"မင်းက တိုက်ပွဲရောက်တဲ့အခါ တဖက်က အင်အားအကောင်းဆုံးသူကို ရွေးချယ်ပြီး ယှဉ်ပြိုင်လိုက်ရုံပဲ" ဟု ဝေရှောင်ပေါင်က ပြောသည်။
"ဘာ!" ဒိုလုံ ထခုန်လုနီးပါး ဖြစ်သွားသည်။
"ဒိုလုံအစ်ကိုကြီး စိတ်မပူပါနဲ့၊ ကျွန်တော် ဖြည်းဖြည်းချင်း ရှင်းပြမယ်" ဟု ဝေရှောင်ပေါင်က ရှင်းပြသည်။ "ကျွန်တော် အရင်က မြင်းပြိုင်ပွဲအကြောင်း ပုံပြင်တစ်ပုဒ် ကြားဖူးတယ်။ အဲ့ဒီတုန်းက သူတို့က ညံ့ဖျင်းတဲ့မြင်းနဲ့ သူတို့ရဲ့ အကောင်းဆုံးမြင်းကို ယှဉ်ပြိုင်စေတယ်——ဒိုလုံအစ်ကိုကြီးကို ကျွန်တော်က ညံ့ဖျင်းတဲ့မြင်းလို့ ပြောနေတာ မဟုတ်ဘူးနော်——အစ်ကိုကြီးက တခါတည်း အရှုံးပေးလိုက်ရုံပဲ၊ ပြီးရင် ဆရာတော်ကျူးမိုကျိနဲ့ စုန့်အစ်ကိုက သေချာပေါက် အနိုင်ရသွားလိမ့်မယ်"
"ဝေညီလေးက တကယ်ကို့ ဉာဏ်ကြီးရှင်ပဲ" ဒိုလုံ မျက်လုံးတွေ တောက်ပသွားပြီး "စိတ်မပူပါနဲ့၊ အရှုံးပေးတာမျိုးကတော့ ကျွန်တော် လုပ်နိုင်ပါတယ်"
ဆုံးဖြတ်ချက် ချပြီးနောက် ဝေရှောင်ပေါင် ချက်ချင်း လူလွှတ်ပြီး စာတစ်စောင်ကို တောင်ပေါ်သို့ ပေးပို့လိုက်သည်။ နောက်တစ်နေ့တွင် စုန့်ချင်းရှု၊ ကျူးမိုကျိနှင့် ဒိုလုံ သုံးဦးတည်း သွားရောက်ကြသည်။ သူတို့အား တောင်အောက်မှ လက်ပြနေသော ဝေရှောင်ပေါင်ကို မြင်သောအခါ စုန့်ချင်းရှု ဒေါသထွက်သွားသည်။ “ဒီလူယုတ်မာလေး၊ သေရမှာ ကြောက်လို့ တောင်ပေါ် မတက်ရဲတာကို တပ်မမှူးက စစ်တပ်ကို ထိန်းချုပ်ရမယ်၊ ငါတို့ကို ထောက်ပံပေးမယ် ဆိုပြီး အကြောင်းပြနေတာပဲ”
"တိုက်ပွဲက နီးနေပြီ၊ စုန့်သခင်လေး စိတ်မတည်မငြိမ် မဖြစ်ပါနဲ့" ကျူးမိုကျိက လှည့်ကြည့်ပြီး ပြုံးရုံမျှ ပြုံးလိုက်သည်။ သူ၏ စိတ်ထဲမှ အတွေးများကို ခန့်မှန်းမိသွားပုံရသည်။
“ဆရာတော်ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်" စုန့်ချင်းရှု မျက်နှာနီမြန်းသွားပြီး ချက်ချင်း မေးလိုက်သည်။ "ယွမ်ချန်းကျီရဲ့ သိုင်းပညာက ဘုန်းတော်ကြီးနဲ့ ယှဉ်ရင် ဘယ်လိုရှိနိုင်လဲ?"
