အခန်း ၆၉ နှစ်ဖက်လုံး အထိနာခြင်း
ချင်ကျင့်နန်လည်း တစ်ဖက်လူရဲ့ အခက်အခဲကို နားလည်တယ် အင်အားအလုံးအရင်းနဲ့ သေချာအချိန်ပေးပြီး စီစဉ်ခဲ့ပေမဲ့ နောက်ဆုံးမှာ အကျိုးမရှိတဲ့ အရာတစ်ခု ဖြစ်သွားတာကို သိရင် ဘယ်သူမဆို စိတ်ထဲမှာ မကျေနပ်ချက်တွေ ရှိမှာပဲ။ သူက ညင်သာစွာ ပြုံးပြီး "ချင်က ညီလေးယွမ်နဲ့အတူ ရှန်းတုန်းကို ခရီးသွားပြီး နှစ်ဖက် မဟာမိတ်ဖွဲ့စည်းရေး ကိစ္စကို ဆွေးနွေးဖို့ ဆန္ဒရှိတယ်။ နောက်ပိုင်း ရှန်းတုန်းဒေသမှာ မိုးမြေအဖွဲ့က ရွှေမြွေတပ်ရဲ့ ဦးဆောင်မှုကို ခံယူဖို့ ဆန္ဒရှိတယ်"
ယွမ်ချန်းကျီ အလွန်ဝမ်းသာသွားတယ်။ ချင်ကျင့်နန်က သိုင်းလောကမှာ ဂုဏ်သတင်း အလွန်ကြီးမားတယ်။ကိုယ်တိုင် ရှန်းတုန်းကို သွားပြီး ရွှေမြွေတပ်နဲ့ မဟာမိတ်ဖွဲ့ရင် ဒီသတင်းက တပ်ဖွဲ့အသီးသီးရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်မှာ သေချာတယ်။ နောက်ပိုင်း ရွှေမြွေတပ် ရှန်းတုန်းမှာ လှုပ်ရှားရင် မိုးမြေအဖွဲ့ရဲ့ သတင်းအချက်အလက်နဲ့ အကူအညီကို ရရှိမှာ ဖြစ်ပြီး ဝေရှောင်ပေါင်က အရေးမပါတော့ဘူး။
"ဒါဆိုရင် ယွမ်က သူ့ရဲ့ အထောက်အထား မပေါ်အောင် ဝေရှောင်ပေါင်ကို လျှို့ဝှက်စွာ ကယ်တင်ဖို့ လူလွှတ်လိုက်မယ်" ယွမ်ချန်းကျီ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး မျက်မှောင်ကြုတ်လိုက်တယ်။ "ဒါပေမဲ့ အခု အခက်အခဲတစ်ခု ရှိနေတယ်..."
"ဒီတစ်ခါ ငါနဲ့အတူ လှုပ်ရှားနေတဲ့ ထိပ်တန်းဂိုဏ်းသုံးခုက ကျွမ်းကျင်သူတွေ ရှိသေးတယ်၊ နဂါးနတ်ဘုရားဂိုဏ်းချုပ်၊ သွေးဓားဂိုဏ်းချုပ်၊ ရှင်းဂုံဂိုဏ်းရဲ့ အတော်ဆုံးပုဂ္ဂိုလ် ဆန်းကျီ၊ သူတို့ သတိထားမိပြီး အတူတူ ပူးပေါင်းတိုက်ခိုက်ရင် ယွမ် မခံနိုင်မှာ ကြောက်တယ်..." ယွမ်ချန်းကျီ စိတ်ထဲမှာ တွေးနေတယ်။ ကံကောင်းထောက်မစွာ အခု သူတို့နှစ်ယောက် ဒဏ်ရာရနေတော့ ငါ အနိုင်ရဖို့ ခက်ခဲပေမဲ့ ဖြစ်နိုင်သေးတယ်။
