"ကောင်းပြီ၊ ကျွန်တော်နဲ့ စုန့်အစ်ကိုကြီး ရုပ်ဖျက်ပြီး ဂူဆူးကို သွားကြမယ်၊ ကျန်းခမ်းနန်၊ ကျောက်ချီရှန်း?" ဝေရှောင်ပေါင်က မော့ကြည့်ပြီး အော်လိုက်တယ်။
"ကျွန်တော်တို့ ရှိပါတယ်၊ သခင်ဝေ ဘာအမိန့်ရှိပါသလဲ?" ဝေရှောင်ပေါင်ရဲ့ ခေါ်သံကို ကြားတော့ နှစ်ယောက်သား တံခါးဖွင့်ပြီး ဝင်လာကြပြီး ချိုသာစာပြုံးပြကြတယ်။
"မင်းတို့ ငါနဲ့တူတဲ့ ပုံစံတူ တစ်ယောက်ကို ရှာပြီး အင်အားအပြည့်နဲ့ ပုံမှန်အတိုင်း ခရီးဆက်သွား၊ ငါနဲ့ စုန့်အစ်ကိုကြီးက အရင် ဆူကျိုးကို သွားကြမယ်" ဝေရှောင်ပေါင်က ငွေစက္ကူအနည်းငယ် ထုတ်ပြီး နှစ်ယောက်လုံးကို ခွဲပေးလိုက်တယ် "ညီအစ်ကိုတွေ သတိမပြတ်စေနဲ့၊ ဒီတစ်ခါ အရမ်းအန္တရာယ်များတယ်၊ အရာအားလုံးကို သတိထားကြ"
"သခင်ဝေလိုမျိုး လက်အောက်ငယ်သားတွေကို သနားညှာတာတဲ့ အထက်အရာရှိ ရှိတာက တကယ်ကို ကျွန်တော်တို့ရဲ့ ရှစ်ဘဝစာ ကံကောင်းခြင်းပါပဲ" ကျောက်ချီရှန်းက ရယ်မောလိုက်တယ်။
"ဟုတ်တယ်လေ! ဝေကုန်းကုန်းရှိနေတော့ ဘဝက တကယ်ကို အဆင်ပြေတယ်..." ကျန်းခမ်းနန်က ရုတ်တရက် သူ့ပါးကို ရိုက်လိုက်တယ် "ငါ့မှတ်ဉာဏ်က ဘယ်လိုဖြစ်နေတာလဲ၊ အခု အရှင်ဝေ ဖြစ်နေပြီ"
"တော်ပြီ တော်ပြီ၊ ချီးမွမ်းတာ လျှော့လိုက်တော့၊ မင်းတို့ အောက်ကို ဆင်းပြီး ပြင်ဆင်ကြတော့" ဝေရှောင်ပေါင်က လက်ဝှေ့ယမ်းပြီး နှစ်ယောက်လုံးကို အရင်ဆင်းခိုင်းလိုက်တယ်။
နှစ်ယောက်သား တံခါးပိတ်သွားတာကို မြင်တော့ စုန့်ချင်းရှုရဲ့ မျက်နှာက တစ်ခုခုကို သတိရသွားသလိုမျိုး ရုတ်တရက် အော်လိုက်တယ် "ဟုတ်ပြီ ဝေညီလေး၊ ဒီတစ်ခါ ငါတို့ ပေါ့ပေါ့ပါးပါး သွားကြမယ်၊ ဟိုရွှေမိသားစုက ကောင်မလေးကို ခေါ်သွားရင် နည်းနည်း အနှောင့်အယှက်ဖြစ်လိမ့်မယ်..."
စုန့်ချင်းရှု စကားမဆုံးခင် ဝေရှောင်ပေါင်က သူ့ကို ထူးဆန်းတဲ့ မျက်လုံးနဲ့ ကြည့်ပြီး "စုန့်အစ်ကိုကြီး၊ ဒီလောက် လှပတဲ့ မိန်းကလေးကို မင်း သတ်ရက်မှာလား?"
