အခန်း (၆၅) ဓားပျံ
တစ်ဦးက ခေတ်သစ်ကလာတဲ့သူတွေမို့ ကဗျာနဲ့ စာပေအကြောင်း သိပ်မသိဘူး၊ တစ်ယောက်က သိုင်းလောကသားဖြစ်ပြီး စာပေကို နှစ်သက်တဲ့သူမဟုတ်ဘူး၊ နောက်ဆုံးတော့ အစက ပျော်ရွှင်စရာ စကားတွေကနေ ပေါ့ပေါ့ပါးပါး စကားပြောဆိုမှုတွေ ဖြစ်သွားတယ်။
အရက်အနည်းငယ် သောက်ပြီးတော့ စုန့်ချင်းရှု တစ်ကိုယ်လုံး ပူလာပြီး မျက်နှာချင်းဆိုင်က ပန်းပွင့်လေးက ပိုပြီး လှပလာတယ်လို့ ခံစားလိုက်ရတယ်။
ရှချင်းချင်းလည်း အလားတူ ပူလာပြီး မသိစိတ်ကနေ လည်စီး(ကော်လံ)ကို နည်းနည်း လျှော့လိုက်တော့ နှင်းလို အဖြူရောင်အသားလေးတွေ ပေါ်လာတယ်။
"သခင်လေး တကယ်မကောင်းဘူး၊ ရာသီဥတုက ဒီလောက် ပူနေတာတောင် လူကို အရက်တိုက်နေတာပဲ" ရှချင်းချင်း မျက်လုံးလေး လှုပ်ရှားသွားပြီး အသံက ညည်းညူသလိုလို၊ ချွဲနွဲ့သလိုလိုနဲ့ တကယ်ကို ယန်ကျိုးက နာမည်ကြီး ပြည့်တန်ဆာ ပန်းပွင့်လေးရဲ့ အမူအရာကို အပြည့်အဝ သရုပ်ဆောင်နေတော့သည်။
အမှန်တော့ မကြာသေးခင်က ဆောင်ကြာမြိုင်မှာ အနောက်တိုင်းဒေသက ဆေးဝါးပါတဲ့ အရက်အသစ်တွေ ရောက်လာတယ်၊ အရင်ဆေးဝါးတွေနဲ့ မတူတာက ဒီအရက်က လူကို သတိလစ်မေ့မြောသွားအောင် မလုပ်ဘူး၊ လူရဲ့ စိတ်ထဲမှာ ဝှက်ထားတဲ့ ဆန္ဒတွေကို အဆပေါင်းများစွာ ချဲ့ထွင်ပေးပြီး လူကို
မသိစိတ်ကနေ နစ်မွန်းသွားစေနိုင်ပြီး နောက်ပိုင်းမှာ အရာအားလုံးဟာ ကိုယ့်ရဲ့ စိတ်ဆန္ဒအတိုင်း ဖြစ်ခဲ့တယ်လို့ ထင်မှတ်မှားစေနိုင်တယ်...
