ဝေရှောင်ပေါင်က လူတစ်ခုကို ခေါ်ကာ စီတူပိုလီရှေ့ ရောက်လာပြီး တဟားဟားရယ်မောပြီး အေးစက်စွာ ကြည့်လိုက်တယ်။
"သတ်ချင်သတ်၊ ခုတ်ချင်ခုတ်၊ မင်းသဘောပဲ! ငါတို့ ဝမ်ဝူဂိုဏ်းသားတွေ မျက်မှောင်ကြုတ်ရင် သူရဲကောင်း မဟုတ်ဘူး" စီတူပိုလီက အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး ခေါင်းကို လှည့်ကာ နောက်ထပ်မကြည့်တော့ပေ။
"မင်းတို့လို လမ်းဘေးသိုင်းသမားတွေက ပင်ရှီဘုရင်ရဲ့ ခြေထောက်ကို ဖက်ချင်သေးတာလား? မင်းတို့ပြောတဲ့အလိမ်အညာ စကားတွေကို ဘယ်သူက ယုံမှာလဲ" ဝေရှောင်ပေါင်က လှောင်ပြောင်ရယ်မောလိုက်ပြီး "ဒီနေ့ ငါ စိတ်ကောင်းဝင်နေတယ်၊ မင်းတို့ကို ဒီတစ်ကြိမ်တော့ လွှတ်ပေးဖို့ စိတ်ကူးရှိတယ်..."
ဝေရှောင်ပေါင်ရဲ့ စကားကို ကြားတော့ ဝမ်ဝူဂိုဏ်းသား အတော်များများ ခေါင်းမော့ကြည့်ပြီး မျှော်လင့်ချက်တွေနဲ့ မျက်လုံးတွေ အရောင်တောက်လာကြတယ်။
အားလုံး အရာရှိတွေကို သတ်ပြီး ပုန်ကန်ခဲ့တာကြောင့် ဖမ်းမိရင် ခေါင်းဖြတ်ခံရမှာဖြစ်ပြီး လွတ်မြောက်ဖို့ လမ်းမရှိဘူး။ အခုတော့ မျှော်လင့်ချက် အနည်းငယ် ပေါ်လာတယ်။
"ဒီလိုလုပ်ရအောင်၊ ခုနက ငါတို့ ဒီမှာ လောင်းကစားလုပ်နေတာနဲ့ အတော်ပဲ၊ မင်းတို့ ငါနဲ့ တစ်ပွဲလာကစားလိုက်၊ နိုင်တဲ့သူကိုလွတ်ပေးမယ်၊ ရှုံးတဲ့သူကတော့..." ဝေရှောင်ပေါင် အေးစက်စွာ ရယ်နေတယ်။
"ရှုံးတဲ့သူ ဘာဖြစ်မလဲ?" ဝမ်ဝူဂိုဏ်းသား တစ်ယောက်က မေးလိုက်တယ်။
"အိုး၊ ဘာမှ မဟုတ်ပါဘူး" ဝေရှောင်ပေါင်က ဂရုမစိုက်တဲ့ပုံနဲ့ "ခေါင်းကို ချန်ထားခဲ့ရုံပဲ" လို့ ပြောတယ်။
ဝေရှောင်ပေါင် စိတ်ထဲမှာ ခုနက လိမ်ညာတဲ့ စကားတွေက ဒီအရူးတွေကို လှည့်စားလို့ ရပေမဲ့ ခန်းရှီကို လှည့်စားဖို့တော့ နည်းနည်း လိုသေးတယ်လို့ တွေးနေတယ်။ လူနည်းနည်းလောက် ဖမ်းထားပြီး ဘုရင်ငယ်ဆီ ပြန်လွဲပေးရင်းအကြောင်းကြားလိုက်တာနဲ့ အဆင်ပြေသွားလိမ့်မယ်။
