အခန်း ၇၅ အရက်မူးဟန်ဆောင်ခြင်း
စုန့်ချင်းရှု စိတ်ထဲမှာ စကားလုံးတွေ ပျောက်ဆုံးသွားတယ်။ ဒီအဘိုးအိုရဲ့ ပြောဆိုချက်အရ သူ နှစ်ရာနဲ့ချီ အသက်ရှင်ခဲ့ပုံရတယ်။ ထိုဧကရာဇ်များသည် မသေဆေးကို အဘယ်ကြောင့် နေရာတိုင်းတွင် ရှာဖွေနေကြသနည်း။ ဘေးနားက အတွင်းဝန်ကို ရှာလိုက်ရုံနဲ့ မရဘူးလား။ အမ်..... ဒီလောက်ကြာကြာ အသက်ရှင်ဖို့ဆိုရင် အရင်ဆုံး လိင်အင်္ဂါကို ဖြတ်ပစ်ရမှာလား။ အဲ့ဒါဆို ဧကရာဇ်အဖြစ် ဘယ်လို စည်းစိမ်ခံစားရတော့မှာလဲ။
ဒေါင်ဖန်းပုပိုင်လည်း မယုံကြည်ဘဲ အေးစက်စွာ ဟောက်လိုက်တယ်။ "အပြောသက်သက်နဲ့တော့ မလုံလောက်ဘူး ။ စမ်းကြည့်မှ သိမယ်" လက်ချောင်းထိပ်က ငွေအပ်တစ်ချောင်း လျှပ်ခနဲ ပေါ်လာပြီး အရိပ်တစ်ခုလို အဘိုးအိုဆီကို တိုက်ခိုက်လိုက်တယ်။
အဲ့ဒီ အတွင်းဝန်က အိုမင်းမစွမ်းတဲ့၊ သေခါနီးပုံစံနဲ့ ရှိနေပေမဲ့ လှုပ်ရှားလိုက်တဲ့ အရှိန်က ဒေါင်ဖန်းပုပိုင်နဲ့ ကွာခြားမှုမရှိဘူး။ ကျန်တဲ့သူတွေက နန်းတော်ထဲတွင် အနီရောင်အလင်းတန်းနှင့် အစိမ်းရောင်အလင်းတန်းတို့ ရောထွေးကာ တိုက်ခိုက်နေသည်ကိုသာ မြင်တွေ့ရပြီး စုန့်ချင်းရှုရဲ့ မျက်နှာက အနည်းငယ် မကောင်းတော့ပေ၊ ဘာလို့လဲဆိုတော့ သူက လူနှစ်ယောက်ရဲ့ လှုပ်ရှားမှု့တွေကို လုံးဝ မမြင်နိုင်လို့ပဲ!
ကျူးမိုကျိလည်း အခြေအနေ မကောင်းဘူး။ သူလည်း ချွေးစေးတွေပြန်နေပြီ။ ခုနက ဒေါင်ဖန်းပုပိုင်က အစွမ်းကုန် သုံးပြီး မတိုက်ခဲ့ဘူးဆိုတာ ထင်ရှားတယ်။
ဝေရှောင်ပေါင်ရဲ့ ပါးစပ်ကြီး ဟစိဟစိနဲ့ ခုန်ပေါက်နေတဲ့ အလောတကြီး ပုံစံကို မြင်တော့ စုန့်ချင်းရှုက အနည်းငယ် ရယ်ချင်သွားတယ်။ လက်ကို မြှောက်ပြီး သူ့လည်ချောင်းထဲက ငွေအပ်ကို ချက်ချင်း ဆွဲထုတ်လိုက်တယ်။
"အမေရေ!" ဝေရှောင်ပေါင်က နဖူးက ချွေးတွေကို သုတ်လိုက်ပြီး "ဝေရှောင်ပေါင်ဟာ ဝေတေမိ(စကားမပြောနိုင်တဲ့ဝေ)လေးဖြစ်တော့မလို့"
