တစ်လမ်းလုံး စုန့်ချင်းရှုက တမင်တကာဖြစ်စေ၊ မတော်တဆဖြင့်ဖြစ်စေ ရှောင်အာရဲ့ နွဲ့နှောင်းတဲ့ ခန္ဓာကိုယ်ကို ပွတ်သီးပွတ်သပ်လုပ်နေခဲ့တယ်။ သူမ မရိပ်မိအောင်လည်း တစ်ချက်ထိပြီး ချက်ချင်း ခွာလိုက်တယ်။ အဲ့ဒီလို ထိလိုက် မထိလိုက် ခံစားချက်က စုန့်ချင်းရှုကို သူ့ရဲ့ အရင်ဘဝက ပထမဆုံး ချစ်သူနဲ့ တွေ့တဲ့ အချိန်ကို ပြန်ရောက်သွားသလို ခံစားရစေတယ်။
မိန်းမတွေရဲ့ အာရုံခံနိုင်စွမ်းကြောင့် ရှောင်အာ ချက်ချင်း သတိထားမိသွားတယ်။ တဖက်လူရဲ့ တစ်ကိုယ်လုံးက အရက်နံ့ ရနေတော့ သူ အရက်မူးပြီး မသိစိတ်က လုပ်တာြဖစ်မယ်လို့တွေးပြီး ရှက်ရှက်နဲ့မျက်နှာလေး နီရဲနေတဲ့ကြားက ပိုမြန်မြန် လျှောက်နေတယ်။
နောက်ဆုံးတော့ ဘေးခန်းကို ရောက်သွားတယ်။ ရှောင်အာက စုန့်ချင်းရှုကို ခုတင်ပေါ်မှာ ဆန့်ပြီးထားလိုက်တာနဲ့ စုန့်ချင်းရှုက လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး သူမကို တင်းတင်းကျပ်ကျပ် ဖက်လိုက်တယ်။
ရှောင်အာ အရမ်း စိတ်ဆိုးသွားပြီး တုံ့ပြန်ဖို့ ပြင်နေတုန်း စုန့်ချင်းရှုက တိုးတိုးလေး ရေရွတ်တာကို ကြားလိုက်ရတယ်။ "ယွီယွီလေး၊ ခုနက မင်းရဲ့ သီချင်းလေးက တကယ်ကို နားထောင်လို့ကောင်းတယ်၊ မသွားနဲ့၊ ငါ့ဘေးမှာ ခဏနေပါဦး..."
"သူက ငါ့ကို ပြည့်တန်ဆာခန်းမက အဖော်ပြုပေးရတဲ့မိန်းကလေးလို့ ထင်နေတာကိုး..." ရှောင်အာက စဉ်းစားရင်း ခဏ သတိလွတ်နေတုန်း ရုတ်တရက် မျက်နှာတစ်ခုလုံး နီရဲသွားတယ်။ စုန့်ချင်းရှုရဲ့ လက်နှစ်ဖက်က သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ လှုပ်ရှားနေပြီ။
"ဖျတ် ဖျတ် ဖျတ်!" ရှောင်အာက လက်ညှိုးဖြင့် ပြိုင်ဘက်ရဲ့ ရင်ဘတ်က အရေးကြီးတဲ့ သွေးကြောမှတ်အချို့ကို ထိုးလိုက်ပြီး အခွင့်ကောင်းယူကာ ခုတင်ပေါ်က ခုန်ဆင်းလိုက်တယ်။ ခုတင်ပေါ်က စုန့်ချင်းရှုကို မုန်းတီးတဲ့ မျက်လုံးနဲ့ တစ်ချက် လှမ်းကြည့်ပြီး နှုတ်ခမ်းကို သွားလေးတွေနဲ့ ဖိကိုက်လိုက်တယ်။ "ယောက်ျားတွေ အရက်သောက်ရင် တကယ်ကို ဆိုးတာပဲ" လို့ ပြောပြီး နီရဲသောနားရွက်များဖြင့် အလျင်အမြန် ပြေးထွက်သွားတယ်။