ဝမ်ဝူဂိုဏ်းသား အားလုံး စိတ်ထဲမှာ အေးစိမ့်သွားပြီး ဒီတစ်ခါ သူတို့ရဲ့ ညီအစ်ကို တစ်ဝက်လောက်က ဒီမှာ ကျန်ရစ်ခဲ့ရမှာ သေချာတယ်လို့ တွေးလိုက်ကြတယ်။
ဘယ်လို လောင်းကစားရမှာလဲ?" ချစ်စရာကောင်းတဲ့ အသံလေးတစ်ခု ထွက်လာပြီး ဝေရှောင်ပေါင် လှည့်ကြည့်လိုက်တော့ လူအုပ်ထဲက ကျန်းရိုကို သတိထားမိသွားတယ်။
"ငါ့ဘိုးဘေး! ……. ဘာလို့ စောစောကတည်းကဒီလောက် လှတဲ့ မိန်းကလေးကို မမြင်မိတာလဲ?" ဝေရှောင်ပေါင် စိတ်ထဲမှာ တုန်လှုပ်သွားပြီး ချောမောလှပတဲ့ မိန်းကလေးရှေ့မှာ ကောင်းမွန်တဲ့ ပုံရိပ်တစ်ခု ချန်ထားခဲ့ချင်တဲ့ စိတ်နဲ့ ချက်ချင်း ရယ်မောပြီး "ကျွန်တော် ဝေရှောင်ပေါင် တစ်ဘဝလုံးမှာ လှပတဲ့ပန်းလေးတွေကို ... အမြတ်နိုးဆုံးပဲ၊ ဒီ မမလေး ဒါမှမဟုတ် ညီမလေးက လောင်းကစားလုပ်စရာ မလိုဘူး၊ မင်း အရင် သွားလို့ရတယ်" လို့ ပြောလိုက်တယ်။
ကျန်းရို မျက်နှာလေး တစ်ခါ နီရဲလိုက်၊ တစ်ခါ ဖြူဖျော့လိုက်နဲ့ ဖြည်းဖြည်းချင်း ခေါင်းခါပြီး တိုးတိုးလေး ပြောတယ်။ "ကျွန်မ မသွားဘူး၊ ကျွန်မတို့... ကျွန်မတို့ ဆယ့်ကိုးယောက်၊ အတူတူ လာခဲ့တာဆိုတော့ သေအတူ ရှင်အတူပဲ" လို့ ပြောလိုက်တယ်။
အဲ့ဒီအချိန်မှာ သူမ စိတ်ထဲမှာ အလွန်ကြောက်ရွံ့နေပေမယ့် တစ်ယောက်တည်း ထွက်ပြေးဖို့ ဆန္ဒမရှိဘူး။ ခေါင်းမော့ကြည့်လိုက်တော့ စုန့်ချင်းရှုရဲ့ နွေးထွေးတဲ့ မျက်လုံးတွေကို မြင်လိုက်ရတယ်။ ဘာကြောင့်လဲမသိပေမယ့် သူမရဲ့ နှလုံးသားက ငြိမ်သက်သွားပြီး စကားပြောတာလည်း ပိုပြီး ချောမွေ့လာတယ်။ လူအုပ်ကြီးလည်း သူမရဲ့ သတ္တိကို တိတ်တဆိတ် ချီးကျူးနေကြတယ်။
ဝေရှောင်ပေါင်က ပြောလိုက်တယ် "ကောင်းပြီ မိန်းကလေး၊ မင်း သတ္တိရှိတယ်" " သေအတူ ရှင်အတူဆိုတော့ တစ်ယောက်ချင်း လောင်းစရာ မလိုတော့ဘူး။ ညီမလေး၊ မင်း ငါနဲ့ တစ်ခါ လောင်းကစားလိုက်။ မင်းနိုင်ရင် ဆယ့်ကိုးယောက်လုံး ထွက်သွားခွင့်ပြုမယ်၊ ရှုံးရင် ဆယ့်ကိုးယောက်လုံးရဲ့ ခေါင်းကို တစ်ပြိုင်နက် ဖြတ်မယ်၊ သဘောတူလား?"