"ရှောင်ကွေဇီ၊ သူတို့ ဘယ်လိုတိုက်ခိုက်နေလဲ မင်း မြင်ရရဲ့လား" ခန်းရှီက အံ့အားသင့်စွာ မေးလိုက်တယ်။
"အစိမ်းရောင်အရိပ်တစ်ခုနဲ့ အနီရောင်အရိပ်တစ်ခုကလွဲလို့ ဘာကို မြင်နိုင်မှာလဲ။ ပြီးတော့ လှုပ်ရှားလိုက်တိုင်း အသံလည်း မကြားရဘူး။ သူတို့က လူလား၊ သရဲလား" ဝေရှောင်ပေါင်က တိုးတိုးလေး ရေရွတ်လိုက်တယ်။
မကြာခင်မှာပဲ ထိုနှစ်ဦးက ရုတ်တရက် ခွဲထွက်သွားပြီး အဘိုးအိုက ချောင်းဆိုးလိုက်တယ်။ "တော်တယ် တော်တယ်၊ တကယ်ပဲ နောက်လူက ရှေ့လူထက် သာတယ်"
စုန့်ချင်းရှုနဲ့ ကျူးမိုကျိ: "#%"
"မင်းက 'နေကြာကျမ်း' ကို တီထွင်ခဲ့တယ်လို့ ပြောပေမဲ့ မင်းရဲ့ သိုင်းပညာက ငါ့ထက် မြင့်တယ်လို့ မထင်ဘူး" ဒေါင်ဖန်းပုပိုင်က အဲ့လိုပြောပေမဲ့ သူ့စိတ်ထဲမှာတော့ ပြိုင်ဘက်ရဲ့ သိုင်းပညာအဆင့်က သူ့ထက် အများကြီး သာလွန်တယ်ဆိုတာ သိနေတယ်။ ဒါပေမဲ့ အသက်အရွယ်ကြီးတာကြောင့် လှုပ်ရှားမှုတွေက အနည်းငယ် နှေးကွေးသွားတာကြောင့် နှစ်ယောက်သား တူညီတဲ့ အင်အားနဲ့ တိုက်ခိုက်နိုင်တာ။
"မင်းပြောတာ မှန်တယ်ဆိုလည်း ဟုတ်မှာပေါ့" အဘိုးအိုက ငြင်းဆန်ခြင်းမရှိဘဲ "ဟုတ်ပြီလေ၊ ခုနက မင်းတို့ပြောတဲ့ တုကူးချွင်ဘိုင်းဆိုတဲ့လူကို ငါ အရင်က တွေ့ဖူးတယ်။ ငါ့ကို ခွင့်လွှတ်ပါ၊ မင်းတို့ သုံးယောက်ပေါင်းရင်တောင် သူ့ကို မယှဉ်နိုင်ဘူး..."
"အင်း၊ ဧကရာဇ်လေးလည်း မကြောက်နဲ့တော့။ ဒီနန်းတော်မှာ ငါ တစ်သက်လုံး နေခဲ့တာ။ အခု သေခါနီးပြီဆိုတော့ တခြားနေရာကို ပြောင်းချင်စိတ်လည်း မရှိတော့ဘူး။ ဒီနှစ်တွေမှာ မင်းအတွက် ရန်သူတွေကို ရှင်းပေးခဲ့တာ မနည်းဘူး။ ဒါကို တည်းခိုခအဖြစ် သတ်မှတ်လိုက်ပေါ့" အဘိုးအိုရဲ့ အသံက တဖြည်းဖြည်း တိုးသွားပြီး သူ့ရဲ့ ပုံရိပ်က တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ထောင့်က အရိပ်ထဲမှာ ပျောက်သွားတယ်။
