ကျိုးလန်ချန်းရဲ့ စိတ်ထဲမှာတော့ ခံစားချက်က တစ်မျိုးဖြစ်နေတယ်။ စုန့်ချင်းရှုရဲ့ လက်ဝါးသိုင်းက ပိုပြီး ချောမွေ့လာတယ်လို့ ခံစားရတယ်။ ဒီပုံစံအတိုင်း ဆက်ပြီးတိုက်ခိုက်နေမယ်ဆိုရင် ပြိုင်ဘက်က ပုံစံမတူတဲ့ လက်ဝါးသိုင်းအမျိုးမျိုးကို တကယ်ပဲ ပေါင်းစပ်နိုင်လိမ့်မယ်လို့ စိုးရိမ်နေတယ်။
ဒါ့အပြင် စုန့်ချင်းရှုကို အနိုင်ယူချင်တဲ့ စိတ်လည်း ရှိနေတယ်။ စုန့်ချင်းရှုက ချုံးရှူကို ဓားတစ်ချက်တည်းနဲ့ အနိုင်ယူခဲ့တာ။ မိမိသာ သူ့ကို အနိုင်ရခဲ့ရင် စုန်းရှန်းဂိုဏ်းနဲ့ မိမိရဲ့ ဂုဏ်သတင်းဟာ ကောင်းကင်အထိ ရောက်သွားလိမ့်မယ်။ ဒီအကြောင်း စဉ်းစားရင်း ကျိုးလန်ချန်း စိတ်လှုပ်ရှားသွားပြီး အတွင်းအား အများကြီး အသုံးပြုပြီး ရေခဲချီစွမ်းအင်ကို လက်ချောင်းထိပ်တွေဆီ စုစည်းပြီး ပြိုင်ဘက်ကို ဖြည်းညှင်းစွာ ညွှန်ပြလိုက်တယ်။
ဒါဟာ ကျိုးလန်ချန်းရဲ့ ထိပ်သီးသိုင်းပညာ ရေခဲချီစွမ်းအင်ဆိုတာကို သူသိတာကြောင့် စိတ်ထဲမှာ တုန်လှုပ်သွားတယ်။ ဒါပေမဲ့ ယန်စွမ်းအင်ပြည့်ဝသော နတ်မြတ်ကျမ်းရဲ့အတွင်းအားကို စမ်းသပ်ချင်တာမို့ ရှောင်တိမ်းခြင်းမရှိဘဲ လက်သီးနဲ့ တုံ့ပြန်လိုက်တယ်။
လက်သီးနဲ့ လက်ချောင်း ထိတွေ့ပြီးတဲ့အခါ စောစောကပဲ လျှပ်စီးလို မြန်ဆန်တဲ့ လူနှစ်ယောက်ဟာ ရုတ်တရက် ငြိမ်သက်သွားတယ်။ ကျောက်စိမ်းဧကရာဇ်တောင်ထိပ်ပေါ်က ကျန်တဲ့သူတွေ အမြင်မှာတော့ ကျိုးလန်ချန်း မျက်နှာက ပိုပြီး ဖြူဖျော့လာကာ သူရပ်နေတဲ့ ကျောက်ပြားပေါ်မှာ ဆီးနှင်းတွေ စတင်ခဲနေတယ်။ စုန့်ချင်းရှုကတော့ မျက်နှာကတည်ငြိမ်နေပြီး နီရဲသော အရောင်များ တချက်ချက် တောက်ပါနေတယ်။
"ဆရာတော်၊ စုန့်သခင်လေး ဘာမှ မဖြစ်ဘူးမလား?" ကျိုးလန်ချန်းက ကျောက်ပြားကိုတောင် ရေခဲဖြစ်အောင် အေးခဲနိုင်တာကို မြင်တော့ ဒိုလုံ စိတ်ထဲမှာ ထိတ်လန့်သွားပြီး စုန့်ချင်းရှုအတွက် စိုးရိမ်နေမိတယ်။
