အခန်း (၇၃) ဒေါင်ဖန်းပုပိုင်
စုန့်ချင်းရှုနဲ့ ကျူးမိုကျီ မျက်လုံးချင်း ဆုံမိသွားပြီး သိပ်ဂရုမစိုက်တဲ့ ပုံစံနဲ့ တွေးလိုက်ကြတယ်။ ချင်နိုင်ငံက ကျွမ်းကျင်သူတွေ တော်တယ်ဆိုရင်တောင် ဘယ်လောက်အထိ တော်နိုင်မှာလဲ။
ဒိုလုံက နန်းတော်အစောင့်အရှောက်တွေရဲ့ ခေါင်းဆောင်ဖြစ်တာတောင် သိုင်းပညာက ဒီအဆင့်လောက်ပဲ ရှိတယ်၊ ကျန်ခမ်းနန်၊ ကျောက်ချီရှန်းတို့လို နန်းတော်အစောင့်အရှောက်တွေက သာမန်စစ်သားတွေထက် နည်းနည်းလေး ပိုတော်ပေမဲ့ တကယ်တော်တဲ့ သိုင်းပညာရှင်တွေရှေ့မှာတော့ ဘာမှ မဟုတ်ဘူး။
ချင်နိုင်ငံမှာ ကျွမ်းကျင်သူ ဘယ်လောက် ရှားပါးတယ်ဆိုတာ သိသာပါတယ်။ စုန့်ချင်းရှုက ဒီလိုမျိုး ယုံကြည်အားကိုးမရတဲ့ နန်းတွင်းအစောင့်အရှောက်တွေရဲ့ အကာအကွယ်အောက်မှာ ခန်းရှီ ဘာလို့ ဒီလောက်ကြာကြာ ဘေးကင်းစွာ အသက်ရှင်နေနိုင်တာလဲ? ဆိုတာစဉ်းစားမရဘူး
"ဧကရာဇ် ခေါ်ယူခဲ့တဲ့ ကျွမ်းကျင်သူက သိုင်းလောကထဲက ဘယ်ပညာရှင်များလဲ?" စုန့်ချင်းရှု ညင်သာစွာ ပြုံးပြီး မေးလိုက်တယ်။
"ဂိုဏ်းချုပ်ဒေါင်ဖန်းကို အမြန်ခေါ်ခိုင်းလိုက်" ခန်းရှီ အမိန့်ပေးလိုက်တော့ ဘေးနားက မိန်းမစိုး ဝမ်ယိုဒေါင် ချက်ချင်း ပြေးထွက်သွားတယ်။
"အဲ၊ ဒေါင်ဖန်းဂိုဏ်းချုပ်?" စုန့်ချင်းရှုရဲ့ အပြုံးက ချက်ချင်း ပျောက်သွားပြီး စိတ်ထဲမှာ သံသယတွေ ဖြစ်နေတယ်။ ဒါဟာ ဒေါင်ဖန်းပုပိုင်များလား?
မကြာခင်မှာပဲ နန်းတော်ရဲ့ တံခါးပွင့်သွားပြီး အနီရောင်ဝတ်စုံနဲ့ လူတစ်ယောက် ဖြည်းဖြည်းချင်း လျှောက်လာတယ်။
သူက ထီမထင်နဲ့ အမူအရာမျိုးနဲ့ အခန်းထဲက တခြားသူတွေကို လှည့်မကြည့်ဘဲ ခန်းရှီကို ညင်သာစွာ အရိုအသေပေးလိုက်တယ်။ "ဒေါင်ဖန်းက ဧကရာဇ်ကို တွေ့ခွင့်ရတာ ဝမ်းသာပါတယ်"
သူ ဝင်လာကတည်းက စုန့်ချင်းရှု သူ့ကို အကဲခပ်နေတယ်။ နှုတ်ခမ်းက ရဲရဲ၊ သွားတွေက ဖြူဖွေးနေပြီး မျက်နှာက မိန်းမလို နူးညံ့တဲ့ အသွင်အပြင်ရှိတယ်။ အသက်ဘယ်လောက်ရှိပြီလဲ မခန့်မှန်းနိုင်ဘူး။ အပြင်ပိုင်းပုံစံက ချောမောတဲ့ လူငယ်လေးနဲ့တူပေမဲ့ နက်နဲပြီး တည်ငြိမ်တဲ့ အမူအရာက သူ့ရဲ့ ငယ်ရွယ်တဲ့ အသွင်အပြင်ကိုကြည့်ပြီး မယုံကြည်ဖို့ ပတ်ဝန်းကျင်က လူတွေကို သတိပေးနေတယ်။