ဒီအရက်က အလွန်တန်ဖိုးကြီးတဲ့ အရာဖြစ်တယ်၊ ဝေသခင်လေးက ငယ်ငယ်ကတည်းက ဆောင်ကြာမြိုင်မှာ ကြီးပြင်းလာတာမို့ အကောင်းဆုံး အရက်ဘယ်မှာထားလဲဆိုတာ သိတယ်၊ တိတ်တဆိတ် ယူပြီး ပန်းပွင့်လေးရဲ့ အခန်းထဲကို ပို့မယ့် အရက်အိုးနဲ့ လဲခဲ့တယ်၊ တိတ်တဆိတ် ပန်းပွင့်လေးရဲ့ အခန်းထဲကို ဝင်ချင်ခဲ့တာ၊ ဘယ်သိမလဲ မမျှော်လင့်ဘဲ စုန့်ချင်းရှုအတွက် အကျိုးရှိသွားမယ်လို့။
"ဒီလောက်ကောင်းတဲ့ အရက်ကို ဒီလိုသောက်တာ တကယ်ကို ငြီးငွေ့စရာကောင်းတယ်" အရက်ရဲ့ တန်ခိုးနဲ့ စုန့်ချင်းရှု တဖြည်းဖြည်း အပန်းပြေသွားပြီး သူ၏ ပင်ကိုပုံစံပြန်ဖြစ်သွားတယ်။
"သခင်လေး ဘယ်လိုသောက်မှ ပျော်စရာကောင်းမယ်လို့ ထင်ပါသလဲ?" ရှချင်းချင်း မျက်လုံးတွေ မှေးမှိန်နေပြီး ထီမထင်ဟန်အပြုံး သူမကို ကြည့်နေသည်။
"လူတွေက အရက်ကို စာပေပညာရှင်သောက်နည်းနဲ့ စစ်သည်တော်သောက်နည်း နှစ်မျိုးပဲ သိကြတယ်၊ ဒါပေမဲ့ အကောင်းဆုံးသောက်နည်းက လှပတဲ့ အမျိုးသမီးရဲ့ နူးညံ့တဲ့ ကိုယ်ခန္ဓာကို ပွေ့ဖက်ပြီး နှုတ်ခမ်း နီရဲရဲလေးနဲ့ ဖြည်းဖြည်းချင်း တိုက်တာပဲဆိုတာ သိကြမှာ မဟုတ်ဘူး" စုန့်ချင်းရှုရဲ့ မျက်လုံးတွေက မကောင်းဆိုးဝါးဆန်တဲ့ အကြည့်တွေနဲ့ ပြည့်နှက်နေပြီး သူမကို ပြင်းပြစွာ စိုက်ကြည့်နေသည်။
"သခင်လေး ကျွန်မက အနုပညာကိုပဲရောင်းတာ၊ ခန္ဓာကိုယ်ကို မရောင်းဘူးဆိုတာသိလား" ရှချင်းချင်း ဘာကြောင့်မှန်းမသိ၊ သူ့ရဲ့ ဒီလို ပြောင်ပြောင်တင်းတင်း စနောက်မှုကို ကြားရပေမယ့် ဒေါသ တစ်ချက်မှ မထွက်လာဘူး၊ ချောမောခန့်ညားသော စုန့်ချင်းရှုကို ကြည့်လိုက်ရာ အနည်းငယ် မိုက်ခနဲ ဖြစ်သွားပြီး သူမ၏ အသံမှာ ပိုမို၍ ညင်သာပြီး ဆွဲဆောင်မှုရှိလာသည်။
"မင်းက မင်းနဲ့ ကံကြမ္မာဆုံတဲ့သူမတွေ့သေးပါ" စုန့်ချင်းရှု ထရပ်ပြီး ရှချင်းချင်းဘေးကို လာကာ သူမရဲ့ ချောမွတ်တဲ့ မေးစေ့ကို ညင်သာစွာ ပင့်မလိုက်ပြီး ညင်သာစွာ ပြုံးလိုက်တယ် "တစ်ယောက်ကိုတစ်ယောက် ထပ်တူချစ်မြတ်နိုးပြီး အိုမင်းတဲ့အထိ မခွဲမခွာပေါင်းဖက်ရဖို့ ငါဆုတောင်းတယ်"
ရှချင်းချင်း သူ့ရဲ့ မေးစေ့ကို ပင့်ထားတာကို ငြိမ်ခံနေပြီး မျက်နှာမှာ ရှက်ရွံ့တဲ့ အရိပ်အယောင် တစ်ချက် ပေါ်လာတယ်၊ ရင်ထဲမှာတော့ နှလုံးသားက သမင်ငယ်လေးလို ခုန်ပေါက်နေတယ်။ ဝိုးတဝါးနဲ့ သူ အရေးကြီးတာတစ်ခုခု ကို မေ့နေသလို ခံစားနေရပြီး မသိစိတ်ကနေ တစ်ခုခု မှားနေတယ်လို့ ထင်နေပေမယ့် အခု တစ်ကိုယ်လုံး နှေးကွေးလေးလံနေပြီး အားအင် တစ်စက်မှ မရှိတော့တာကြောင့် နောက်ထပ် စဉ်းစားဖို့ အင်အားတောင် မရှိတော့ဘူး။