ကျူးမိုကျိကတော့ စိတ်ချလက်ချ ပြုံးလိုက်တယ်၊ "ဒိုအုပ်ချုပ်ရေးမှူး စိတ်မပူနဲ့။ သိုင်းပညာရှင်တွေ အတွင်းအားပြိုင်ရင် အနိုင်အရှုံးက ပါးလွှာတဲ့ မျဉ်းတစ်ကြောင်းလောက်ပဲ ခြားတာ။ကျိုးမဟာမိတ်ခေါင်းဆောင်ကအတွင်းအားကို ထုတ်လွှတ်ချတာ၊ ထိန်းချုပ်တာမျိုး ကောင်းကောင်း မလုပ်နိုင်သေးဘူး။ ဒါကြောင့် ခန္ဓာကိုယ်ထဲက အတွင်းအားတွေ အပြင်ကို ယိုစိမ့်ပြီးထွက်နေတယ်။ စုန့်လူငယ်လေးကို ကြည့်ရင် အတွင်းအားတွေက စုစည်းပြီး အပြင်ကို ပျံနှံမနေဘူး၊ ပြင်းထန်ပြီး လေးနက်တယ်။ အများဆုံး နာရီဝက်လောက်ဆိုရင် ကျိုးလန်ချန်း သေချာပေါက် ရှုံးလိမ့်မယ်"
တိုက်ပွဲအတွင်းရှိ ကျိုးလန်ချန်းမှာ ကျူးမိုကျိရဲ့ ဝေဖန်မှုကို ကြားလိုက်တော့ စိတ်ထဲမှာ ထိတ်လန့်သွားတယ်။ ယခင်က မိမိကိုယ်ကို ကြွားလုံးထုတ်ဖို့အတွက် ရေခဲစွမ်းအင်ကို မကြာခဏဆိုသလို အပြင်ကို ထုတ်လွှတ်ပြီး တပည့်တွေကို လေးစားအားကျအောင် လုပ်ခဲ့တာကို သတိရသွားတယ်။ တကယ့် သိုင်းပညာရှင်ကြီးတွေရဲ့ မျက်လုံးထဲမှာတော့ ဒါဟာ အသုံးမကျဘူးဆိုတာကို မသိခဲ့ဘူး။ ရှက်လည်းရှက်၊ ဒေါသလည်းထွက်ပြီး အသက်ရှူမမှန်တော့ဘဲ ပြိုင်ဘက်ရဲ့ ပူပြင်းတဲ့ အတွင်းအားတွေက လှိုင်းလုံးတွေလို သူ့ဆီကို ပြင်းပြင်းထန်ထန် ဝင်လာတာကို ချက်ချင်း ခံစားလိုက်ရတယ်။
ထိုင်ရှန်းဂိုဏ်းက လူတွေအားလုံး ကျိုးလန်ချန်း သွေးအန်ပြီး ဆယ်ပေကျော်လောက် နောက်ဆုတ်သွားတာကို မြင်လိုက်ရတယ်။ အံတင်းတင်းကြိတ်ထားပြီး ပြင်းထန်စွာ ဒဏ်ရာရထားတာ ထင်ရှားတယ်။
စုန့်ချင်းရှု ခန္ဓာကိုယ်ထဲက မတည်မငြိမ်ဖြစ်နေတဲ့ အတွင်းအားတွေကို ငြိမ်သက်အောင် ပြုလုပ်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်တယ်၊ "ပထမပွဲက ငါတို့ နိုင်သွားပြီ" ဟု ပြောပြီး နောက်လှည့်ကာ ပြန်လာခဲ့တယ်။
စုန့်ချင်းရှု တစ်ပွဲနိုင်တာကို မြင်တော့ ကျူးမိုကျိက ဒီပြိုင်ပွဲကို သူတို့ သေချာပေါက် နိုင်ပြီလို့ ခံစားလိုက်ရတယ်။ ရယ်မောရင်း လူအုပ်ထဲကနေ ထွက်လာပြီး ပြိုင်ကွင်းအလယ်မှာ မတ်တပ်ရပ်ရင်း ပတ်ပတ်လည်က သူရဲကောင်းတွေကို ကြည့်လိုက်တယ်၊ "ချင်မင်းဆက်ရဲ့ သိုင်းပညာရှင်၊ တိဗက်ရဲ့ မဟာဘုန်းတော်ကြီး ကျူးမိုကျိ၊ ကိုယ်တော်က တရုတ်ပြည်မကြီး(အလယ်ပိုင်းဒေသ)က ထိပ်တန်းသိုင်းပညာရှင်တွေ အများကြီးရှိတယ်လို့ ကြားဖူးတာကြာပြီ။ ဒါကြောင့် အခုလိုလာရောက်ပြီး လေ့လာတာပါ"