စုန့်ချင်းရှု ချက်ချင်း သဘောပေါက်သွားတယ်။ မန်ချူးနန်းတော်ရဲ့ အစောင့်အရှောက်တွေမှာ ထိပ်သိုင်းသမားတွေ မရှိပေမဲ့ ခန်းရှီကို လုပ်ကြံဖို့ ဘယ်သူမှ နန်းတော်ထဲကို ဝင်လာတာ မကြားဖူးတာ အံ့ဩစရာ မဟုတ်ဘူး။ အဲ့ဒီ မိစ္ဆာအိုကြီးက လုပ်ကြံသူ အတော်များများကို အရင်ကတည်းက ရှင်းလင်းပြီးသား ဖြစ်နိုင်တယ်။
နေကြာဘိုးဘေး တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို ကြည့်ပြီး ဒေါင်ဖန်းပုပိုင်ရဲ့ မျက်နှာမှာ ဘာအမူအရာမှ မပေါ်ဘူး။ ခဏကြာတော့ ခန်းရှီကို လှည့်ပြောလိုက်တယ်။ "ဧကရာဇ်မင်းမှာ တခြား ဘာကိစ္စမှ မရှိရင် ဒေါင်ဖန်းကို ခွင့်ပြုပါဦး"
"ဒီတစ်ခါ ဒေါင်ဖန်းသခင်ကို လာခိုင်းလိုက်ရတာ အားနာပါတယ်" ခန်းရှီက တစ်ဖက်လူရဲ့ အမူအရာကို လုံးဝ ဂရုမစိုက်ဘဲ "လာကြစမ်း၊ ဒေါင်ဖန်းသခင်ကို အနားယူဖို့ ပြန်ပို့ကြ" လို့ အမိန့်ပေးလိုက်တယ်။
ဒေါင်ဖန်းပုပိုင် ထွက်သွားပြီးနောက် ခန်းရှီက စုန့်ချင်းရှုကို ဧည့်ခံဖို့ ဝေရှောင်ပေါင်ကို အမိန့်ပေးပြီး ကျူးမိုကျိကို တစ်ယောက်တည်း ကျန်နေစေခဲ့တယ်။
"စုန့်အစ်ကိုကြီး၊ စိတ်မဆိုးပါနဲ့။ ဧကရာဇ်က ခင်ဗျားကို လျစ်လျူရှုတာ မဟုတ်ပါဘူး" နန်းတော်က ထွက်လာပြီး ဝေရှောင်ပေါင်က စကားပြောဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပြီး နောက်ဆုံးမှ စကားစပြောလိုက်တယ်။
"ဝေညီလေး စကားပြောတာ ရိုသေပါတယ်၊ ကျူးမိုကျိက တိဗက်နိုင်ငံရဲ့ အမျိုးသားဆရာတော် ဖြစ်ပြီး ဒီတစ်ခါ မဟာမိတ်ဖွဲ့ဖို့ လာတာဆိုတော့ တိုင်းပြည်ရေးရာက အရေးကြီးတာ သဘာဝကျပါတယ်" စုန့်ချင်းရှုက ခပ်ရေးရေး ပြုံးလိုက်ပေမဲ့ စိတ်ထဲမှာတော့ အနည်းငယ် စိတ်ပျက်နေတယ်။ သူ့ရဲ့ အရင်ဘဝမှာ ပြည်နယ်အဆင့်ရှိတဲ့ အရာရှိတွေကိုပဲ အများဆုံး တွေ့ဖူးတာပါ။ ခန်းရှီကို ခေတ်သစ်နဲ့ နှိုင်းယှဉ်ရင်တော့ ရှီကျင့်ဖျင်ရဲ့ အဆင့်လောက် ရှိမှာ သေချာပါတယ်။ ဒီတစ်ခါ ဝေရှောင်ပေါင်ရဲ့ အကြံပြုချက်နဲ့ သူ ခန်းရှီရဲ့ အလေးပေးဆက်ဆံတာကို ကြုံရမယ်ထင်ခဲ့တာ ဒီလို ဖြစ်လာမယ်လို့ မျှော်လင့်မထားဘူး...