ကျန်းရို ခေါင်းလှည့်ပြီး စီတူဘိုလီကို တစ်ချက်ကြည့်ကာ သူ့ရဲ့ အမိန့်ကို စောင့်နေတယ်။
စီတူဘိုလေး အလွန်ဆုံးဖြတ်ရခက်နေတယ်။ အကယ်၍ လူဆယ့်ကိုးယောက်ဟာ ဒီစစ်ဗိုလ်ချုပ်နဲ့ တစ်ယောက်ချင်း လောင်းကစားလုပ်မယ်ဆိုရင် အနိုင်အရှုံးတွေ ရှိမှာ သေချာတယ်။ သူ တကယ်ပဲ စကားတည်ရင် လူဆယ့်ကိုးယောက်ထဲက တစ်ဝက်လောက် အသက်ရှင်နိုင်ပြီး နောက်ပိုင်းမှာလည်း လက်စားချေဖို့ နည်းလမ်းရှာနိုင်သေးတယ်။ ဒါပေမဲ့ ကျန်းရိုက အန်စာတုံးကို လှိမ့်မယ်ဆိုရင် နိုင်ရင် အားလုံး ပြန်ဆုတ်သွားနိုင်ပေမဲ့ ရှုံးရင်တော့ အားလုံး သေဆုံးမှာမို့ အလွန်အန္တရာယ်များတယ်။
မိန်းမသားတစ်ယောက်ကတောင် သေအတူ ရှင်အတူ နေနိုင်သေးတာပဲ၊ ငါနိုင်ရင်တောင် တစ်ယောက်တည်း ဘယ်လို မျက်နှာနဲ့ ထွက်ပြေးရမှာလဲ? ဒီနေ့ ငါ့အသက်က ရထားပြီးသားပဲ၊ မင်း သူ့နဲ့ လောင်းကစားလုပ်လိုက်၊ ငါတို့ အသက်ရှင်လဲ အတူ၊ သေလဲအတူပဲ" လို့ အပြာရောင်ဝတ်စုံနဲ့ လူကြီးတစ်ယောက်က အသံကျယ်ကျယ်နဲ့ ပြောပြီး ကျန်တဲ့လူတွေလည်း သဘောတူကြတယ်။
ဝေရှောင်ပေါင်က အန်စာတုံးခွက်ကို သူမရှေ့ တွန်းလိုက်ပြီး "ကောင်းပြီ၊ မိန်းကလေး အရင်လှိမ့်ပါ၊ နံပါတ်ပိုကြီးတဲ့သူက နိုင်မယ်" လို့ ပြောလိုက်တယ်။
ကျန်းရို လက်ကို ဆန့်ပြီး အန်စာတုံး သုံးတုံးကို ဆုပ်ကိုင်လိုက်တယ်။ မျက်တောင်လေးတွေ တုန်ယင်နေတာကို ကြည့်ခြင်းအားဖြင့် သူမ စိတ်ထဲမှာ အရမ်း စိုးရိမ်နေတာ ထင်ရှားတယ်။ ဒါကြောင့်သူမလက်တွေတုန်နေပြီး အန်စာတုံးတွေ ခွက်ထဲ ချလိုက်တယ်။
ဝမ်ဝူဂိုဏ်းသားတွေ ကြည့်လိုက်တာနဲ့ မျက်နှာတွေ ဖြူဖျော့သွားတယ်။ ကျန်းရိုက အန်စာ နှစ်တုံးမှာ တစ်မှတ်စီ၊ နောက်တစ်ခု နှစ်မှတ် ရခဲ့တာကြောင့် ဆယ်ကြိမ်မှာဆိုရင် ၉၉ ရာခိုင်နှုန်းလောက် ရှုံးနေပြီ။
အပြာရောင်ဝတ်စုံနဲ့ လူတစ်ယောက် ရုတ်တရက် အော်လိုက်တယ်။ "ငါ့ခေါင်းကို ငါကိုယ်တိုင် လောင်းမယ်၊ တခြားသူ လှိမ့်တာ လက်မခံဘူး"
စီတူပိုလီ ဒေါသတကြီးနဲ့ "ယောက်ျားကောင်းတစ်ယောက်အနေနဲ့ ဘာ့ကြောင့် အသက်သေရမှာ အရမ်းကြောက်နေတာလဲ?" လို့ ပြောတယ်။
အဲ့ဒီလူက "မင်းက ငါ့ဆရာပဲ၊ ငါ့အဖေမှ မဟုတ်တာ၊ ငါ့အသက်ရှင်တာ သေတာကို ဘာကြောင့် ဆုံးဖြတ်ခွင့်ရှိရမှာလဲ" လို့ ပြောတယ်။
လူအုပ်ထဲက တစ်ယောက်က အေးစက်စွာ ရယ်ပြီး "ခုနက ညီမလေး လှိမ့်တုန်းက ဘာမှ မပြောဘဲနဲ့ အခု လေးမှတ် ရတာကို မြင်မှ ဘာကြောင့်ပြောရတာလဲ၊”လို့ပြောလိုက်တယ်။
စုန့်ချင်းရှု စိတ်ထဲမှာ လှုပ်ရှားသွားပြီး ကောင်းလိုက်တာလို့ တိတ်တဆိတ် ပြောလိုက်တယ်။
ဝေရှောင်ပေါင်လည်း မျက်လုံးတွေ တောက်ပသွားပြီး "ဒီ အစ်ကိုကြီး နာမည် ဘယ်လို ခေါ်လဲ?" လို့ အလျင်အမြန် မေးလိုက်တယ်။
အဲ့ဒီလူ ဝမ်းသာအားရနဲ့ "ကျွန်တော့် နာမည်က ယွမ်ရီဖန်းပါ" လို့ ပြောတယ်။