ကျောက်စိမ်းဧကရာဇ်တောင်ထိပ်ပေါ်က လူတွေအားလုံး မျက်နှာပျက်သွားကြတယ်။ ဒါပေမဲ့ သူ့ကို ဘယ်သူက အနိုင်ယူနိုင်မလဲဆိုတာ ချက်ချင်း မစဉ်းစားနိုင်ကြဘူး။ သိုင်းပညာ အမြင့်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ ရွှေမြွေဘုရင်ကတောင် သူ့နဲ့ ယှဉ်ရင် ငါးဆယ်-ငါးဆယ် လောက်ပဲ ရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် ဝန်ခံထားတယ်။ ဒါကြောင့် သူ့ကို လျှို့ဝှက်လက်နက်အဖြစ် ထားဖို့ အားလုံး သဘောတူခဲ့ကြတယ်။ တစ်ပွဲ ရှုံးပြီးသွားပြီဆိုတော့ ဒီဒုတိယပွဲအတွက် ရွေးချယ်စရာ လူက ပြဿနာ ဖြစ်လာတယ်။
ဝေါမိတောဖော! ကြီးမြတ်တဲ့ဘုန်းတော်ကြီးက ရှောင်လင်ကျောင်းရဲ့ ခုနစ်ဆယ့်နှစ်မျိုးသော ထိပ်တန်းသိုင်းပညာတွေကို ကျွမ်းကျင်တယ်လို့ ကြားဖူးတာကြာပြီ။ ကိုယ်တော်က အရည်အချင်း သိပ်မရှိပေမယ့် ရဲဝင့်စွာနဲ့ပဲ သင်ယူချင်ပါတယ်" ဟု ပြောပြီး ဖန်ကျန်းဆရာတော်က ဖြည်းညှင်းစွာ ပြိုင်ကွင်းအလယ်သို့ လျှောက်လာတယ်။
ကောင်းလိုက်တဲ့! မိုးကြိုးခြင်္သေ့ဟိန်းသံ!" ကျူးမိုကျိ မျက်လုံးတွေ လင်းလက်သွားတယ်။ အတွင်းအား သက်သက်နဲ့ပဲ ကြည့်ရင် ပြိုင်ဘက်က သူ့အောက် မနိမ့်ကျဘူးလို့ ခံစားရတယ်။
“သိုင်းလောကမှာ သတင်းတွေ ထွက်နေတာက ကျွန်ုပ်ရဲ့ ဘုန်းကြီးကျောင်းက ဆရာတော်ရွှမ်ဘိုင်းက တလီပြည်မှာရှိတဲ့ ကောင်းကင်နဂါးကျောင်းမှာ မင်းလက်ချက်ကြောင့် ရှုံးနိမ့်သွားတယ်လို့ ပြောတယ်။ ဆရာတော် ကျူးမိုကျိ၊ ဒါ အမှန်ပဲလား မသိဘူး” ဖန်ကျန်းကိုယ်တော်က ခေါင်းမော့လိုက်ပြီး ကျူးမိုကျိကို စူးစိုက်ကြည့်လိုက်တယ်။
ပြိုင်ဘက်ရဲ့ နာမည်ကျော် သဏ္ဍန်မဲ့လက်ချောင်းသိုင်းနဲ့ ပြိုင်ဘက်ကို အနိုင်ယူခဲ့တာက ကျူးမိုကျိရဲ့ ဘဝမှာ ဂုဏ်အယူရဆုံးတိုက်ပွဲပဲ။ ဒါပေမဲ့ နိုင်ငံရေး သက်ရောက်မှုတွေကြောင့် သူက မရှင်းမလင်း ဖြေလိုက်တယ်။ “အဲ့ဒီ ဘုန်းကြီးက သဏ္ဍန်မဲ့လက်ချောင်းသိုင်းကို ကောင်းကောင်း မကျွမ်းကျင်သေးတော့ ကိုယ်တော့်ကို ရှုံးတာလည်း မထူးဆန်းဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ သူ ဘယ်သူ့လက်ချက်နဲ့ သေတာလဲဆိုတာတော့ ကိုယ်တော်လည်း မသိဘူး”
