"အဲ့ဒီနာမည် မခေါ်နဲ့" ရှချင်းချင်းက မတ်တပ်ထရပ်လိုက်ပြီး အေးစက်စက်မျက်နှာနဲ့ ပြောလိုက်တယ်၊ "ရှင် အရင်က ကျွန်မအသက် ကယ်ခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်တာပဲ"
စုန့်ချင်းရှုက အားတင်း၍ ထိုင်လိုက်ပြီး သူမကို မတတ်သာသော အပြုံးဖြင့် ကြည့်လိုက်တယ်၊ "မင်းက အရင်က ငါ့ကို သတ်ချင်တာ မဟုတ်ဘူးလား?"
"ကျွန်မ ရှချင်းချင်းက ကျေးဇူးတရားနဲ့ ရန်ငြိုးကို ရှင်းရှင်းလင်းလင်း ခွဲခြားတတ်တယ်၊ လူတစ်ယောက် ဒုက္ခရောက်နေတဲ့အချိန်မှာ အခွင့်အရေး မယူချင်ဘူး၊ ရှင့် ဒဏ်ရာ သက်သာလာရင် ကျွန်မ ရှင့်ရဲ့ ခွေးအသက်ကို လာယူမယ်" ရှချင်းချင်းက ဟမ့်ခနဲ နှာမှုတ်လိုက်တယ်
"ယွမ်ချန်းကျီနဲ့ တိုက်ခိုက်တာ ငါမှ မဟုတ်တာ၊ မင်း ဘာလို့ ငါ့ကို သတ်ချင်ရတာလဲ?" စုန့်ချင်းရှု မတရားဘူးလို့ ခံစားရတယ်။
"ကျွန် ဂရုမစိုက်ဘူး၊ ဘာပဲ ဖြစ်ဖြစ် ရှင်လည်း ကြံရာပါတစ်ယောက်ပဲ" ယွမ်ချန်းကျီကို တွေးမိတော့ ရှချင်းချင်း နှာခေါင်းက ချဉ်စူးစူးဖြစ်သွားသည်။
"ကောင်းပြီ၊ ဒါပေမဲ့ ငါတို့နှစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုကိုထောက်ထားပြီး ငါ့ကို နောက်ဆုံးမှ သတ်လို့ ရမလား?" စုန့်ချင်းရှုက သူမကို ပြုံးစစနဲ့ ကြည့်လိုက်တယ်။
“ရှင်နဲ့ကျွန်မက ဘာခင်မင်ရင်းနှီးမှု ရှိလို့လဲ!" ရှချင်းချင်းက ဒေါသတကြီး ပြောလိုက်တယ်၊ ဒါပေမဲ့ ခဏစဉ်းစားပြီး တုံ့ဆိုင်းစွာနဲ့ ၊ "ရှင်သာ လက်စားချေဖို့ ကျွန်မကိုကူညီပေးနိုင်ရင် ကျွန်မ ရှင့်ကို မသတ်ဖို့ စဉ်းစားပေးနိုင်တယ်"
"မင်းပြောတော့ ငါနဲ့ဘာခင်မင်ရင်းနှီးမှု့မှ မရှိဘူးဆို၊ ဘာလို့ မင်းကို ကူညီရမှာလဲ?" စုန့်ချင်းရှု မျက်လုံးကစားလိုက်ပြီး ပြုံးပြုံးလေး ပြောလိုက်တယ်၊ "အကယ်၍ မင်းရဲ့ဘဝကို ပေးဆပ်မယ်ဆိုရင်တော့ မတူဘူးပေါ့"
"ရှင်!" ရှချင်းချင်းက အံ့အားသင့် ဒေါသထွက်နေရင်း ရွှေမြွေဓားကို ဆွဲထုတ်ဖို့ ပြင်နေရင်း ရုတ်တရက် တောင့်ခနဲ ဖြစ်သွားပြီး မျက်နှာက ရေခဲနဲ့နှင်းတွေအရည်ပျော်သွားအောင် နူးညံ့မှု၊ ဆွဲဆောင်မှုအပြည့်နဲ့ "သဘောတူတယ်" လို့ ထူးဆန်းစွာ ပြောလိုက်သည်။