အပေါ်နှုတ်ခမ်းလေးခပ်ဖွဖွကိုက်ပြီး ရှချင်းချင်း တစ်ပတ် လှည့်လိုက်တော့ လူးလွန့်သွားတဲ့ ဂါဝန်က စုန့်ချင်းရှုကို မူးဝေသွားစေသည်၊ သူမရဲ့ လက်ချောင်းသွယ်သွယ်လေးတွေကို ဆန့်ထုတ်ပြီး စုန့်ချင်းရှုကို ခုံပေါ်မှာ ညင်ညင်သာသာ ဖိပြီးထိုင်ခိုင်းလိုက်တယ်။ ညာဘက်လက်နဲ့ အရက်အိုးကို ကိုင်ပြီး ပါးစပ်ထဲကို လောင်းချလိုက်ပြီး ချက်ချင်း အောက်ကို လဲကျသွားကာ တစ်ကိုယ်လုံး အရိုးမရှိတဲ့အလား စုန်ချင်းရှုရဲ့ ရင်ခွင်ထဲကို လဲကျသွားတယ်။ သူ့မလည်ပင်းကို သိုင်းဖက်ပြီး စုန့်ချင်းရှု အံ့ဩနေတဲ့အချိန်မှာပဲ နူးညံ့တဲ့ နှုတ်ခမ်းနီရဲရဲလေးက သူ့နှုတ်ခမ်းပေါ်ကို ဖိကပ်သွားတယ်။
စုန့်ချင်းရှု သူ့သွားတွေကို နူးညံ့ပြီး လှုပ်ရှားနိုင်တဲ့ အရာတစ်ခုနဲ့ ဖွင့်ခံလိုက်ရတယ်လို့ ခံစားလိုက်ရပြီး အိုးထဲက အရက်က ဝတ်ရည်ကဲသို့ သူ့ပါးစပ်ထဲ စိမ့်ကျလာသည်ကို ခံစားလိုက်ရသည်။
ခဏကြာတော့ နှုတ်ခမ်းနှစ်ခု ကွဲကွာသွားသည်။ ရှချင်းချင်း လက်နှစ်ဖက်နဲ့ စုန်ချင်းရှုရဲ့ လည်ပင်းကို ချိတ်ထားပြီး ပါးပြင်လေး နီရဲကာ အလှဆုံးပုံစံဖြင့် သူ့ကို ငေးကြည့်သည်။ "ဒီလိုသောက်ရတာလား?"
သူ့ပေါင်ပေါ်မှာ ထိုင်နေတဲ့ သူမရဲ့ တက်ကြွပြီး နူးညံ့တဲ့ ခန္ဓာကိုယ်လေးကို ခံစားလိုက်ရတော့ တစ်ကိုယ်လုံးက အပူတွေ ဗိုက်အောက်ပိုင်း သုံးလက်မအောက်ကို စီးဆင်းသွားသလို ခံစားလိုက်ရပြီး မသိစိတ်ဖြင့် သူမကို နမ်းလိုက်သည်။
ညည်းသံလေးနဲ့အတူ ရှချင်းချင်း ဖြည်းဖြည်းချင်း မျက်လုံးမှိတ်သွားပြီး သူစိတ်တိုင်းကျ ပွေ့ဖက်တာကို ခွင့်ပြုလိုက်တယ်...
"လူသတ်သမား!"
"ဝေသခင်လေးကို ကာကွယ်ကြ!"
အဲ့ဒီအချိန်မှာ အပြင်က ကြောက်မက်ဖွယ် အော်သံတွေ ထွက်လာတယ်၊ ရှချင်းချင်း အိပ်မက်ဆိုးက နိုးလာသလို အံ့ဩတုန်လှုပ်သွားပြီး သူမကိုယ်တိုင်ကလည်း ဆန္ဒပြင်းပြနေတဲ့ ပုံစံနဲ့ သူလုပ်သမျှ ခံနေတာကို တွေ့လိုက်ရတော့ အရမ်းလန့်ပြီး စုန့်ချင်းရှုကို တွန်းထုတ်လိုက်ကာ ပါးကို ပြင်းထန်စွာ ရိုက်လိုက်တယ်။
"ပန်းပွင့်လေး... မင်း..." စုန့်ချင်းရှု ပါးကို ပွတ်သပ်ရင်း ခုနကတင် ချစ်ခင်ကြည်နူးနေတဲ့ မိန်းမက ရုတ်တရက် ပြောင်းလဲသွားတာကို မယုံနိုင်ဖြစ်နေတယ်။
မကြာသေးခင်က မြင်ကွင်းတွေ တစ်ခုပြီးတစ်ခု ခေါင်းထဲ ပြန်ပေါ်လာတော့ ရှချင်းချင်း စိတ်ထဲမှာ အော်ဟစ်လိုက်တယ်၊ ဒါ ဘယ်လိုဖြစ်တာလဲ!