သူ့ရဲ့ ရည်ရွယ်ချက်ကို နားလည်မှုလွဲနေတာကို မြင်တော့ စုန့်ချင်းရှု မျက်နှာမှာ ချွေးတွေ စို့လာတယ် "ငါဆိုလိုတာက သူ့ကို လွှတ်ပေးလိုက်တာ ပိုကောင်းမယ်..."
ဝေရှောင်ပေါင် စိတ်ထဲမှာ တွေးနေတယ် ၊ တစ်လမ်းလုံး ယောက်ျားကြီးတစ်ယောက်နဲ့အတူ ခရီးသွားရရင် ဘယ်လောက်တောင် ငြီးငွေ့စရာကောင်းမလဲ။ ဒါကြောင့် မသိစိတ်ကနေ ငြင်းဆန်ပြီး "ငါတို့က လူတွေ အာရုံလွဲအောင်လုပ်နေတာ မဟုတ်ဘူးလား၊ ရွှေမြွေတပ်က လူတွေက သံတမန်အဖွဲ့ထဲမှာ မိန်းကလေးတစ်ယောက် ရှိတယ်ဆိုတာ မသိလောက်ဘူး၊ ငါတို့ အဲ့ဒီမိန်းမကို ခေါ်သွားရင် ပိုပြီး လျှို့ဝှက်နိုင်မယ်၊ ပြီးတော့ အရေးကြီးတဲ့ အချိန်မှာ ငါတို့ တကယ် ကျဉ်းထဲကြပ်ထဲရောက်ရင် အဲ့ဒီကောင်မလေးကို ဓားစာခံအဖြစ် သုံးလို့ရသေးတယ်လေ၊ အဲ့ဒီ ယွမ်ချန်းကျီက သနားကြင်နာတတ်တယ် မဟုတ်လား၊ အဲ့ဒီမိန်းကလေး အပြစ်မရှိဘဲ သူ့ကြောင့် သေသွားတာကို မြင်ရင် သူ့ဂုဏ်သတင်း အရမ်းထိခိုက်မှာ..."
စုန့်ချင်းရှုက သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ အရင်က ဝေသခင်လေးကို ချီးမွမ်းမြှောက်ပင့်တတ်တဲ့ လူလည်တစ်ယောက်လို့ပဲ ထင်ထားတာ။ ဘယ်သူသိမလဲ ဒီတစ်ခေါက် တွေ့တော့ သူက ပိုပြီး လိမ္မာပါးနပ်လာပြီး သူ့ရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းက သာမန်လူတွေထက် အများကြီး သာလွန်တယ်။
"ကောင်းပြီ၊ ဝေညီလေး ပြောတဲ့အတိုင်း လုပ်ကြမယ်၊ သူ့ကို ခေါ်သွားမယ်" စုန့်ချင်းရှုက သူ့စကားမှာလည်း အကြောင်းပြချက်ရှိတယ်လို့ တွေးလိုက်သည်။ အခု ဝေရှောင်ပေါင်က သူ့အတွက် အဖိုးတန်တဲ့ ပစ္စည်းတစ်ခုလို ဖြစ်နေပြီ၊ သူ့မှာ ဘာမှားယွင်းမှုမှ မဖြစ်အောင် သူ ဂရုစိုက်ရမယ်။
အခန်းကို ပြန်ရောက်တော့ စုန့်ချင်းရှုက ရွှေရှန်းရဲ့ အကြောတွေကိုဖွင့်ပေးဖို့ စဉ်းစားနေတုန်း သူမရဲ့ နှုတ်ခမ်းထောင့်မှာ လှည့်စားတဲ့ အပြုံးတစ်ခု ပေါ်လာတာကို တွေ့လိုက်ရတယ်။ သူမရဲ့ နူးညံတဲ့ လက်ချောင်းလေးတွေက နောက်ကနေ ရုတ်တရက် ထွက်လာပြီး မျက်စိတစ်မှိတ်အတွင်း စုန့်ချင်းရှုရဲ့ ရင်ဘတ်က အရေးကြီးတဲ့ အကြောအတော်များများကို ပိတ်လိုက်တယ်။