သူ တိတိကျကျ ငြင်းဆိုတာမျိုး မလုပ်တာကို ကြားတော့ လူတွေ အားလုံး ဆူညံသွားတယ်။ ဖန်းကျန်း ဆရာတော် မျက်လုံးတွေ ပြတ်သားသွားပြီး ဖြည်းညှင်းစွာ ပြောလိုက်တယ်၊ "ကိုယ်တော်က လက်ပေါင်းတစ်ထောင် ဗုဒ္ဓလက်ဝါးနဲ့ မင်းရဲ့ နာမည်ကျော် ရှောင်လင်သိုင်းပညာ ခုနစ်ဆယ့်နှစ်မျိုး ကို သင်ယူပါ့မယ်"
ပြောပြီးတာနဲ့ သူက ပေါ့ပေါ့ပါးပါး လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်တယ်။ ဒီလက်ဝါးချက်က ရိုးရိုးရှင်းရှင်းပဲ။ ဒါပေမဲ့ လက်ဝါး ရောက်ခါနီးမှာ ရုတ်တရက် အနည်းငယ် တုန်ခါသွားပြီး လက်ဝါးတစ်ချက်က နှစ်ချက်၊ နှစ်ချက်က လေးချက်၊ လေးချက်က ရှစ်ချက်၊ ရှစ်ချက်က ဆယ့်ခြောက်ချက်၊ ပြီးတော့ သုံးဆယ့်နှစ်ချက်အဖြစ် ပြောင်းလဲသွားတယ်။ လက်ဝါးသိုင်းက မခန့်မှန်းနိုင်လောက်အောင် ပြောင်းလဲနေပြီး လက်ဝါးတစ်ချက်စီ ရိုက်လိုက်တိုင်း ရောက်ခါနီးမှာပဲ နေရာအများအပြားကို ဦးတည်သွားပြီး လက်ဝါးသိုင်းက ထူးဆန်း မင်သက်ဖွယ် ကောင်းလှတယ်။
ကျူးမိုကျိ စိတ်ထဲမှာ ချီးကျူးလိုက်တယ်။ လက်ဝါးသိုင်းက ရှုပ်ထွေးပေမဲ့ လက်ဝါးတစ်ချက်စီရဲ့ စွမ်းအားက မပျံ့လွင့်ဘူး။ ဒါဟာ လက်ပေါင်းတစ်ထောင် ဗုဒ္ဓလက်ဝါးကို အမြင့်ဆုံး အဆင့်အထိ လေ့ကျင့်ထားနိုင်တာပဲ။ စိတ်ထဲမှာ တစ်ချက် စဉ်းစားပြီးတာနဲ့ လက်ကို မြှောက်လိုက်ပြီး ညာဘက် လက်ညှိုးနဲ့ လက်ခလယ်ကို ညှပ်ထားပြီး ပန်းပွင့်ကို ကောက်ကိုင်တဲ့ ပုံစံမျိုးနဲ့ ပြိုင်ဘက်ကို သုံးချက် ဖြည်းညှင်းစွာ ပစ်ပေါက်လိုက်တယ်။
တောင်ထိပ်ပေါ်က အဆင့်နိမ့်တဲ့ တပည့်တွေက သူ ပစ်သွင်းလိုက်တဲ့ သုံးချက်က အတော်လေး ရိုးရှင်းပြီး ဖန်ကျန်းမာစတာရဲ့ လက်ပေါင်းတစ်ထောင် ဗုဒ္ဓလက်ဝါးရဲ့ အရှိန်အဝါနဲ့ လုံးဝ နှိုင်းယှဉ်လို့ မရဘူးလို့ မြင်တော့ ဝိုင်းအော်ပြီး လှောင်ပြောင်ကြတယ်။