"မင်း တကယ် ပြောနေတာလား?" ဒီတစ်ခါတော့ စုန့်ချင်းရှု အံ့အားသင့်သွားတယ်။
"သေချာပေါက် တကယ်ပြောတာပေါ့၊ ရှင်သာ လက်စားချေနိုင်ဖို့ ကူညီပေးနိုင်ရင် အောင်မြင်အောင် ကျွန်မ.. ကျွန်မ ... ရှင့်ရဲ့ ကိုယ်လုပ်တော် ဒါမဟုတ် အစေခံဖြစ်ပေးမယ်" ရှချင်းချင်းက ပြောရခက်တဲ့ အမူအရာနဲ့ ပြောလိုက်ပေမဲ့ သူမစိတ်ထဲမှာတော့ လက်စားချေပြီးတာနဲ့ မိမိကိုယ်ကို သတ်သေပြီး ယွမ်အစ်ကိုကြီး နောက်ကို လိုက်သွားမယ်လို့... ဆုံးဖြတ်ထားပြီးသားဖြစ်တယ်။
စုန့်ချင်းရှုက သူမအပေါ် အခုမှ နားလည်သွားသလိုမျိုး တည့်တည့်စိုက်ကြည့်နေပြီး ရုတ်တရက် ပွင့်လင်းစွာ ရယ်လိုက်ပြီး၊ "ယွမ်ကတော်က ခင်ပွန်းဖြစ်သူအတွက် လက်စားချေဖို့ အခုလိုကြီးမားတဲ့ပေးဆပ်မှု ပြုလုပ်ဖို့ ဆန္ဒရှိတာကို ဒီစုန့်က အရမ်းလေးစားတယ်။ မင်း ဘာ ရည်ရွယ်ချက် ရှိနေလဲ မသိပေမဲ့ ငါတို့ ပတ်သက်ခဲ့ဖူးတာကို ထောက်ပြီး မင်း လက်စားချေချင်ရင် ငါ ကူညီပေးနိုင်ပါတယ်"
"ရှင် တကယ်ပြောတာလား?" ရှချင်းချင်းက အံ့ဩဝမ်းသာစွာဖြင့် ကြည့်လိုက်ပြီး မသိစိတ်ကနေ စုန့်ချင်းရှုလက်မောင်းကို ပြေးဆွဲလျက် မေးလိုက်တယ်။
"သေချာပေါက် တကယ်ပေါ့၊ ဒါပေမဲ့ မင်းသာ ငါ့ကို ကိုင်လှုပ်နေတာ မရပ်လိုက်သေးဘူးဆိုရင် မင်းရဲ့ တစ်ဦးတည်းသော အကူအညီက မကြာခင် သေတော့မှာပဲ" စုန့်ချင်းရှုရဲ့ စကားကို ကြားတော့ ရှချင်းချင်းက ရှက်ရွံ့စွာနဲ့ လျှာလေး ထုတ်ပြပြီး သူ့လက်မောင်းကို လွှတ်ပေးလိုက်တယ်။
"လက်စားချေဖို့ဆိုရင် မင်းရဲ့ ရန်သူ ဘယ်သူလဲဆိုတာ အရင် သိရမယ်၊ မင်းရဲ့ရန်သူက ဘယ်သူလဲဆိုတာ တကယ် သေချာ စဉ်းစားပြီးပြီလား?" စုန့်ချင်းရှုက မေးလိုက်တယ်။
"ခွေးဧကရာဇ် ခန်းရှီ နဲ့ ဒေါင်ဖန်းပုပိုင်!" ရှချင်းချင်း အံတင်းတင်းကြိတ်ပြီးပြောလိုက်တယ်။ တစ်စုံတစ်ယောက်မှ ကျောက်စိမ်းဧကရာဇ်တောင်ထွဋ်ပေါ်က တိုက်ပွဲပြီးတဲ့နောက် မိန်းကလေးလို ရုပ်ရည်သွင်ပြင်ရှိသော လူငယ် ဘယ်သူလည်းဆိုတာ မှတ်မိသွားခဲ့တယ် ။