"မင်းရဲ့ အကြောတွေကို ဘယ်လို ပြန်ဖွင့်လိုက်တာလဲ?" ရုတ်တရက် ဖြစ်သွားတာကြောင့် စုန့်ချင်းရှုက တခြားကိစ္စတွေကို စဉ်းစားနေတုန်း ရွှေရှန်းက ဟန်တောင်ပြီးထိုင်နေတာကို သတိမထားမိခဲ့ဘူး
"ဟွန့်!" ရွှေရှန်းက နှာခေါင်းလေး ရှုံ့လိုက်ပြီး ချက်ချင်း အိပ်ရာပေါ်က ခုန်ဆင်းလာကာ အဝတ်အစားများကို ပြန်ပြင်လိုက်ပြီး ဝမ်းသာအားရ ပြောလိုက်တယ် "ဟိုခွေးနောက်လိုက်တွေရဲ့ အကြောပိတ်တဲ့ ပညာက တကယ်ကို ညံ့တယ်၊ ပြီးတော့ ကျွန်မရဲ့ သိုင်းပညာကလည်း အရမ်းကောင်းတော့ အကြောတွေကို အလွယ်တကူ ပြန်ဖွင့်နိုင်တာပေါ့"
စုန့်ချင်းရှု အခြေအနေမကောင်းတာကို သိပြီး ရှက်ရွံစွာ ပြုံးလိုက်ပြီး "ရွှေမိန်းကလေး၊ မင်း လွတ်မြောက်သွားပြီဆိုတော့ ကိုယ့်ဘာသာကိုယ် သွားတော့လေ၊ ခဏနေလို့ လူတွေ တွေ့သွားရင် သွားလို့ရတော့မှာ မဟုတ်ဘူး"
"ကျွန်မ ဘာလို့ သွားရမှာလဲ?" ရွှေရှန်းက ပေါ့ပေါ့ပါးပါးနဲ့ ဘေးမှာ ထိုင်ချလိုက်ပြီး ခုနက စုန့်ချင်းရှု လုပ်သလို လက်ဖက်ရည်တစ်ခွက် ငှဲ့ပြီး သောက်လိုက်တယ်။ အာခေါင်ထဲ ရောက်တာနဲ့ ခုနက ခွက်ကို စုန့်ချင်းရှု သောက်ထားမှန်း သတိရပြီး ချက်ချင်း "ဖူး ဖူး ဖူး..." လို့ ထွေးထုတ်လိုက်တယ်။
"ဘာလို့ မသွားရမှာလဲ?" အခု စုန့်ချင်းရှု စဉ်းစားမရတော့ဘူး။ စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာတယ် ၊ ဒီကောင်မလေးက ပြန်ပေးဆွဲခံရပြီး စတော့ဟုမ်းရောဂါ ရသွားတာများလား။
(ဘာသာပြန်သူ- Stockholm Syndrome (စတော့ဟုမ်းရောဂါလက္ခဏာ) ဆိုတာက သိမ်းပိုက်ခံရသူ (သို့) အကြမ်းဖက်ခံရသူတစ်ဦးက သူ့ကိုနှိပ်စက်သူ (သို့) ဖမ်းဆီးထားသူအပေါ် ချစ်ခြင်းမေတ္တာ၊ သစ္စာရှိမှု ဖြစ်ပေါ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှု ဖြစ်ပါတယ်။)