သူ စကားစပြောလိုက်တာနဲ့ စုန့်ချင်းရှုရဲ့ စိတ်ကူးယဉ်မှုတွေ အားလုံး ပျက်ပြားသွားတယ်။ အရင်က ဒီကမ္ဘာမှာ ဒေါင်ဖန်းပုပိုင်က ရုပ်ရှင်ဗားရှင်းထဲကလို လှပတဲ့ မိန်းမလား ဒါမှမဟုတ် တီဗီဗားရှင်းထဲကလို ရွံရှာဖွယ်ကောင်းတဲ့ မိန်းမလျာလားဆိုတာကို သိချင်နေခဲ့တယ်။ ဒေါင်ဖန်းပုပိုင် ဝင်လာတုန်းတဲ့ မိန်းကလေး ဖြစ်နိုင်ခြေများတယ် လို့ထင်ပြီး စိတ်ထဲမှာ ဝမ်းသာနေခဲ့တယ်၊ ဒါပေမဲ့ သူ ပါးစပ်ဖွင့်လိုက်တာနဲ့ ခပ်အောအော ယောက်ျားလေးအသံက စုန့်ချင်းရှု တစ်ကိုယ်လုံး ကြက်သီးထသွားစေတယ်
စဉ်းစားနေသလိုမျိုး ဒေါင်ဖန်းပုပိုင်က သူ့ကို လှည့်ကြည့်လိုက်တယ်။ တစ်ဖက်လူရဲ့ အကြည့်နဲ့ ဆုံမိတဲ့အခါ စုန့်ချင်းရှု စိတ်ထဲမှာ ထိတ်လန့်သွားပြီး သူ့ကို ဖောက်ထွင်းမြင်နေရသလို ခံစားလိုက်ရတယ်။
"ဂိုဏ်းချုပ်ဒေါင်ဖန်း ၊ ဒီနှစ်ယောက်က ငါ မကြာသေးခင်က ခေါ်ထားတဲ့ အလွန်ထူးချွန်တဲ့ သိုင်းပညာရှင်တွေပဲ၊ တစ်ယောက်က တိဗက်က ဆရာတော်ကြီး ကျူးမိုကျိ၊ နောက်တစ်ယောက်က စုန့်ချင်းရှု ဆိုတဲ့ ဓားသခင်လေးစုန့်" ခန်းရှီက ထရပ်ပြီး နှစ်ယောက်ကို မိတ်ဆက်ပေးလိုက်တယ်။ ဒါက နေလဂိုဏ်းရဲ့ဂိုဏ်းချုပ် ဒေါင်ဖန်းပုပိုင်ပါ"
ဒေါင်ဖန်းပုပိုင်ကတော့ သူတို့နှစ်ယောက်ကို လှည့်မကြည့်ပဲ "ဘယ်တုန်းက အလွန်ထူးချွန်တဲ့ သိုင်းပညာရှင်ဆိုတာတွေက ဒီလောက် ပေါများသွားတာလဲ?" လို့ လှောင်ပြုံးနဲ့ ပြောလိုက်တယ်။
ခန်းရှီက အမျက်မထွက်ဘဲ စုန့်ချင်းရှု တို့နှစ်ယောက် ဘယ်လိုတုံ့ပြန်မလဲဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်နေတယ်။
"ရှောင်ကွေ့ဇီ၊ ငါတို့နှစ်ယောက် လောင်းကြေးထပ်ရအောင်၊ မင်းခေါ်လာတဲ့ သိုင်းပညာရှင်က တော်သလား ဒါမှမဟုတ် ငါခေါ်လာတဲ့ သိုင်းပညာရှင်ကပဲ တော်သလား" ခန်းရှီ တော်ဝင်ဆန်တဲ့ ဟန်ပန်ကို စတင်ရရှိနေပေမဲ့ ငယ်သေးတာကြောင့် ကောင်းစွာမရင့်ကျက်သေးပဲ ရုတ်တရက် ဝေရှောင်ပေါင် နဲ့ ယှဉ်ပြိုင်ချင်စိတ်ပေါ်လာတယ်။