“သူ့ရဲ့ သိုင်းပညာက အလွန်မြင့်မားတယ်၊ ဒါပေမဲ့ တစ်ယောက်ချင်း ယှဉ်ရင် သူ သေချာပေါက် ရှုံးလိမ့်မယ်"” ဟု ကျူးမိုကျိက ပြောသည်။ နောက်ဆုံးတစ်ကြိမ် တိုက်ခိုက်ပြီးနောက် ကျူးမိုကျိသည် ယွမ်ချန်းကျီ၏ ထူးဆန်းသော ရွှေမြွေဓားသိုင်းကို အမြဲလိုလို လေ့လာနေခဲ့သည်။ နောက်တကြိမ်တိုက်ခိုက်လျှင် သူနှင့် မုရုံဖူတို့ ပူးပေါင်းတိုက်ခိုက်၍ ထွက်ပြေးခဲ့ရသည့် ရှက်စရာကောင်းသော အဖြစ်အပျက်ကို ကျိန်းသေ ပယ်ဖျက်နိုင်မည်ဟု သူသိသည်။
"သူတို့ဘက်က ဘယ်သုံးယောက်ကို တိုက်ခိုက်ဖို့စေလွတ်မလဲ" ဝေးကွာသော ကျောက်စိမ်းဧကရာဇ်တောင်ထိပ်ကို ကြည့်ရင်း စုန့်ချင်းရှု စိုးရိမ်စွာ ပြောလိုက်သည်။ သူသည် သုံးဦးလုံးအတွက် အန္တရာယ်ဖြစ်မည်ကို သိပ်ဂရုမစိုက်ပေ။ အားလုံးက ထိပ်တန်းကျွမ်းကျင်သူများဖြစ်ကြပြီး ဝေရှောင်ပေါင်၏ အနှောင့်အယှက်မရှိပါက ထိုင်ရှန်းဂိုဏ်းက မိုက်မဲစွာ ဝိုင်းဝန်းတိုက်ခိုက်လာလျှင်ပင် သူနှင့် ကျူးမိုကျိတို့ အေးအေးဆေးဆေး ဆုတ်ခွာနိုင်သည်။ ဒိုလုံအတွက်ကတော့… အယ်၊ ဒိုလုံကတော့... ကိုယ့်မိတ်ဆွေ သေတာထက်၊ ကိုယ်မသေဖို့ကအဓိကပဲ။
“ချင်နိုင်ငံရဲ့ သိုင်းပညာရှင်၊ မဟာချက်ကရဗာဂျရာ ကျူးမိုကျိ တောင်ပေါ်သို့ ရောက်ရှိလာပါပြီ” တံခါးဝသို့ မရောက်သေးမီပင် ကျူးမိုကျိသည် သူ၏ အတွင်းအားကို အသုံးပြု၍ အော်လိုက်သည်။
စုန့်ချင်းရှု နားထောင်ပြီး ခေါင်းထဲမှာ မှောင်မိုက်သွားသည်။ ဒီနားရွက်ကြီးတဲ့ ဘုန်းကြီးက အမြဲ ကြွားဝါချင်နေတာပဲ။ ငါလည်း သူ့လို အော်လိုက်ရမလား? ချင်နိုင်ရဲ့ ပထမတန်းစား အစောင့်အရှောက်......... စုန့်ချင်းရှု.......