"ငါက မင်းရဲ့ ရန်သူ မဟုတ်ဘူးလား?" စုန့်ချင်းရှုက သူ့ကို ပြုံး၍ ကြည့်လိုက်တယ်။
"မဟုတ်ဘူး" ရှချင်းချင်းက ရှားရှားပါးပါး မျက်နှာလေး နီရဲသွားပြီး ရှက်ရွံ့စွာ ပြန်ဖြေလိုက်တယ်။
"ကောင်းပြီ၊ ဒါဆို ငါ့ရဲ့ သိုင်းပညာကို မင်း ဘယ်လို ထင်လဲ?" စုန့်ချင်းရှုက ပြောလိုက်တယ်။
ရှချင်းချင်း ခဏစဉ်းစားပြီး အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ရသော စုန့်ချင်းရှုရဲ့ သိုင်းပညာများ သူ့ခေါင်းထဲ ပေါ်လာပြီး နောက်ဆုံးတော့ ပြောလိုက်တယ်၊ "အရမ်း မြင့်တယ်၊ ယွမ်အစ်ကိုကြီးရဲ့အောက်တော့ နိမ့်ကျမှာမဟုတ်ဘူး"
"ဒါဆို ငါ ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာရလာတာက ဘယ်သူ့လက်ချက်လဲဆိုတာ မင်း သိလား?" စုန့်ချင်းရှု ပြုံးလျက် ပြောလိုက်တယ်။
"ကျွန်မ ဘယ်လို သိမလဲ? ရှင်က နန်းတွင်း အစောင့်အရှောက်တွေကို အာရုံလွှဲဖို့ သွားတာ မဟုတ်လား..." ရှချင်းချင်း ရုတ်တရက် သတိရသွားပြီး မျက်နှာက ဖြူဖျော့သွားတယ်၊ "ဒေါင်ဖန်းပုပိုင်လား?"
"မှန်တယ်" စုန့်ချင်းရှု သက်ပြင်းအရှည်ကြီးချလိုက်တယ်၊ "ဒီည ငါ ကံမကောင်းဘူး၊ သူနဲ့မှ တည့်တည်းတိုးမိတယ်။ ငါသာ လိမ္မာပါးနပ်မှု မရှိရင် မင်းငါ့ကို ထပ်မြင်ရမှာတောင် မဟုတ်တော့ဘူး"
"ရှင် ကျွန်မကို ကယ်ဖို့အတွက် မဟုတ်ရင် အခုလို အန္တရာယ်နဲ့ ကြုံရမှာ မဟုတ်ဘူး" ရှချင်းချင်း နှလုံးသားက နူးညံ့သွားပြီး သူ့ကို ကြည့်တဲ့ မျက်လုံးတွေကလည်း ချက်ချင်း နူးညံ့လာတယ်။
"ဘယ်လိုပဲ ဖြစ်ဖြစ် သူနဲ့ တစ်နေ့တော့ တိုက်ခိုက်ရမှာပဲ၊ ဒီနေ့ မင်းကျေးဇူးကြောင့် သူ အစွမ်းကုန် ထုတ်သုံးတာကို မြင်လိုက်ရုံသာမက သူ့လက်ထဲကနေ အသက်ရှင် လွတ်မြောက်နိုင်ခဲ့တယ်၊ ပြောရရင် မကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူး" နှစ်ဖက် တိုက်ခိုက်ခဲ့တဲ့ မြင်ကွင်းကို ပြန်တွေးမိတော့ စုန့်ချင်းရှုက စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်တယ်။