စောစောက အပြင်မှ အော်သံကြောင့် သူမ အသိစိတ်ဝင်လာပြီး ချွေးတွေ ရွဲစိုလာပြီးနောက် သူမရဲ့ ခန္ဓာကိုယ်ထဲက အရက်ရဲ့ အရှိန်အဝါ အတော်များများ ပြယ်သွားပြီ။ တစ်ကိုယ်လုံး လေးလံထိုင်းမှိုင်းနေသလို ခံစားလိုက်ရပြီး စားပွဲပေါ်က အရက်အိုးကို ကောက်ကိုင်ပြီး နမ်းကြည့်တော့ ရှချင်းချင်း မျက်နှာ ပျက်သွားသည်။
ပြတင်းပေါက်ကနေ ယွမ်ချန်းကျီနဲ့ တခြားလူတွေ ကျစ်ဆံမြီးနဲ့ ကောင်လေးတစ်ယောက်ကို တိုက်ခိုက်နေတာကို တွေ့လိုက်တော့ သူမ လူမှားမှန်း သိလိုက်ပြီး စုန့်ချင်းရှုကို အံကြိတ်ြကာ ကြည့်လိုက်တယ် “မင်းက ဝေရှောင်ပေါင် မဟုတ်ဘူး၊ မင်း ဘယ်သူလဲ?" လို့ မေးလိုက်တယ်။
"အင်း၊ ကျွန်တော်က စုန်ချင်းရှုပါ" ဒါ ဘယ်လိုဖြစ်တာလဲ၊ စုန်ချင်းရှု အခုထိ သိပ်မူးနေတုန်းပဲ၊ မသိစိတ်နဲ့ ပြန်ဖြေလိုက်တယ်။
ရင်ဘတ်က အေးစိမ့်စိမ့်ဖြစ်သွားတာကြောင့် ရှချင်းချင်း ခေါင်းငုံ့ကြည့်လိုက်တော့ သူမရဲ့ အဝတ်အစားတွေ စုတ်ပြဲနေတာကို တွေ့လိုက်ရတယ်။ သူမရဲ့ ပျော်ချင်တဲ့ စိတ်နဲ့ ခင်ပွန်းရဲ့ ကန့်ကွက်မှု့ကြားကနေ နာမည်ကြီး ပြည့်တန်ဆာပုံစံ သရုပ်ဆောင်ဖို့ ကိုယ်တိုင်တာဝန်ယူခဲ့တာကို တွေးမိတော့... နှာခေါင်းက စူးရှသွားပြီး(မျက်ရည်စို့သွားတာကိုပြောချင်တာ)
အခု သူမရဲ့ ပုံစံကိုသာ ယွမ်အစ်ကိုမြင်ရင်...... ရှချင်းချင်း တုန်လှုပ်သွားပြီး စုန်ချင်းရှုကို အပြစ်ရှာဖို့ မေ့သွားကာ လည်ပင်းကို တင်းတင်းကျပ်ကျပ် ဖုံးအုပ်ပြီး ဆန့်ကျင်ဘက်ကို ခုန်ထွက်သွားကာ ညအမှာင်ထဲ ပျောက်ကွယ်သွားသည်။
သူမရဲ့ အလွန်ကောင်းမွန်တဲ့ ကိုယ်ဖော့သိုင်းပညာကို တွေ့တော့မှ စုန်ချင်းရှု သတိရလာသည်။ သူမက ဘယ်လိုလုပ် ဆောင်ကြာမြိုင်ရဲ့ နူးညံပြီး နာမည်ကြီးတဲ့ ပြည့်တန်ဆာဖြစ်မှာလဲ၊ တကယ်တော့ သိုင်းပညာ အလွန်ထူးချွန်တဲ့ အမျိုးသမီး လုပ်ကြံသူတစ်ယောက်ပဲ။