ဒါသာ.....တဖက်က ကျူးမိုကျိတို့လို ကျွမ်းကျင်တဲ့ သိုင်းပညာရှင်တွေကြားသွားရင် အမှုန့်ဖြစ်အောင် ချေမှုန်းခံရမှာကို စဉ်းစားမိတော့ အဲ့ဒီမြင်ကွင်းကို မြင်ယောင်ကြည့်ရုံနဲ့တင် ဆိုးရွားလွန်းလှတာကြောင့် ကျောချမ်းသွားပြီး စုန့်ချင်းရှု ချက်ချင်း အဲ့ဒီအကြံကို ဖျောက်လိုက်တယ်။
ကျောက်စိမ်းဧကရာဇ်တောင်ထိပ်မှ သိုင်းပညာရှင်များအားလုံး ထိတ်လန့်သွားကြသည်။ ဒီကျူးမိုကျိရဲ့ အတွင်းအားက လူတိုင်းထက် အားကောင်းပုံရသည်။
လူသုံးယောက် တောင်ပေါ်သို့ တက်လာပြီးနောက် လူတိုင်း၏ မျက်လုံးများက သူတို့ဆီသို့ ရောက်လာသည်။ နားရွက်ကြီးသော ဘုန်းကြီးတစ်ပါး၊ လူငယ်တစ်ဦးနှင့် မန်ချူးစစ်သည်တစ်ဦးတို့သည် အဆင့်မြင့်သိုင်းပညာရှင်များစွာကို ရင်ဆိုင်နေရသော်လည်း မည်သည့်ကြောက်ရွံ့မှုကိုမျှ မပြခဲ့ကြပေ။
"စုန့်ချင်းရှု၊ တကယ်ပဲ မင်းလား" တာအိုသခင် ချုံးရှူသည် ထိုလူငယ်သိုင်းပညာရှင်ကို မြင်သည်နှင့် သူသည် ဝူတန်မှ နှင်ထုတ်ခံရသော စုန့်ချင်းရှုဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားသည်။
စုန့်ချင်းရှု လန့်သွားပြီး "ဘယ်သူက ငါ့ကို မှတ်မိတာလဲ" ဟု စဉ်းစားမိသည်။ လှည့်ကြည့်လိုက်တော့ ချုံးရှူ၏ ရုပ်ရည်နှင့် ဝတ်စားဆင်ယင်မှုက သူ့စိတ်ထဲတွင် မရေမရာ အမှတ်ရနေသည်။ "တာအိုသခင် ချုံးရှူလား?"
"ချင်းရှု၊ ဂိုဏ်းချုပ်ဆရာကြီး ကျန်းဆန်းဖုန်း မင်းကို ဂိုဏ်းကနေ ထုတ်ပယ်ခဲ့တာဟာ မင်းရဲ့ အမှားတွေကို ပြန်လည်ဆင်ခြင်စေချင်လို့ပဲ။ ဒါပေမဲ့ မင်းက ဒီလိုမျိုး နိမ့်ကျတဲ့ မန်ချူးရဲ့ နောက်လိုက်ခွေးဖြစ်လာလိမ့်မယ်လို့ ထင်မထားဘူး?" ချုံးရှူတာအိုရန်းရဲ့ လေသံက နောင်တရနေပုံရတယ်။
လူအုပ်စုသည် ထိုကဲ့သို အပြောင်းအလဲရှိမယ်လို့ မမျှော်လင့်ထားပေ။
ရှောင်လင်ကျောင်းရဲ့ ခြင်္သေ့သတ်ပွဲကိုသွားရောက်ခဲ့သူ အများစုက စုန့်ချင်းရှုကို လက်ညှိုးထိုးပြီး တီးတိုးပြောနေကြသည်။
ကျူးမိုကျိလည်း စုန့်ချင်းရှုကို အံ့သြစွာ ကြည့်လိုက်ပြီး စိတ်ထဲမှာ စဉ်းစားမိသည်၊ စုန့်ချင်းရှုက ငယ်ငယ်ရွယ်ရွယ်နဲ့ သိုင်းပညာ အဆင့်မြင့်တာ အံသြစရာတော့ မဟုတ်ဘူး၊ ဝူတန်ဂိုဏ်းက ဖြစ်နေတာကို။