"ကြည့်ရတာ ရှင်က ယွမ်အစ်ကိုကြီးရဲ့ သိုင်းပညာထက်တောင် ပိုမြင့်တဲ့ပုံပဲ" ရှချင်းချင်း မျက်နှာက ဝမ်းနည်းနေတယ်၊ "ယွမ်အစ်ကိုကြီးရဲ့ ကိုယ်ဖော့ပညာနဲ့ သိုင်းပညာက အရမ်းကောင်းတာတောင် သူ့လက်ထဲမှာ အသက်ဆုံးရှုံးခဲ့ရတယ်"
စုန့်ချင်းရှုက ခေါင်းခါလိုက်ပြီး ပြောလိုက်တယ်၊ "အဲ့ဒါ မတူဘူး၊ ယွမ်သူရဲကောင်းက ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခံရတာ၊ ငါကတော့ ဒေါင်ဖန်းပုပိုင်ရဲ့ သိုင်းပညာကို အရင်ကတည်းက မြင်ဖူးပြီး ကြိုတင်ပြင်ဆင်ထားလို့သာ အသက်ရှင်လျက်လွတ်မြှောက်လာတာ"
"စုန့်အစ်ကိုကြီး၊ ဒေါင်ဖန်းခွေးသူခိုးရဲ့ သိုင်းပညာက အရမ်းမြင့်တာ၊ ကျွန်မ ဒီဘဝမှာ လက်စားချေဖို့ မျှော်လင့်ချက် မရှိတော့ဘူးလား?" ရှချင်းချင်း မျက်လုံးတွေက မျှော်လင့်ချက် ကင်းမဲ့နေတယ်။
"အဲ့လိုလည်း မဟုတ်ဘူး" စုန့်ချင်းရှုက ယုံကြည်မှုရှိတဲ့ အပြုံးတစ်ပွင့် ပြုံးလိုက်တယ်။
ရှချင်းချင်း မေးဖို့ ပြင်နေတုန်း အပြင်ဘက်ကနေ ခပ်ဝေးဝေးကနေ အသံတစ်သံ ကြားလိုက်ရတယ်၊ "ဒီနေ့ နန်းတော်က အရမ်းစည်းကားနေလို့၊ ဒေါင်ဖန်း ညဘက် ကောင်းကောင်း အိပ်မပျော်ဘူး။ မိတ်ဆွေလေးစုန့်နဲ့ အရက်အတူသောက်ချင်လို့၊ မိတ်ဆွေလေးစုန့် ဘယ်လိုသဘောရလဲ?"
အခန်းထဲက လူနှစ်ယောက် အမူအရာများ သိသိသာသာ ပြောင်းလဲသွားတယ်။ ရှချင်းချင်းက အံကြိတ်၍ ရွှေမြွေဓားကို ထုတ်ကာ ဒေါင်ဖန်းပုပိုင်နဲ့ အသက်ကိုရင်းပြီး တိုက်ခိုက်ဖို့ ပြေးထွက်ချင်ပေမဲ့ စုန့်ချင်းရှုက အတင်းဆွဲထားလိုက်တယ်၊ "မင်း ဒီလို ထွက်သွားရင် သေဖို့ပဲ ရှိတယ်၊ ငါ့ကို ယုံပါ၊ မင်းလက်စားချေနိုင်ဖို့အတွက် ငါ့မှာ နည်းလမ်း ရှိတယ်"
ရှချင်းချင်း တုန့်ခနဲ ဖြစ်သွားကာ စိတ်ထဲမှာ ခဏ ရုန်းကန်ပြီး နောက်ဆုံးတော့ ဓားကို ဓားအိမ်ထဲ ပြန်ထည့်လျက် အံတင်းတင်းကြိတ်ကာ ပြောလိုက်တယ်၊ "ကောင်းပြီ၊ ရှင့်ကို ဒီတစ်ခါ ယုံလိုက်မယ်!"