"စုန့်အစ်ကိုကြီး ကယ်ပါဦး!" အဲ့ဒီအချိန် အပြင်က ဝေရှောင်ပေါင်ရဲ့ ကြောက်လန့်တကြား အော်သံ ကြားလိုက်ရတယ်။
တကယ်တော့ ခုနက ယွမ်ချန်းကျီနဲ့ တခြား ကျွမ်းကျင်သူတွေက ဒိုလုံရဲ့ အပြင်ဘက်မှာ ချထားတဲ့ အစောင့်တွေကို တိတ်တဆိတ် ရှင်းလင်းပြီးတဲ့နောက် သူ့လူတွေကို ဦးဆောင်ပြီး ဖမ်းဆီးဖို့ ပြင်ဆင်နေကြတယ်။
ကျူးမိုကျိကတော့ ဒီနေရာမှာ သိုင်းပညာ အမြင့်ဆုံးဖြစ်တာကြောင့် သတ်ဖြတ်ခြင်း အငွေ့အသက်ကို ခံစားမိတာနဲ့ ဘေးနားက ဝေရှောင်ပေါင်ကို မီတာအနည်းငယ်အထိ တွန်းထုတ်လိုက်တယ်။ လျှပ်စီးလက်သလို မြန်ဆန်တဲ့ အချိန်လေးမှာ ဝေရှောင်ပေါင်ရဲ့ အသက်ကိုနှုတ်ယူနိုင်တဲ့ အပေါ်ကနေ တိုက်ခိုက်လာတဲ့ ယွမ်ချန်းကျီရဲ့ ဓားချက်ကို ရှောင်ရှားနိုင်ခဲ့တယ်။
သွေးဓားအဘိုးအိုနဲ့ ဆန်းကျီက အရင်ကတည်းက ကြိုပြီး စောင့်နေသလို လက်ကို ဆန့်ထုတ်ပြီး ဝေရှောင်ပေါင်ရဲ့ ဘယ်ညာကို ဆွဲယူဖို့ ပြင်လိုက်တယ်။
ကျူးမိုကျိက တိဘက်ကို ကာကွယ်ဖို့ ဝေရှောင်ပေါင်ကို အားကိုးနေရတာကြောင့် သူ့ကို ဘေးအန္တရာယ်နဲ့ မတွေ့စေချင်ဘူး။ ချက်ချင်း မီးဓားနှစ်ချက်ကို အဝေးမှ ပစ်လိုက်တယ်။
သွေးဓားအဘိုးအိုနဲ့ ဆန်းကျီတို့ စိတ်ထဲမှာ တုန်လှုပ်သွားတယ်။ ဝေရှောင်ပေါင်သာ ဖမ်းလိုက်ရင် သူ့တို့လက်မောင်းတွေ ပြတ်သွားမှာ သေချာတာကြောင့် လက်ကို ပြန်ရုတ်ပြီး ကာကွယ်လိုက်ရတယ်။
သွေးဓားအဘိုးအိုက သွေးဓားကို ထုတ်ယူပြီး တိုက်ခိုက်လာတဲ့ ဓားချက်ကို တားဆီးလိုက်တယ်။ သတ္တုချင်း ပွတ်တိုက်သံတွေ ဆက်တိုက် ထွက်လာပြီးတဲ့နောက် သွေးဓားအဘိုးအို လက်ထဲက သွေးဓားကို ငေးကြည့်ကာ စိတ်ထဲမှာ ကြောက်လန့်နေတယ်။ သူက သံကိုရွံလို တိခနဲဖြတ်နိုင်တဲ့ သံမဏိဓားနဲ့ အဝေးကနေ တိုက်ခိုက်လိုက်တဲ့ ဓားချီကို တားဆီးလိုက်နိုင်ပေမယ့် ရလဒ်က သရေပဲ!