"ရှောင်ရွမ်းဇီ ခေါ်လာတဲ့ ကျွမ်းကျင်သူက တော်တာပေါ့" ဝေရှောင်ပေါင် ပါးစပ်က အလိုက်သင့်ပြောနေပေမဲ့ စိတ်ထဲမှာတော့ အဲလိုမဟုတ်ဘူး၊ ကျူးမိုကျိနဲ့ စုန့်ချင်းရှု တို့ရဲ့ သိုင်းပညာကို သူ မြင်ဖူးပြီးသား၊ အရင်တုန်းက သူ့ကို အံ့အားသင့်စေခဲ့တဲ့ ဟုန်အန်းထုံကိုတောင် အနိုင်ယူခဲ့တယ်၊
ရှောင်ရွမ်းဇီ ရှာတွေ့ထားတဲ့ ဒီယောက်ျား မဟုတ် မိန်းမ မဟုတ်တဲ့ကောင်က တစ်ချက်ကြည့်လိုက်တာနဲ့ တိုက်ခိုက်နိုင်စွမ်း မရှိဘူးဆိုတာ သိသာနေတယ်။
"မင်းအဘိုး၊ မင်းစိတ်ထဲမှာ အဲ့လို မဟုတ်ဘူးဆိုတာ ငါသိတယ်" ဝေရှောင်ပေါင်ရဲ့ မျက်နှာကို ကြည့်လိုက်တာနဲ့ ခန်းရှီ သိသွားပြီး နှာမှုတ်လိုက်တယ် "ငါရှုံးရင် မင်းကို ရာထူးဂိုဏ်သိမ်တွေပေးမယ်၊ မျိုးရိုးစဉ်ဆက်ခံစားခွင့်ရှိစေရမယ်၊ ဟမ်း ဟမ်း မင်းရှုံးရင်တော့ ဘေးဒုက္ခရောက်နေတဲ့သူတွေကို ငွေအနည်းလောက်ကူညီလှူဒါန်းပေး"
"ယောင်္ကျားတစ်ယောက်ရဲ့စကားက ရွှေလိုပဲ!" ဝေရှောင်ပေါင် မျက်လုံးတွေ တောက်ပသွားပြီး ချက်ချင်း ပြောလိုက်တယ်။
"ကောင်းပြီ ရွှေလိုပဲ အဖိုးတန်တယ်!" ခန်းရှီ ခေါင်းကို ခပ်ပြင်းပြင်း ညိတ်လိုက်တယ်။
...
နှစ်ယောက်လုံးက သူတို့အသံကို တစ်ယောက်နား တစ်ယောက် တီးတိုးပြောနေကြပေမဲ့ အခန်းထဲက သုံးယောက်စလုံးက အလွန်အစွမ်းထက်တဲ့ သိုင်းပညာရှင်တွေဆိုတော့ သူတို့ပြောတဲ့ စကားတွေ အကုန်ကြားနေရတယ်။
ဒေါင်ဖန်းပုပိုင် မျက်လုံးထဲမှာ အလင်းရောင်တွေ တောက်ပသွားပြီး ဖြည်းဖြည်းချင်း မျက်လုံးတွေကို မှိတ်ပြီး အာရုံစိုက်နေတယ်။ စုန့်ချင်းရှု နဲ့ ကျူးမိုကျိ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခန်းရှီရဲ့ ရည်ရွယ်ချက်ကို နားလည်သွားကြတယ်။
သူတို့တွေက သိုင်းလောကမှာ နာမည်ကျော်ကြားသော်လည်း ခန်းရှီ ကိုယ်တိုင်တွေကြုံခဲ့ရတာ မဟုတ်တော့ သံသယတွေ ရှိနေတုန်းပဲ၊ ဒီအခွင့်အရေးကို အသုံးချပြီး ဒေါင်ဖန်းပုပိုင်ကို အသုံးချပြီး သူတို့နှစ်ယောက်ရဲ့ သိုင်းပညာကို စမ်းသပ်ခိုင်းတာ ဖြစ်နိုင်သလို၊ ဒေါင်ဖန်းပုပိုင်ရဲ့ အစွမ်းအစကို သူတို့နှစ်ယောက်ကို စမ်းသပ်ခိုင်းတဲ့ ရည်ရွယ်ချက်လည်း ဖြစ်နိုင်တယ်။
