ်ယောက်ရဲ့ ထူးခြားတဲ့ လက္ခဏာရပ်တွေ ပျောက်ဆုံးသွားအောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် သူကိုယ်တိုင် လက်နဲ့ စမ်းကြည့်တာ။ တစ်ဖက်လူက တကယ်လို့ မိဘုရားမီဖေးဆိုရင် တခြားယောကျ်ားတစ်ယောက်က သူ့ရင်ဘတ်ထိတာကို ခွင့်ပြုမှာ မဟုတ်ဘူး။ တကယ်လို့ သည်းခံနိုင်ရင်တောင် သူလက်နဲ့ ကိုယ်တိုင်စမ်းကြည့်ပြီး ယောကျ်ားလား၊ မိန်းမလားဆိုတာ သိနိုင်တယ်။
“မင်း စိတ်မူမှန်တဲ့ကောင် ငါ့ကိုထိတာမလုံလောက်သေးဘူးလား။ ဒါနဲ့ဆိုရင် နှစ်ခါတောင် ထိပြီးပြီ!” စုန့်ချင်းရှုက ချွေးစေးတွေ စီးကျနေပေမယ့် နှုတ်ခမ်းမှာတော့ အပြုံးတစ်ပွင့်နဲ့၊ “ကျွန်တော်မျိုး ဒေါင်ဖန်းသခင်ကို တွေ့ရတာ ဝမ်းသာပါတယ်”
တစ်ဖက်လူက ယောကျ်ားမှန်း သေချာသွားတော့ ဒေါင်ဖန်းပုပိုင်ရဲ့ လက်က မီးစနဲ့ထိသွားသလို ချက်ချင်း နောက်ဆုတ်သွားပြီး စုန့်ချင်းရှုကို မုန်းတီးစွာ ကြည့်လိုက်သည်။ ရှချင်းချင်းကို ပြန်လှည့်ကြည့်ရင်း၊ “စုန့်သခင်လေး နောက်လိုက်တစ်ယောက်ခေါ်သွားတာ အကြောင်းရှိတာပဲ။ စုန့်သခင်လေး အောင်မြင်ပါစေလို့ ကြိုတင် ဆုတောင်းပေးလိုက်ပါတယ်” ပြောပြီးတာနဲ့ တစ်ဖက်လူ ပြန်ဖြေတာကို မစောင့်တော့ဘဲ ပျံသန်းထွက်ခွာသွားသည်။