"စုန့်ချင်းရှု ဝူတန်ဂိုဏ်းကို တင်ရှိတဲ့ အကြွေးကို ခြင်္သေ့သတ်ပွဲမှာ ကျေသွားပါပြီ။ ကံကောင်းထောက်မလို့ ကျွန်တော် အသက်ရှင်ကျန်ရစ်ခဲ့တာပဲ။ အခုချိန်မှာ စုန့်ချင်းရှုနဲ့ ဝူတန်ဂိုဏ်း ဘာမှ မပတ်သက်တော့ဘူး။ ခင်ဗျားလည်း ဒီလိုမျိုး ဒေါသတကြီးနဲ့ ပြောစရာမလိုဘူး" စုန့်ချင်းရှုက အေးစက်စွာ ပြောလိုက်တယ်။ အနားက လူတွေက သူ့စကားရဲ့ နက်နဲမှုကို သတိမထားမိကြဘူး။ ယခုစုန့်ချင်းရှုနဲ့ မူရင်း စုန့်ချင်းရှုရဲ့ ရပ်တည်မှု့ကို ရှင်းရှင်းလင်းလင်း ပြောပြနေတယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။
သူက မူရင်း စုန့်ချင်းရှု အစစ်မဟုတ်ဘူး။ ဝူတန်ဂိုဏ်းကနေ အကျိုးအမြတ် တစ်စက်လေးမှ မရဖူးတဲ့အပြင် သူနိုးလာတဲ့အခါမှာ ခန္ဓာကိုယ်ထဲက ဒန်တျန်နှင့် သွေးကြောတွေ အကုန်ပျက်စီးသွားတာ ဝူတန်ဂိုဏ်းရဲ့ ကျေးဇူးကြောင့်ပဲ။ ဒါကြောင့်လည်း နောက်ပိုင်းမှာ အရှက်ရစရာတွေ အများကြီး ကြုံခဲ့ရတာ။ အခုလို အချိန်မျိုးမှာ ဝူတန်ဂိုဏ်းက လူတစ်ယောက် ရုတ်တရက် ပေါ်လာပြီး ကိုယ်ကျင့်တရားကောင်းမွန်သောပုံစံဖြင့် ကြိမ်းမောင်းပြောဆိုနေတာကို စုန့်ချင်းရှုက ကောင်းကောင်းမွန်မွန် နဲ့ပြန်ပြီး တုန့်ပြန်မှာ မဟုတ်ဘူး။
ကောင်းပြီ! ကောင်းပြီ! " တာအိုသခင်ချုံးရှူက စိတ်ရှည်သည်းခံတတ်ပေမဲ့လည်း ဒေါသတော့ထွက်သွားတယ်။ "ကိုယ်တိုင်ပဲ ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်ရလိမ့်မယ်" ဟု ပြောပြီး ဓားကို ဆွဲထုတ်ပြီး တိုက်ဖို့ ပြင်လိုက်တယ်။
"ခဏနေပါဦး၊ ဒီနေ့က သိုင်းပြိုင်ပြီး အနိုင်အရှုံး ဆုံးဖြတ်ဖို့ သဘောတူထားတဲ့နေ့ပါ။ ခင်ဗျားက ယှဉ်ပြိုင်ဖို့အတွက် သူတို့ သဘောတူထားတဲ့ ပထဆုံးယှဉ်ပြိုင်မယ့် သိုင်းပညာရှင်လား?" စုန့်ချင်းရှုက မေးလိုက်တယ်။
ချုံးရှူတာအိုရန်း ချက်ချင်း ရပ်တန့်သွားပြီး သူ့ဘက်ကို ပြန်လှည့်ကြည့်လိုက်တယ်။ ကျိုးလန်ချန်းက စိတ်ထဲမှာ စဉ်းစားလိုက်တယ်၊ ဒီနေရာမှာ ဖန်ကျန်း ဆရာတော်ရဲ့ ယီကျင်ကျမ်း(ကြွက်သားနှင့်အရွတ်များကိုပြောင်းလဲစေသောကျမ်း)ကို ကျွမ်းကျင်နေပြီဖြစ်လို့ သူကတော့ သေချာပေါက် ယှဉ်ပြိုင်ရလိမ့်မယ်။ ရွှေမြွေဘုရင် ယွမ်ချန်းကျီကလည်း သိုင်းပညာ ထူးချွန်တာမို့ နောက်ပိုင်းမှာသုံးဖို့ လျှို့ဝှက်လက်နက်အဖြစ် ချန်ထားရမယ်။ ကျန်တဲ့ တစ်ယောက်ကိုတော့ သေချာ စဉ်းစားရမယ်။ အခုချိန်မှာ ချုံးရှူနဲ့ ငါ့ရဲ့ သိုင်းပညာက အမြင့်ဆုံးပဲ။ သူ့ကို လွှတ်လိုက်တာလည်း မမှားပါဘူး။ ဒါပေမဲ့ ဒီလူငယ်ရဲ့ အစွမ်းအစကို သေချာမသိရသေးဘူး...