ဒါပေမဲ့ ဂိုဏ်းချုပ်တွေနဲ့ အခြား ထိပ်တန်းကျွမ်းကျင်သူတွေကတော့ ကျူးမိုကျိ သုံးတာက ရှောင်လင်ကျောင်းရဲ့ စစ်မှန်တဲ့ ပန်းကောက်လက်ချောင်းသိုင်း ဖြစ်ကြောင်း မြင်လိုက်ကြတယ်။ မျက်စိတစ်မှိတ်အတွင်းမှာ ဖန်ကျန်းမာစတာရဲ့ ရှေ့မှာ ရှိနေတဲ့ မရေမတွက်နိုင်တဲ့ လက်ဝါးပုံရိပ်တွေရဲ့ တစ်ဝက်လောက်က ရုတ်တရက် ပျက်စီးသွားပြီး ပတ်ဝန်းကျင်က လှောင်ပြောင်သံတွေလည်း ချက်ချင်း ရပ်တန့်သွားတယ်။
ဆရာတော်ရဲ့ သိုင်းပညာက ကောင်းလိုက်တာ! ဟား ဟား ဟား!" ဘေးနားက ဒိုလုံ စိတ်သက်သာရာရသွားတာကြောင့် မနေနိုင်တော့ဘဲ တစ်ယောက်တည်း အသံကျယ်ကျယ်နဲ့ အော်ဟစ် အားပေးလိုက်တယ်။
စုန့်ချင်းရှု ဘေးနားကနေ ကြည့်ရင်း ပြုံးလိုက်တယ်။ ဒိုလုံက တကယ်ပဲ ရိုးသားပြီး စိတ်အားထက်သန်တဲ့ လူတစ်ယောက်ပါလားလို့ စိတ်ထဲမှာ တွေးလိုက်တယ်။
ဖန်ကျန်း ဆရာတော်က လက်ဝါးရိပ်တွေ ပြိုကွဲသွားတာကို မြင်တော့ မျက်နှာတည်သွားပြီး လက်နှစ်ဖက်ကို အပြင်ဘက်သို့ တွန်းထုတ်လိုက်ပြီး ပြိုကွဲသွားတဲ့ လက်ဝါးရိပ်တွေကို ပြန်ဖြည့်လိုက်တယ်။ ဒါပေမဲ့ ရှေ့သို့ တိုးတဲ့ အရှိန်ကတော့ နှေးသွားတာကို ရှောင်လွှဲလို့မရဘူး။
ကျူးမိုကျိ အခွင့်အရေးယူပြီး တိုက်ခိုက်လိုက်တယ်။ လက်ချောင်းနဲ့ လက်ဝါးကို ချိုးဖျက်လိုက်တယ်။ ဒိုလော့လက်ချောင်း၊ မဟာလက်ညှိုး၊ ဗာဂျာရာလက်သီး၊ ပညာလက်ဝါး
စိတ်ထဲမှာ ကြွားချင်တာမို့ ဒိုလော့လက်ချောင်းသိုင်း ၊ မဟာလက်ညှိုး၊ ပညာလက်ဝါး၊....... စတဲ့ ရှောင်လင်ရဲ့ သိုင်းပညာ ၇၂ မျိုးကို အမျိုးမျိုးကို ထုတ်သုံးလိုက်တယ်။ ကြည့်နေတဲ့လူတွေ အားလုံး မျက်စိတွေပြာပြီး စိတ်ရှုပ်ထွေးကုန်ကြတယ်။ ဒီတိဗက်ကကိုယ်တော်က တကယ်ပဲ ရှောင်လင်ကျောင်းရဲ့ သိုင်းပညာ ၇၂ မျိုးကို တကယ်ပဲ ကျွမ်းကျင်တယ်ဆိုတဲ့ ဂုဏ်သတင်းက မမှားဘူးလို့ တွေးမိကြတယ်။
ဖန်းကျန်း ဆရာတော်က ယီကျင်းကျမ်းကို ကျွမ်းကျင်စွာ လေ့လာထားပြီး အတွင်းအားက အလွန်အဆင့်မြင့်နေပြီ။ လက်ပေါင်းတစ်ထောင် ဗုဒ္ဓလက်ဝါးကလည်း ဗုဒ္ဓဘာသာရဲ့ စစ်မှန်တဲ့ သိုင်းပညာပဲ။ တဖြည်းဖြည်း နောက်ဆုတ်နေပေမဲ့ သူ့ကိုယ်သူ ကာကွယ်ထားနိုင်ပြီး တိုက်ပွဲကို ထိန်းထားနိုင်ဆဲဖြစ်သည်။ လူတွေက သူ့ရဲ့ လက်ဝါးသိုင်းက ထူးခြားကောင်းမွန်ပြီး အကြိမ်ကြိမ် အန္တရာယ်ကနေ လွတ်မြောက်အောင် လုပ်နိုင်တာကို မြင်တော့ တိတ်တဆိတ် အားပေးကြတယ်။
ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး ခဏအကြာမှာ ကျူးမိုကျိက ပြိုင်ဘက်ရဲ့ အခြေအနေကို သိသွားပြီ။ တိုက်ကွက် ဆယ်ကွက်အတွင်းမှာ အနိုင်အရှုံး ဆုံးဖြတ်နိုင်မယ်လို့ စိတ်ထဲမှာ သိလိုက်တယ်။ သူ့ရဲ့ နာမည်ကျော် သိုင်းပညာတွေ အားလုံး လူအထင်ကြီးစေရန် လုံလောက်အောင်အသုံးပြုပြီးပြီလို့ တွေးမိလိုက်တော့ တိုက်ပွဲကို အဆုံးသတ်ဖို့ ပြင်ဆင်နေတုန်းမှာပဲ ရုတ်တရက် မျက်နှာကြီး ပြောင်းလဲသွားပြီး တိုက်ပွဲကွင်းထဲကနေ ချက်ချင်း ခုန်ထွက်သွားတယ်။ မျက်နှာကြီး နီမြန်းနေပြီး ပြိုင်ဘက်ကို ပြောလိုက်တယ်၊ "ဆရာတော်ရဲ့ ယီကျင်းကျမ်းက တကယ်ပဲ ထူးခြားကောင်းမွန်ပြီး ကိုယ်တော် လေးစားပါတယ်။ ဒီတစ်ခါ ပြိုင်ပွဲကို သရေပဲ သတ်မှတ်လိုက်ရအောင်"
ယခုလို ရုတ်တရက် ပြောင်းလဲသွားတာကို ဘယ်သူမှ မမျှော်လင့်ထားပေါ့။ စောစောက တိုက်ပွဲအခြေအနေအရ ဖန်းကျန်း ဆရာတော်က ကာကွယ်တာကိုပဲ အဓိကထားပြီး တိုက်ခိုက်တာ နည်းတဲ့အတွက် သိပ်မကြာခင်မှာ ရှုံးတော့မယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ ကျူးမိုကျိက ရုတ်တရက်ကြီ ထပြီး သရေကျ ဖို့ပြောလိုက်မယ်လို့ ဘယ်သူမှ မထင်ထားဘူး။
ဖန်းကျန်း ဆရာတော်လည်း နားမလည်နိုင်ဖြစ်ပြီး မေးဖို့ ပြင်နေတုန်းမှာပဲ ကျူးမိုကျိက စကားတစ်ခွန်းမှ မပြောဘဲ လှည့်ပြီး စင်ပေါ်ကနေ ဆင်းသွားတယ်။ ဒီတိုက်ပွဲက ထိုင်ရှန်းဂိုဏ်းရဲ့ သေရေးရှင်ရေး ကိစ္စမို့ ဖန်းကျန်း ဆရာတော် သက်ပြင်းချပြီး ဒီအခြေအနေကို လက်ခံလိုက်တယ်။
ထိုင်ရှန်းက လူတွေ အားလုံးအော်ဟစ် အားပေးကြတယ်။ ပြိုင်ဘက်ရဲ့ အစွမ်းအထက်ဆုံး လူနှစ်ယောက်က ယှဉ်ပြိုင်ပြီးသွားပြီဆိုတော့ ဒီတတိယပွဲမှာ သူတို့ဘက်က သေချာပေါက် နိုင်ပြီလို့ ထင်ကြတယ်။ ပြီးတော့ အရင်က သဘောတူထားတဲ့ ပြိုင်ပွဲသဘောတူညီချက်မှာ သရေကျရင် ထိုင်ရှန်းဂိုဏ်း နိုင်တယ်လို့ ရေးထားတာကိုး။
တစ်ဖက်က ပျော်ရွှင်စွာ အော်ဟစ်နေတာကို မြင်တော့ ဒိုလုံက ကျူးမိုကျိကို နားမလည်စွာ မေးလိုက်တယ် ၊ "ဆရာတော်၊ မင်း ခုနက ဘာလို့...?"