"ခင်ဗျားမှာ သစ္စာမရှိဘူး၊ နာမည်ပြောင်းပြီး ယွမ်ဖန်းလို့ ခေါ်လိုက်ပါလား?" ဝမ်ဝူဂိုဏ်းသားတွေ ချက်ချင်း ရယ်မောကြတယ်။
"ယွမ်ဖန်း?" စုန့်ချင်းရှု မျက်နှာ အနည်းငယ် ထူးဆန်းသွားပြီး "ယွမ်ဖန်း၊ မင်း တကယ် အလုပ်များနေတာပဲ၊ ဒီမှာတောင် ဝင်ပါနေရသေးတယ်" လို့ တွေးလိုက်တယ်။
"နောက်ထပ် ဘယ်သူက ကိုယ်တိုင် ကစားချင်သေးလဲ?" ဝေရှောင်ပေါင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ လူအချို့ တုံ့ဆိုင်းသွားပေမဲ့ နောက်ဆုံးတော့ ဘာမှ မပြောကြဘူး။
"ဘယ်သူမှ မရှိတော့ရင် ငါ လှိမ့်တော့မယ်" ဝေရှောင်ပေါင် မျက်နှာမှာ သက်တောင့်သက်သာနဲ့ ပြုံးနေပေမဲ့ စိတ်ထဲမှာတော့ စိုးရိမ်နေတယ်။ ရက်ပေါင်းများစွာ လေ့ကျင့်မှု မရှိတာကြောင့် အန်စာတုံး သုံးခုလုံးကို တစ်မှတ် ကျလာဖို့က မသေချာဘူး။ ဒီလူတွေကို သတ်မိရင် ဆရာ့ရဲ့ ဆူပူမှုကို ခံရုံတင် မကဘူး၊ ဒီပန်းလေးလို ချစ်စရာကောင်းတဲ့ မိန်းကလေးပါ အတူတူ သေသွားရင် ဘယ်လောက် နှမြောစရာ ကောင်းလိုက်မလဲ?
နောက်ပိုင်းမှာ မူရင်းဇာတ်လမ်းထဲက အတိုင်း ဝေရှောင်ပေါင်က အန်စာတုံး သုံးလုံး တစ်မှတ်တွေ ကျလာအောင် လှည့်စားပြီး ဝမ်ဝူဂိုဏ်းသားတွေကို လွှတ်ပေးလိုက်တယ်။ နောက်ဆုံးမှာတော့ ယွမ်ယိဖန်းကို ညှဉ်းပန်းနှိမ့်စက်ပြီး မြို့တော်ကို ပြန်ပို့ကာ ခန်းရှီရဲ့ အဆုံးအဖြတ်ကို ခံယူစေတယ်။
“ငါ့လပြွတ်၊ ငါ စိတ်ကောင်းနဲ့ လွှတ်ပေးလိုက်တာတောင် အဲ့ဒီ မိန်းမငယ်လေး ငါ့ကို တစ်ချက်မကြည့်ဘူး" ကျန်းရို ထွက်သွားတုန်းက တိတ်တဆိတ်နေပြီး စုန့်ချင်းရှုကို ကြည့်သွားတာကို တွေးမိတော့ ဝေရှောင်ပေါင် စိတ်ထဲမှာ မကျေမနပ်ဖြစ်သွားပြီး ကမ္ဘာပေါ်မှာ အရှုံးအများဆုံး အရောင်းအဝယ် လုပ်လိုက်ရသလို ခံစားရတယ်။ ဒေါသတကြီးနဲ့ "တကယ်ပဲ ပြည့်တန်ဆာက ငွေကိုချစ်ပြီး မိန်းကလေးက ချောမောတဲ့သူကို ချစ်တာပဲ" လို့ တွေးလိုက်တယ်။
စုန့်ချင်းရှုကတော့ ကျန်းရိုးရဲ့ အကြည့်ကြောင့် ကြောက်လန့်တကြား ချွေးစေးတွေ ပြန်လာပြီး "မိန်းမတွေက အရေးကြီးတဲ့ အချိန်မှာ ယုံလို့ မရဘူး၊ ငါ့ရဲ့ လျှို့ဝှက်ချက် ပေါက်ကြားလုနီးပါး ဖြစ်သွားတယ်" လို့ တိတ်တဆိတ် တွေးလိုက်တယ်။
စုန့်ချင်းရှုက လူတိုင်းရဲ့ အာရုံကို ပြောင်းဖို့အတွက် "ဝေညီလေး၊ ဝမ်ဝူဂိုဏ်းကို နှိမ်နင်းပြီးပြီဆိုတော့ နောက်ထပ် ကံဆိုးတဲ့ ဂိုဏ်းက ဘယ်ဂိုဏ်းလဲ?" လို့ အလျင်အမြန် မေးလိုက်တယ်။
ဝေရှောင်ပေါင်က သတင်းအချက်အလက်တွေကို ထုတ်ကြည့်လိုက်တော့ မျက်နှာ နည်းနည်း ရှက်သွားပြီး "ဒီစာလုံးတွေက ငါ့ကို သိတယ်၊ ငါက သူတို့ကို မသိဘူး" လို့ တွေးလိုက်ကာ စုန့်ချင်းရှုကို အလျင်အမြန် လှမ်းပေးလိုက်ပြီး "စုန့်အစ်ကိုကြီး၊ အားလုံးကြားအောင် ဖတ်ပြပါဦး" လို့ ပြောလိုက်တယ်။
စုန့်ချင်းရှုယူကြည့်လိုက်တော့ အံ့အားသင့်သွားတယ်။ "ထိုင်ရှန်းဂိုဏ်း?"