"ချင်က ပါရမီသိပ်မရှိလှပေမယ့် သိုင်းပညာမှာတော့ အတော်လေးမြင့်မားပါတယ်။ နဂါးနတ်ဘုရားဂိုဏ်းချုပ် ဟုန်အန်းထုံရဲ့ သိုင်းပညာ အလွန်ထူးချွန်တယ်လို့ ကြားဖူးတယ်။ ချင်က သူနဲ့ တစ်ခါလောက် လက်ရည်စပ်ကြည့်တာပေါ့။လိုအပ်ရင် ချင်က အနည်းဆုံး ဟုန်အန်းထုံကို တားဆီးထားနိုင်တယ်။ အားလုံး ရွှေမြွေဘုရင်ရဲ့ ဆန္ဒအတိုင်းပါပဲ" ချင်ကျင့်နန် ဒီနှစ်ပိုင်းတွေမှာ သွေးခဲလက်သည်းသိုင်းကို လူမသိအောင် သတ်ဖြတ်နိုင်တဲ့အထိ လေ့ကျင့်ထားပြီး သူ့ကိုယ်သူ အနိုင်မရရင်တောင် ရှုံးနိမ့်မှာ မဟုတ်ဘူးလို့ ထင်နေတယ်။
"ချင်အကြီးအကဲ ယဉ်ကျေးလွန်းနေပြီ..." ယွမ်ချန်းကျီ စကားမဆုံးခင် ရုတ်တရက် အပြင်က အော်သံ ကြားလိုက်ရတော့ ချက်ချင်း ကိုယ့်ဖော့ပညာကို သုံးပြီး မီးခိုးငွေ့လို တဲအပြင်သို့ ပြေးထွက်သွားတယ်။ ချင်ကျင့်နန် တစ်ဖက်လူရဲ့ သိုင်းပညာကိုလေးစားသွားပြီး သူ့ထက်ပိုအဆင့်မြင့်တယ်ဆိုတာသိလိုက်တယ်။
ယွမ်ချန်းကျီ တဲအပြင်ကို ပြေးထွက်သွားတော့ သွေးဓားအဘိုးအိုက ဝေရှောင်ပေါင်ကို ဆွဲပြီး လမ်းမှာရှိတဲ့ ရွှေမြွေတပ်သား နှစ်ယောက်ကို သတ်ကာ တောင်အောက်ကို ထွက်ပြေးဖို့ ကြိုးစားနေတာကို တွေ့လိုက်ရတယ်။ လက်ကို မြှောက်လိုက်တာနဲ့ အင်္ကျီလက်ထဲကနေ ရွှေမြွေချွန် သုံးခု ထွက်လာပြီး သွေးဓားအဘိုးအိုရဲ့ ရှေ့ဆက်သွားမယ့် လမ်းကို ပိတ်ဆို့လိုက်တယ်။ ခုန်လိုက်တာနဲ့ ယွမ်ချန်းကျီ သွေးဓားအဘိုးအိုရဲ့ နောက်ကျောဘက် မနီးမဝေးကို ရောက်သွားတယ်။
"သွေးဓားအဘိုးအို၊ ခင်ဗျား ဒါ ဘာလုပ်နေတာလဲ!" ယွမ်ချန်းကျီ ဒေါသနဲ့တကြီး သူ့ကို ကြည့်လိုက်တယ်။
"ဟဲဟဲ၊ ဒီကောင်လေးကို ဖမ်းတုန်းက ဒီအဘိုးအိုလည်းပါတာပဲ၊ ရွှေမြွေဘုရင် မင်း သူ့ကို သတ်မယ့်အတူတူ အသုံးမဝင်မှတော့ ဘာလို့ ငါ့ကို ခေါ်သွားခွင့် မပေးတာလဲ" သွေးဓားအဘိုးအို ရက်စက်စွာ ရယ်မောပြီး ညာဘက်လက်နဲ့ သွေးဓားကို ဆုပ်ကိုင်ထားကာ တစ်ကိုယ်လုံးမှာ အတွင်းအားများဖြန့်ကျက်၍ တိတ်တဆိတ် ကာကွယ်နေတယ်။
"မင်းပဲ အသုံးမဝင်တဲ့ကောင်၊ မင်းတစ်မိသားစုလုံး အမှိုက်တွေပဲ" ပခုံးပေါ် ထမ်းထားခံရသော ဝေရှောင်ပေါင် မျက်လုံးပြူးကြည့်လျက် စိတ်ထဲမှာ ဒေါသတကြီး ကျိန်ဆဲနေတယ်။