တဖက်လူရဲ့ အရှိန်အဝါ ဝေးသွားပြီလို့ ခံစားမိတော့ ခုတင်ပေါ်က စုန့်ချင်းရှု မျက်လုံးဖွင့်လိုက်ပြီး လက်ကို နှာခေါင်းဆီ တိုးကပ်ကာ ခပ်ပြင်းပြင်း ရှူရှိုက်လိုက်တယ်။ ထိုမိန်းကလေး၏ သင်းပျံ့တဲ့ ရနံ့ကို ခံစားမိပြီး ဒီကမ္ဘာက လူများကို ဉာဏ်ရည်တု NPC များအဖြစ် အမြဲသတ်မှတ်ခဲ့သော်လည်း စိတ်ထဲတွင် လုံးဝ တွေဝေသွားသည်။ ထိုမျှလောက် လက်တွေ့ဆန်သော ခံစားချက်နှင့် ထူးခြားသော မိန်းကလေး၏ အနံ့တို့ကြောင့် ဤကမ္ဘာသည် တကယ်ပင် ဂိမ်းတစ်ခုလား။ သို့သော် အလွန်အမင်း လက်တွေ့ဆန်လွန်းသည်။
နောက်တစ်နေ့မှာ နန်းတော်မှ ဝေရှောင်ပေါင်နှင့် စုန့်ချင်းရှုကို နန်းတော်သို့ အခစားဝင်ရန် အမိန့်တော် ရောက်လာသည်။ မသွားခင် ရှောင်အာက ဝေရှောင်ပေါင်ရဲ့ ဝတ်စုံကို ပြင်ဆင်ပေးနေတုန်း မနေနိုင်ဘဲ မျက်စိထောင့်ကနေ စုန့်ချင်းရှုကို ခိုးကြည့်လိုက်တယ်။ သူ့ရဲ့ မျက်နှာက ပုံမှန်အတိုင်းရှိနေတာကို မြင်တော့ စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီး မနေ့ညက တကယ်ပဲ နားလည်မှုလွဲတာလို့ တွေးလိုက်တယ်။
ရှောင်အာရဲ့ အပြုအမူအသေးအမွှားကစ စုန့်ချင်းရှု သိနေတာ သေချာတယ်။ စိတ်ထဲမှာ ခါးသက်သက် ပြုံးမိတယ်။ မနေ့ညက စမ်းသပ်လိုသော ရည်ရွယ်ချက်ရှိခဲ့သော်လည်း သူသည် မကြာသေးမီက အနည်းငယ် စိတ်တို/စိတ်ကျဉ်းကြပ်နေခြင်းသည် အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်။
“အပျိုစင်တစ်ယောက်က နှစ်နှစ်ဆယ်ကျော်လောက် မလုပ်ရလည်း သည်းခံနိုင်စွမ်းရှိသော်လည်း
စားဖူးတဲ့ ယောက်ျားတစ်ယောက်အတွက်တော့ မလုပ်ရတဲ့ ရက်နှစ်ဆယ်ကျော်လောက်သည်ပင် ခက်ခဲလှသည်။ ကျိုးကျစ်လော့နဲ့ ဆက်ဆံပြီးတဲ့ အချိန်ကနေ အခုချိန်ထိဆို အတော်ကြာသွားပြီထင်တယ်...”
(ဘာသာပြန်သူ-မိန်းမဗိုက်ကြီးနေလို့ လနေချီနေပြီကွ)
...................................................