ဆန်းကျီက လက်ဝါးရိုက်ချက် အမြောက်အများ ဖန်တီးပြီးမှ သူ့ကို တိုက်ခိုက်လာတဲ့ ဓားချက်ကို ဖျက်ဆီးနိုင်ခဲ့တာကြောင့် နောက်ထပ် တိုက်ခိုက်ဖို့ အားအင် မကျန်တော့ဘူး။ စိတ်ထဲမှာတော့ လွန်ခဲ့တဲ့ ငါးနှစ်က အဖြစ်အပျက်တွေ ရောထွေးနေတယ်။ သူက ရှင်းဂုံဂိုဏ်းရဲ့ အတော်ဆုံးသူဖြစ်ပေမဲ့ ကျူးမိုကျိက နှစ်ပေါင်းများစွာ တိဘက်ဗုဒ္ဓဘာသာရဲ့ အတော်ဆုံးဖြစ်တယ်။ ဒီတိုက်ပွဲမှာတော့ ကျူးမိုကျိရဲ့ သိုင်းပညာက သူ့ထက် အများကြီး သာလွန်တာကို တွေ့လိုက်ရတယ်။
အဲ့ဒီအချိန်မှာ ဒိုလုံ သတိရလာပြီး ချက်ချင်း သူ့ရဲ့ ဓားကို ဆွဲထုတ်ပြီး ဝေရှောင်ပေါင်ရှေ့မှာ ကာကွယ်လိုက်တယ်။ အဲ့ဒီအချိန်မှာပဲ နဂါးနတ်ဘုရားဂိုဏ်းရဲ့ ခေါင်းဆောင် ဟုန်အန်းထုံရဲ့ တိုက်ခိုက်မှုကို တားဆီးလိုက်နိုင်တယ်။
ဒိုလုံက နန်းတွင်းအစောင့်အရှောက် ခေါင်းဆောင်ဖြစ်တာကြောင့် သိုင်းပညာ မညံ့ပေမဲ့ သူ့ရဲ့ ကျွမ်းကျင်မှုအများစုက စစ်မြေပြင်မှာ တိုက်ခိုက်ဖို့အတွက်ပဲ။ ဒီလို သိုင်းပညာတိုက်ပွဲမျိုးမှာတော့ အများကြီး အားနည်းသွားတယ်။ အနည်းငယ် တိုက်ခိုက်ပြီးတာနဲ့ ဟုန်အန်းထုံရဲ့ လက်ဝါးရိုက်ချက်ကြောင့် သွေးအန်ပြီး ဘေးက စားပွဲခုံတွေကြားထဲ လဲကျသွားတယ်။
ကံကောင်းစွာနဲ့ သူက အနည်းနဲ့အများ အဟန့်အတား ဖြစ်စေခဲ့တာကြောင့် ဝေရှောင်ပေါင် သတိဝင်လာပြီး ချက်ချင်း ဘေးကို ပြေးသွားကာ ပြေးရင်း အော်ဟစ်နေသည် "စုန့်အစ်ကိုကြီး ကယ်ပါဦး!"
ဟုန်အန်းထုံက ရက်စက်စွာ ပြုံးလိုက်ပြီး တောင်ပံဖြန့်ထားတဲ့ သိမ်းငှက်လို အပေါ်စီးကနေ ခဏလေးအတွင်း ဝေသခင်လေးရဲ့ ဦးခေါင်းကို ဆွဲယူတော့မယ့် အနေအထားရောက်သွားတယ်။
အဲ့ဒီအချိန်မှာ ဟုန်အန်းထုံရဲ့ နားထဲကို စူးရှတဲ့ လေခွင်းသံ တစ်ချက် ကြားလိုက်ရတယ်၊ လျှပ်စီးလက်သလို မြန်ဆန်တဲ့ အရှိန်အဝါကြောင့် ဟုန်အန်းထုံ မျက်နှာပျက်သွားပြီး ခါးအားကို အသုံးပြုကာ လျင်မြန်စွာ လှည့်ရှောင်လိုက်ပေမဲ့ ကံမကောင်းစွာနဲ့ သူ့ရဲ့ တိုက်ခိုက်မှုကို ဖော်ဆောင်ပြီးဖြစ်တာကြောင့် အလျင်အမြန် ရှောင်လိုက်ပေမဲ့ လုံးဝ မလွတ်မြောက်ခဲ့ဘူး။