ဝေရှောင်ပေါင်ရဲ့ လူယုတ်မာပုံစံကို ကြည့်ပြီး စုန့်ချင်းရှုက စိတ်ထဲမှာ ရေရွတ်နေတယ်။ လွီပုဝေတောင် လူတွေကို အောင်မြင်စွာ အမြတ်ထုတ်နိုင်ခဲ့တာပဲ။ သူ ရှာထားတဲ့ ဒီကောင်ကတော့ ယုံကြည်လို့ ရပုံမပေါ်ဘူး။
("လွီပုဝေ" (Lü Buwei/吕不韦) သည် တရုတ်သမိုင်းတွင် ထင်ရှားသော စီးပွားရေးသမား၊ နိုင်ငံရေးသမား၊ ဒဿနိကပညာရှင်၊ စာဆိုတစ်ဦးဖြစ်ပြီး ချင်မင်းဆက် (Qin Dynasty) ၏ စတင်တည်ထောင်မှုတွင် အရေးပါသည့် နောက်ကွယ်ကလူဟု သိကြသည်။ သူ့ကို ဘီစီ ၂၉၁ ခန့်တွင် မွေးဖွားခဲ့ပြီး ဘီစီ ၂၃၅ တွင် ကွယ်လွန်ခဲ့သည်။)
"တိုင်းပြည်ရေးရာ ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ပါနဲ့" ဝေရှောင်ပေါင်က စုန့်ချင်းရှုရဲ့ ပခုံးကို ဖက်ပြီး "စုန့်အစ်ကိုကြီး၊ ကျွန်တော့်အိမ်ကို လိုက်ခဲ့။ ဒီတစ်ခါတော့ ညီလေးက အစ်ကိုကြီးကို ကောင်းကောင်း ဧည့်ခံရမယ်"
အရင်ဘဝက ခေတ်စားခဲ့တဲ့ လိင်တူချစ်သူတွေရဲ့ ယဉ်ကျေးမှုကို တွေးမိတော့ စုန့်ချင်းရှုရဲ့ မျက်နှာက အနည်းငယ် တုန်လှုပ်သွားတယ်။ သူက ဘာမှ မပြောဘဲ ဝေရှောင်ပေါင်ရဲ့ လက်ကို ဖယ်ထုတ်လိုက်ပြီး "မင်းက မြို့တော်တစ်ခုလုံးမှာ အကျော်ကြားဆုံး မိန်းကလေးတွေနဲ့ ငါ့ကို ဧည့်ခံမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား" လို့ ရယ်မောပြီး ပြောလိုက်တယ်။
ဝေရှောင်ပေါင်က အားနာတဲ့ အပြုံးနဲ့ "နောက်မှ နောက်မှ၊ ဒီတစ်ခါတော့ အဲ့ဒီ မိန်းကလေးတွေကို အိမ်ခေါ်ဖို့ အဆင်မပြေဘူး"
"ဘာလို့လဲ" စုန့်ချင်းရှု အနည်းငယ် သံသယဝင်သွားပြီး ရုတ်တရက် သဘောပေါက်သွားတယ်။ "ဒါဆိုရင် အိမ်က မိန်းမကြမ်းကြီးကို ကြောက်နေတာလား"
"ဘယ်လို မိန်းမကြမ်းရမှာလဲ" ဝေရှောင်ပေါင်ရဲ့ မျက်နှာက တွေဝေသွားပေမယ့် အဓိပ္ပါယ်ကိုတော့ ခန့်မှန်းမိပြီး "ငါ့မိန်းမက ကမ္ဘာပေါ်မှာ အကောင်းဆုံး မိန်းမ ဖြစ်နိုင်တယ်" လို့ ငြင်းဆန်လိုက်တယ်။
"အို?" စုန့်ချင်းရှု မျက်ခုံးပင့်လိုက်ပြီး ဘယ်သူလဲဆိုတာ ခန့်မှန်းမိတယ်။
"ရှောင်ပေါင်!" အိမ်တော်ကို မရောက်ခင်မှာပဲ ကိုယ်လုံးသေးသွယ်တဲ့ မိန်းကလေးတစ်ယောက် အဝေးက ပြေးလာပြီး ဝေရှောင်ပေါင်ရဲ့ ရင်ခွင်ထဲကို ခုန်ဝင်လာတယ်။ "သူများတွေ ရှင့်ကို လူသတ်သမားတွေ ဖမ်းသွားပြီလို့ ပြောတာ ကြားတော့ ရှင့်ကို ရှာဖို့ မြို့တော်က ထွက်ဖို့ စဉ်းစားနေတာ... အဟင့် ဟင့်~"