ရွှေရှန်းက ခုနက အကြောတွေ ပြန်ဖွင့်ပြီးတာနဲ့ ထွက်ပြေးဖို့ စဉ်းစားခဲ့ပေမယ့် နှစ်လှမ်းလောက် လှမ်းလိုက်တာနဲ့ နေရာတိုင်းမှာ စစ်သားတွေ ပြည့်နေတာကို တွေ့လိုက်ရတယ်။ သူ့ရဲ့ ကြောင်လက်သည်းကုတ်သလောက်ပဲ တတ်တဲ့ သိုင်းပညာနဲ့ ဘယ်လို ထွက်ပြေးနိုင်မှာလဲ။ ဒါကြောင့် အခန်းကို ပြန်လာပြီး တခြားနည်းလမ်းတွေ စဉ်းစားနေတုန်း မလှမ်းမကမ်းမှ စုန့်ချင်းရှုကို အစောင့်တွေ နှုတ်ဆက်နေတဲ့ အသံကို ကြားလိုက်ရတယ်။ အကြံတစ်ခုရပြီး အိပ်ရာပေါ် ပြန်ထိုင်လိုက်ကာ အကြောပိတ်ထားခံဆဲပုံဆန် ဟန်ဆောင်လိုက်တယ်။
စုန့်ချင်းရှု သူ့ကို ထူးဆန်းတဲ့ မျက်လုံးနဲ့ စိုက်ကြည့်နေတာကို မြင်တော့ ရွှေရှန်းက အရင်က သူ့ရဲ့ ရွံရှာဖွယ်ပုံစံကို ပြန်တွေးမိပြီး ဒေါသထွက်လာတယ်။ ခြေထောက်သေးသေးလေးနဲ့ ကန်ပြီး ဆဲရေးလိုက်တယ် "ငါ့ကို အခုနက အနိုင်ကျင့်တဲ့ မင်းလို ယုတ်မာတဲ့သူကို သတ်ပစ်မယ်၊ မင်းကို နှိပ်စက်မယ်..."
"ရွှေမိန်းကလေး၊ မင်းက ငါ့ကို 'ယုတ်မာသူ' လို့ တစ်ခွန်းပြီး တစ်ခွန်း ခေါ်နေတာ၊ အဲ့ဒါကို ကြားသွားရင် မသိတဲ့သူတွေက ဘယ်လိုထင်မလဲ ငါက ဘာမှ မဖြစ်ပေမယ့် နောက်ပိုင်းမှာ မင်းကို ဘယ်လိုမြင်ကြမလဲ?" စုန့်ချင်းရှုက ပြုံးပြီး ပြောလိုက်တယ်။
"မင်းက လိပ်သေ၊ လိပ်ပုပ်၊ အနံ့ဆိုးတဲ့ ခွေး... အကြောင်းအရင်းကမင်းကြောင့်ပဲ" ရွှေရှန်း ခဏလောက် တုံ့ဆိုင်းသွားပြီး တွေးကြည်လိုက်တော့ ပိုပြီး ဒေါသထွက်လာပြီး ခြေရောလက်ပါ ထိုးကြိတ်ကန်ကျောက်တော့သည်။
ပန်းပွင့်လေးလို လှပတဲ့ မိန်းကလေးတစ်ယောက်ရဲ့ လက်သီးချက်တွေကို ခံစားရတာက နာကျင်တာထက် ပိုပြီး ပျော်ရွှင်စရာကောင်းပေမယ့် စုန့်ချင်းရှုက သူ့ခန္ဓာကိုယ်မှာ သူမရဲ့ ဖိနပ်ရာတွေ မကျန်ချင်ဘူး။ အဲ့ဒါဆို မနက်ဖြန် လူတွေကို ဘယ်လို မျက်နှာပြရမှာလဲ။ တကယ်ကို ကျွမ်းကျင်သူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ မကိုက်ညီဘူး။ စုန့်ချင်းရှု စိတ်ထဲမှာ တွေးပြီး တမင်တကာ ချောင်းဟန့်လိုက်တယ် "အလှလေး၊ ငါ မင်းကို သတိမပေးဘူးလို့ မပြောနဲ့နော်၊ ငါ့လို သိုင်းပညာ အလွန်ကောင်းတဲ့သူက အကြောတွေကို လွှဲပြောင်းနိုင်တယ်နော်၊ မင်း ဆက်တိုက်ခိုက်နေရင် ငါ့အကြောတွေ ပြေသွားမှာ သေချာတယ်"