"ယွမ်က ဝေရှောင်ပေါင်ကို ရှန်းတုံကို ခေါ်သွားပြီး အသုံးဝင်တဲ့အရာတွေ လုပ်ဖို့ ရှိတယ်၊ အဘိုးအို စိတ်မပူပါနဲ့။ ခင်ဗျား ကျွန်တော့်တပ်ထဲက ညီအစ်ကိုတွေကို သတ်ပြီး ထွက်ပြေးဖို့ ကြံစည်နေတာကတော့ အရမ်းစိတ်ကူးယဉ်နေပြီ" ရွှေရောင်အလင်းတန်း တစ်ချက် လက်သွားပြီး ရွှေမြွေဓား လက်ထဲ ရောက်လာတယ်။
အခြေအနေ တင်းမာလာတာကို မြင်တော့ ဆန်းကျီ အလျင်အမြန် ပြေးထွက်လာပြီး ဖြန်ဖြေလိုက်တယ်။ "နှစ်ယောက်လုံး ဘာလို့ ဒီလိုလုပ်နေကြတာလဲ၊ မန်ချူးရဲ့ခွေးစစ်တပ်က ငါတို့ကို လိုက်ဖမ်းနေတုန်းပဲ၊ မင်းတို့ အချင်းချင်း တိုက်ခိုက်နေတာက သူများအတွက် အကျိုးရှိစေမှာ မဟုတ်ဘူးလား၊ သွေးဓားအဘိုးအို မင်းကို ပြောချင်တာက မင်းသားခုနှစ်က ဝေရှောင်ပေါင်သတ်ဖို့ ငါတို့ကိုခိုင်းလိုက်တာ၊ မင်း အခု သူ့ကို ဖမ်းထားတာ ဘာ..."
ဆန်းကျီ စကားပြောရင်း လျှောက်သွားနေတုန်း ယွမ်ချန်းကျီဘေးကို ရောက်သွားတယ်။ မျက်လုံးထဲမှာ အလင်းတန်း တစ်ချက် လက်သွားပြီး လက်ဝါးကို လှန်လိုက်ကာ တန်ထရစ် ယောဂလျှို့ဝှက်သိုင်းပညာနဲ့ ပေါင်းစပ်ပြီး အလွန်အားကောင်းတဲ့ မဟာလျှို့ဝှက်တိမ်လက်ဝါးသိုင်းကို သုံးပြီး ယွမ်ချန်းကျီရဲ့ ဘေးကနေတိုက်ခိုက်လိုက်တယ်။
ယွမ်ချန်းကျီ ချင်ကျင့်နန်ဆီကနေ အံ့ဩစရာကောင်းတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုကို သိလိုက်ရပြီးနောက် သွေးဓားအဘိုးအို ရုတ်တရက် မဟာမိတ်ဖွဲ့တာကို ဖောက်ဖျက်လိုက်တာကိုတွေ့တော့ ခဏတာ သတိလက်လွတ်ဖြစ်သွားတာကြောင့် ဆန်းကျီရဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာကို ခံလိုက်ရပြီး သွေးတွေ အန်ထွက်လာတယ်။
တစ်ချက်တည်းနဲ့ အောင်မြင်သွားတော့ ဆန်းကျီ အလျင်အမြန် နောက်ဆုတ်သွားပေမဲ့ ဘယ်လိုလုပ်ပြီး အချိန်မီမှာလဲ။ ရွှေရောင်အလင်းတန်း တစ်ချက် လက်သွားပြီး ဆန်းကျီ အော်သံနဲ့အတူ ကိုက်အနည်းငယ် နောက်ကို ဆုတ်သွားတယ်။ မြေပေါ်မှာ ရွှေမြွေဓားနဲ့ ခုတ်ဖြတ်ခံထားရတဲ့ သူ့လက်ကို ကြည့်ပြီး ချွေးတွေ တဒီးဒီး ကျလာတယ်။ စိတ်ထဲမှာလည်း အလွန်နောင်တရနေတယ်။ အကယ်၍ သူ တန်းထရစ်လျှို့ဝှက်လက်ဝါးသိုင်းပညာရဲ့ ဒုတိယအဆင့် မဟာယောဂလျှို့ဝှက်သိုင်းပညာ၊ ဒါမှမဟုတ် ပိုမြင့်တဲ့ ပြိုင်ဘက်ကင်း ယောဂလျှို့ဝှက်လက်ဝါးသိုင်းပညာကို လေ့ကျင့်နိုင်ခဲ့ရင် ခုနက လက်ဝါးရိုက်ချက်နဲ့ ယွမ်ချန်းကျီ သေဆုံးသွားမှာ သေချာတယ်။ သူ့ရဲ့ တန်ပြန်တိုက်ခိုက်မှုနဲ့ လက်မောင်း ဖြတ်ခံရမှာမဟုတ်ဘူး။