"ဧကရာဇ်မင်းက ချင်မင်းဆက်အုပ်ချုပ်မှု့အောက်က သိုင်းလောကကို ရှင်းလင်းတော့မှာလား" ဘေးက ဝေရှောင်ပေါင်ရဲ့ အံ့အားသင့်တဲ့ အော်သံက စိတ်ကူးယဉ်နေတဲ့ စုန့်ချင်းရှုကို လက်တွေ့ဘဝကို ပြန်ဆွဲခေါ်လိုက်တယ်။
"ဟုတ်တယ်!" ခန်းရှီက လေးနက်သော မျက်နှာဖြင့်ပြောလိုက်သည်။ "အခု သိုင်းလောကမှာ ချင်မင်းဆက်ကို မကျေနပ်တဲ့ ဂိုဏ်းတွေ မနည်းဘူး။ သူတို့က ပေါ်ပေါ်တင်တင်ရော လျှို့ဝှက်ပြီးတော့ရော ငါ့ရဲ့ ချင်မင်းဆက်ကို ဆန့်ကျင်နေကြတယ်။ ဥပမာ ယွမ်ချန်းကျီရဲ့ ရွှေမြွေတပ်ကို အကြိမ်ကြိမ် ချေမှုန်းလို့ မရတာက ရှန်တုန်းပြည်နယ်မှာရှိတဲ့ သိုင်းသမားတွေအားလုံးက သူတို့ရဲ့ သူလျှိုတွေ ဖြစ်နေလို့ပဲ။ ပြီးတော့ ရှောင်ပေါင် မင်း ဒီတစ်ခေါက် ခရီးထွက်တဲ့အခါမှာလည်း သိုင်းသမားအုပ်စုတစ်စုက မကြောက်မရွံ့နဲ့ လိုက်လံသတ်ဖြတ်တာခံရသေးတယ်၊ ဒါက တကယ်ကို မဖြစ်သင့်ဘူး!"
"ဟုတ်တယ်၊ ဒီသိုင်းသမားတွေက တစ်နေ့တစ်နေ့ ဘာမှ မလုပ်ဘဲ တိုက်ခိုက်သတ်ဖြတ်နေကြတယ်။ အစိုးရရဲ့ ဥပဒေကိုလည်း မနာခံဘူး။ တကယ်ကို ပြုပြင်သင့်တယ်" ဝေရှောင်ပေါင်က အရင်တုန်းက အရှက်တကွဲ အကျိုးနည်းနဲ့ လိုက်လံသတ်ဖြတ်ခံခဲ့ရတဲ့ပုံကို ပြန်တွေးမိပြီး ဒေါသလည်း ထွက်လာတယ်။ ဘာပဲဖြစ်ဖြစ် မိုးမြေအဖွဲ့ချုပ်ရဲ့ အဓိက ဌာနချုပ်က ထိုင်ဝမ်မှာ ရှိတာကြောင့် ဧကရာဇ်က ရှင်းလင်းမယ်ဆိုရင်တောင် ရှင်းလင်းလို့ မရဘူး။
"ဒါပေမဲ့ လူထုရဲ့ ပါးစပ်ကို ပိတ်ပင်တာဆီးတာဟာ မြစ်ရေကို ပိတ်ပင်တားဆီးတာထက် ပိုခက်ပါတယ်။ ဒီလို ကြမ်းတမ်းတဲ့နည်းလမ်းနဲ့ ဖိနှိပ်ရင် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ဖြစ်လာမှာကို စိုးရိမ်မိပါတယ်"
စုန့်ချင်းရှုက ခန်းရှီ ဘာလို့ ဒီလို မှားယွင်းတဲ့ လုပ်ရပ်မျိုး လုပ်ရတာလဲလို့ တွေးနေတယ်။ သူ့စိတ်ထဲမှာ ကောင်းမွန်တဲ့ အထင်အမြင်တစ်ခု ချန်ထားနိုင်မလားလို့ စဉ်းစားမိပြီး ဒါဆိုရင် သူ့ရဲ့ နောက်ပိုင်း ရည်ရွယ်ချက်တွေအတွက် အတော်လေး အထောက်အကူ ဖြစ်နိုင်တယ်။
"စုန့်အမတ်ပြောတာလည်း အကြောင်းမဲ့တော့ မဟုတ်ဘူး၊ ဒါပေမယ့် ငါ့စိတ်က တကယ်ကို ဆုံးဖြတ်ပြီးသား၊ ဒီကိစ္စကို နောက်ထပ် မဆွေးနွေးတော့ဘူး" သူပြောလိုက်တဲ့ လေသံက နည်းနည်း ကြမ်းတမ်းတယ်လို့ ခံစားမိလို့ ဆက်ပြောလိုက်တယ် "ဒါနဲ့၊ မနေ့က အရမ်းအလုပ်များနေတာနဲ့ မေ့သွားတာ၊ မင်းက ငါ့ ချင်မင်းဆက်ရဲ့ သံတမန်ကို ကယ်တင်ခဲ့ပြီး မွန်ဂိုနဲ့ ရှန်တုန်းက သူပုန်တွေရဲ့ အကြံအစည်ကို သွယ်ဝိုက်ပြီး ဖျက်ဆီးခဲ့တာဆိုတော့ မင်းရဲ့ အကျိုးဆောင်မှု့က တကယ်ကြီးမားတယ်၊ မင်း ဘယ်လိုဆုလာဘ်မျိုး လိုချင်လဲ?"