ဒီအကြောင်း စဉ်းစားရင်း ကျိုးလန်ချန်းက ထရပ်ပြီး ပြောလိုက်တယ်၊ "ဒါက ဝူတန်ရဲ့ အတွင်းရေးကိစ္စပဲ၊ ဒီနေ့ရဲ့ ပြိုင်ပွဲမှာ မပါဝင်ဘူး။ မင်းသာ တာအိုသခင်ချုံးရှုရဲ့ လက်ထဲကနေ အသက်ရှင်လွတ်မြောက်လာနိုင်ရင် ဒီကျိုးက မင်းရဲ့ ထူးချွန်တဲ့ သိုင်းပညာကို လေ့လာကြည့်မယ်"
လူတော်များများက သူ့ကို အရှက်မရှိဘူးလို့ တီးတိုးကျိန်ဆဲနေကြတယ်။ ဖန်ကျန်း ဆရာတော်တောင် မျက်မှောင်ကြုတ်သွားတယ်။ ဒီလို လူငယ်တစ်ယောက်ကို အနိုင်ကျင့်တာ မသင့်လျော်ဘူးလို့ စိတ်ထဲမှာ ထင်နေတယ်။
စုန့်ချင်းရှုသာ ငြင်းပယ်ချင်ရင် ဘယ်သူမှ ဘာမှ ပြောလို့ မရဘူး။ ဒါပေမဲ့ တာအိုသခင်ချုံးရှူရဲ့ စကားကြောင့် သူရင်ထဲက မာန်မာနကိုထိခိုက်စေတာကြောင့် အေးစက်စွာ ပြောလိုက်တယ်၊ "မလိုဘူး၊ တာအိုသခင်ချုံးရှုနဲ့ အရင်တိုက်ခိုက်မယ်။ ပြီးရင် ကျိုးမဟာမိတ်ခေါင်းဆောင်ရဲ့ နည်းလမ်းတွေကို လေ့လာကြည့်မယ်"
ချုံးရှူ မျက်မှောင်ကြုတ်သွားပြီး " စုန့်ချင်းရှု၊ မင်းက အရမ်းမာနကြီးလွန်းတယ်။ ဒါပေမယ့် ငါအခွင့်အရေးမယူချင်ဘူး။ မင်း ကျိုးမဟာမိတ်ခေါင်းဆောင်နဲ့ အရင်ယှဉ်ပြိုင်လိုက်ပါ။ နောက်မှပဲ မင်းရဲ့သိုင်းပညာကို လေ့လာကြည့်မယ်"
ကျူးမိုကျိလည်း ဒီတာအိုသခင်ချုံးရှူရဲ့ ရိုးသားဖြောင့်မတ်မှုကို အံ့ဩပြီး စုန့်ချင်းရှုကို သဘောတူရန် ပြောဖို့ လုပ်နေတုန်းမှာပဲ စုန့်ချင်းရှုက တိုက်ရိုက် ငြင်းပယ်လိုက်တယ်။ "မလိုဘူး၊ ဘာမှ ထွေထွေထူးထူးလုပ်နေစရာမလိုဘူး၊ ခင်ဗျားကို အနိုင်ယူဖို့ တစ်ကွက်ပဲ လိုတယ်၊ ကျိုးမဟာမိတ်ခေါင်ဆောင်က အခွင့်အရေးယူချင်ရင်တောင် ယူလို့ ရမှာ မဟုတ်ဘူး"