စုန့်ချင်းရှုနဲ့က ကိစ္စမရှိဘူး၊ ရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေ အများကြီး ကြည့်ဖူးတော့ ဒေါင်ဖန်းပုပိုင်ရဲ့ သိုင်းပညာက ဘယ်သူမှ မယှဉ်နိုင်ဘူးဆိုတဲ့ အထင်အမြင် ရှိတယ်၊ သူ့ကို လှောင်ပြောင်တဲ့ စကားတွေ ပြောတာကို ကြားပေမဲ့ ဒေါသမထွက်ဘဲ ပြုံးပြီး ပြန်ဖြေလိုက်တယ် "ဂိုဏ်းချုပ်ဒေါင်ဖန်းက ကောင်းကင်နဲ့ လူသား ပြောင်းလဲခြင်းအဆင့်ကို ရောက်နေပြီဆိုတော့ ကျွန်တော် ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့ သာမန် သိုင်းသမားတွေကို တိုက်ခိုက်တဲ့နေရာမှာတော့ ကျွန်တော် တော်တော်လေး ယုံကြည်မှုရှိပါတယ်"
"မင်းက အသက်ငယ်ငယ်လေးနဲ့ 'ကောင်းကင်နဲ့ လူသား ပြောင်းလဲခြင်းဆိုတဲ့ အဆင့်ကို ပြောနိုင်တာ တကယ်ကို မဆိုးဘူး၊ ကောင်းတယ်၊ ကောင်းတယ်" ဒေါင်ဖန်းပုပိုင် အံ့အားသင့်စွာ တစ်ချက်ကြည့်ပြီး ချီးကျူးလိုက်တယ်။
ဘေးနားက ကျူးမိုကျိကတော့ အဲ့လောက်သည်းခံနိုင်စွမ်း မရှိဘူး။ သူကိုယ်တိုင်က ထူးချွန်ထက်မြက်တဲ့သူတစ်ယောက်ဖြစ်ပြီး တိဗက် နင်မာကျောင်းတော်မှာတောင် နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်နေနဲ့ သူရဲ့ဆရာအဘိုးဖြစ်သူ လျန်ဟွာရှင်ကလွဲရင် သူ့ကို ယှဉ်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူးလို့ သူ့ကိုယ်သူ ယုံကြည်တယ်။ အလယ်ပိုင်းဒေသကိုရောက်တဲ့အခါမှာလည်း နာမည်ကြီးတဲ့ ရှောင်လင်ကျောင်းတော်က ဆရာတော်ရွှမ်းဘိုင်၊ တာလီပြည်က သွမ့်ဆရာတော်၊ ဂူဆူးနန့်မုရုံနဲ့ အခြားသူတွေကိုတောင် အနိုင်ယူခဲ့သေးတယ်။ ဒါကြောင့်အလယ်ပိုင်းဒေသ သိုင်းပညာက ဒီအဆင့်လောက်ပဲရှိတယ်လို့ သူခံစားခဲ့ရတယ်။
ဒီတစ်ခါ ဒေါင်ဖန်းပုပိုင်ရဲ့ လှောင်ပြောင်တဲ့ စကားကို ကြားတော့ သူ မကျေမနပ် ဖြစ်သွားပြီး အေးစက်စွာ ရယ်မောလိုက်တယ်။
"ဘယ်သူသိမှာလဲ၊ ဂိုဏ်းချုပ်ဒေါင်ဖန်းရဲ့ ဒေါင်ဖန်း(အရှေ့ပိုင်း/အရှေ့) ပုပိုင်(ပြိုင်ဘက်ကင်း/အရှုံးမရှိ) ဆိုတဲ့ နာမည်က ဒီနေ့ပြီးရင်ပြန်ပြောင်းရလိမ့်မယ်ဆိုတာ”
ဒေါင်ဖန်းပုပိုင် က သူ့ကို အေးစက်စက် တစ်ချက်ကြည့်ပြီး "မင်းမှာ ပြောင်းလဲပေးနိုင်ဖို့ အစွမ်းရောရှိရဲ့လား?"