စုန့်ချင်းရှု စိတ်ထဲမှာ စကားလုံးတွေ ပျောက်ဆုံးသွားတယ်။ ဘာလို့ အာဏာရှိသူတိုင်း ဒီလိုပုံစံမျိုး လုပ်တတ်တာလဲ။ သူက ဒီကျယ်ပြောလှတဲ့ ကမ္ဘာကြီးကို လိုချင်ပေမဲ့ ဘယ်လိုပြောရဲမှာလဲ၊ ဒါကြောင့် နှုတ်ကပဲ ငြင်းဆန်လိုက်တယ်။ "ကျွန်တော် ဝေညီလေးကို ကယ်တင်ခဲ့တာက တိုက်ဆိုင်လို့ပါ။ ဘာမှ ဂုဏ်ယူစရာ မရှိပါဘူး"
"ဧကရာဇ်မင်း၊ စုန့်... စုန့်သခင်လေးက ကျွန်တော့်အသက်ကို အန္တရာယ်ကြားက အကြိမ်ကြိမ် ကယ်တင်ခဲ့ပြီး သိုင်းပညာလည်း အတော်လေး မြင့်မားပါတယ်..." ဝေရှောင်ပေါင်က စုန့်ချင်းရှုမှ မိမိကို ကယ်တင်ခဲ့တဲ့ ကျေးဇူးကို တန်ဖိုးထားသိတတ်ပြီး သူ့အတွက် အကောင်းပြောဖို့ အားသွန်ခွန်စိုက် ကြိုးစားနေတယ်။
မနေ့က သူ့နဲ့ ဒေါင်ဖန်းပုပိုင်တို့ တိုက်ခိုက်တာကိုလည်း မြင်ခဲ့ရတယ်။ အနည်းငယ်... အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ပေမဲ့ ခန်းရှီက စုန့်ချင်းရှုရဲ့ သိုင်းပညာ တကယ် မြင့်မားတာကို ခံစားမိတယ်။ စိတ်ထဲမှာ တစ်ခုခု တွေးလိုက်ပြီး အကြံတစ်ခု ရသွားတယ်။ "စုန့်ချင်းရှု အမိန့်ခံယူပါ"
စုန့်ချင်းရှု ဒီအချိန်မှာ ဒူးထောက်ပြီး အမိန့်တော်ကို ခံယူသင့်တယ်ဆိုတာ သိပေမဲ့ သူက ခေတ်သစ်က လူသားတစ်ယောက်ဖြစ်တာကြောင့် သူတစ်ပါးကို ဒူးထောက်ရတာကို အတော်လေး မနှစ်သက်ဘူး။ ဝေရှောင်ပေါင်က သူ့ကို မျက်စပစ်ပြနေတာကို သတိထားမိတော့ မျက်နှာမှာ ခက်ခဲသော အမူအရာ ပေါ်လာတယ်။
ခန်းရှီစိတ်ထဲမှာတော့ အနည်းငယ် မကျေမနပ်ဖြစ်သွားတယ်၊ ဒါပေမဲ့ အခု တိုင်းပြည်ကမငြိမ်မသက်ဖြစ်နေပြီး သူရဲကောင်းတွေက အာဏာလုယူနေတာကို တွေးမိတော့ အရည်အချင်းရှိတဲ့ ဘုရင်တိုင်းက အရည်အချင်းရှိတဲ့ လူတွေကို စည်းရုံးဖို့ ဘာကိုမဆို ပေးဆပ်ဖို့ ဝန်မလေးဘူး။ ဘာပဲဖြစ်ဖြစ် သေးငယ်တဲ့ ဓလေ့ထုံးစံက အရေးကြီးတဲ့ ကိစ္စ မဟုတ်ဘူးဆိုတာ သိလို့ ပြုံးပြီး ပြောလိုက်တယ် "ရှောင်ပေါင် မင်း သူ့ကို ခက်ခဲအောင် မလုပ်နဲ့တော့ စုန့်သူရဲကောင်းလေးက သိုင်းလောကမှာ လွတ်လွတ်လပ်လပ် နေလာတာ ကြာပြီဆိုတော့ နန်းတော်ရဲ့ စည်းကမ်းတွေကို အသားမကျတာလည်း ဘာမှ မထူးဆန်းဘူး၊ သူ့ကို မတ်တပ်ရပ်နေပါစေ" ။