လက်မောင်းပေါ်က တစ်ပေနီးပါးရှည်တဲ့ ဒဏ်ရာကို ပွတ်သပ်ရင်း ဟုန်အန်းထုံ မျက်နှာ မည်းမှောင်သွားပြီး နောက်ကို လှည့်ကြည့်လိုက်တော့ သစ်သားဓားတစ်လက် မလှမ်းမကမ်းက တိုင်မှာ စိုက်နေတာကို တွေ့လိုက်ရတယ်၊ ဓားရဲ့ လက်ကိုင်က တုန်ခါနေတုန်းပဲ။
"ခင်ဗျားက သိုင်းလောကရဲ့ ထိပ်သီးတစ်ယောက်ဖြစ်ပြီး သိုင်းပညာ လုံးဝမတတ်တဲ့သူကို တိုက်ခိုက်တာ တကယ်ကိုချီးကျူးဖို့ကောင်းတယ် " စုန့်ချင်းရှု ခြေဖျားလေးနဲ့ ထောက်ပြီး ဒုတိယထပ်ကနေ ပေါ့ပါးစွာ ဆင်းလာကာ ဝေသခင်လေးရဲ့ ရှေ့မှာ ကာကွယ်လိုက်တယ်။
"စုန့်အစ်ကိုကြီး၊ သူက နဂါးကျွန်းက ဟုန်ဂိုဏ်းချုပ်၊ သိုင်းပညာ အဆင့်မြင့်တယ်၊ ခင်ဗျား သတိထားရမယ်" ဝေသခင်လေး စုန့်ချင်းရှုရဲ့ နောက်မှာ ပုန်းနေရင်း စိတ်သက်သာရာ ရသွားတယ်။
"မင်းက သွေးဓားအဘိုးအို ပြောတဲ့ ကောင်လေးပဲ၊ တကယ်ကို ထူးခြားတာပဲ" စကားဆုံးတာနဲ့ ဟုန်အန်းထုံ အဲ့ဒီနေရာက ပျောက်သွားပြီး လက်သီးနဲ့ စုန့်ချင်းရှုရဲ့ မျက်နှာကို ထိုးလိုက်တယ်။
စုန့်ချင်းရှုရဲ့ မျက်နှာကိုထိဖို့ လက်မအနည်းငယ်အလိုမှာ ဟုန်အန်းထုံ မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားပြီး လက်သီးကို အလျင်အမြန် ရုတ်သိမ်းကာ ဘေးကို ခုန်ရှောင်လိုက်တယ်၊ ဒါပေမဲ့ နည်းနည်း နောက်ကျသွားပြီး ပခုံးကို ဓားချီနဲ့ ထိပြီး ဒဏ်ရာထပ်ရသွားတယ်။
ဘာမှ မရှိတဲ့ တိုင်ကို ကြည့်ပြီး စုန့်ချင်းရှုရဲ့ လက်ထဲ ပြန်ရောက်နေတဲ့ သစ်သားဓားကို ပြန်ကြည့်ရင်း ဟုန်အန်းထုံ အံ့ဩတကြီး ပြောလိုက်တယ် "နဂါးနိုင်လက်ဝါးသိုင်း”
စုန့်ချင်းရှု ဘာမှ မပြောပေမယ့် စိတ်ထဲမှာ ကျေနပ်နေတယ်၊ ဒါက နဂါးနိုင်လက်ဝါးသိုင်းထဲက 'နဂါးနှစ်ကောင် ရေသောက်ဆင်း' ဆိုတဲ့ သိုင်းကွက်ပဲ၊ သူ နည်းနည်း ပြုပြင်လိုက်ပေမယ့် နဂါးနိုင်လက်ဝါးသိုင်းနဲ့ အလားတူ အကျိုးသက်ရောက်မှုကို ရရှိနိုင်တယ်၊ အဝေးက အရာဝတ္ထုကို ယူနိုင်တယ်၊ သစ်သားဓားနဲ့ ပေါင်းစပ်လိုက်ရင် အရင်ဘဝတုန်းက စိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ တွေ့ခဲ့ရတဲ့ မိုင်အနည်းငယ် ဝေးကွာတဲ့နေရာကလူကို သတ်နိုင်တဲ့ ဓားပျံအဆင့်ကို ရောက်ဖို့ မဖြစ်နိုင်ပေမယ့် မီတာ ၁၀၀ အတွင်းမှာတော့...