ရွှေရှန်းက သူ့စကားကြောင့် လှည့်စားခံလိုက်ရပြီး ချက်ချင်း လက်ကို ရပ်လိုက်ကာ စိတ်ထဲမှာ လန့်သွားသည်။ "သူ တကယ် အကြောတွေကို ပြန်ဖွင့်လိုက်ရင် ဒုက္ခပဲ" လို့ တွေးကာ ပို၍ပင် စိတ်မချမ်းမသာဖြစ်လာပြီး သူ့ခြေထောက်ရှိ သွေးကြောအမှတ်အချို့ကိုပါ ထပ်ပိတ်လိုက်သည့်အပြင် အခန်းထဲတွင် သူ့ကို ချည်နှောင်ရန် ကြိုးတစ်ချောင်းပါ ထ၍ရှာလိုက်သည်။
ဘယ်လိုပဲရှာရှာ ချည်စရာ ဘာမှ မတွေ့ဘူး။ အိပ်ရာပေါ် ပြန်ထိုင်ပြီး စိတ်ထဲမှာ တိတ်တိတ်လေး ဒေါသထွက်နေတုန်း ရုတ်တရက် မျက်လုံးများ တောက်ပလာပြီး လှည့်ကြည့်ကာ သူ့ခါးပတ်ကို ဖြည်ချဖို့ စတင်လိုက်တယ်။
"အလှလေး မင်း ငါ့ကို အနိုင်ကျင့်ချင်နေတာများလား?" စုန့်ချင်းရှုက ကြောက်လန့်နေတဲ့ ပုံစံနဲ့ "အာ့...အာ့...အာ့... ဒါ ပထမဆုံးအကြိမ်ပဲ"
ရွှေရှန်းက သူဘာအော်နေလဲ သိပ်နားမလည်ပေမယ့် ကောင်းတဲ့စကား မဟုတ်မှန်းသိပြီး သူ့ကို မျက်စောင်းထိုးပြီး "မင်း ထပ်အော်ရင် မင်းရဲ့ ခြေအိတ်ကို ချွတ်ပြီး မင်းပါးစပ်ထဲ ထည့်လိုက်မယ်"
"ကျွန်တော့်ရဲ့ ခြေအိတ်တွေက ချဉ်လည်းချဉ်တယ်၊ အနံ့လည်းဆိုးတယ်၊ တကယ်ကို အရသာမကောင်းဘူး၊ အလှလေး မင်းရဲ့ ခြေအိတ်ကို ချွတ်ပြီး ကျွန်တော့်ပါးစပ်ထဲ ထည့်ပေးမယ်ဆိုရင် ငါဘာမှမအော်ဘူးလို့အာမခံတယ်" စုန့်ချင်းရှုရဲ့ မျက်လုံးက ရွှေရှန်းရဲ့ ခြေကျင်းဝတ်သေးသေးလေးကို စူးစူးရဲရဲ စိုက်ကြည့်နေတယ်။
"ရွံစရာကောင်းတယ်၊ ရှက်စရာမရှိဘူး!" ရွှေရှန်း ဒေါသတကြီး တုန်ယင်သွားပြီး ချက်ချင်း ဖြည်ထားတဲ့ ခါးပတ်နဲ့ သူ့လက်နှစ်ဖက်ကို နောက်မှာ ချည်နှောင်လိုက်ပြီး နောက်ဆုံးမှာ အိပ်ရာခေါင်းရင်းမှာ နှစ်ပတ်လောက် တင်းတင်းကြပ်ကြပ် ရစ်ပတ်လိုက်တယ်။
"အင်း၊ မွှေးလိုက်တာ~" ရွှေရှန်း သူ့ကို ချည်နှောင်နေတုန်း သူ့ဆံပင်တွေက မလွဲရှောင်သာပဲ စုန့်ချင်းရှုရဲ့ မျက်နှာကို ပွတ်တိုက်သွားတော့ စုန့်ချင်းရှုက နှစ်သက်စွာနဲ့ ရှူရှိုက်လိုက်တယ်
စုန့်ချင်းရှုကို ကြိုးတုပ်ပြီး အကြောတွေလည်း ပိတ်ထားပြီးပြီးဆိုတော့ ရွှေရှန်း စိတ်သက်သာရာရာသွားပြီး သူ့ကို မုန်းတီးတဲ့ မျက်လုံးနဲ့ လှည့်ကြည့်လိုက်သည် "မင်း အဓိပ္ပါယ်မရှိတာတွေပြောနေရင် မင်းရဲ့ ခြေအိတ်ကို တကယ် ထည့်လိုက်မှာနော်!"