စုန့်ချင်းရှု အံ့အားသင့်စွာ ခန်းရှီကို တစ်ချက် လှမ်းကြည့်ပြီး စိတ်ထဲမှာ တွေးနေတယ်။ တကယ်ပဲ ခေတ်အဆက်ဆက်ကျော်ကြားခဲ့တဲ့ ဧကရာဇ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကိုထိုက်တန်တယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အခုလိုသဘောထားကြီးတာ ချီးကျူးစရာပဲ။
"စုန့်ချင်းရှုဟာ သိုင်းပညာ အလွန်ထူးချွန်ပြီး တိုင်းပြည်အပေါ်ကို သစ္စာရှိတဲ့သူဖြစ်တယ်... ငါ စုန့်ချင်းရှုကို ပထမတန်းစား ဘုရင့်အနီးကပ် အစောင့်အရှောက်အဖြစ် ခန့်အပ်လိုက်တယ်။ အရာရှိ ရာထူးကြီးငယ်မရွေး တွေ့လည်း ဦးညွှတ်စရာမလိုဘူး..."
တားမြစ်မြို့တော်က ထွက်လာတဲ့အထိ စုန့်ချင်းရှု အနည်းငယ် တွေဝေနေတုန်းပဲ။ စိတ်ထဲမှာ တွေးနေတယ် "ငါ အသက်ပေးပြီး အပင်ပန်းခံခဲ့တာ ဒီပထမတန်းစား အစောင့်အရှောက် ဆိုတဲ့ရာထူးပဲရတာလား?"
သူ့စိတ်ထဲမှာ ဘာတွေးနေလဲဆိုတာ သိပုံရတဲ့ ဝေရှောင်ပေါင်က ပြုံးရယ်ပြီး ရှင်းပြတယ်။ "စုန့်အစ်ကိုကြီး၊ ဒီ ပထမတန်းစား အစောင့်အရှောက်ကို လျှော့မတွက်နဲ့နော်။ တတိယအဆင့်ရှိတဲ့ အရာရှိရာထူးပဲ! မင်းက သာမန်လူကနေ တတိယအဆင့်ကို ချက်ချင်း ရောက်သွားတာဆိုတော့ လူတွေ ဘယ်လောက်တောင် မနာလိုဖြစ်မလဲ မသိဘူး။ အခု ကမ္ဘာကြီးက ရှုပ်ထွေးနေပြီး တိုင်းပြည်ကမငြိမ်မသက်ဖြစ်နေလို့သာ မဟုတ်ရင် ဧကရာဇ်က ဒီလောက် ကြီးမားတဲ့ ရာထူးကို ပေးမှာ မဟုတ်ဘူး"
"ကျန်းခမ်းနန်တို့က ဘယ်အဆင့် အစောင့်အရှောက်တွေလဲ" စုန့်ချင်းရှုက စိတ်ဝင်တစား မေးလိုက်တယ်။ အဲ့ဒီ နှစ်ယောက်ရဲ့ ရာထူးတွေထက် နိမ့်ကျရင် ဒီ ပထမတန်းစား အစောင့်အရှောက်ကို မလုပ်တာက ပိုကောင်းတယ်လို့ စိတ်ထဲမှာ တွေးနေတယ်။
ဝေရှောင်ပေါင်က တဟားဟား ရယ်ပြီး "စုန့်အစ်ကိုကြီး မင်းစိတ်ထဲမှာ ဘာတွေးနေလဲဆိုတာ ကျွန်တော် သိတယ်။ စိတ်ချပါ၊ သူတို့က ဘုရင့်အနီးကပ် အစောင့်အရှောက်တွေထဲမှာ အနိမ့်ဆုံး တတိယအဆင့် အစောင့်အရှောက်တွေပဲ။ သူတို့ရဲ့ အရည်အချင်းနဲ့ဆိုရင် ဒီဘဝမှာ ဒုတိယအဆင့် အစောင့်အရှောက်အဖြစ် ရောက်ဖို့တောင်ခက်ခဲလိမ့်မယ်"
"ဟားဟား~" နှစ်ယောက်သား မျက်လုံးချင်း ဆုံပြီး အဓိပ္ပါယ်သိတဲ့ အပြုံးတစ်ခု ပေါ်လာတယ်...