ဒီစကား ထွက်လာတာနဲ့ အဲ့ဒီနေရာက လူတွေအားလုံး သူ့ကို အရမ်း မာနကြီးတယ်လို့ ထင်ကုန်တယ်။ တာအိုသခင်ချုံးရှူက သိုင်းလောကမှာ နာမည်ကြီးတဲ့ ပညာရှင်တစ်ဦးဖြစ်ပြီး သူ့ရဲ့ ထိုက်ချိဓားသိုင်းကလည်း ပြိုင်ဘက်ကင်းတယ်။ ကျောက်စိမ်းတောင်ထိပ် တစ်ခုလုံးမှာ ဘယ်သူမှ ချုံးရှုကို အနိုင်ယူနိုင်တယ်လို့ မပြောရဲဘူး။ စုန့်ချင်းရှုက တစ်ကွက်တည်းနဲ့ သူ့ကို အနိုင်ယူနိုင်တယ်လို့ ကြွေးကြော်လိုက်တော့ ကျူးမိုကျိတောင် စုန့်ချင်းရှုက ဒေါသကြောင့် အသိစိတ် လွတ်သွားပြီလို့ ထင်မိတယ်။
တာအိုသခင်ချုံးရှူက နှစ်ကြိမ်ခန့် ရယ်မောလိုက်ပြီး “ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ! ငါ့ကို တစ်ချက်တည်းနဲ့ မင်း ဘယ်လို အနိုင်ယူမလဲဆိုတာ ကြည့်ရသေးတာပေါ့”
“ခင်ဗျား အရင် တိုက်ခိုက်ပါ၊ မဟုတ်လို့ ကျွန်တော် အရင် တိုက်ခိုက်လိုက်ရင် တာအိုသခင်အနေနဲ့ ဓားထုတ်ဖို့ အခွင့်အရေးတောင်ရမှာ မဟုတ်ဘူး” စုန့်ချင်းရှုက လက်နောက်ပစ်ပြီး မတ်တပ်ရပ်ရင်း စိန်ခေါ်တဲ့ ပုံစံလုပ်လိုက်တယ်။ တကယ်ကို ဂိုဏ်းချုပ်တစ်ဦးရဲ့ အရိပ်အယောင် ပေါ်လွင်နေတယ်။ “ခင်ဗျားကို တစ်ချက်တည်းနဲ့ အနိုင်မယူနိုင်ရင် ကျွန်တော် ရှုံးတယ်လို့သတ်မှတ်ပြီး နောက်ပွဲလည်း ယှဉ်စရာ မလိုတော့ဘူး”
ကျူးမိုကျိနဲ့ ဒိုလုံ နှစ်ဦးသား မျက်နှာပျက်သွားပြီး တားဖို့ လုပ်နေတုန်းမှာပဲ စုန့်ချင်းရှုက လက်တစ်ဖက် မြှောက်လိုက်ပြီး အေးဆေးပါဆိုတဲ့ အမူအရာ ပြလိုက်တယ်။ နှစ်ယောက်လုံး စိတ်ထဲက သံသယတွေကို ဖိနှိပ်ပြီး အခြေအနေကို စောင့်ကြည့်နေရတယ်။
တာအိုသခင်ချုံးရှူလည်း မျက်လုံးတွေ ပြတ်သားသွားပြီး စိတ်ထဲမှာ စဉ်းစားလိုက်တယ်၊ ဒီလူငယ်က တကယ်ပဲ အဆင့်မြင့်သိုင်းပညာတစ်မျိုးမျိုးကိုများ လေ့ကျင့်ထားတာလား၊ ဒါကြောင့်ပဲ ဒီလောက် သတ္တိရှိနေတာလား? ဒီနေ့ ထိုင်ရှန်းဂိုဏ်းရဲ့ သေရေးရှင်ရေးကိစ္စနဲ့ဆိုင်တာမို့ တိုက်ကွက်တစ်ချက်ကို အရင် ကာကွယ်ထားနိုင်ရင် ထိုင်ရှန်းဂိုဏ်းအတွက် တစ်ပွဲ အနိုင်ရလိမ့်မယ်။ ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်ဖို့က နောက်မှ စဉ်းစားလို့ရတယ်။