ရုတ်တရက် မျက်နှာက သံသယဖြစ်တဲ့ ပုံစံနဲ့ သူ့ကို တစ်ချက် ကြည့်လိုက်တယ်။ “သူ ဒီလောက် နောက်ကျမှ ရှင့်ကို လာရှာတာ၊ ရှင်တို့က အရမ်း ရင်းနှီးတာလား”
စုန့်ချင်းရှုက လေးနက်တဲ့ အမူအရာနဲ့ ပြောလိုက်တယ် "ဖြစ်နိုင်တာက......စောစောက တိုက်ခိုက်တုန်းက ထုတ်ပြခဲ့တဲ့ သိုင်းပညာ တချို့ကြောင့် ဒေါင်ဖန်းပုပိုင်က ငါ့ကို သံသယဝင်သွားတာ ဖြစ်လိမ့်မယ်၊ ငါ ဒဏ်ရာအပြင်းအထန် ရနေတာသာ သူ မြင်သွားရင် ငါသေဖို့ သေချာတယ်"
"စုန့်အစ်ကိုကြီး၊ ကျွန်မ ပုန်းနေရမလား၊ မဟုတ်ရင် သူ ရှင့်အခန်းထဲမှာ လူတစ်ယောက် ပိုနေတာကို မြင်သွားပြီး ဒီည နန်းတော်ထဲမှာ လုပ်ကြံသူ ရှိတာနဲ့ ဆက်စပ်လိုက်ရင် စုန့်အစ်ကိုကြီး ပိုပြီး ထုတ်ဖော်ခံရနိုင်တယ်" ရှချင်းချင်းကလည်း စိုးရိမ်တကြီး ပြောလိုက်တယ်။
"လူတစ်ယောက် ပိုနေတယ်?" စုန့်ချင်းရှု ခေါင်းထဲမှာ အတွေးတစ်ခု ဖြတ်ခနဲပေါ်လာပြီး မရေရာမသေချာတဲ့ အရာတစ်ခုကို ဖမ်းဆုပ်မိသလို ခံစားလိုက်ရတယ်။
"မလိုအပ်ဘူး၊ မင်း ပုန်းနေလည်း အကျိုးမရှိဘူး၊ ဒေါင်ဖန်းပုပိုင်ရဲ့ သိုင်းပညာနဲ့ဆိုရင် မင်း အခန်းထဲမှာ ဘယ်လောက်ပဲ ကောင်းအောင် ပုန်းနေပါစေ သူ့ နားနဲ့ မျက်စိက မလွတ်နိုင်ဘူး" စုန့်ချင်းရှု ရုတ်တရက် လှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးတွေထဲမှာ ထူးဆန်းတဲ့ အလင်းရောင် တစ်ချက် လက်သွားတယ်။ ရှချင်းချင်းကို ကြည့်ပြီး မေးလိုက်တယ်၊ "ယွီယွီ၊ မင်း ငါ့ကို ယုံလား?"
ဒေါင်ဖန်းပုပိုင်ရဲ့ မှတ်ဉာဏ်ထဲမှာ အဆင့်မြင့် သိုင်းပညာကို ကျွမ်းကျင် တတ်မြောက်ပြီးကတည်းက ဆယ်နှစ်ကျော်အတွင်း ဒဏ်ရာ မရခဲ့ဖူးဘူး။ ဒီညတော့ အမိုက်ကောင်လေး တစ်ကောင်ကြောင့် ဒဏ်ရာရခဲ့ပြီးတော့ တစ်ဖက်လူက....