"ငါ့ရဲ့ ချစ်လှစွာသော ရှောင်အာလေး!" ဝေရှောင်ပေါင်လည်း စိတ်လှုပ်ရှားစွာနဲ့ မိန်းကလေးကို ရင်ခွင်ထဲမှာ ပွေ့ဖက်ထားပြီး ခဏကြာတော့ ဘေးက စုန့်ချင်းရှုကို သတိရသွားပြီး "ကောင်းပြီ ကောင်းပြီ၊ ငါ့မှာ ဧည့်သည် ရှိသေးတယ်။ ဒါက စုန့်အစ်ကိုကြီး။ ဒီခရီးမှာ ငါ့အသက်ကို ကယ်တင်ခဲ့သူ ကျေးဇူးတင်လိုက်ဦး" လို့ အလျင်အမြန် ပြောလိုက်တယ်။
ရှောင်အာက ဘေးက စုန့်ချင်းရှုကို သတိထားမိပြီး ချက်ချင်း ဝေရှောင်ပေါင်ရဲ့ ရင်ခွင်ထဲက ခုန်ထွက်လာကာ နီရဲနေတဲ့ မျက်နှာနဲ့ စုန့်ချင်းရှုကို ကြည့်ပြီး ရိုရိုသေသေ ဦးညွှတ်လိုက်တယ်။ "စုန့်အစ်ကိုကြီးကို တွေ့ရတာ ဝမ်းသာပါတယ်"
စုန့်ချင်းရှု ကြည့်လိုက်တော့ ရှောင်အာရဲ့ မျက်ခုံးကွေးကွေးနဲ့ ပါးစပ်သေးသေးလေးက အလွန် ကြည်လင်လှပပြီး အခုလို မျက်ရည်ဝဲနေတော့ ပိုပြီး ချစ်စရာကောင်းနေတယ်။
သူ့ကို စိုက်ကြည့်နေတာကို ခံစားမိတဲ့ ရှောင်အာရဲ့ ဖြူဖွေးနုညံ့တဲ့ လည်ပင်းရင်းမှာ အနည်းငယ် နီရဲသွားတယ်။ စုန့်ချင်းရှုက အလျင်အမြန် ပြန်ဦးညွှတ်ပြီး "ခယ်မလေးကို တွေ့ရတာ ဝမ်းသာပါတယ်" လို့ ပြောလိုက်တယ်။
ဘေးက ဝေရှောင်ပေါင်က အနည်းငယ် စိတ်မချမ်းမသာ ဖြစ်နေပြီး စိတ်ထဲမှာ တွေးနေတယ်။ ဒီ စုန့်အစ်ကိုကြီးက အားလုံး ကောင်းတယ်၊ မကောင်းတာက တစ်ခုပဲ အဲ့ဒါက ငါ ဝေရှောင်ပေါင်နဲ့ တူညီတဲ့ ဝါသနာ ရှိတာပဲ။
ငါလိုးထဲမှ ငါ့ထက် ဆယ်ဆ ချောမောရုံတင်မကဘူး၊ သိုင်းပညာလည်း ငါ့ထက် အဆတစ်ရာလောက်သာတယ်။ သူနဲ့ အမြဲတမ်း အတူနေရင် ဝေရှောင်ပေါင် မင်း အတော် ဒုက္ခရောက်တော့မှာပဲ။
အိမ်ထဲဝင်လာတော့ စုန့်ချင်းရှုက ဝေရှောင်ပေါင်ကို ဆွဲခေါ်ပြီး တိုးတိုးလေး မေးလိုက်တယ်။ "ဝေညီလေးမှာ လှပတဲ့ ဇနီးခုနစ်ယောက်ရှိတယ်လို့ ကြားဖူးတယ်။ ကျန်တဲ့ ညီမလေးတွေ ဘယ်မှာလဲ မသိဘူး"
"ခုနစ်ယောက်?" ဝေရှောင်ပေါင် စိတ်ထဲမှာ သံသယဝင်ပြီး တွက်ကြည့်လိုက်တယ်။ ရှောင်အာ တစ်ယောက်၊ ဇနီးကြီး ဖန်းယီ တစ်ယောက်၊ ဇနီးငယ် ရှောင်ကျွင့်ကျူး တစ်ယောက်၊ သုံးယောက်ပဲ ရှိတာ မဟုတ်ဘူးလား။