ကြိုတင်စီစဉ်ထားတဲ့အတိုင်း ဟုန်အန်းထုံလည်း ဝင်တိုက်ခိုက်လာတယ်။ သုံးယောက်ထဲမှာ သူက အတွင်းအား အမြင့်ဆုံးဖြစ်ပြီး သူ့ရဲ့ လက်ဝါးချက်နဲ့ တည့်တည့်ထိသွားရင် ယွမ်ချန်းကျီ အဲ့ဒီနေရာမှာပဲ သေဆုံးသွားနိုင်တယ်။
အဲ့ဒီအချိန်မှာ ဘေးနားကနေ လူတစ်ယောက် ခုန်ထွက်လာပြီး ဟုန်အန်းထုံရဲ့ ရှေ့မှာ ကာဆီးလိုက်တယ်။ လက်သီးနဲ့ လက်ဝါး ထိတွေ့ပြီး တိုက်ကွက်ပေါင်းများစွာ တိုက်ခိုက်ပေမဲ့ အနိုင်အရှုံး မပေါ်ဘူး။
"သွေးခဲနတ်လက်သည်းသိုင်း!" လက်မောင်းက သွေးကြောတွေအတိုင်း အမှောင်စွမ်းအင်အနည်းငယ် တက်လာတာကို ခံစားလိုက်ရတော့ ဟုန်အန်းထုံ စိတ်ထဲ တင်းမာသွားပြီး အတွင်းအားကို သုံးလိုက်ပြီး ချက်ချင်း ခန္ဓာကိုယ်အပြင်ကို တွန်းထုတ်လိုက်တယ်။
သူတို့သုံးဦးသည် မူလက ဝေရှောင်ပေါင်ကို တိတ်တဆိတ် ခေါ်သွားဖို့ စီစဉ်ထားပေမဲ့ ယွမ်ချန်းကျီရဲ့ အလွန်မြန်တဲ့ ကိုယ်ဖော့သိုင်းပညာနဲ့နောက်က လိုက်သတ်မှာကြောက်တာကြောင့် ကြိုတင်တိုက်ခိုက်ဖို့ စီစဉ်လိုက်တယ်။
သွေးဓားအဘိုးအိုက သူ့ထက်အဆင့်မြင့်တဲ့ သိုင်းပညာရှင်တစ်ယောက် ထွက်လာတာကို မြင်တော့ အခြေအနေ မကောင်းဘူးဆိုတာ သိလိုက်ပြီး ဝေရှောင်ပေါင်ကို ဆွဲပြီး အဝေးကို ထွက်ပြေးသွားတယ်။
"တကယ်တော့ မိုးမြေအဖွဲ့ရဲ့ ချင်အကြီးအကဲပါလား၊ ဒီနေ့ အရေးကြီးတဲ့ ကိစ္စလေးရှိလို့ နောက်မှပဲ ခင်ဗျားနဲ့သိုင်းပညာချင်းဖလှယ်ကြတာပေါ့" ဒဏ်ရာပြင်းထန်တဲ့ ယွမ်ချန်းကျီကို ကြည့်ပြီး ဟုန်အန်းထုံရဲ့ရည်ရွယ်ချက် ပြီးမြောက်သွားတာကြောင့် နောက်ဆံတင်းမနေပဲ လှည့်ထွက်သွားတယ်။
ဆန်းကျီ လက်မောင်းက အရေးကြီးတဲ့ သွေးကြောမှတ်တွေကို ပိတ်လိုက်တယ်။ သူလည်း ယိမ်းယိုင်နေပြီး အခြားတစ်ဖက်ကို ပြေးသွားတယ်။ သူက ဒဏ်ရာပြင်းထန်နေတာကြောင့် အခြားဂိုဏ်းချုပ်နှစ်ဦးက အခွင့်ကောင်းယူပြီးတိုက်ခိုက်မည်ကို စိုးရိမ်ကြောက်ရွံပြီး သူတို့နဲ့ တစ်ဖက်တည်း မသွားရဲပေ။