"ဘယ်လောက်တောင် မာနကြီးလိုက်လဲ!" ကျူးမိုကျိက တစ်ဖက်လူက မောက်မာလွန်းတယ်လို့ ခံစားလိုက်ရတယ်။ ပြီးတော့ အနက်ရောင်တောအုပ်က ဒေါင်ဖန်းပုပိုင်ဟာ 'လောကမှာပြိုင်ဘက်ကင်း' ဆိုတဲ့ နာမည်နဲ့ ထိုက်တန်တယ်လို့ ကြားဖူးပေမဲ့ မိမိရဲ့ သိုင်းပညာကိုတော့ ယုံကြည်မှုအပြည့်ရှိတယ်။ ဒီအတောအတွင်းမှာ နာမည်ကြီးပြီး အရည်အချင်းမရှိတဲ့ လူတွေ အများကြီးကို သူ တွေ့ခဲ့ပြီးပြီ။ ဒေါင်ဖန်းပုပိုင်ရဲ့ နာမည်ကျော်ကြားမှုကလည်း အနည်းနဲ့အများတော့ အဲဒီလိုဖြစ်နိုင်တယ်လို့ သူ စိတ်ထဲမှာ တွေးနေတယ်။
"မင်း ကြိုးစားကြည့်လို့ရတယ်" ဒေါင်ဖန်းပုပိုင်က လက်နှစ်ဖက်ကို နောက်မှာထားပြီး ခေါင်းကို မော့ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။
"ဒါဆိုရင်လည်း ခွင့်ပြုပေးပါ!" အရေးကြီးတဲ့ ကိစ္စတွေသာ မရှိရင် ကျူးမိုကျိက အလယ်ပိုင်းသိုင်းလောကရဲ့ နာမည်ကြီးတဲ့ ထိပ်တန်းသိုင်းပညာရှင်တွေဆီ တစ်ယောက်ပြီးတစ်ယောက် သွားရောက်လည်ပတ်ဖြစ်မှာသေချာတယ်။
အခု အဲ့ဒီအထဲက တစ်ယောက်ဖြစ်တဲ့ ဒေါင်ဖန်းပုပိုင်နဲ့ တွေ့ဆုံတဲ့အခါ ကျူးမိုကျိရဲ့ တိုက်ခိုက်လိုစိတ်တွေ ပြင်းထန်လာတယ်။
အန္တရာယ်ကင်းအောင် ကျူးမိုကျိက ချက်ချင်း မတိုက်ခိုက်ပဲ မီးလျှံဓားနဲ့ စမ်းသပ်တဲ့အနေနဲ့ ဖြည်းဖြည်းချင်း တွန်းထုတ်လိုက်တယ်။
နည်းနည်းပါးပါးတော့ တတ်သားပဲ" ပြိုင်ဘက်ရဲ့ မမြင်နိုင်တဲ့ ဓားချီကို ခံစားမိတော့ ဒေါင်ဖန်းပုပိုင် နောက်ဆုံးတော့ မျက်လုံးဖွင့်လိုက်ပြီး အရိပ်တစ်ခု လျှပ်တစ်ပြက် လက်သွားကာ ချက်ချင်း မူလနေရာက ပျောက်ကွယ်သွားတယ်။
လွဲချော်သွားတဲ့ ဓားချက်ကြောင့် အံအားသင့်မှုကနေ ကျူးမိုကျိ အတွေးမပြတ်သေးခင် ရုတ်တရက် စိတ်ထဲမှာ တုန်လှုပ်သွားပြီး လက်ကို ဝှေ့ယမ်းကာ ဘေးကို တိုက်ခိုက်လိုက်တယ်။
ပူပန်မှုကင်းသော လက်ညှိုး၊ မင်းက ရှောင်လင်ရဲ့ အထူးသိုင်းပညာ ခုနစ်ဆယ့်နှစ်မျိုးကို တတ်တယ်ပေါ့?" ဒေါင်ဖန်းပုပိုင် က ကိုက်အနည်းငယ်အကွာမှာ ပေါ်လာပြီး အံ့အားသင့်စွာ ကျူးမိုကျိကို တစ်ချက်ကြည့်လိုက်တယ်။