"အင်း၊ တွက်ကြည့်လေ ညီလေးမှာ မိန်းမ သုံးယောက်ပဲ ရှိတယ်။ ရှောင်အာ့အပြင် ကျန်တဲ့ နှစ်ယောက်က အခု ဘယ်မှာ ရှိမှန်း မသိဘူး" ဝေရှောင်ပေါင်က မျက်ခုံးပင့်ပြီး ပြောလိုက်တယ်။ "ဒါပေမဲ့ စုန့်အစ်ကိုကြီးက ကျွန်တော့်မှာ ခုနစ်ယောက် ရှိတယ်လို့ ပြောတာဆိုတော့ နိမိတ်ကောင်းပဲ။ နောက်ပိုင်းမှာ နောက်ထပ် လေးယောက် ရှာရမယ်၊ ဝါးဟားဟား~"
"ရှင်ကတော့လေ၊ ကံကောင်းလို့ ဖန်းမိန်းကလေးနဲ့ ရှောင်ကျွင့်ကျူး ဒီမှာ မရှိဘူး။ မဟုတ်လို့ ဒီစကားကို ကြားရင် စိတ်ဆိုးပြီး ပြဿနာဖြစ်ပြီ" ရှောင်အာက သူ့ကို မျက်စောင်းထိုးပြီး မကျေနပ်တဲ့ လေသံနဲ့ ပြောလိုက်တယ်။
"ငါ့ရဲ့ ရှောင်အာလေးက စိတ်မဆိုးဘူးလား" ဝေရှောင်ပေါင်က ရှောင်အာ့ရှေ့ကို မျက်နှာချိုသွေးပြီး တိုးကပ်သွားတယ်။
"အိုး၊ လူတွေ ရှိနေသေးတယ်လေ၊ ရှင်နဲ့ မခေါ်တော့ဘူး" စုန့်ချင်းရှုကို တစ်ချက် လှမ်းကြည့်ပြီး ရှောင်အာက အိမ်နောက်ဖေးကို အပြေးလေးဝင်သွားတယ်။
"ဒိုလုံနဲ့ ကျန်းခမ်းနန်တို့က ရှောင်အာမိန်းကလေး ဘယ်လောက်လိမ္မာလဲဆိုတာ အရင်ကတည်းက ပြောတာ ကြားဖူးတယ်။ ဒီနေ့ တွေ့လိုက်ရတော့ ဝေညီလေးရဲ့ ကံကောင်းမှုက တကယ်ကို မနာလိုစရာပဲ" စုန့်ချင်းရှုက ရှောင်အာရဲ့ ကျောပြင်ကို မခွာနိုင်တဲ့ မျက်လုံးနဲ့ ကြည့်ပြီးနောက် ဝေရှောင်ပေါင်ကိုလှည့်ကြည့်ကာ ပြုံးလိုက်တယ်။
"မဟုတ်ပါဘူး မဟုတ်ပါဘူး ~" ဝေရှောင်ပေါင်က ပြုံးရင်း လက်ကို ဝှေ့ယမ်းလိုက်ပေမဲ့ စိတ်ထဲမှာတော့ တွေးနေတယ်။ ဒီ မျက်နှာချောလေးက ရှောင်အာ့ကို စိတ်ဝင်စားနေတာ မဟုတ်ဘူးလား။ ဒါပေမဲ့ ငါ့ရဲ့ ရှောင်အာက ငါ့ကို ကျောခိုင်းပြီး ဘယ်သူ့ကိုမှ ချစ်မှာ မဟုတ်ဘူး။
ညစာစားပွဲမှာ ဝေရှောင်ပေါင်နဲ့ ရှောင်အာတို့က စုန့်ချင်းရှုကို မကြာခဏ အရက်နဲ့ ကျေးဇူးတင်စကား ပြောကြတယ်။ သူတို့နှစ်ဦးရဲ့ ချစ်ခင်ရင်းနှီးတဲ့ ပုံစံကို ကြည့်ပြီး စုန့်ချင်းရှု ခဏတာ စိတ်များပြန့်လွင့်သွားတယ်။ ဒီကမ္ဘာကို ရောက်လာတာ အတော်အသင့်ကြာပြီဆိုပေမဲ့ သူက တစ်ယောက်တည်း သီးသန့်ဖြစ်နေတယ်ဆိုတဲ့ ခံစားချက်က အတော်လေး အထီးကျန်ပြီး ဝမ်းနည်းစရာကောင်းတယ်။
တစ်ခွက်ပြီး တစ်ခွက်၊ စုန့်ချင်းရှု အရက်နဲ့ ဝမ်းနည်းမှုတွေကို ဖျောက်ဖျက်ဖို့ ကြိုးစားရင်း နောက်ဆုံးမှာ မူးသွားတယ်။ ဘေးက ဝေရှောင်ပေါင်လည်း အခြေအနေ မကောင်းဘူး။ သူက ကုလားထိုင်ပေါ်မှာ လဲကျပြီး အသိလွတ်ပြီး ရူးကြောင်ကြောင် စကားတွေ ပြောနေပြီ။
"အလှပဂေးလေး၊ လာ နမ်းပါဦး..."