မူလက ရွှေရှန်းဆိုတာ အရှင်သမီးလေးတစ်ယောက်ဖြစ်ပြီး ယောက်ျားရဲ့ ဖိနပ်ကို ချွတ်တာ၊ ပြီးတော့ အနံ့ဆိုးတဲ့ ခြေအိတ်ကို လက်နဲ့ ကိုင်ရမှာဆိုတော့ မလုပ်နိုင်ဘူး။ သူ့ရဲ့ ခြေအိတ်နဲ့ သူ့ပါးစပ်ကို ပိတ်ဖို့ စဉ်းစားရင်တောင် ရွံစရာကောင်းတယ်လို့ ခံစားရတယ်။ ဒါကြောင့် ဒီလောက်ကြာတဲ့အထိ ရွှေရှန်းက ခြိမ်းခြောက်ရုံပဲ ပြောခဲ့တာ။
"ကောင်းပြီ၊ မပြောတော့ဘူး၊ မပြောတော့ဘူး!" စုန့်ချင်းရှုက ချက်ချင်း ပါးစပ်ကို တင်းတင်းပိတ်ပြီး အရမ်းလိမ္မာတဲ့ ပုံစံမျိုးနဲ့ နေလိုက်တယ်။
ရွှေရှန်းက နောက်ဆုံးတော့ ကျေနပ်သွားပြီး သူ့လက်ပေါ်က ဖုန်တွေကို ခါလိုက်တယ်။ ဒီနေ့ တစ်နေ့လုံး စိတ်တွေ တင်းနေခဲ့တာကြောင့် အခု လျှော့လိုက်တာနဲ့ ချက်ချင်း အိပ်ချင်စိတ်တွေ ဖြစ်လာတယ်။ လှည့်ကြည့်ပြီး စုန့်ချင်းရှုကို အိပ်ရာဘေးက ဘောင်ပေါ်မှာ ချည်ထားတာကို သေချာအောင် တင်းတင်းကြပ်ကြပ် လုပ်ပြီး ခဏလောက် အိပ်ပြီး အားအင်ပြန်ဖြည့်စဉ်းစားလိုက်တယ်။ မိုးလင်းတဲ့အချိန်၊ အစောင့်တွေ အိပ်ငိုက်နေတဲ့ အချိန်ကျမှ ထွက်ပြေးဖို့ နည်းလမ်း ရှာမယ်လို့ စဉ်းစားထားတယ်။
သူမ ဖိနပ်ချွတ်ပြီး အိပ်ရာပေါ်မှာ စောင်တွေ ပြင်နေတာကို စုန့်ချင်းရှု မြင်တော့ မျက်နှာက ထူးဆန်းသွားတယ် "အလှလေး၊ ညကမှောင်မိုက် လေကတိုက်နဲ့ အိပ်ရာမှားသွားရင် ဒုက္ခရောက်မယ်နော်၊ ဒါ ငါ့အခန်း..."