"စုန့်သူရဲကောင်းလေး၊ ဒီထိုင်ရှန်းဂိုဏ်းက တော်တော် အင်အားကြီးမားလို့လား?" ဘေးနားက ကျူးမိုကျိက စုန့်ချင်းရှုရဲ့ မျက်နှာကို မြင်တော့ ချက်ချင်း စိတ်ဝင်စားစွာ မေးလိုက်တယ်။
"ထိုင်ရှန်းဂိုဏ်းရဲ့ သိုင်းပညာကတော့ ထားလိုက်ပါတော့၊ တော်တဲ့သူဆိုလို့ ယွီကျန်းဇီ တစ်ယောက်ပဲ ရှိတယ်" စုန့်ချင်းရှုက ပြောတယ်။
"ယွီကျန်းဇီ?" ဘေးနားက ဒိုလုံက မျက်မှောင်ကြုတ်ပြီး "ပေါင်ချင်းဝမ်ရဲ့ လက်အောက်မှာ အတော်ဆုံးလို့ နာမည်ကြီးတဲ့ တာအိုသခင်လား?" လို့ မေးတယ်။
"ဒါက ပြဿနာ မဟုတ်ဘူး၊ ယွီကျန်းဇီက လက်ရှိ ထိုင်ရှန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် ထျန်းမင်ရဲ့ တူတော်ပေမဲ့ သူ့ရဲ့ အကျင့်စာရိတ္တ မကောင်းလို့ ထိုင်ရှန်းဂိုဏ်းက နှင်ထုတ်ခံထားရတာ အချိန်အတော်ကြာပြီ" စုန့်ချင်းရှုက ဒီရက်ပိုင်းအတွင်း သိုင်းလောကရဲ့ သတင်းအချက်အလက်တွေကို စုဆောင်းပြီး သူသိထားတဲ့ ဇာတ်လမ်းနဲ့ နှိုင်းယှဉ်နေတာကြောင့် အတော်လေး အသေးစိတ် သိထားတယ် "ငါ စိုးရိမ်တာက ဝူယွဲ့ဓားဂိုဏ်းပဲ(တောင်ငါးလုံးဓားဂိုဏ်းပဲ)၊ သူတို့က တစ်သွေးထဲ တသားထဲလို့ပြောထားတာဆိုတော့ အခု ထိုင်ရှန်းဂိုဏ်း ဒုက္ခရောက်နေချိန်မှာ ကျန်တဲ့ လေးဂိုဏ်းက လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး"
"ဝူယွဲ့ဓားဂိုဏ်း?" ဝေရှောင်ပေါင်လည်း ကြားဖူးသည်။
"အဲ့ဒီ စုန့်ရှန်း၊ ဟွာရှန်း၊ တောင်ဟန်ရှန်း၊ မြောက်ဟန်ရှန်းဆိုတဲ့ ကျန်တဲ့ဂိုဏ်းတွေက ငါတို့ ချင်ပြည်ထောင်ထဲမှာမှ မဟုတ်တာ၊ သူတို့က အဝေးကြီးကနေ လာပြီး ဒီပြဿနာထဲ ဝင်ပါပါ့မလား?"
(တောင်ငါးလုံးဓားဂိုဏ်းငါးခု ထိုင်ရှန်း၊ စုန့်ရှန်း၊ ဟွာရှန်း၊ တောင်ဟန်ရှန်း၊ မြောက်ဟန်ရှန်း)