"ရှောင်ပေါင်၊ ဒီတစ်ခါ မင်းရဲ့ တာဝန်က အန္တရာယ်များလွန်းတော့ ငါလည်း မင်းနဲ့ အတူလိုက်ခဲ့မယ်" ရှောင်အာက နှုတ်ခမ်းလေးစူပြီး ဝေရှောင်ပေါင်ကို ကြည့်၍ ပြောလိုက်တယ်။
"ရှောင်အာလေး လိမ္မာပါတယ်၊ ဒီတစ်ခါ ငါနဲ့ အတူ လိုက်ပါမှာက မြင်းစီးစစ်သည် သုံးထောင်အပြင်၊ ဒိုလုံ ဦးဆောင်တဲ့ ဘုရင့်ကိုယ်ရံတော် အစောင့်အရှောက်တွေ၊ ပြီးတော့ စုန့်အစ်ကိုကြီးနဲ့ တိဗက်ဘုန်းတော်ကြီးတို့လို သိုင်းပညာရှင်တွေလည်း ပါလာမှာဆိုတော့ ဘယ်လို အန္တရာယ် ရှိနိုင်မှာလဲ" ဝေရှောင်ပေါင်လည်း စိတ်ထဲမှာ အနည်းငယ် လှုပ်ရှားသွားပေမဲ့ စစ်တပ်မှာ အမျိုးသမီးတွေကို ခေါ်ဆောင်ခွင့် မရှိဘူးဆိုတာ သိထားတာကြောင့် လူအများရှေ့မှာ လိုက်ပါခွင့် ပြုလို့ဘယ်ဖြစ်မလဲ။
"ရှောင်အာမိန်းကလေးက ဝေသခင်လေးကို အရမ်း ဂရုစိုက်တာဆိုတော့ သူ့ကို ကိုယ်ရံတော်အဖြစ် ဝတ်ဆင်ပြီး ဝေသခင်လေးဘေးမှာ ထားလိုက်ရင် မကောင်းဘူးလား" ဘေးက ကျန်းခမ်းနန်က သူ့ရဲ့ စိတ်ထဲမှာ ဘာရှိလဲဆိုတာ မသိဘဲနေမလား။ ဒိုလုံနဲ့ တခြားသူတွေလည်း တစ်ညီတညွတ်တည်း ထောက်ခံကြတယ်။
ဘေးနားက စုန့်ချင်းရှုက ပြုံးပြီး ဘာမှ မပြောပေမယ့် စိတ်ထဲမှာတော့ ဒီတစ်ခေါက် တောင်ပိုင်းကို ဆင်းပြီး သိုင်းလောကကို ရှင်းလင်းတာဟာ နာမည်ပျက်သွားနိုင်တယ်လို့ တွေးနေတယ်။ ကံကောင်းတာက ခန်းရှီက သူ့ကို လက်ထောက်အဖြစ်ပဲ ခန့်အပ်ခဲ့တာ၊ ဒါလည်း ကောင်းတာပဲ၊ မကောင်းသတင်းတွေအားလုံး ဝေရှောင်ပေါင် ခေါင်းပေါ် ရောက်သွားတာပေါ့...