"ဖန်းယီ မင်းက မကောင်းဆိုးဝါးမကြီး၊ ငါ့ကို ထပ်ပြီး ဒုက္ခပေး..."
"ငါ့ရဲ့ ရှောင်အာလေးက အကောင်းဆုံးပဲ..."
ရှောင်အာက ဘေးမှာ နားထောင်ရင်း ရယ်ရမလို စိတ်ဆိုးရမလို ဖြစ်နေတယ်။ စားပွဲပေါ်မှာ မှောက်နေတဲ့ စုန့်ချင်းရှုကို တစ်ချက် ကြည့်ပြီး ရှောင်အာက ဝေရှောင်ပေါင်ကို အလျင်အမြန် ထူမပြီး အိပ်ခန်းထဲကို ပြန်ခေါ်သွားတယ်။ သူမက သိုင်းပညာ တတ်မြှောက်ထားသောကြောင့် လူကြီးတစ်ယောက်ကို ထူမဖို့ အခက်အခဲမရှိဘူး
"ရှောင်အာ၊ မသွားနဲ့" ခုတင်ပေါ်တင်ပြီးခဏအကြာမှာ ဝေရှောင်ပေါင် ရုတ်တရက် နိုးလာပြီး သူမရဲ့ အင်္ကျီလက်ကို ဆွဲထားတယ်။
"ရှောင်ပေါင်လေး လိမ္မာပါတယ်၊ စုန့်အစ်ကိုကြီးက ဧည့်ခန်းထဲမှာ မူးနေတုန်းပဲ၊ ကျွန်မ သူ့ကို သွားကြည့်ရမယ်" ရှောင်အာက ဝေရှောင်ပေါင်ရဲ့ လက်ကို စောင်ထဲ ပြန်ထည့်ပေးလိုက်တယ်။ ပါးစပ်က တိုးတိုးလေး ရေရွတ်ပြီး လှည့်အိပ်သွားတာကို မြင်တော့ သူမ မနေနိုင်ဘဲ ပြုံးလိုက်တယ်။
ခန်းမကို ပြန်ရောက်တော့ စုန့်ချင်းရှုက စားပွဲပေါ်မှာ မှောက်လျက်ဖြင့် မလှုပ်မယှက်ရှိနေတာကို တွေ့လိုက်ရတယ်။ ရှောင်အာက ဘေးက အစေခံမိန်းကလေးတွေကို ချက်ချင်း ခေါ်လိုက်တယ်။ "ထောက်ဟုန်၊ လျိုလွီ၊ မင်းတို့ မြန်မြန် စုန့်အစ်ကိုကြီးကို ဘေးခန်းကို ခေါ်သွားပြီး အနားယူခိုင်းလိုက်"
"ဟုတ်ကဲ့၊ မမလေး" ဘေးမှာ ဆံထုံးနှစ်ဖက် စည်းထားတဲ့ အစေခံမလေး နှစ်ယောက်က ဦးညွှတ်ပြီး စုန့်ချင်းရှုရဲ့ ဘေးကို ပြေးလာပြီး သူ့ကို ထူမဖို့ ကြိုးစားကြတယ်။
အတော်ကြာ ကြိုးစာပြီးမပေမယ့် အစေခံမလေး နှစ်ယောက်ရဲ့ မျက်နှာလေးတွေသာ နီရဲလာပြီး စုန့်ချင်းရှုကို အနည်းငယ်ကြွအောင်တောင် မလို့ မရဘူး။
"မမလေး~"
အစေခံမလေး နှစ်ယောက်ရဲ့ ငိုမဲ့မဲ့ မျက်နှာကို ကြည့်ပြီး ရှောင်အာက အလျင်အမြန် ပြေးကူညီလိုက်တယ် "မင်းတို့က ငယ်သေးတော့ အင်အားမလုံလောက်ဘူး၊ စိတ်မကောင်းဖြစ်နေစရာမလိုဘူး”