ချင်ကျင့်နန် ဒဏ်ရာရထားတဲ့ ယွမ်ချန်းကျီကို မြင်တော့ တားဆီးဖို့ စိတ်မရှိတော့ဘဲ ယွမ်ချန်းကျီဘေးကို အလျင်အမြန် ရောက်လာပြီး ကုသပေးလိုက်တယ်။
"ချင်ဂိုဏ်းချုပ် ကျေးဇူးတင်ပါတယ်၊ အခု ကျွန်တော် သက်သာသွားပါပြီ၊ ရက်အနည်းငယ် အနားယူပြီးရင် ကောင်းသွားမှာပါ၊ ဒါပေမဲ့ ဝေရှောင်ပေါင်ကို သူတို့ ဖမ်းသွားတာကတော့ စိတ်မကောင်းစရာပဲ" ယွမ်ချန်းကျီ အခုပြန်တွေးကြည့်တော့ ကြောက်လန့်သွားတယ်။ စောစောကသာ သူ ဆန်းကျီရဲ့ လက်ဝါးချက်ကြောင့် အသက်မရှုနိုင်ခင် ဟုန်အန်းထုံ အလစ်ချောင်း တိုက်ခိုက်လာတာကို ချင်ကျင့်နန်က တားဆီးမပေးခဲ့ရင် အဲ့ဒီနေရာမှာပဲ သေဆုံးသွားနိုင်တယ်။ ထိပ်တန်းဂိုဏ်းချုပ်တွေက အားကြီးသူကို လေးစားကြပြီး အတွင်းတိုက်ပွဲတွေ ပြင်းထန်တယ်။ သူတို့ ဂိုဏ်းအသီးသီးရဲ့ အထွတ်အထိပ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်တာက သူတို့ရဲ့ မျက်စိလျှင်ပါးနပ်မှုနဲ့ တိုက်ခိုက်ဖို့ အခွင့်အရေးကို ဖမ်းဆုပ်နိုင်တဲ့ စွမ်းရည်ကို လျှော့တွက်လို့ မရဘူး။
"ညီငယ်ယွမ်က ကျွန်တော့်တပည့်လေးရဲ့ အသက်ကို စိုးရိမ်လို့ တစ်ဖက်လူရဲ့ အငိုက်ဖမ်းတိုက်ခိုက်တာကို ခံခဲ့ရတာ၊ ဒီချင်က ညီငယ်ယွမ် အန္တရာယ်ထဲ ရောက်နေတာကို ဘယ်လိုလုပ်ပြီး မျက်နှာလွဲနိုင်မှာလဲ" ချင်ကျင့်နန် အတွင်းအားကို ပြန်သိမ်းပြီး ပြောလိုက်တယ်။ "ညီငယ်ယွမ် သက်သာသွားပြီဆိုတော့ ချင်က တပည့်လေးကိုကယ်ဖို့သွားရဦးမယ်၊ နောက်မှပဲ ရှန်တုန်းကိုသွားတော့မယ်”
အဝေးက စုန့်ချင်းရှု နှစ်ဖက်စလုံးရဲ့ ပြင်းထန်တဲ့ တိုက်ပွဲကို ကြည့်ပြီး သူ့ဘေးက ဖြတ်သွားတဲ့ ရွှေမြွေတပ်သားတစ်ယောက်ကို ညင်သာစွာ ပြုံးပြလိုက်တယ် "ညီလေး၊ ညီလေး မင်းမှာ ထူးခြားတဲ့ အရည်အချင်းတွေ ရှိတယ်၊ အရိုးအဆစ်တွေကလည်း ထူးခြားတယ်၊ နှစ်တစ်ရာမှာမှ တစ်ယောက်ပဲ ပေါ်လာတဲ့ သိုင်းပညာ ပါရမီရှင် ဖြစ်ပုံရတယ်၊ ငါ့မှာ မင်းအတွက် အလွန်အကျိုးအမြတ်များတဲ့ အရာတစ်ခုပေးစရာ ရှိတယ်..."