ကိုယ်တော်က အရည်အချင်းသိပ်မရှိပါဘူး၊ ကျွမ်းကျင်တယ်လို့တော့ ပြောလို့မရပေမဲ့ ရှောင်လင်ရဲ့ ထိပ်တန်းသိုင်းပညာ ၇၂ မျိုးကိုတော့ နည်းနည်းစီ တတ်ထားပါတယ်" နှစ်ချက် တိုက်ခိုက်တာ လွဲချော်သွားတော့ ကျူးမိုကျိက ချက်ချင်း အာရုံစိုက်ပြီး တစ်ဖက်လူကို အားကုန်ကာကွယ်လိုက်တယ်။
"မောက်မာလိုက်တာ!" ဒေါင်ဖန်းပုပိုင် နှာခေါင်းရှုံ့လိုက်ပြီး တစ်ယောက်ယောက်က ရှောင်လင်ကျောင်းတော်ရဲ့ အထူးသိုင်းပညာ ခုနစ်ဆယ့်နှစ်မျိုးကို တစ်ချိန်တည်းမှာ လေ့ကျင့်နိုင်တယ်ဆိုတာကို သူ မယုံကြည်ဘူး။
"ဂိုဏ်းချုပ်ဒေါင်ဖန်း၊ ကိုယ်တော်ရဲ့ သဏ္ဌာန်မဲ့ဖျက်ဆီးခြင်းလက်ညှိုးကို စမ်းကြည့်ပါဦး" ကျူးမိုကျိ ညာဘက်လက်ညှိုးကို ဆန့်တန်းကာ လေထဲမှာ အလျင်အမြန် စက်ဝိုင်းတစ်ခုဆွဲလိုက်ပြီး ပြင်းထန်သော လက်ညှိုးချီတစ်ခု ပစ်လွှတ်လိုက်တယ်။
ဒေါင်ဖန်းပုပိုင် အေးစက်စက် ရယ်မောလိုက်ပြီး ချက်ချင်း မူလနေရာက ပျောက်သွားပြန်တယ်၊ ကျူးမိုကျိ ရဲ့ ပုံသဏ္ဌာန်မဲ့ ဖျက်ဆီးခြင်းလက်ညှိုးက သူ့နောက်က တိုင်ကို တိုက်ရိုက်ထိမှန်သွားပြီး ချက်ချင်း မီးလောင်ကျွမ်းထားသလို နက်ရှိုင်းတဲ့ အပေါက်တစ်ခု ကျန်ခဲ့တယ်။
ခန်းရှီက အံ့ဩတကြီး ကြည့်နေတယ်။ "ရှောင်ကွေ့ဇီ၊ ဒီတိဗက်ဆရာတော်ရဲ့ သိုင်းပညာက တော်တော်ကောင်းတာပဲ..."
"ဟုတ်တယ်...ဟုတ်တယ်" ဝေရှောင်ပေါင်က ပေါ့ပေါ့ပါးပါး နှစ်ခါ ပြန်ဖြေပြီးနောက် တိုက်ပွဲရဲ့ ပြင်းထန်မှုကြောင့် စိတ်ဝင်စားစွာဖြင့် အာရုံပြန်စိုက်လိုက်တယ်။
ဒေါင်ဖန်းပုပိုင်ရဲ့ ပုံစံက နတ်ဆိုး ဒါမှမဟုတ် သရဲလိုပဲ၊ လျှပ်တစ်ပြက် ပေါ်လိုက် ပျောက်လိုက်နဲ့ မီးခိုးငွေ့လိုပဲ။ ကျူးမိုကျိ ကလည်း ပုံသဏ္ဌာန်မဲ့ဖျက်ဆီးခြင်းလက်ညှိုးနဲ့ထိမှန်မယ်လို့ မျှော်လင့်မထားဘူး။ ဒါကြောင့် ဒေါင်ဖန်းပုပိုင် ရှောင်တိမ်းနေတုန်းမှာ ကျူးမိုကျိသင်္ကန်းကို လွှတ်ပစ်လိုက်ပြီး ပိုက်ကွန်ကြီးတစ်ခုပမာ အနီရောင် အရိပ်ကို ဖမ်းလိုက်တယ်။