ဒီအကြောင်းကို တွေးမိတော့ ဒေါင်ဖန်းပုပိုင် မျက်နှာမှာ အေးစက်တဲ့ အမူအရာ ပေါ်လာပြီး စုန့်ချင်းရှုရဲ့ အခန်းကို ကြည့်လျက် တည့်တည့်လျှောက်သွားတယ်။
တကယ်တော့ ဒေါင်ဖန်းပုပိုင်ကို ဒဏ်ရာရစေခဲ့တဲ့ လုပ်ကြံသူနောက်ဆုံးအသုံးပြုသွားသော ပြင်းထန်တဲ့လက်ဝါးရိုက်ချက်က နဂါးနိုင်လက်ဝါးသိုင်း ဆယ့်ရှစ်ကွက်ထဲက တစ်ကွက်ဖြစ်တဲ့ “နဂါးအားမာန်လက်ဝါးသိုင်း' ဖြစ်ကြောင်း သိလိုက်ရတယ်။ ဒီကမ္ဘာပေါ်မှာ နဂါးနိုင်လက်ဝါးသိုင်း အခုလိုအဆင့်အထိ ကျွမ်းကျင်တဲ့သူက လျောင်နိုင်ငံရဲ့ ရှောင်းဖုန်းနဲ့ ရှန်းရန်မြို့က ကော်ကျင့်ပဲ ရှိတယ်။
ဒေါင်ဖန်းပုပိုင်က ဟေးမုတောင်ပေါ်ကနေ ဆယ်နှစ်ကျော် မဆင်းခဲ့ပေမဲ့ ထိုလူနှစ်ဦးအကြောင်းကို ကြားဖူးသည်။ တစ်ယောက်က သူရဲကောင်းဆန်ပြီး၊ တစ်ယောက်က ရိုးသား ဖြောင့်မတ်တယ်၊ လုပ်ကြံသူလို ရွံစရာကောင်းတဲ့ အပြုအမူမျိုး သူတို့ လုပ်မှာ မဟုတ်ဘူး။ တစ်ဖက်လူက ရင်ဘတ်မှာ ပန်းသီးနှစ်လုံး ထည့်ပြီး မိန်းမယောင်ဆောင်ထားတာကို တွေးမိတော့ ဒေါင်ဖန်းပုပိုင်ရဲ့ မျက်နှာက အကြောတွေ တွန့်တွန့် သွားတယ်။
အရင်က တော်ဝင်စာကြည့်တိုက်မှာ စုန့်ချင်းရှုနဲ့ သိုင်းပြိုင်ခဲ့တုန်းကရော၊ ကျောက်စိမ်းဧကရာဇ်တောင်ပေါ်မှာ စုန့်ချင်းရှုနဲ့ ကျိုးလန်ချန်းတို့ တိုက်ခိုက်တာကို မြင်ခဲ့တုန်းကရော ဒေါင်ဖန်းပုပိုင်ဟာ စုန့်ချင်းရှုရဲ့ နဂါးနိုင်လက်ဝါးသိုင်းဆယ့်ရှစ်ကွက် ကျွမ်းကျင်မှု့က ထူးကဲတယ်ဆိုတာကို သိလိုက်ရပြီး သူ့ကို ချက်ချင်း သံသယ ဝင်ခဲ့တယ်။
တဖက်လူက နည်းလမ်းပေါင်းစုံ သုံးတတ်ကြောင်း တွေးမိလိုက်တာကြောင့် ဒေါင်ဖန်းပုပိုင် အရင်ဆုံး သူ့ဒဏ်ရာတွေကို ကုသဖို့ ဆုံးဖြတ်လိုက်ပြီးမှ သတ်ဖြတ်လိုစိတ် အပြည့်နဲ့ စုန့်ချင်းရှုရဲ့ အိမ်ကို အမှန်တကယ် ဘာဖြစ်ခဲ့လဲဆိုတာ သိရအောင် စုံစမ်းဖို့သွားခဲ့တယ်။
"စုန့်ချင်းရှု၊ ခုနက လူက မင်းသာ ဖြစ်ရင် မင်းကို မသေမရှင်ဖြစ်အောင် လုပ်ပစ်မယ်!" ဒေါင်ဖန်းပုပိုင်က စိတ်ထဲမှာ လှောင်ပြုံးပြုံးလိုက်ပြီး အခန်းထဲက လူ ပြန်ဖြေတာကို မစောင့်ဘဲ တံခါးကို တိုက်ရိုက် တွန်းဖွင့်ပြီး ဝင်သွားသည်။