အဲ့ဒီစစ်သားက လှည့်ပြီး သူ့ကို ဆဲဖို့ ပြင်နေတုန်း စုန့်ချင်းရှုရဲ့ မျက်လုံးကို မြင်လိုက်ရတော့ ခေါင်းထဲမှာ မူးဝေသွားပြီး တစ်ဖက်လူရဲ့ မျက်လုံးတွေက အဆုံးမရှိတဲ့ အနက်ရောင်တွင်းနက်တစ်ခုလို ခံစားလိုက်ရပြီး သူ့ဆီကို မသိစိတ်နဲ့ လျှောက်သွားမိတယ်။
"ညီလေး၊ လက်ချောင်းထိပ်မှာ အားကို စုစည်းပြီး ငါ့ပခုံးရဲ့အလယ်က ကျန်းကျင့် အပ်စိုက်မှတ်ကို ထိုးလိုက်..." စုန့်ချင်းရှုရဲ့ စကားတွေမှာ ဆွဲဆောင်မှု အပြည့်ရှိတယ်။
တကယ်တော့ သူက အတွင်းအားကို သုံးပြီး ယင်ကိုးပါကျမ်းရဲ့ နည်းလမ်းအတိုင်း အပ်စိုက်မှတ်တွေကို ဆက်တိုက် ထိုးဖောက်နေပေမဲ့ သူ့ရဲ့ တစ်ကိုယ်လုံးက အပ်စိုက်မှတ်တွေကို ထိပ်တန်းကျွမ်းကျင်သူ အများအပြားက တစ်ပြိုင်နက်တည်း ပိတ်ထားတာကြောင့် ခဏတာအတွင်းမှာ ဖွင့်လို့ မရဘူး။ အဝေးမှာ နှစ်ဖက်စလုံး ပြင်းထန်စွာ တိုက်ခိုက်နေပြီး ဒီဘက်ကို အာရုံမစိုက်နိုင်တာကို မြင်တော့ အခွင့်အရေးကို လက်လွတ်မခံဘဲ "ဝိညာဉ်ရွှေ့ပြောင်းခြင်း(စိတ်ညှို့ခြင်း)" သိုင်းပညာကို သုံးပြီး တပ်သားတစ်ယောက်ရဲ့ အကူအညီနဲ့ တစ်ကိုယ်လုံးက အမှတ်တွေကို အမြန်ဖွင့်လိုက်တယ်။
အပ်စိုက်မှတ်တွေ ဖွင့်လိုက်တာနဲ့ စုန့်ချင်းရှု အတွင်းအားနဲ့ သူ့ကို ချည်ထားတဲ့ ကြိုးတွေ တစစီ ဖြတ်တောက်ကာ ကောင်းကင်ကို ပျံတွက်သွားပြီး အော်ဟစ်လိုက်တယ်။ "အရင်ရက်တွေက ပေးခဲ့တာတွေကို ဒီနေ့ နှစ်ဆ ပြန်ဆပ်သင့်တယ်၊ ဒါပေမဲ့ ယွီယွီ(ပန်းပွင့်)လေးရဲ့ မျက်နှာကို ထောက်ပြီး ဒီနေ့ အခြေအနေကို အခွင့်ကောင်း မယူပဲ ယွမ်ဆိုတဲ့ကောင်ကို လွှတ်ပေးလိုက်မယ်"
ဟားဟား ရယ်မောသံနဲ့အတူ ကိုယ်ဖော့ပညာကို အသုံးပြု၍ စုန့်ချင်းရှု သစ်တောနက်ထဲကို ပျောက်ကွယ်သွားတယ်။
ချင်ကျင့်နန် မျက်နှာသိသိသာသာ ပြောင်းလဲသွားပြီး စုန့်ချင်းရှု ပျောက်သွားတဲ့ဘက်ကို ကြည့်လိုက်တယ်။ "ဒီလူငယ်ရဲ့ အတွင်းအားက အရမ်းမြင့်တယ်၊ တကယ်ကို ကမ္ဘာမှာ ရှားရှားပါးပါးပဲ"
ယွမ်ချန်းကျီလည်း အလွန်အံ့ဩသွားပြီး စိတ်ထဲမှာ တွေးနေတယ်။ သူ အရင်တုန်းက ထိပ်သီးသုံးဦးရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံခဲ့ရပြီး ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့တာ၊ ဒီလောက်မြန်မြန် သက်သာသွားမယ်လို့ မထင်ထားဘူး၊ အခုကြည့်ရတ ဒဏ်ရာရတဲ့ပုံစံ လုံးဝ မပေါ်ဘူး။ သူ့နေရာမှာ ငါ ဆိုရင် အနည်းဆုံး တစ်လ နှစ်လလောက် အနားယူရမှာ။