"သင်္ကန်းဖြင့် နတ်ဆိုးကို နှိမ်နင်းခြင်းလား?" ဒေါင်ဖန်းပုပိုင် က ပြိုင်ဘက်ရဲ့ သင်္ကန်းက လေးဖက်လေးတန်ကနေ သူ့ဆီကို တိုက်ရိုက်ဝင်လာတဲ့ စွမ်းအားကို ခံစားမိတော့ မျက်လုံးထဲမှာ အေးစက်တဲ့ အလင်းတခု လျှပ်တစ်ပြက် ထွက်ပေါ်လာတယ်။ လက်ချောင်းကြားကနေ သေးငယ်တဲ့ အပ်တစ်ချောင်း ထွက်လာပြီး လက်ချောင်းကို တောက်လိုက်တာနဲ့ မျက်စိရှေ့က သင်္ကန်းကို ဖောက်ထွင်းပြီး ကျူးမိုကျီ ဆီသို့ ပစ်လွှတ်လိုက်တယ်။
ပစ်လွှတ်လိုက်တဲ့အရာကို ကျူးမိုကျိ မမြင်လိုက်ပေမဲ့ စိတ်ထဲမှာတော့ အရေးတကြီး အချက်ပေးခေါင်းလောင်းသံတွေ မြည်နေတယ်။ ချက်ချင်း ခါးကို လှန်ပြီး ရှောင်လိုက်ပေမယ့် အပ်ချွန်လေးကြောင့် သူ့မျက်ခုံးကြားမှာ သွေးစွန်းရာလေးတစ်ခု ကျန်ခဲ့တယ်။
သင်္ကန်းရဲ့ စွမ်းအင်အရှိန်အဝါကို ဖောက်ထွင်းခံလိုက်ရပြီး ကျူးမိုကျိရဲ့ ရှောင်တိမ်းမှုကြောင့် နောက်ဆက်တွဲ စွမ်းအားတွေ ဆုံးရှုံးသွားတာကြောင့် ချက်ချင်း အဝတ်စုတ်တစ်ခုလို ကြမ်းပြင်ပေါ် လျှောကျသွားတယ်။
"ဆရာတော်၊ တခြား ဘာစွမ်းရည်တွေ ရှိသေးလဲ ထုတ်သုံးလိုက်ပါ" ဒေါင်ဖန်းပုပိုင်မျက်နှာတွင် အပြုံးတစ်ခုရှိနေပြီး ကျူးမိုကျိကို ပြောလိုက်တယ်။
ဒေါင်ဖန်းပုပိုင်ရဲ့ နတ်ဆိုးဆန်သော လျင်မြန်တဲ့ အရှိန်အဟုန်ကို မြင်တော့ ကျူးမိုကျိ မျက်မှောင်ကြုံလိုက်ပြီး မတိုက်ခိုက်တော့ဘဲ သူ့ရဲ့ အားနည်းချက်တွေကို ကာကွယ်လိုက်တယ်။
"ရှောင်ကွေ့ဇီ၊ သူတို့ ဘယ်လို တိုက်ခိုက်နေလဲ မင်း မြင်နိုင်လား?" ခန်းရှီက ကြည့်ရတာ စိတ်ပျက်လက်ပျက်ဖြစ်နေပြီး မျက်လုံးထဲမှာ ဘယ်ညာ ရွေ့လျားနေတဲ့ အနီရောင်အရိပ်တစ်ခုပဲ မြင်နေရတယ်။
တခြား ဘာမှ မမြင်ရတော့ဘူး။
"ကျွန်တော်လည်း မမြင်ရဘူး၊ လေထဲမှာ အားကောင်းတဲ့ အတွင်းအားတွေ ပြင်းပြင်းထန်ထန် တိုးဝှေ့နေတဲ့ အသံပဲ ကြားရတယ်" ဝေရှောင်ပေါင် လဲ တိုက်ပွဲကို ပါးစပ်အဟောင်းသားနဲ့ ကြည့်နေတယ်။