ကျူးမိုကျိ မျက်နှာမှောင်မိုက်နေပြီး စကားတစ်ခွန်းမှ မပြောဘဲ သူ့ကို လုံးဝ လျစ်လျူရှုနေတယ်
စုန့်ချင်းရှုကတော့ တစ်ခုခု စဉ်းစားမိသွားပုံရပြီး တိုးတိုးလေး ပြောလိုက်တယ်၊ "ဗုဒ္ဓဘာသာက လောကကို ကယ်တင်ဖို့ ကြိုးစားတယ်။ သိုင်းပညာက လူသတ်ဖို့ပဲ။ နှစ်ခုလုံးက လုံးဝ ဆန့်ကျင်ဘက်ပဲ။ ရှောင်လင်ကျောင်း ထူးခြားတဲ့ သိုင်းပညာ ၇၂ မျိုးက လူကို ဒဏ်ရာရစေနိုင်တယ်၊ အသက်ကို သတ်နိုင်တယ်။ ရက်စက်ပြင်းထန်ပြီး ကောင်းကင်နဲ့ ဆန့်ကျင်နေတယ်။ ဒါကြောင့် သိုင်းပညာ တစ်ခုချင်းစီနဲ့သက်ဆိုင်တဲ့ ဗုဒ္ဓဘာသာရဲ့ ကရုဏာတရား၊ မေတ္တာတရား ပွားများပြီး ဖြေရှင်းရတယ်။ မဟုတ်ရင် မကောင်းတဲ့ စွမ်းအင်တွေက ကိုယ်တွင်းအင်္ဂါထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ပြီး ဘယ်အဆိပ်ထက်မဆို အဆပေါင်း ရာချီ ပိုပြီး ပြင်းထန်လိမ့်မယ်…
ဒီမြင်ကွင်းက ရန်ဝေါ်ရှင်းနဲ့ ကျိုးလန်ချန်းတို့ရဲ့ တိုက်ပွဲနဲ့ အတော်လေး ဆင်တူတယ်။ ပြီးတော့ မူရင်းဝတ္ထုထဲက ကျူးမိုကျိရဲ့ ရူးသွပ်သွားတဲ့ အဆုံးသတ်ကို တွေးမိတော့ စုန့်ချင်းရှုက အခြေအနေကို နည်းနည်းတော့ ခန့်မှန်းမိသွားတယ်။
သူ့စကားကို ကြားတော့ ကျူးမိုကျိ မျက်လုံးထဲမှာ ပထမဆုံး ရက်စက်ကြမ်းကြုတ်တဲ့ အရောင်တစ်ချက် လတ်သွားတယ်။ နောက်ပိုင်းမှာတွေဝေသွားပြီး ဘာပဲဖြစ်ဖြစ်သူက ဗုဒ္ဓဘာသာကို နက်ရှိုင်းစွာ နားလည်ထားတဲ့သူဖြစ်တာမို့ တဖြည်းဖြည်း နားလည်သွားပုံရတယ်။
"တတိယပွဲ ရောက်ပြီ" ယွမ်ချန်းကျီ လူအုပ်ထဲကနေ ဖြည်းဖြည်းချင်း လျှောက်လာပြီး သုံးယောက်လုံးကို ပြုံးစိစိနဲ့ ကြည့်လိုက်တယ်။
ပြိုင်ဘက်ရဲ့ ကျောပေါ်က နာမည်ကျော် ရွှေမြွေဓားကို မြင်တော့ ဒိုလုံ မျက်နှာတစ်ပြင်လုံးပြာနှမ်းသွားတယ်။