တကယ်တော့ ယင်ကိုးပါးကျမ်းနဲ့ ရှင်ကျောက်ကျမ်း(နတ်မြတ်ကျမ်း)က ကမ္ဘာပေါ်မှာ အကောင်းဆုံး ကုသရေး သိုင်းပညာတွေပဲ။ ယင်ကိုးပါးစွမ်းအားက အတွင်းဒဏ်ရာကို အဓိက ကုသပြီး ရှန်ကျောက်က အရိုးအဆစ်တွေကို ဆက်ပေးတယ်။ တကယ်ကို အံ့ဩစရာကောင်းလောက်အောင် လိုက်ဖက်ညီတာကြောင့် စုန့်ချင်းရှုရဲ့ ပြန်လည်သက်သာနိုင်တဲ့ စွမ်းရည်က အံ့မခန်း ဖြစ်သွားတယ်။
သွေးဓားအဘိုးအို ဝေရှောင်ပေါင်ကို ထမ်းပြီး အားကုန်ပြေးလာရင်း အန္တရာယ်က လွတ်မြောက်ပြီလို့ တွေးမိပြီး သူ့ကို ချထားလိုက်ကာ အသက်ကို ဝအောင်ရှူ၍ အနားယူလိုက်တယ်။
"အဘိုးအို ဘာဖြစ်လို့လဲ?" တစ်ဖက်လူ မြေပြင်မှာ ထိုင်ပြီး ကျင့်ကြံနေတာကို ကြည့်ပြီး ဝေရှောင်ပေါင် လက်ညှိုးလေးနဲ့ သူ့ကို စမ်းကြည့်လိုက်တယ်။
"ပြောစရာရှိရင် မြန်မြန်ပြော" သွေးဓားအဘိုးအို မျက်လုံးမဖွင့်ဘဲ သွေးဓားကျမ်းကို စိတ်နှစ်ပြီး လေ့ကျင့်နေတယ်။
"ချီးပဲ၊ မင်းကို အလွန်အကျိုးအမြတ်များတဲ့ အရာတစ်ခု ပေးချင်တာ၊ မင်း စိတ်မဝင်စားဘူးဆိုတော့ ထားလိုက်တော့" ဝေရှောင်ပေါင် လှည့်ထွက်သွားပြီး ပါးစပ်က တိုးတိုးလေး ရွတ်ဆိုနေပေမဲ့ တစ်ဖက်လူ ကြားနိုင်တယ်။
"ဘာအကျိုးအမြတ်လဲ?" သွေးဓားအဘိုးအို မျက်လုံးဖွင့်ပြီး "ဟဲဟဲ" ရယ်မောလိုက်တယ်။ "မင်း လာဘ်စားထားတဲ့ငွေတွေနဲ့ လွတ်မြောက်ချင်တာလား?"
"ဖွီ! ငါက လီချွမ်ခန်းမက မိန်းကလေးမှ မဟုတ်တာ၊ ဘာလွတ်မြောက်ရမှာလဲ" ဝေရှောင်ပေါင် သူ့ကို မထီမဲ့မြင် ပြန်ကြည့်လိုက်တယ်။ "မင်း ငါ့ကို မွန်ဂိုကဟိုမင်းသားခုနှစ်ဆီဖမ်းခေါ်သွားတာက ငါ့ကို တခြားသူတွေသတ်တာထက် နည်းနည်းလေး ပိုကောင်းပေမဲ့ အကြီးမားဆုံး အကျိုးအမြတ်ကို မရဘူး။ အများဆုံး မင်းကို အဆင့်သိပ်မရှိတဲ့ ဗိုလ်ချုပ်အဖြစ်လောက်ပဲ ခန့်အပ်မှာ"
"ဟွန့်! ဗိုလ်ချုပ်ဆိုတာ မကောင်းဘူးလား?" သွေးဓားအဘိုးအို သူ့ကို အေးစက်စွာ ကြည့်လိုက်တယ်။
"ဟေ့၊ ငါပြောတာက မင်းကို မြင့်မြတ်တဲ့ဘွဲ့တွေ၊ ထိပ်တန်းအမတ်ရာထူးတွေ မြှောက်စားနိုင်တဲ့ အကျိုးအမြတ်အကြောင်း" ဝေရှောင်ပေါင် မျက်လုံးထဲမှာ လှည့်စားသော အလင်းရောင်များ တလက်လက်ဖြစ်တောက်ပနေတယ်