ဟုန်အန်းထုံ စိတ်ထဲမှာ အရမ်း ဒေါသထွက်နေတယ်၊ အခု သစ်သားဓားကြောင့် နှစ်ကြိမ်တောင် ဒဏ်ရာရသွားပြီ၊ ပထမဓားချက်ကတော့ ကိစ္စမရှိဘူး၊ အနည်းငယ် ပွန်းပဲ့သွားတာပဲ။ ဒုတိယဓားချက်ကတော့ ပခုံးကို ထိသွားပြီး ဓားချီက အရိုးထဲအထိ စိမ့်ဝင်သွားတာကြောင့် အခု သူ့ရဲ့ သိုင်းပညာ အများဆုံး ၇၀ ရာခိုင်နှုန်းပဲ သုံးနိုင်တော့မယ်။
ဒါက ဟုန်အန်းထုံရဲ့ သိုင်းပညာ ညံ့လို့ မဟုတ်ဘူး၊ ပထမဓားချက်က ရုတ်တရက် ထွက်လာပြီး စုန့်ချင်းရှု ဓားကို ပစ်လိုက်တဲ့ အချိန်ကလည်း အချိန်ကိုက်ဖြစ်လွန်းတယ်၊ သူ အမြင့်ဆုံးကို ရောက်ပြီး အားအင်ကုန်သွားတဲ့ အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားတယ်။
ဒုတိယဓားချက်ကတော့ ဟုန်အန်းထုံရဲ့ နှစ်ပေါင်းများစွာ သိုင်းလောကအတွေ့အကြုံမှာ မီတာအတော်ဝေးဝေးကို ရောက်နေတဲ့ ဓားရှည်က သူ့အလိုလို ပြန်လာနိုင်တယ်ဆိုတာကို ဘယ်တုန်းကမှ မမြင်ဖူးတာကြောင့် လုံးဝ သတိမထားမိဘဲ နောက်ကြောမှာ ကြီးမားသောအားနည်းချက် ပေါ်လာပြီး စုန့်ချင်းရှု ပြန်ဆွဲယူလိုက်တဲ့ သစ်သားဓားနဲ့ ဒဏ်ရာရသွားတာ။
ကျူးမိုကျိက ပတ်ဝန်းကျင်အခြေအနေကို အမြဲ စောင့်ကြည့်နေပြီး ဒါကို မြင်တော့ မျက်နှာ တောက်ပသွားတယ် "စုန့်သခင်လေးရဲ့ ဓားသိုင်းက တကယ်ကို နတ်ဘုရားဆန်တယ်၊ အချိန်ကြာလာရင် အကြောခြောက်သွယ်နတ်ဓားသိုင်းရဲ့ သိုင်းလောကမှာ အကောင်းဆုံးဓားသိုင်းဆိုတဲ့ဂုဏ်ပုဒ်က ပျောက်သွားမှာ သေချာတယ်"
သူနဲ့ တိုက်ခိုက်နေတဲ့ ယွမ်ချန်းကျီကတော့ စိတ်ထဲမှာ မချိတင်ကဲ ခံစားနေရသည်၊ ဒီတစ်ခေါက် အစီအစဉ်က တကယ်ကို အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေရတယ်၊ ပထမဆုံး ရှချင်းချင်းက လူမှားပြီး စုန့်ချင်းရှုကို အခန်းထဲ ခေါ်သွားတာကြောင့် လူတိုင်း ဝေသခင်လေးကို တိတ်တဆိတ် ဖမ်းဆီးဖို့ မဖြစ်နိုင်တော့ဘူး။
နောက်ပိုင်းမှာ သူ စဉ်းစားကြည့်တော့ သူမက ပြိုင်ဘက်ရဲ့ သိုင်းပညာ အတော်ဆုံး သိုင်းပညာရှင်ကို ခေါ်သွားတာလည်း သိပ်မဆိုးဘူး၊ သူတို့ အဲ့ဒီအခွင့်အရေးကို အသုံးချပြီး ဝေသခင်လေးကို အမြန်ဆုံး ဖမ်းဆီးဖို့ ကြိုးစားကြတယ်၊ အရာအားလုံး အဆင်ပြေမယ်လို့ ထင်ထားပေမယ့် သိုင်းပညာ ပိုအဆင့်မြင့်တဲ့ ဆရာတော်တစ်ပါး ထပ်ပေါ်လာတယ်!