"မမလေးလည်း ကျွန်မတို့ထက် နှစ်နှစ် သုံးနှစ်ပဲ ကြီးတာပဲ" ထောက်ဟုန်က နှုတ်ခမ်းစူပြီး ရေရွတ်တယ်။
ရှောင်အာက စုန့်ချင်းရှုရဲ့ လက်မောင်းကို ချိတ်ပြီး တစ်ချက်တည်းနဲ့ သူ့ကို ထူလိုက်ပြီး "ဒါပေမဲ့ ငါက သိုင်းသင်ထားတာ" လို့ ဝင့်ကြွားစွာ ပြောလိုက်တယ်။
အစေခံမလေး နှစ်ယောက်ရဲ့ လေးစားတဲ့ မျက်လုံးတွေကို မြင်တော့ ရှောင်အာက ရယ်မောပြီး "မင်းတို့ စားပွဲကို အရင်ရှင်းလိုက်ကြတော့၊ ငါ တစ်ယောက်တည်း စုန့်အစ်ကိုကြီးကို အခန်းထဲ ပြန်ပို့နိုင်တယ်" လို့ ပြောလိုက်တယ်။
"ဒါပေမဲ့ သူ..." လျိုလွီက စကားမဆုံးခင် ရပ်လိုက်တယ်။
ရှောင်အာက သူ ဘာကို စိုးရိမ်နေလဲဆိုတာ ချက်ချင်း သဘောပေါက်သွားပြီး မကျေနပ်တဲ့ လေသံနဲ့ "မင်းတို့ နှစ်ယောက်က အသုံးမကျလို့ပေါ့၊ စိတ်ချပါ၊ သူ မူးနေပြီ။ ပြီးတော့ ငါ့ရဲ့ သိုင်းပညာက မညံဘူး"
ရှောင်အာက စုန့်ချင်းရှုကို တွဲပြီး ဘေးခန်းကို ဖြည်းဖြည်းချင်း လျှောက်သွားတယ်။ သူမ နောက်ကျောမှ လူ၏ နှုတ်ခမ်းထောင့်တွင် အနည်းငယ် ပြုံးရောင်သန်းနေသည်ကို သူမ မသိခဲ့ပေ။
စုန့်ချင်းရှု တမင်လုပ်ခဲ့တာ သေချာတယ်။ မဟုတ်ရင် ထောက်ဟုန်နဲ့ လျိုလွီတို့ရဲ့ အင်အားနဲ့ သူ့ကို အနည်းငယ်တောင် ရွှေ့လို့ မရဘူးဘူးဆိုတာ မဖြစ်နိုင်ဘူး။ ရှောင်အာ လာတွဲတာကို ခံစားမိတော့ စုန့်ချင်းရှုက သူ့ရဲ့ တောင်တစ်ထောင်အလေးချိန်ရှိတဲ့ သိုင်းပညာကို ချက်ချင်း ရုပ်သိမ်းလိုက်ပြီး သူ့ခန္ဓာကိုယ်ရဲ့ အလေးချိန်အားလုံးကို ရှောင်အာရဲ့ ပခုံးပေါ်မှာ ပုံချလိုက်တယ်။
မိန်းကလေး၏ ဆံထုံးမှ လာသော သင်းပျံ့ပျံ့ အနံ့ကို ရှူရှိုက်မိပြီး ပါးလွှာသော အဝတ်အစားအောက်တွင် ဖုံးကွယ်ထားသော သေးသွယ်နွဲ့နှောင်းသော ခန္ဓာကိုယ်ကို ခံစားမိသောအခါ စုန့်ချင်းရှု ရုတ်တရက် အာခြောက်သွားသလို ခံစားလိုက်ရတယ်...