"ပန်းကောက်လက်ညှိုး၊ ဒိုလော့လက်ချောင်း၊ နဂါးလက်သည်း၊ အရိပ်ခြေကန်ချက်၊ လက်ထဲက စကြဝဠာ၊ နီဗားနား လက်သည်း၊ မဟာလက်ညှိုး၊ ဗာဂျာရာလက်သီး၊ ပညာလက်ဝါး... ဆရာတော်၊ မင်းတကယ်ပဲ ရှောင်လင်ရဲ့ ထိပ်တန်းသိုင်းပညာ ခုနစ်ဆယ့်နှစ်မျိုးကို တတ်တာလား?" တိုက်ပွဲအတွင်းမှ ဒေါင်ဖန်းပုပိုင်ရဲ့ အသံက တော်တော်လေး အံ့အားသင့်နေပုံရတယ် "အမ်၊ မဟုတ်သေးဘူး၊ မင်းရဲ့ စွမ်းအင်လည်ပတ်ပုံ မမှန်ဘူး"
ဒါပေမဲ့ ကျူးမိုကျိ သူ့ကို တစ်ခွန်းမှ ပြန်မပြောပေ၊ မှိုင်းညှို့တဲ့မျက်နှာနဲ့ သူ့ပတ်လည်က အနီရောင် အရိပ်တွေကို အဆက်မပြတ် တိုက်ခိုက်နေတယ်၊ တဖက်ပြိုင်ဘက်က တိုက်ခိုက်လိုက်တာနဲ့ ချက်ချင်း ရှောင်လိုက်ပြီး ကျူးမိုကျိ ရဲ့ တိုက်ခိုက်မှု အတော်များများက လေထဲကိုပဲ ရောက်သွားတယ်။
ဆယ်စုနှစ်များအတွင်း ကျူးမိုကျိ ဒီလောက် စိတ်ပျက်စရာကောင်းတဲ့ တိုက်ပွဲမျိုး မကြုံဖူးဘူး၊ ပြိုင်ဘက်ရဲ့ သိုင်းပညာအဆင့်က သူနဲ့ အတူတူပဲ ဖြစ်ပေမဲ့ လျင်မြန်မှုတစ်ခုတည်းကြောင့် ဘာမှမတတ်နိုင်ဘူး။
ပြိုင်ဘက်က သူ့အားနည်းချက်ကို သိသွားပြီဆိုတော့ ကျူးမိုကျိ ရှောင်လင်ကျောင်းတော်ရဲ့ အထူးသိုင်းပညာတွေကို မသုံးတော့ဘဲ သူ့ရဲ့ အဓိက လက်နက်ဖြစ်တဲ့ မီးလျှံဓားကို ထုတ်သုံးလိုက်တယ်။
"ဒီ သဏ္ဌာန်မဲ့ဓားရဲ့ စွမ်းအင်က တကယ်ကို စိတ်ဝင်စားစရာကောင်းတယ်၊ တိုလိုက် ရှည်လိုက်၊ အစစ်ဖြစ်လိုက် အတုအယောင်ဖြစ်လိုက်..." တိုက်ခိုက်ပြီးနောက် ဒေါင်ဖန်းပုပိုင် အံ့သြစွာနဲ့ ချီးကျူးလိုက်တယ်၊ အကြိမ်အနည်းငယ်လောက် သူ ပြိုင်ဘက်ရဲ့ဓားချီကြောင့် ဒဏ်ရာရလုနီးပါး ဖြစ်ခဲ့တယ်။
"ဆရာတော်၊ မင်း အရှုံးပေးသင့်တယ်လို့ ငါထင်တယ်၊ ဒေါင်ဖန်းဂိုဏ်းချုပ်ရဲ့ ပုံစံက လျှပ်စီးလက်သလို မြန်ဆန်ပြီး ရုတ်တရက် တိုက်ခိုက်တတ်တယ်၊ မင်း အချိန်ကြာကြာ ကာကွယ်နေရင် တစ်ချိန်မှာတော့ အမှားတစ်ခု ကျူးလွန်မိလိမ့်မယ်" စုန့်ချင်းရှု က တိုက်ပွဲထဲက ကျူးမိုကျိရဲ့ လှုပ်ရှားမှုတွေ တဖြည်းဖြည်း အားနည်းလာပုံရတာကို မြင်တော့ ချက်ချင်း ဝင်ပြောပြီး ကူညီလိုက်တယ်။